etoneJune 21, 20111min41618
အလုပ်ရှင် နဲ့ အလုပ်သမား ကြားထဲမှာ အမြဲလိုလို ပြသနာရှိနေတတ်ပါတယ် … အသေးအဖွဲ ကိစ္စမှစပြီး ကြီးကြီးမားမား ပြသနာ အထိပါ ။ အလုပ်ရှင်ကတော့ မိမိလုပ်ငန်း အကျိုးမြတ်များများနဲ့ ပိုမိုဖြစ်ထွန်းအောင် လည်ပတ်စေချင်တယ် … အမြတ်ငွေများများ လက်ကျန်ရှိစေချင်တယ် … လုပ်ငန်းတွေ အောင်အောင်မြင်မြင်တိုးချဲ့ ချင်တယ်….။ ဒါမှလည်း သူ့ အတွက် ကိုက်မှာကိုး ။ အလုပ်ရှင်တိုင်းက ငွေပင် ငွေရင်းနဲ့ ချမ်းသာတဲ့ မျိုးရိုးက လာတာမဟုတ်ပါဘူး … ။ တချို့ အလုပ်ရှင်တွေဆို အလုပ်သမား ဘဝက နေ အဆင့်ဆင့်ဖြတ်သန်းပြီး ဘဝအကျိုးပေးကောင်းချိန်နဲ့ ကြိုးစားအားထုတ်မှူ ထပ်တူကျတဲ့ အချိန်မှာ အလုပ်ရှင်ဖြစ်လာတာပါ … ။ အဲ့ဒီလို လူမျိုးဟာ အလုပ်သမား ဘဝလည်း […]


etoneJune 20, 20111min29513
ကျွန်မဒီနေ့ မြန်မာတိုင်းမ်းမှာပါတဲ့ ဆောင်းပါးတပုဒ်ဖတ်လိုက်ရတယ်… ။ YDP ( လူငယ်ဖွင့် ဖြိုးမှူ အစီစဉ်) နှင့် မြန်မာ နိုင်ငံဆရာဝန်အသင်းက ပူပေါင်း ပြီး ရိုက်ကူးမဲ့ DVD ဇာတ်ကားအတွက် စာမူခေါ်တာပါ … ။ ပြိုင်ပွဲဝင်တွေရဲ့ စာရင်းကို ဒီနေ့ ညနေ လေးနာရီနောက်ဆုံးထားပေးရမှာဖြစ်ပြီး ၊ စာမူတင်ရက်ကတော့ အများကြီးအချိန်ရသေးတဲ့ … ဇူလိုင်လ ၈ရက်နေ့ပါ… ။ ပြည်သူတွေထဲကနေ ဒီလို စာမူတွေ ခေါ်တာ အလွန်ကောင်းတဲ့ အစီစဉ်လေးပါ … မတူညီတဲ့ အတွေးတွေနဲ့ ထွက်ကျလာမဲ့ စာလုံးတွေကို ရွေးချယ်ရမှာမို့ … ၎င်းတို့ အတွက်လည်း ရသထူးကို ရရှိစေနိုင်ပါတယ်… ။ လူငယ်ဖွံ့ဖြိုးမှူ အစီစဉ်ဆိုတာနဲ့ ကျွန်မ စိတ်ဝင်စားလာတယ်… ဘာမှ […]


