etoneSeptember 8, 20101min912
ယခုအခါ မြန်မာနိုင်ငံသို. နိုင်ငံခြားသားတွေအဆက်မပြတ်ေရောက်လာနေကြတယ်….ရောက်လာရင်အများအားဖြင်.ရွှေတိဂုံဘုရား.. ပုဂံဘုရားများ၊မန္တလေးမဟာမြတ်မုနိဘုရားများ …..စစ်ကိုင်းဘုရားများကိုလည်ပတ်းဖူမြော်ပြီးအဆင်သင်.ရင်တောင်ကြီးနဲ.အင်းလျားကန်သို. တစ်ရက်သွားလည်ပြီးပြန်ကြတာပဲ………. မကြာသေးမီက အချိန်ကအင်္ဂလိပ်ပါမောက္ခနှစ်ယောက်အမေရိကန်ပါမောက္ခနှစ်ယောက်မြန်မာနိုင်ငံသို.ရောက်လာကြတယ်..ထုံးစံအတိုင်းဘုရားဖူးကြတဲ.အခါ အုတ်ပုံစေတီကို လူတို.ကပန်းပူဇော်တာဆီမီးပူဇော်တာရှိခိုး.တာ ဘာအကျိုးကျေးဇူးရှိ.လဲ လို….တွေတဲ.လူကြီးတွေကိုမေးကြတယ်….အင်္ဂလိပ်လိုမေးတယ်ဆိုတော.မြန်မာဂေါပကလူကြီးတွေမဖြေနိုင် ကြဘူးးး………………. အဲဆုူးလေဘုရားကို်ပါမောက္ခအဖွဲ.ရောက်လာကြတယ်……….ထုံစံအတိုင်းသူတို.ရဲ.မေးခွန်းတွေကိုမေးကြတယ်………ဂေါပက လြူကီးတွေက စေတီရင်ပြင်မှာနေစဉ်တစ်နေကုန်ဝေယျာဝစ္စလုပ်နေတဲ.မစ္စတာဘဲလူးကို အခေါ်ခိုင်းလိုက်တယ်…. .မစ္စတာဘဲလူး က broken english တော်တော်ပြောနိုင်တာကိုး…….. .မစ္စတာဘဲလူးရောက်လာတဲ.အခါအမေရိကန်ပါမောက္ခ ကေ မးတယ်………………. အမေရိကန်ပါမောက -Why dou worship this Pagoda? ဒီစေတီကိုသင်တိုးဘာကြောင်.ကိုးကွယ်တာလဲ.. This pagoda are made of bricks. ဒီစေတီဟာအုတ်နဲ.လုပ်ထားတယ်…………. Your houses are made of bricks. သင်တို.ရဲ.အိမ်များကိုလည်းအုတ်နဲ.လုပ်ထားတယ်… And your offices are made of bricks. ပြီးတော.သင်တို.ရဲ.ရုံးများကိုလည်း အုတ်နဲ.လုပ်ထားတယ်…. […]


etoneSeptember 8, 20102min1384
“ဝ” ယဉ်ကျေးမယ် ပြိုင်ပွဲ (Miss Cicciona) အီတလီနိုင်ငံမှာတော့ အိုဗာဝိတ် မမ တွေအတွက် ဝယဉ်ကျေးမယ် ပြိုင်ပွဲတစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲ ခေါင်းစဉ်နာမည်ကတော့ Miss Cicciona ဖြစ်ပြီး ဆွဲဆောင်မှု့အားကောင်းသော မမ ဝဝကြီးများလို့ အဓိပ္ပါယ်ရပါတယ်။ ပြိုင်ပွဲရဲ့ သတ်မှတ်ချက်ကတော့ ပြိုင်ပွဲ ဝင်မယ် မမ ကြီးများအနေဖြင့် အနည်းဆုံး အလေးချိန် ကီလိုဂရမ် (၁ဝဝ) ရှိရမယ်ဖြစ်ပါတယ်။ ဆွဲဆောင်မှု့ ကောင်းတဲ့ sexy အဝတ်အစားတွေနဲ့ ဝတ်ဆင်လမ်း လျှောက်ပြရမှာဖြစ်ပြီး ဒိုင်လူကြီးတွေ စိတ်ကြိုက်တွေ့တဲ့သူက ပထမရမှာဖြစ်ပါတယ်။ ဆုအနေနဲ့ ကတော့ ကိတ်မုန့်ကြီးတစ်လုံးသာထားရှြိ ပီး အနိုင်ရတဲ့သူမှ သူ့ရဲ့ ပြိုင်ဖက်များကို မျှဝေ ကျွေးရမှာ ဖြစ်ပါတယ်။ Miss Cicciona ပြိုင်ပွဲမှာတော့ […]


