etoneFebruary 2, 20111min13614
ဒီနေ့ ပို့စ်လေးတစ်ခုလောက်ရေး မယ်စဉ်းစားတော့ အကြောင်းရာကလည်း ရှာမရ ။ စိတ်ကူးယာဉ် ဇာတ်လမ်းလေးတွေ ဖန်တီးဖို့ကလည်း အာရုံကမရဆိုတော့ နည်းနည်းလေပြီး အလုပ်ပဲ မဲလုပ်နေမိသည် ။ အလုပ်လုပ်ရတာ အာရုံစိုက်ရဖန်များလာတော့ ခေါင်းက နောက်လာသည် ။ ညည်းစိစိဖြစ်လာသည် နှင့် ပို့စ်တွေဝင်ဖတ်ပြန်သည် ။ နောက်တော့ အကြောင်းရာလေးတစ်ခု ခေါင်းထဲဝင်လာတာနဲ့ အဲ့ဒါလေးနဲ့ပတ်သတ်ပြီး နည်းနည်း ဖွမလား စိတ်ကူးမိပါသည် ။ ကျမတို ့တွေ အရွယ်လေးရောက်လာနဲ့ အမျှ ရည်းစား ထားခြင်း ဆိုတဲ့ ကိစ္စလေး နည်းနည်း ပါလာတတ်ပါသည် ။ တစ်ချို့ကလည်း တစ်ယောက်ထဲ နေရရတာ ပျင်းသဖြင့် အဖော်ရှာကြသည် ။ တစ်ချို့ကလည်း သူငယ်ချင်းများက မြှောက်ပင့်ပေးသဖြင့် လက်တည့်စမ်းပြီး ရည်းစားထားကြသည် ။ တစ်ချို့ […]


etoneFebruary 1, 20111min14215
မနောရဲ့ မြန်မာ မိန်းမ ပို့စ်ကို ဖတ်မိပြီး အလုပ်လေးနည်းနည်းပါးတုံး ရေးလိုက်တာ ပို့စ်တစ်ပုဒ်တော့ပြီးသွားပြီ ။ ဒါတောင် အရှိန်က မသေသေးဘူး ။ စပ်မိစပ်ရာလေး တွေးမိပြန်တော့ …. ကျမကိုယ်တိုင်ကြုံရတဲ့ အဖြစ်ပျက်လေးတစ်ခုကို ပြန်သတိရမိတယ် ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကဖြစ်မည် ။ အိမ်ရှေ့မှ အစ်မတစ်ယောက်က စင်္ကာပူတွင် အလုပ်လုပ်နေသော ချစ်သူထံ အင်တာနက်ဖုန်းဖြင့် ခေါ်မည်ဆိုသော ကြောင့် etone တစ်ယောက်ဆရာကြီး လုပ်ပြီး လိုက်ကူညီပေးစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။ ကျမတို့ အိမ်နားတွင် ခေတ်အဆက်ဆက်ဖွင့်ခဲ့သော အနှိပ်ခန်း၊ တည်းခိုခန်းတဖြစ်လဲ ကေတီဗွီဆိုင်ရှိသည် ။ အစဉ်အဆက် လူများ ၊ ပိုင်ရှင်များပြောင်းသာသွားသော်လည်း ထိုနေရာတွင် ကောင်းကောင်းမွန်မွန် လုပ်ငန်းမျိုး ပြောင်းလဲလုပ်ကိုင်ခြင်းမဟုတ်ပဲ KTV ၊ အနှိပ်ခန်း နဲ့ […]


etoneFebruary 1, 20111min1276
ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အညီ အမျိုး သမီးတို့ (အဖွားအရွယ်မှ မြီးကောင်ပေါက်အထိ) ပြုပြင်ပြောင်းလဲ နေကြသည်မှာ အဝတ်အစား ၊ ဆံပင် ၊ မိတ်ကပ် အပြင်အဆင်ပါ မက ကိုယ်နေဟန်အနေထား ၊ လူမှူဆက်ဆံရေးတွေအထိအောင်ပင် များစွာပြောင်းလဲလျှက်ရှိကြောင်းတွေ့ရသည် ။ ဟိုးအရင်ခေတ်က ဘလပ်အန်ဝှိုက် ရုပ်ရှင်များထဲမှ အပြင်ဆင်မျိုး ၊ ပဲဟင်းမှောက်သိလို ဖြူပြာနှမ်းနေအောင် ပြင်ဆင်ခဲ့သော ခေတ်မှ ယခုအချိန်တွင် ထသွားထလာ မျက်နှာပြောင်များ နှင့် နှုတ်ခမ်းနီ ဂလော့စ်လောက်သာ ဆိုးကြသောခေတ် ။ ဆံပင်ပုံစံတွေလည်း ဒီလိုပါပဲ … အ ိန္ဒြာကျော်စင်က နိုင်ငံ အကျိုးပြုကားထဲမှာ ရောဘတ်မြင့်မိုရ်အဖြစ် သရုပ်ဆောင်ပြီး ဆံပင် ဖြောင့်လိုက်ကတည်းက ပေါ်လာတဲ့ ဆံပင်ပုံစံ ခေတ်ရေစီးကြောင်းထဲမှာ ယခုထိစိးမျောနေတုန်းပါ …။ နောက်တစ်ဖန် သူကပဲ […]