etoneJune 20, 20111min81051
တနေ့ ကျွန်မအလုပ်တွေ ရှုပ်နေတုန်း … အီတလီက အလုပ်ပါတနာတယောက် ဂျီတော့ကနေ ပါဆယ်နယ် အင်ဖော်မေးရှင်းပေးပါတယ်… ။ သူ့ရဲ့ စာကြောင်းများကို ဖတ်ပြီး ကျွန်မ တော်တော် အံ့အားသင့်သွားပါတယ်… ။ သူကလေးယူတော့မယ်လို့ ရှင်းရှင်းလင်းလင်း ရေးထားတာပါ… … ။ သူ့မှာ အိမ်ထောင်မရှိပေမဲ့ တွဲနေတဲ့ လူပဲ ရှိတာပါ … ။ ကျွန်မလည်း သိချင်စိတ်နဲ့ … အိမ်ထောင်မပြုပဲ ကလေးမွေးမှာလားလို့ တဲ့ပဲ မေးလိုက် မိပါတယ်… ။ သူကလည်း အေးဆေးစွာပဲ … ဟုတ်တယ်တဲ့ … ကလေးတစ်ယောက်လောက် အရင်မွေးပြီးမှ အိမ်ထောင်ပြုမှာပါတဲ့လေ… ။ သိချင်စိတ်နဲ့ ထပ်မေးလိုက်ပါတယ်… ။ နင်တို့ဆီမှာ အိမ်ထောင်မပြုပဲ ကလေးမွေးလျှင် သူများတွေ မကဲ့ရဲ့ဘူးလား […]


etoneJune 17, 20111min434
လူ တဲ့ …ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်တာချင်းတူပေမဲ့ ပေါက်ဖွားလာခဲ့တဲ့ မိသားစုမျိုးရိုး ကွာခြားလို့လား၊ နေထိုင်ရတဲ့ ပတ်ဝန်ကျင် အသိုင်းဝိုင်း မတူညီကြလို့ပဲလားမသိဘူး … မပြောတတ်ဘူး … စိတ်ဓါတ်တွေကလည်း   နိမ့်မြင့်လတ် အစုံပါပဲ … ။ ရွှေပင်နားတော့ ရွှေကျေးဆိုပေမဲ့ …. ကျီးဟာကျီး ဒေါင်းဟာ ဒေါင်းပါပဲ … ။ ထုံးသုတ်လို့ မဖြုတဲ့ စိတ်ဓါတ်တွေနဲ့  လူအများ နေ့စဉ် ဝင်ထွက်နေတဲ့ ဒီရွာထဲမှာ အုတ်အေ်ာသောင်းနင်းဖြစ်အောင် လုပ်နေတဲ့လူတွေ ဘာလို့များ တနေ့တခြား များလာရတာလဲ … ။ အားမနာတမ်း ရှင်းရှင်း ပြောရလျှင် သဂျီးရဲ့ ရွာ အပေါ် care လုပ်နိုင်မှူ အားနည်းလာတာကြောင့်ပါ ။ ရွာထဲ ရေးနေရင်း ဇရှိတဲ့လူတွေ လည်းရှိမယ် […]


etoneJune 16, 20111min33818
ဒီရက်ပိုင်းအတွင်း  စိတ်ထဲ မသိုးမသန့် ခံစားမိတယ်… ။ တစ်စတစ်  ကျွန်မပြိတ္တာဖြစ်လာတာကိုလည်း သတိထားမိပါရဲ့ … ဟုတ်ပါတယ်… တကယ့်ကို ပြိတ္တာဖြစ်လာတာပါ… စားချင်လျှက်နဲ့ စားသောက်လို့ မရတာ ပြိတ္တာပေါ့ မဟုတ်ဘူးလား … သူ့မှာ ပါးစပ်ပေါက်သေးသေးပဲ ပါလို့အများကြီး တခါတည်း စားမရဘူးလို့ ပြောပေမဲ့ … မြင်ဖူး တွေ့ဖူးခြင်း မရှိပါဘူး … ။ တချို့ တလေပြောတာကျတော့ ပြိတ္တာဆိုတာ တကယ်ရှိပါသတဲ့ … မမြင်ရပေမဲ့ ငြီ်းသံ ကြားရတတ်တယ် တဲ့ ။ အဲ့ဒီအချိန် ထင်းမီးကို နောက်ပြန်ပစ်လိုက်လျှင် ငြီးသံ ရပ်သွားပြီး အဲ့ဒီနေရာမှာ ပစ္စည်းလေးတွေ တခုမဟုတ်တခု ကျန်ခဲ့ပါသတဲ့ ထုံးဗူးလေးတွေ ၊ ကွမ်းအစ်လေးတွေ ၊ မီးခြစ်လေးတွေ စသဖြင့်ပေါ့ […]


