etoneAugust 13, 20101min800
အခြေခံလောကကြီးမှာ လူတော်တွေ များပါတယ်။ လူကောင်းတွေလည်း ရှိပါတယ်။ တော်လည်းတော်၊ ကောင်းလည်း ကောင်းတဲ့ လူတော် လူကောင်းကတော့ ရှားတယ်။ တချို့က သိပ်တော်သိပ်ချွန်တယ်။ ဒါပေမယ့် စိတ်ထား မကောင်းဘူး။ စိတ်ထား ယုတ်ညံ့သူ သိပ်တော်သိပ်ချွန်လေ ကြောက်စရာ ကောင်းလေပဲ။ဉာဏ်နီ ဉာဏ်နက်တွေ ကောက်ကျစ် စဉ်းလဲမှုတွေအလွန်များပြီး တစ်ဖက်သားကို နောက်ကျော ဓားနဲ့ထိုးဖို့ အတွက် လောက်ပဲချောင်းနေတတ်တယ်။ ဘယ်သူ သေသေ ငတေမာပြီးရော ဆိုတဲ့ စိတ်သဘောလည်း ရှိတတ်တယ်။ ဒီလူစားမျိုးက မိတ်ဆွေ ဆိုတာလည်း ထားလေ့ မရှိဘူး။ အကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့ အပေါင်းအဖော် ဆိုတာမျိုးပဲ ရှိတယ်။ အကျိုးရှိနေတုန်း ပေါင်းမယ်။ အကျိုး မရှိတော့ဘူး ဆိုတာနဲ့ ခွာပစ်လိုက်မယ်ပဲ။ ဘယ်လို ကိစ္စမျိုးမဆို သူတို့က […]


etoneAugust 13, 20101min1412
ပြည်သူလူထုအတွင်းအလွယ်တကူနှင့် ဖျောက်ဖျက်၍မရနိုင်သေးသော ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော အယူအဆအမှားများမှ အချို ့ကိုဖော်ပြသွားပါမည်။ အင်္ဂလိပ်ဆေးနှင့်သံပုရာရည် အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို ့မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀ဝ တွင် လူ ၉ဝ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို ့ ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။ မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို ့ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။ ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို ့သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ ့အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိူးမျိူးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ […]


etoneAugust 12, 20101min1111
(၁) မိန်းမတစ်ယောက်ကို ချစ်မိတဲ့အခါ တခြား ဘယ်လို ခံစားချက်မျိုး ကို ပူးတွဲ ခံစားရလေ့ ရှိပါသလဲ။ အချစ်ရဲ့နောက်မှာ တခြားခံစားမှု တစ်ခုခုလည်း ပူးတွဲ ဖြစ်တည် လာတတ်သည်ဟု ကျွန်တော် ထင်သည်။ ဥပမာ လေးစားမှု၊ သနားကရုဏာ စသဖြင့်ပေါ့…။ ကျွန်တော် ကတော့ သူမကို ချစ်သည့် အချစ်နှင့်အတူ မနာလိုမှုကို ပါ ပူးတွဲခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်စိတ်တွေ ဝင်ခဲ့ရသည်။ ကျွန်တော့်ကို အဲဒီလိုဖြစ်အောင်လုပ် သည့် တရားခံကတော့ သူမကိုယ်တိုင်ပဲ ဖြစ်သည်။ တကယ်ဆို သူမ သိပ်တော်နေ ဖို့ မကောင်းပါ။ မိန်းမဆိုတာ နည်းနည်းလေးတော့ ညံ့ဦးမှပေါ့။ ဒါမှလည်း ကျွန်တော်တို့ ယောက်ျားတွေမှာ ဖေးမခွင့်ရနိုင်သည်။ ကိုယ့်ထက် ညံ့သည့် မိန်းမတစ်ယောက်ကို ဖေးမကူညီ […]