etoneJanuary 28, 20111min14217
ကျမဆယ်တန်းအောင်ပြီးခါစက တက္ကသိုလ်မတတ်ရခင်စပ်ကြား အားနေတာနဲ့ ဘာသင်တန်းမှလည်းမတတ်ပဲ အလှပြင်လိုက် ၊ အင်္ကျ ီအသစ်တွေချုပ်လိုက်နဲ့ အချိန်ကုန်နေခဲ့တာပေါ့… ။ သူများတွေ ဘာစပီကင် ၊ ညာစပီကင် တတ်နေချိန် ၊ကွန်ပျူတာတို့ … စာရင်းကိုင်တို့ ..၊  ဘာသာစကားတို့တတ်နေချိန် ကျမ ကတော့ ကလေးလိုလို ၊ ဘာလိုလိုနဲ့ စားမယ်၊ သောက်မယ် ၊ ပျော်မယ် ပါးမယ်ပေါ့ … ။ ကျမမှာ ဝါသနာပါတာ တစ်ခုရှိတယ် ….အောင်မြင်တဲ့ သရုပ်ဆောင် ၊ မော်ဒယ် ၊ တေးသံရှင်ဖြစ်ချင်တာပေါ့.. (ဟိဟိ.. လောဘများကြီးသွားသလား မသိဘူးနော် ..ဖြစ်ချင်တာကိုပြောပြတာပါ .. ငယ်ငယ်က အိပ်မက်ပါ 😀 ) ဒါနဲ့ပဲ ကျမ ရှိုးပွဲတွေဝင်ပြိုင်တယ်ပေါ့ .. ပရိုမိုးရှင်းပွဲတွေ […]


etoneJanuary 28, 20111min25552
ရွာသူရွာသားတို့ရေ …  သတ်သတ်လွတ်စားတာ ၊ မစားတာနဲ့ ပတ်သတ်လို့ ဟိုးတလောက တော်တော်လေးပွဲဆူသွားခဲ့တယ်နော်…။ အဲ့ဒီအချိန်ကတည်းက ကြုံခဲ့ဖူးတဲ့အတွေ့ကြုံလေးတစ်ခုကို ပို့စ်တင်မယ် စဉ်းစားထားပြီး မတင်ဖြစ်တာ ကြာနေပြီ ။ မနေ့ညကမှ အလားတူဖြစ်ရပ်မျိုးပြန်တွေ့တော့.. တင်ပေးလိုက်ပါတယ်…။ ည ရ နာရီ ကို ရွှေဂုံတိုင်နားက ကေပါရာဒိုက်ဟော်တယ် ဘေးက စားသောက်ဆိုင်မှာ ဆုံမယ်လို့ ကျမတို့ GM ကပြောပါသည် ။ ဂျာမဏီကလာသော အထူးဧည့်သည်လည်းပါမည် ၊ စက်ရုံပိုင်ရှင် ကျမတို့ boss လည်းပါမည် ၊ GM လည်းပါမည် ။ ကျမတို့နဲ့ အလုပ်အတူလုပ်နေသော မန်နေဂျာတစ်ယောက်လည်း ပါမည်ပေါ့ … ။ စုစုပေါင်း ငါးယောက် ညစာစားဖို့ချိန်းထားပါတယ်…။  အလုပ်ကိစ္စနဲ့ ပြောကြဆိုကြရင်း ရောက်လာတဲ့ ဧည့်သည်ကိုလည်း […]