etoneJune 15, 20116min23511
မေးလ်ကနေဝင်တာပါ …ကော်ပီတော့ ကော်ပီပါပဲ ဒါပေမဲ့ အတော်လေး လက်ညောင်းတဲ့ ကော်ပီပါ ပဲ… ။ ဆိုက်ထဲရေးခဲ့တဲ့ ပို့စ်တွေထဲမှာ ဒီပို့စ်က လက်အညောင်းဆုံးနဲ့ စိတ်အရှုပ်ဆုံးပါပဲ … ။ စာရိက်ရလို့ လက်ညောင်းတာမဟုတ်ပဲ … ပုံအကြီးအတိုင်း ပို့စ်မှာပေါ်ဖို့ …. upload photo အရင် နှိပ်ရပြန်တယ် …ပြီးတော့… ပုံရွေးတင်ပြီး insert into post လုပ်ရတယ်… အဲ့ဒါပြီးမှ နောက်တခါ upload photo လုပ်ပို့စ်ထဲ ပြန်ထည့်နဲ့ အကြိမ်ကြိမ်လုပ်ရပါတယ်… ။ တုံးလိုက်တာ…… ပုံတွေ အရင်တင်ပြီးမှ insert gallery လုပ်လို့ရတာပဲလို့ ထင်ချင်ထင်မှာပါ… လုပ်လို့ရမှန်းသိပါတယ် ….. ပုံတွေ အားလုံးတင်ပြီးမှ insert gallery ဆိုလျှင် ပုံလေးတွေ […]


etoneJune 15, 20111min54829
ဆပ်ကပ်ထဲမှာ မဟုတ်ပါဘူး … တကယ့် လုပ်ငန်းခွင်မှာ အထိန်းကွပ်မဲ့စွာ အလုပ်လုပ်နေတာပါ … ။ အသက်နဲ့ ခန္ဓာတည်မြဲဖို့ ခြေနှစ်ဘက်ကို အားပြုပြီး လက်နှစ်ဘက်က အလုပ်လုပ်ရင်း ပြုတ်မကျအောင် ထိန်းနေရရှာတယ်… ။ မနေ့က မိုး အရမ်းသည်းနေတဲ့ အချိန် မျက်စိကစားလိုက်တုန်းတွေ့တာမို့ လျှပ်တပြတ်ရိုက်လိုက်တာပါ …  ။ အဆောက်ဦးတခု ဖြစ်တည်မြဲဖို့ အလုပ်သမားတယောက်ရဲ့ အခန်းကဏ္ဍကလည်း မသေးဘူးဆိုတာ ပေါ်လွင်နေပါတယ် … ။ လူသုံးရပ်ကျော်လောက် အမြင့်ရှိပါတယ်..။ ခါးမှာ လည်း ဘာကြိုးမှ ချည်မထားပါဘူး … ။ ပြုတ်ကျလျှင် အနည်းဆုံး ခြေကျိုး၊ လက်ကျိုးဖြစ်နိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်တာမို့ သက်စွန့်ဆံဖျား အလုပ်လုပ်ရတဲ့ အဖြစ်ကို မှတ်တမ်းထင်ထားလိုက်ပါတယ်… ။


etoneJune 14, 20111min40421
ဒီညတော့ စောစာအိပ်မယ် စိတ်ကူးထားတယ်…… မနက်ဖြန် တနင်္ဂနွေနေ့လေ  ၊ ပိတ်ရက်ပေမဲ့ မနားရပါဘူး အလုပ်ကလည်းရှိလို overtime သွားပေးရမှာ … ။ မအိပ်ခင် စာဖတ်တတ်တဲ့ အကျင့်ရှိတာမို့ ဂျာနယ်တစောင်ကို … အိပ်ယာထဲမှာလှဲလျောင်းဖတ်ရင်း……. %%%%%%%%%%%%% ” အာ ဒုက္ခပါပဲ…. ငါညက စာဖတ်ရင်း အိပ်ပျော်သွားတာပါလား …. ဒီနေ့ ရွာသူ၊ရွာသားတွေနဲ့ ချိန်းထားတာပဲ … ။ဂေဇက်က ဘော်ဒါတွေနဲ့ ချိန်းထားတာပဲ … ။ မေ့နေလိုက်တာ … ။ ” ” ဘယ်မှာတဲ့… တော်ဝင်စင်တာမှာလား … ၊ မဟုတ်ပါဘူး Moon မှာပါ… ။ မဟုတ်ပါဘူး …. မြေနီးကုန်းမှာပါ … ။ ရုံးကလည်း […]


