ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။ ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး ဖရဲသီးဟာ ယောက်ျားကာမအားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာက သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောက်ျားအယောက် ၅ဝ ကို လေ့လာဆန်းစစ်တဲ့အခါမှာ ကာမအား သိသိသာသာ တိုးလာကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန် ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း သိရှိရပါတယ်။ […]