etoneAugust 12, 20101min1707
Please check your phone. There are 15 numbers of serial no. Nokia ကုမ္ပဏီဟာ တကမာ္ဘလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးပါ။ ဒါပေမယ့် များသောအားဖြင့် ကျနော်တို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။ ဒါဆိုရင် ကျနော်တို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့ IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။ ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။ Phone serial no. x x x x x x ? […]


etoneAugust 10, 20101min1212
တစ်ခါက ဆိုင်တစ်ဆိုင်ရှေ့တွင် “ခွေးရောင်းရန် ရှိသည်” ဟုသော ဆိုင်းပုဒ်တစ်ခုကို ချိတ်ဆွဲထားသည်။ ကလေးငယ် တစ်ဦးက ဆိုင်ထဲသို့ ဝင်ပြီး ဆိုင်ပိုင်ရှင်အား မေးလေသည်။ “ခွေးတစ်ကောင် ဘယ်လောက်လဲ ခင်ဗျာ” “တစ်ကောင်ကို ဒေါ်လာ ၅ဝ ကနေ စရောင်းပါတယ်” ကောင်လေးမှာ ဘောင်းဘီအိတ်ထဲ လက်နိုက်ပြီး…”ကျွန်တော်မှာ ၃ရဒေါ်လာပဲ ရှိတယ်… ခွေးတွေကို ကျွန်တော် ကြည့်လို့ရမလား” ဟု ခွင့်တောင်းလေသည်။ ဆိုင်ပိုင်ရှင်က ရီပြီး လေတစ်ချက် ချွန်လိုက်သည်နှင့် ခွေးမကြီးတစ်ကောင်က ခွေးကလေး ငါးကောင်ကို ဦးဆောင်ပြီး ထွက်လာသည်။ ခွေးငယ်လေးများအနက် တစ်ကောင်မှာ နောက်ကောက် ကျန်နေခဲ့သည်။ ကလေးငယ်မှာ ထိုနောက်ကောက်ကျန်နေသော ခွေးကို သတိထားမိလိုက်သည်။ ထို့နောက် ဆိုင်ပိုင်ရှင်အား ” အဲဒီခွေးက ဘာဖြစ်တာလဲ” ဟုမေးလိုက်သည်။ ပိုင်ရှင်က […]


etoneAugust 10, 20101min1000
ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်” ကို လာသင်ယူသည့် ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည် နောင်၂နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ဝင်ရောက်ကြမည့် MBA ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။ ဧည့်သည်တော် နှစ်ဦးအနက် တစ်ဦးမှာ မျက်နှာစိမ်းလူငယ် တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ စီးပွားရေး နယ်ပယ်တွင် လူသိများသော နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အသက်အရွယ် ဆရာနှင့် မတိမ်းမယိမ်း ၆ဝ ခန့်ရှိမည်။ ရှေးဦးစွာ ဆရာက လူငယ်နှင့် မိတ်ဆက်ပေးသည်။ သူသည် ယခင်နှစ်က ဤကျောင်းမှ ကျောင်းပြီး သွားသော အဆင့်တစ်ရ MBA ကျောင်းသား တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ […]


etoneAugust 10, 20101min870
– မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်နေသည်။ ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား ” ဖြေးဖြေးလုပ်…ဆားထည့်ဦး… ဆီများသွားပြီ… မီးပြင်းပြန်ပြီ..ငါးကို လှန်လိုက်…ဟော်…တူးပြန်ပြီ. …ဟာ…အိုး စောင်းသွားပြီ” စသည်ဖြင့် ဆရာလုပ်နေသည်။ “ရှင်တော်တော့…ကျွန်မထက် ရှင်ဟင်းချက်တတ်လို့လား” “မောင်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်… မောင် ကားမောင်းနေတဲ့ အချိန်မှာ ရှင်မလည်း မောင့်ဘေး ကနေ အဲလို တတွတ်တွတ် ရွတ်နေလို့ ကိုယ်ချင်းစာတတ်အောင် တမင်ပြောနေတာပါ” *သူ့နေရာမှာ ဝင်ခံစားကြည့်မယ်….သူ့ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ခြားလူကို ကိုယ်ချင်းစာ တတ်ဖို့ ဆိုတာ မခက်ပါဘူး။* – မတော်တဆ ယာဉ်တိုက်မှုတစ်ခုကြောင့် (၁၀)နှစ်သား ဂျပန်ကလေးငယ် တစ်ယောက် ဘယ်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်။ တစ်နေ့သော် သူသည် ဆရာတစ်ဦးထံ ဂျုဒိုပညာကို သင်ယူခဲ့သည်။ သူသည် ကြိုးစားစွာ […]