etoneJanuary 27, 20111min15916
ဒီနေ့မနက်ရုံးရောက်ရောက်ချင်း အီးမေလ်းတောင် မစစ်ခင် လုပ်နေကြ အတိုင်း မန္တလေးဂေဇက်ကို စဖွင့်တယ်ပေါ့…။ ဖတ်လိုက်ရတဲ့ ပို့စ်တစ်ခုကြောင့် မျက်လုံးပြူးသွားတယ် ..ဒါမျိုးတွေလည်း ဖြစ်တတ်တာပေကိုး ။ အင်တာနက်မှ ဇာတ်လမ်းတွေ အကြောင်းပါ ။  သုံးတတ်လျှင် တော်တော်အကျိုးပြုနိုင်တဲ့ အင်တာနက်ကို လွဲမှားစွာ အသုံး ပြုပြီး လမ်းမှားရောက်နေတာ  မဖြစ်သင့်ပါဘူး ။ ခံယူချက်အမျိုးမျိုးနဲ့ သုံးနေကြပေမဲ့ … အများစုကတော့ ကိုယ့်ဘာသာ အချိန်သာဖြန်းချင်ဖြုန်းမယ် သူများကို အနှောက်ယှက် မပေးတတ်ကြပါဘူး ။ ကျမအခုပြောပြချင်တာက အလေနတော အင်တာနက်သရဲတွေအကြောင်းပါ …။ ကျမ ၂၀၀၆ ကတည်းက အင်တာနက်စသုံးဖြစ်ပါတယ်… ။ အလုပ်စ ဝင်လုပ်ရင်း အင်တာနက်ကို ကလိရင်း သုံးတတ်ခဲ့တာပါ ။ နောက်တော့ အဲ့ဒီက တစ်ဆင့် ဂျီးမေးလ်း […]


etoneJanuary 26, 20111min440
ဒီလင့်ကလေးကနေ ဆက်သွားကြည့်ကြပါဦး ။ တာဝန်မဲ့လုပ်ရပ်တွေ တစ်ပုံပင်ကြီး ဖြစ်ဖြစ်လာပါလား ။ ဒီလောက်မီဒီယာတွေက ဖွနေတာတောင် ရှက်ရကောင်းမှန်းမသိလေရော့လား ။… အလျှော်အစားမရှိတဲ့အလုပ်ကို သေချာဂရုတစိုက်လုပ်သင့်တယ်ထင်တယ် ။ လည်လွန်းတဲ့ဘီးတွေ xx သင့်တာများနေပြီ ။ ကြားရတာ စိတ်မကောင်းဘူး ။ လူတွေကို အားမနာလျှင်တောင် … နင့်အောင်ယူထားတဲ့ငွေကြေးပေါ်တာဝန်ကျေအောင် ပြန်ပေးဆပ်နိုင်လျှင် သိပ်ကောင်းမှာပါပဲ ။ သက်ဆိုင်ရာကလည်း သေချာလေး စိစစ်ပြီး ဆောင်ရွက်သင့်နေပြီ။ လူတိုင်း ကိုယ်ချင်းစာတတ်ကြပါစေ ။ ။ http://www.shwemandalay.net/index.php?option=com_content&view=article&id=504:2011-01-26-02-45-50&catid=86:2010-09-22-06-55-35&Itemid=266


etoneJanuary 24, 20114min1070
2009 လောက်ကတည်းက ရလာတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ … ။ဖတ်ရင်းနဲ့   မျက်ရည် တောင် ဝဲ မိတဲ့အထိ ပြောင်မြောက်တဲ့ စာကောင်းလေးတစ်ပုဒ်ပါပဲ ။ ကြိုက်လွန်းလို့ မေးလ်ထဲမှာပဲ သိမ်းထားရာကနေ အခု ပြန်ရှာတွေ့လို့ ရွာသူ၊ ရွာသားများအတွက် share ပေးလိုက်တယ်နော် ။ ” I LOVE YOU MOM ” ============================= My mom only had one eye. I hated her… She was such an embarrassment. . She cooked for students & teachers to support the family. […]


etoneJanuary 19, 20111min1429
ဒီနေ့မနက် အင်တာနက်ထဲမှာ မွေနောက်ဖတ်ရင်းသတင်းတပုဒ်ဖတ်တွေ့တော့ ဖတ်ရင်း စိတ်မကောင်းဖြစ်မိပါသည် ။ ဒီသတင်းလေးကတော့ မကြာသေးမီ အချိန်ကမှ ဖွင့်လှစ်ခဲ့တဲ့ သိရိမင်္ဂဈေးသစ်ကြီးရဲ့ အိမ်သာထဲမှာ အမျိုးသားတစ်ဦး လည်ပတ်ပြတ်ရှ ဒဏ်ရာနှင့် သေဆုံးနေခြင်းဖြစ်ပါည်။ ၎င်းသေဆုံးမှူမှာ ဈေးသစ်ဖွင့်ပြီး လေးရက်မြောက်နေ့ဖြစ်သော ဒီဇင်ဘာ ၃ဝရက်နေ့ မနက် ဝေလီဝေလင်း အချိန်တွင်ဖြစ်သည် ။ ထိုအမျိုးသားသည် မုန်လာဥနီထမ်းသော အလုပ်ကြမ်းသမားဖြစ်ပြီး ချောင်းဆိုးသွေးပါဝေဒနာခံစားနေရာမှ ရောဂါလည်းပြင်းထန်ချိန်၊ ငွေကြေးမတတ်နိုင်သလို ၊ အလုပ်မလုပ်ပဲ ဆေးကုခံချိန်လည်း မရှိသဖြင့် ဘဝကို အရှုံးပေးကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်ရာ အပေါင်းအသင်းများမှ ယူဆကြသည် ။ ထိုသူသည် မသေဆုံးမီ အချိန်ပိုင်းကပင် လုပ်ဖော်ကိုင်ဖက်များကို မိမိသည် ချောင်း ဆိုး သွေးပါရောဂါဖြင့် သေဆုံးတော့မည်ဖြစ်ကြောင်း ၊ ထိုမှ မသေဆုံးလျှင် […]