etoneSeptember 8, 20101min1223
ဩဂုတ်လနောက်ဆုံးအပါတ်တွင်  ဆိုင်ကယ်ဂိတ်များ၊မြန်မာအများစု ဈေးဝယ်ရာကုန်စုံဆိုင်အနီးတဝိုက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ပြန်ကြေညာချက်များ ကပ်ထားပြီး တရားမဝင်မြန်မာအလုပ်သမားများနှင့် တရားမဝင် အလုပ်သမားများလက္ခံထားသော ထိုင်းအလုပ်ရှင်များကို ပြင်းထန်သော ငွေဒါဏ်၊ထောင်ဒါဏ်များချမှတ် မည်ဖြစ်ကြောင်း ကြောညာပြီး တစ်ရက် အကြာတွင် မဲဆောင်မြို ့တွင် ငါးနှစ် အတွင်း အကြီးအကျယ် ဆုံးသော တရားမဝင် အလုပ်သမား များ ဖမ်းဆီးသည့် စစ်ဆင်ရေး ကို စတင်ခဲ့သည်။ ၂၅၅၂ နှစ် ထိုင်းအက်ဥပဒေအရ တရားမဝင်နိုင်ငံခြားသားများကို လူမှောင်ခိုတင်သွင်းခြင်း ကိုဖမ်းဆီးမိပါက ဒါဏ်ငွေ ဘတ် ၅၀၀၀ဝနှင့် ထောင်ဒါဏ်၅နှစ်။၂၅၅၁ ထိုင်းအလုပ်သမားအက်ဥပဒေအရ လုပ်ငန်းခွင်တွင် တရား မဝင်အလုပ်သမားများကို ဖမ်းဆီးမိ လျင် အလုပ်ရှင်အား ဒါဏ်ငွေ ဘတ်၂၀၀ဝ မှ ၁၀၀၀၀ဝ ထိ။ တရားမဝင်အလုပ်သမားကို ဒါဏ်ငွေ ၂၀၀၀ဝ နှင့် […]


etoneSeptember 8, 20101min1233
မကောင်းသော အားနာခြင်းမျိုးများ (၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။ (က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဝိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင် မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။ (ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။ သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ […]


etoneSeptember 8, 20101min119
ကဲ … အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ(လက်အုပ်ချီတဲ့ပုံစံကို ဆိုလိုတာပါ)… လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့ိုလိုမယ်နော်… ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။ ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။ 1. လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ… လက်မကိုခွါလို့ ရပါတယ်… လက်မဆိုတာ မိဘကိုဆိုလိုတာပါ… လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်… ဒါကြောင့် ခွါလို့ရတာပါ။ 2. နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ… လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ… သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။ 3. နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်… ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး ) 4. နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး… လက်သန်းလေးကို ထပ်ခွါကြည့်ပါ… ဒါကတော့ သားသမီးတွေပါ… သူတို့လည်း […]