etoneAugust 10, 20101min1271
သင့်ဘေးနားမှာ သင်သိပ်ချစ်ရတဲ့ ကောင်မလေးရှိရင် သင့်စကားတစ်ခွန်းကြောင့်ထိခိုက် မှုတွေ မဖြစ်ရလေအောင် ဒီပုံပြင်လေးကို ဖတ်ကြည့်ပါ။ ကျွန်တော် ပန်းစည်း၊ သစ်သီးတွေ နဲ့ စာအုပ်တွေကို ယူပြီး ဆေးရုံကို သွားခဲ့တယ် ။ ကျွန်တော် ဒီဆေးရုံကို လာနေတာ တော်တော်ကြာနေပါပြီ။ ခေါင်းငုံ့ပြီးလမ်းလျှောက်သွားရင်တောင် လူနာခန်းကို ရောက်အောင်သွားနိုင်နေပြီ။ ကျွန်တော် အမြဲလာနေတာပါ။ ကျွန်တော်အမြဲလာနေတဲ့အတွက် လူနာကုတင်ပေါ်မှာလဲနေတဲ့လူနာက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါ။ တံခါးကို တဖြေးဖြေးဖွင့်လိုက်တော့ သူမ အိပ်နေတယ်။ စာအုပ်တွေ ပန်းစည်းတွေကို ထားလိုက်ပြီးတယ်။ စာအုပ်က သူမအတွက် အပျင်းပြေအောင်လို့ပါ။ သူမဒီဆေးရုံကနေ ဆင်းရအုံးမှာမဟုတ်ပါဘူး။ ကျွန်တော် အခန်းအပြင်ဘက်ကို ထွက်လာခဲ့တယ်။ ဧည့်သည်နားနေတဲ့နေရာမှာ ကျွန်တော် သူမနိုးလာတာကို စောင့်နေခဲ့တယ်။ ဖြတ်သွားဖြတ်လာနေတဲ့လူတွေကို ကြည့်ပြီး ငေးငိုင်နေမိတယ်။ ကျွန်တော်ဘာမှမစဉ်းစားပဲ ငေးငိုင်မှသာကျွန်တော် နောင်တတွေနဲ့မခံစားနေရမှာ…. […]


etoneAugust 10, 20101min981
ပုံပြင်လေးနဲ့ပြောပြမယ် > ______________________________ __ > (၁) စပါးကြီးမြွေတစ်ကောင်နှင့် အဆိပ်ရှိတဲ့မြွေတစ်ကောင်တို့ဟာ > သူငယ်ချင်းတွေဖြစ်ကြတယ်။ > တစ်ရက်မှာ သူတို့ လိပ်တစ်ကောင်ကို တွေ့တယ်…. > ဒါနဲ့ ဒီမြွေနှစ်ကောင်က အရသာရှိလှတဲ့ ညနေစာပဲဆိုပြီး စားဖို့စဉ်းစားတယ်… > စပါးကြီးမြွေက သူရှင်းပစ်မယ်လို့ပြောတယ်… > သူ့ရဲ့ကြီးမားတဲ့ ကိုယ်လုံးနဲ့ရစ်ပတ်ပြီး သတ်ဖို့ကြိုးစားတယ်။ လိပ်က > ခေါင်းကို လျှိုဝင်လိုက်တာနဲ့ သူဘယ်လိုလုပ်လုပ် လိပ်ကို > လုံးဝမထိခိုက်နိုင်ပါဘူး။ > စိတ်ပျက်လက်ပျက်နဲ့ ဘေးနားမှာနားနေလိုက်တယ်။ > လိပ်ကခေါင်းလေးကို နဲနဲထွက်လာတာနဲ့ တပြိုင်နက် မြွေသေးသေးလေးက သူ့ရဲ့ > အဆိပ်ရှိတဲ့ အစွယ်နဲ့ ပေါက်လိုက်တာ လိပ်က လန့်ပြီး ပြန်ဝင်သွားတယ်။ > ခဏကြာတော့ လိပ်သေသွားတယ်။ […]