etoneJanuary 18, 20111min696
လုံခြုံရေး ဝန်ဆောင်မှူ အေဂျင်စီများကြောင့် ယခင်လုံခြုံရေးဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ် ပီးခဲ့သည့် 2009/ 2010 ကတည်းက ခေတ်စားလာသော ဝန်ဆောင်မှူလုပ်ငန်းများအနက် လုံခြုံရေး ဝန်ဆောင်မှူ လုပ်ငန်းသည် ယခုလတ်တလော ကာလအတွင်း တွင်တွင်ကျယ်ကျယ်ပြန့်နှံ့လာကြောင်းသိရသည် ။ စက်ရုံ၊ အလုပ်ရုံများ အတွက် လုံခြုံရေး ဝန်ထမ်းများကို နေ့ဆိုင်း၊ ညဆိုင်းအနေဖြင့်  ယခင်က ခန့်အပ်ထားသော်လည်း ယခုအခါတွင် ထို လုံခြုံရေးဝန်ဆောင်မှူအေဂျင်စီများမှ ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် စက်ရုံ ၊ အလုပ်ရုံ လုံခြုံရေးဝန်ထမ်းများ အ လုပ်လက်မဲ့ဖြစ်ကုန်ကြရသည် ။  လုံခြုံရေး အေဂျင်စီမှ ချထားပေးသော လုံခြုံရေး ဝန်ထမ်းများမှာ ၎င်းကုမ္ပဏီမှ ရွေးခြယ်ထားသူများဖြစ်ပြီး အများစုမှာ လူငယ်များနှင့် လူလတ်ပိုင်းများသာဖြစ်ကြသည် ။ အမျိုးသား ၊ အမျိုးသမီး မျှတစွာ ချထားပေးသော်လည်း လုပ်ရိုးလုပ်စဉ် […]


etoneJanuary 17, 20111min111
ပြီးခဲ့သည့် 2009/ 2010 ကတည်းက ခေတ်စားလာသော ဝန်ဆောင်မှူလုပ်ငန်းများအနက် လုံခြုံရေး ဝန်ဆောင်မှူ လုပ်ငန်းသည် ယခုလတ်တလော ကာလအတွင်း တွင်တွင်ကျယ်ကျယ်ပြန့်နှံ့လာကြောင်းသိရသည် ။ စက်ရုံ၊ အလုပ်ရုံများ အတွက် လုံခြုံရေး ဝန်ထမ်းများကို နေ့ဆိုင်း၊ ညဆိုင်းအနေဖြင့်  ယခင်က ခန့်အပ်ထားသော်လည်း ယခုအခါတွင် ထို လုံခြုံရေးဝန်ဆောင်မှူအေဂျင်စီများမှ ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် စက်ရုံ ၊ အလုပ်ရုံ လုံခြုံရေးဝန်ထမ်းများ အ လုပ်လက်မဲ့ဖြစ်ကုန်ကြရသည် ။  လုံခြုံရေး အေဂျင်စီမှ ချထားပေးသော လုံခြုံရေး ဝန်ထမ်းများမှာ ၎င်းကုမ္ပဏီမှ ရွေးခြယ်ထားသူများဖြစ်ပြီး အများစုမှာ လူငယ်များနှင့် လူလတ်ပိုင်းများသာဖြစ်ကြသည် ။ အမျိုးသား ၊ အမျိုးသမီး မျှတစွာ ချထားပေးသော်လည်း လုပ်ရိုးလုပ်စဉ် ကားအဝင်၊အထွက်နှင့် ပစ္စည်းစာရင်း များကိုပင် အလျှင်မီအောင် လုပ်နိုင်အား […]