etoneSeptember 8, 20101min930
မပြောချင်တော့ဘူး သားသမီး ၈ ယောက်ရှိပြီး လက်ရှိကိုယ်ဝန် အမွှာပူးလွယ်ထားရသော လူနာအား ဆရာဝန်ကလေးက မေးမြန်းနေသည်.. “ဒါ… ဘယ်နှစ်ယောက်မြောက်လဲ” “၉ ယောက်မြောက်ပါဆရာ…” “ဟင် ဟုတ်လား….. သားကြောမဖြတ်သေးဘူးလား ……. အမျိုးသားကဘာလုပ်သလဲ..” “ဆရာရယ်… အမျိုးသားကဘာလုပ်သလဲဆိုတော့ ကျမ ကလေးတစ်ယောက်ပြီး တစ်ယောက်မွေးနေတာသာ ကြည့်ပါတော့ရှင်..” သူ့အလှ သူငယ်ချင်း ၂ ယောက် စကားပြောနေကြသည်…. “သူငယ်ချင်း ….. ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကိုလှတာကွ” “ဟုတ်လား ” “အေး…. သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ….. မျက်လုံးလေးကလည်း ရွှေသမင်မျက်လုံးလေး… သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ ….. လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး….” “ဟင်…..ဟုတ်လား……..ဒါဆို မင့်ကောင်မလေးက လူနဲ့ မတူဘူးပေါ့… ” နားလည်မှု မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် […]


etoneSeptember 8, 20101min1623
“Nangyang Institute of Management သင်တန်း အားမတက်ကြပါရန်” “Nangyang Institute of Management သင်တန်း အားမတက်ကြပါရန်” .Nanyang Institute of Management (NIM) ဟုအမည်ရသော Hotel and Tourism Management ကျောင်းတွင်လာရောက် တက်ရောက်လိုကြသော ကျောင်းသား ကျောင်းသူများအား ကိုယ်တွေ့နှင့်ယှဉ်ကာ သတိပေးလိုပါသည်။ – စာသင်ခန်းတွင်း ၆လ နှင့် အလုပ်သင် (Job Trainee) ၈လ ပြီးလျှင် Diploma ရရှိမည်ဖြစ်သော အဆိုပါသင်တန်းသည် ကျောင်းသားများထံမှ ငွေကြေး ရရှိရေးသာ ဦးစားပေးသော သင်တန်းကျောင်း ၁ခု ဖြစ်သည်။ – စာတွေ့ ၆လတာ ကာလတွင် ဆရာ/ဆရာမ များအနေနှင့် ကျောင်းသားများအပေါ် ဘက်လိုက်ဆက်ဆံမှုများ […]


etoneSeptember 7, 20101min1281
ကျမက တစ်ဦးတည်းသော သမီးပါ..။ကျမအမေက ငါးစိမ်းသည်လေ..။ ကျမရုပ်ရည်ကတော့ မင်းသမီးရှုံးလောက်တဲ့ ရုပ်ရည်လို့ ပြောရမယ်..။ ကျမကို အရမ်းချောလို့ဆိုပြီး ကျမနာမည်ကို ချောချောလို့ပေးထားတယ်.။ အမေ ဘယ်လိုပဲနာမည်ပေးပေးပါ.. ကျမက ငါးစိမ်းသည်သမီးပေါ့ရှင်..။ ကျမ အမေ့ကို မကျေနပ်ဘူး သိလား..။ စကားပြောတာပဲဖြစ်ဖြစ် ၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် အမေ့ရဲ့ အော်ကြီးဟစ်ကျယ် လုပ်တတ်တဲ့ အကျင့်တွေကို ကျမ သိပ်မုန်းတာပဲ..။ အမေက သူသာငါးရောင်းတာ ကျမကို ဈေးထဲတောင် ပေးမလာဘူး..။ ကျမလည်း မသွားပါဘူး.. အပျိုအရွယ်ရောက်လာတော့ ပိုဆိုးတာပေါ့။ ကျမက စာမသင်ချင်ဘူးရှင့်..။ ကျမက လှတော့ အချိန်တန်ရင် သူဌေးတစ်ယောက်တော့ ရနိုင်တယ်လေ..။ အမေကလည်း ကျမကို စာကြိုးစားဖို့ သိပ်မပြောဘူးလေ..။ အရာရာ ကျမသဘောပါပဲ..။ ကျမရည်မှန်းထားတဲ့အတိုင်း ကျမ သူဌေးကတော် ဖြစ်ခဲ့ပါတယ်.။ […]