etoneAugust 10, 20101min1432
ကျွန်တော် တို့ တက်နေတဲ့ကျောင်းမှာ လက်တွေ့ သင်ခန်းစာအနေနဲ့ ဟိုတယ်တွေမှာ training ဆင်း ရတယ် Kitchen ကို ရောက်တော့ ကြက်ဥ ကို Egg’s cup လို့ခေါ်တဲ့ ကြက်ဥခွက်လေးနဲ့ ထောင်ထည့်ပြီး စမတ်ကျကျ ဧည့် ခံဖို့ ပြင်ဆင်ကြရပါတယ ်။ အဖိုးကိုပြောပြတော့ အဖိုးက ရယ်တယ်လေ …. ပြီးတော့ ……………… ကျွန်တော် ့ အဖိုးက ပြောတယ် မင်း ကြက်ဥကို ဒီအတိုင်း၊ ဘာအကူအညီမှမပါပဲ ထောင်လို့ ရနိင်မလား ၊? ဒီအဖြေကို ကျွန်တော် စဉ်းစားရပါတော့တယ် …… မရပါဘူး အဖိုး….. မင်းကြိုးစားပြီးပြီလား လုပ့ ်ကြည့် ပြီးပြီလား … မလုပ်ကြည့်ရသေးပဲ မရဘူးလို့မပြောပါနဲ့ …… […]


etoneAugust 10, 20101min1384
ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း (၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ် ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။ (၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။ (၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) […]


etoneAugust 9, 20101min840
နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ် တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။ ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့… ယောက်ျားလုပ်သူက… “မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။ ကိုယ်သွားတော့မယ်ကွာ… ” အဲဒီလိုပြောပြီး […]


etoneAugust 7, 20103min1865
ဘုရာသခင်ကလောကအလယ်မှာလူတေံအဖို့ သံဝေဂရစရာတွေနဲံမည်မျှအတော်မသက်နိုင်အောင်ဖန်ဆင်းမွေးမြူနိုင်ကြောင်း သက်သေပြပြိးရင်ပြနေပါပဲ။ သေချာတာကတော့ကင်မရာရဲ့လှည့်စားမှူတခုမှမပါတဲ့ ထူးထူးဆန်းဆန်းတွေပါပဲ။ (ခြေထောက်(၆)ခြောင်းနဲံပြောင်သတ္တဝါပါ) (ဥိးခေါင်း(၂)ခုနဲံပြွေအမဲ) (ခေါင်း(၂)လုံးနဲံလိပ်) (ခြေထောက်(၆)ခြောင်းနဲ့ဒရယ် (ခြေထောက်(၄)ခြောင်းနဲ့ကြက်) (ဥိးခေါင်း(၂)လုံးနဲံဝက်) (နားရွက်(၄)ခုနဲ့ကြောင်) (ဥိးခေါင်း(၂)လုံးနဲံမြွေ) (ခြေထောက်(၈)ခြောင်းနဲ့သိုး) (ဥိးခေါင်း(၂)လုံးနဲ့ကြောင်) (မျက်လုံး(၁)နဲ့ဝက်) (မျက်လုံး(၁)လုံးတည်းနဲ့ပဲဘာကောင်မှန်းတော့မသိဘူး)..ဟဲဟဲ (အမွှေးမရှိကိုယ်လုံးတိးကြောင်) ..ဩ…တွေးမိစဉ်းစားမိတယ်သူတို့တွေသွားရလာရစားရသောက်ရကြားရမြင်ရတာ တော်တော်လေးကတ်သိးကတ်သက်နိုင်ပြိးဒုက္ခများကြမှာပဲနော်…