etoneJune 8, 20111min2789
ပိုက်ဆံက လူသားတွေအတွက် အရေးကြီးဆုံး မဟုတ်လျှင်တောင် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု အနေနဲ့ ပါဝင်နေပါတယ်… ။ ပိုက်ဆံရှိတဲ့လူတွေကို သူ့လောက်မရှိတဲ့လူတွေထဲက တချို့ ကပ်ဖားတွေက ပင့်ကြတယ် မြှောက်ကြတယ်… ။ အရေးကြုံလျှင် အခွင့်ရေး အကူညီလေးများပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ပါ… ။ တကယ်တမ်း အလကားနေရင်း ပင်မြှောက်တာတွေ လုပ်နေတာနဲ့ ကိုယ့်အတွက် တိုးတက်ရာ တိုးတတ်ကြောင်း အချိန်တွေ ကုန်ဆုံး နေခဲ့တယ်ဆိုတာ သတိမထားမိလိုက်ကြဘူး … ။ နာရီတွေကိုသာ ရပ်တန့်အောင်လုပ်လို့ ရမယ် အချိန်ကို ဘယ်သူကမှ ရပ်ပစ်လို့မရ့ပါဘူး … ။ ဖားကျွတ်လူတွေက …မျှော်လင့်ချက်နဲ့ လုပ်ပေးခဲ့သမျှ တကယ်တမ်း အကူညီလိုတဲ့ အခါ တောင်းကြည့်ပါဦး … ကိုယ့်ကို ဖုတ်လေတဲ့ ငပိ ရှိတယ်တောင် ထင်ခံရမှာ […]


etoneJune 7, 20111min50630
လူတွေများ သူများ အသားလေး စားရလျှင် မြိန်ရေ ယှက်ရေ စားသောက်လိုက်ကြတာ … ယခင်ကဆို မစားကောင်းတဲ့အသား ၊ စားကောင်းတဲ့အသား … ခွဲသေးတယ်…။ အခုများတွေ အိမ်မွေးတိရိစာ္ဆန်ပါမကျန် ချက်ပြုတ်စားသောက်နေကြတာ အတော့်ကို လွန်လွန်းပါပြီ … ။ ကိုယ့်လျှာရင်း မျက်မျက်လေး စားရဖို့ အတွက် အလကားနေရင်း သတ်ဖြတ်စားသောက်နေတာ …. လူစိတ်ပေါက်ပြီး ဘီလူးစိတ်ဝင်နေသလားတောင် ထင်မိပါရဲ့… ကျွန်မလည်း ကြားကြားချင်း အတော်လေး အံ့အားသင့်ပြီး စိတ်မကောင်းဖြစ်မိသွားတယ်… ။ %%%%%%%%%%%%%%%%% ” ဆရာ ဒီခွေးက ဘာခွေးလဲဟင် … အင်းခွေး အမျိုးစားထင်တယ် … ဆရာတို့ ပြန်လျှင် သူ့ကို ဒီမှာ ထားခဲ့တာလား …” ကျွန်မတို့ ဆေးခန်းကို လာတဲ့ […]