etoneSeptember 7, 20101min1341
အဲ့ဒီနေ့က စာသင်ခန်းထဲမှာ လွတ်လပ်ရေးရနေကြတယ်။ ကျွန်တော်တို့ ကလေးတွေ အတန်းပိုင် ဆရာမ မလာလို့ ပွက်ပွက်ညံနေကြတာ။ ခုနတင် တစ်ဖက်ခန်းက ဆရာက လာဆူသွားပြီးပြီ။ ဆရာဆူလည်း တစ်ခဏသာပါဘဲ။ ဆူတုန်းသာ ငြိမ်ကျသွားတာ။ ပြီးတော့ ဆရာလည်းပြန်ထွက်သွားရော စာသင်ခန်းထဲ ပြန်ပြီး ဝုန်းဒိုင်းကျဲတော့တာပဲ။ နှစ်ကုန်ပိတ် ရက်ရှည်နီးလာတော့ အတန်းထဲမှာ စာတွေလည်း တော်တော်ပြီိးသလောက်ဆိုတော့ ဆရာမတွေကလဲ ကျွန်တော်တို့ကို တော်ယုံတော့ လွတ်လပ်ခွင့် ပေးထားကြတယ်။ ဒီလို အတန်းပိုင်ဆရာမခွင့်ယူတဲ့ ရက်မျိုးဆို ကျွန်တော်တို့ ကလေးတွေ သဘောခွေ့မှခွေ့ပေါ့။ အဲ့ဒီအချိန်မှာ ကျောက်သင်ပုန်းကို ကြိမ်နဲ့ တစ်ရွှမ်းရွှမ်းရိုက်လိုက်သံကြားလို့ ကျွန်တော်တို့ ကိုယ့်နေရာကို ကသောကမျော ပြန်ပြေးဝင်ထိုင်ကြတယ်။ ဆရာမတစ်ယောက် ..။ ကျွန်တော်တို့ တစ်ခါမှ မမြင်ဘူးသေးတဲ့ ဆရာမအသစ် တစ်ယောက် အတန်းထဲဝင်လာတယ်။ ဆရာမက […]


etoneSeptember 7, 20101min1562
တစ်ခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးချင်းများ ဖြစ်ကြသည်။ လယ်သမားမှာ ဘဲများကို မွေးမြူထားပြီး မုဆိုးတွင် အမဲလိုက်ခွေးများ မွေးထားသည်။ ထိုအမဲလိုက် ခွေးများသည် မကြာခဏဆိုသလို လယ်သမား၏ ခြံထဲသို့ ကျူးကျော် ဝင်ရောက်ပြီး ဘဲများကို ကိုက်ဖြတ်စားသောက်သည်။ လယ်သမားက မုဆိုးအား ခွေးများကို လှောင်ထားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မုဆိုးမှာ ခွေးများကို သေချာထိန်းထားခြင်း မရှိခဲ့ပေ။ နောက်ဆုံး လယ်သမားမှာ သည်းမခံနိုင်သည့်အဆုံး ရွာသူကြီးအား ခွေးများကို အရေးယူပေးပါရန် သွားရောက် တောင်းဆိုခဲ့သည်။ လယ်သမား၏ တိုင်တန်းချက်ကို နားထောင်ပြီးနောက် ဉာဏ်ပညာရှိသော သူကြီးက. . “အဲဒီမုဆိုးကို ကျွန်တော် အရေးယူပေးလို့ရတယ်။ ခွေးတွေကိုလည်း လှောင်ထားဖို့ အမိန့်ပေးလို့လည်း ရတယ်။ ဒီလိုလုပ်လိုက်ရင် ခင်ဗျားမှာ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း […]