etoneJune 2, 20111min34117
သူက ပေါ့ပေါ့ပါးပါးပြုံးပြကာ သာမန်မိတ်ဆွေ တယောက်လိုပင် ကျွန်မကို ပြုံးပြနှုတ်ဆက်ခဲ့သည်…. ။ သူ့ကို နေရာထိုင်ခင်းပေးတော့ ….. တံခါး အကွယ်မှ …. တစ်စုံတစ်ယောက်ကိုပါ အထဲဝင်ခဲ့ရန် သူခေါ်ခဲ့သည်….. ။ ကျွန်မဧ။် ရင်ခုန်စရာကောင်းသော ၊ နှစ်ပေါင်းများစွာ ခွဲခွာနေရသော အချစ်ဦးနှင့် ပြန်လည်တွေ့ဆုံချိန်လေးတွင် အဘယ်ကဲ့သို့ မိစ္ဆာမက ဖျက်လိုဖျက်ဆီး ပြုလိုက်ပါသနည်း နားမလည်ခင် …. လွတ်နေသော သူ့ဘေးသို့ ကျမထက် ငါးနှစ်ခန့်ငယ်သူ အမျိုးသမီးတယောက် ကပ်ထိုင်လိုက်သည်….။ နေ့ခင်းကြောင်တောင် မိုးကြိုးကြီး ဆယ်စင်း ပစ်ခံရသလို အေးစက်တောင့်တင်းကာ နှလုံးသွေးများ အေးစက်တော့မတတ် ဆွံ့အသွားခဲ့သည်… ။ သူတို့ နှစ်ယောက်ရှေ့မှ ကျွန်မ အခိုးငွေ့ အဖြစ် ဖြင့် …ပျောက်ကွယ်သွားချင်မိသည်…. ။ မျက်တောင်ရှည်ကြီးများ  ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး […]


etoneJune 2, 20111min1113
တန်ရာ တန်ကြေး (၁) သူ …. ကျွန်မဘဝရဲ့ မရှိမဖြစ် အလင်းရောင်လေး ဖြစ်ခဲ့ဖူးတယ် …. ။ ဆိုးတူကောင်းတူ အခက်ခဲများစွာ ဖြတ်ကျော်ခဲ့ဖူးတယ်…. ။ ကျောင်းတက်စဉ်ကတည်းက ဘယ်သွားသွား တတွဲတွဲ ဘေးမှာ အမြဲရှိခဲ့တဲ့သူ …. ။ ကျွန်မရဲ့ အိပ်မက်တိုင်းမှာ မပါမဖြစ်ခဲ့တဲ့သူ… ။ ဂတိတွေ အထပ်ထပ်ပေးတတ်လွန်းတဲ့သူ… ။ ဂရုစိုက်၊ နားလည်လွန်းတဲ့သူ…. ။ ပုံပြောလည်း ကောင်းခဲ့တဲ့သူ……..။ ပိပိရိရိ လိမ်ညာတတ်ခဲ့သူ………. ။ မတွေ့ရတာ ကြာပြီဖြစ်သော သူ့ကို ကျွန်မအလွန်တွေ့ချင်လှသည် …. ။ မနက်ခင်းတိုင်း လွမ်းဆွတ်မှုများနှင့် အတူ နိုးထလာရသော ကျွန်မအတွက် ပင်ပန်းလွန်းလှသည် … ။ ကျွန်မဧ။် အတွေးအားလုံးကို ပိုင်စိုးထားသော သူ့ကို […]


etoneJune 2, 20111min30414
ကျမ gtalk ထဲကို အသိတယောက်က အောက်ကစာကြောင်းလေးတွေ ကူးပို့လိုက်ပါတယ်… ဖတ်ပြီးချက်ချင်းခေါင်းကြီးသွားခဲ့တယ်… ။ နာဂစ်ဒဏ်တုန်းက မရှူမလှခံခဲ့ရတာမို့ မုန်တိုင်းဆိုလျှင် အရိုးစွဲအောင် ကြောက်ပါတယ် … ။ —————— နောက်48Hours အတွင်းရခိုင် မန်းတလေး ရှမ်းပြည် ရန်ကုန်၊ နေပြည်တော်ကို Bijli မုန်တိုင်းoင်ရောက်ပါမည်….. .ဆက်လက်Forwardလုပ်ပေးပါ ဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက် လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ ဝင်ရောက်လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် […]