etoneSeptember 7, 20101min1553
လတိုင်းလတိုင်း(၁၄)ရက်နေ့ရဲ့ထူးခြားချက်များ လတိုင်းလတိုင်းရဲ့ (၁၄)ရက်နေ့မှာ ရှိတဲ့ထူးခြားချက်လေးတွေပါ။မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။လတိုင်းရဲ့ (၁၄)ရက်နေ့လေးတွေမှာ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာ သိရအောင်လို့ပါ။ ချစ်သူကိုလက်ဆောင်လေးတွေပေးရင်း ပျော်ရွင်နိုင်ကြစေဖို့ ရည်ရွယ်လိုက်ပါတယ် ။ 1. January 14th “Diary Day” နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့ အတွက်အထိမ်းအမှတ်အနေနဲ့ အပြန်အလှန်ချစ်စာလေးတွေရေးဖို့ ဒိုင်ယာရီလက်ဆောင် ပေးသင့်ပါတယ်။ 2. February 14th “Valentine Day”ချေ ကိုယ်ချစ်တဲ့သူကို ချောကလက်လေးတွေနဲ့ နှင်းဆီပန်းလှလှလေးတွေ ပေးပို့လေ့ရှိပါတယ်။ချစ်သူများအတွက် ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။”ချစ်သူများနေ့”လို့တင်စားခေါ်ဝေါ်တဲ့နေ့လေးတစ်နေ့ပေါ့။ 3. March 14th “White Day” ယောကျာ်းတွေက သူတို့ချစ်ရတဲ့ချစ်သူကို သကြားလုံး(သို့) နှစ်သက်ရာ လက်ဆောင်လေးတွေပေးကြတာပါ။ 4. April 14th ” Black Day” အနက်ရောင်နေ့လို့ခေါ်ပြီး ချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက် နေ့လေးတစ်နေ့ပါ။စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီး တစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကြပါတယ်။ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။ […]


etoneSeptember 7, 20101min1330
ဖတ်ပြီးသားဆိုလည်းပြန်သာဖတ်တော့။၁ဝတန်းကျောင်းသားဘဝကိုပြန်တွေးရင်းပေါ့…. ရေးထားတဲ့ သူကို ချီးကျူးပါတယ်။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗဒ္ဓဿ ဇေယျတု သဗ္ဗမင်္ဂလံ။ ဆိုက်ပရက်စ်ပြည့်ရှင်မင်းကြီး၏ သားတော် မင်းသားဖိုးစိန် စင်ကာပူပြည်သို့ သွားစေ။ စင်ကာပူပြည်က အပြန်၊ ဘီယာဆိုင်၌ နားနေစေ။ ၎င်း စင်ကာပူမြို့ မြောက်မျက်နှာက အိုင်တီ ယောက်ျား ထွက်ဆိုရန် စကားမှာ- ဪ- လူ့ဘုံခန်းဝါ၊ စင်ကာပူပြည်မှာ၊ ဝမ်းစာခဲခက်၊ နာစီ ဂိုးရင်း(မလေး ထမင်း)၊ ဂရင်းတီးနှင့် ဆန်တွင်းက နက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ စပါကတီ၊ ခပ်အီအီနှင့်၊ ဟော့ပေါ့အမည်၊ ရေလုံပြုပ်များကို၊ ဝမ်းတေဘယ်တမျှ ခပ်ဝဝ စားလိုက်ရလျှင်ဖြင့် အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့၊ မရပ်မနား၊ ကီးဘုတ်ကြားမှာ၊ ဝမ်းကျောင်းပါငြားကဘဲ၊ စားရသည့်နေ့၊ တလလုံးတွင်မှ သုံးဆယ်နှပ်လောက်ကယ်သာ တွေ့ရတယ်။ […]