etoneAugust 6, 201010min1361
အောက်က ပုံကိုကြည့်ပြီး ဘာပစ္စည်းလေးလို့ ထင်ကြပါသလဲ… ခန့်မှန်းကြည့်ပါလားနော်.. ဒီလိုလေး ဖြန့်ထုတ်လိုက်ပါတယ်.. ဘယ်နေရာသွားသွား အလွယ်တူ သယ်ယူလို့ လွယ်ကူတဲ့ အိတ်ဆောင် မီးပူလေးဖြစ်ပါတယ်.. လှပစွာပြင်ဆင်ထားတဲ့ ငါးမွေးကန်လဲဟုတ် ဘေစင်လဲဟုတ် စာအုပ်စင်ဒီဇိုင်းသစ်များ ဒါလေးက တစ်မျိုး ဒါကတော့ တစ်ဘာသာ လှေခါးလဲဟုတ် စာအုပ်အဖြစ်လဲ အသုံးဝင် စားပွဲခုံ ဒီဇိုင်းသစ် အမှိုက်သိမ်းတဲ့ ဂေါ်ပြားပါ.. ဘယ်လိုသုံးကြမလဲ.. လက်နဲ့မကိုင်ချင်သူများအတွက် ဒီလို ခြေထောက်ကလေးနဲ့ ညှပ်ပြီး အမှိုက်သိမ်းလို့ ရပါတယ်.. ဘာလေးလဲမသိ ကော်ဖီခွက်တစ်ခြမ်း မုန့်ကိုတစ်ခြမ်းထည့်လို့ရတဲ့ ဒီဇိုင်းဆန်းပါ. နှစ်မျိုးသုံးလို့တဲ့ ဖန်ခွက်ပါ.. ဒီလို ဒီလို ထည့်လို့ရပါတယ်. ဒီစဉ့်တီတုံးလဲ မဆိုးပါဘူးနော် ဒုံးကျည်မဟုတ်ပါဘူး… အလှပန်းအိုးပါ.. ချစ်စရာ စားပွဲနဲ့ ထိုင်ခုံများ ဒီလိုဆို ဆိုဖာပေါ့.. အောက်မှာတော့ ကုတင်အဖြစ် […]


etoneAugust 6, 20101min27910
တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့ ဩဂုတ်လ ၂ရရက်နေ့ ကဲ…သူငယ်ချင်းတို့ရေ. …လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို ဩဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၎င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ ဩဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th ဩဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ… တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိ […]


etoneAugust 6, 20101min650
လူ့ဘဝနဲ့ ပတ်သက်ရင် ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။ အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားနိုင်တယ်။ မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။ စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။ “ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။ ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ […]


etoneAugust 6, 20101min640
ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။ ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့် လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့ ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။ အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။ ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။ ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဉာဏ်ထဲမှာ […]


etoneAugust 6, 20101min720
ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။ ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။  ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။  ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။  ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး “ချစ်တယ်”ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။  ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။


etoneAugust 6, 20101min760
ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။ အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ် လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။ အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။ ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။ အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။ ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။ လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။ ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။ နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။ အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် […]


etoneAugust 5, 201023min900
got from message 😀 “Which one you will choose” yours truely May~~ Prison vs. Job IN PRISON AT WORK you spend the majority of your time in an 8’X10′ cell . you spend most of your time in a 6’X8′ cubicle .. IN PRISON AT WORK you get three meals a day (free). you only […]


etoneAugust 3, 20101min1473
စက္ကူကြယ်လေးတွေ သူမခေါက်သင်ပြီး နေ့တိုင်း စက္ကူလေးတွေပေါ်မှာ သူ့ကိုပြောချင်တဲ့စကားလုံးတွေ ချရေးပြီးစက္ကူကြယ်လေးတွေ သူမခေါက်ခဲ့တယ်။ ကြယ်လေးတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး သူမသိမ်းခဲ့တယ်။ သူနှစ်သက်မယ့် မိန်းကလေးမျိုးက နူးညံ့သိမ်မွေ့ပြီး ဖြောင့်စင်းမည်းနက်တဲ့ဆံပင်နဲ့ အရည်လဲ့ဝိုင်းစက်နေတဲ့ မျက်လုံးပိုင်ရှင်ဖြစ်လိမ့်မယ်လို့ သူမ မကြာခဏတွေးထင်မိတယ်။ အဲဒီမိန်းကလေး ပြုံးရယ်တဲ့အချိန် ပါးစပ်က မဟတဟလေးဖြစ်မယ်လို့လည်း သူမမြင်ယောင်မိတယ်။ သူမမှာ မည်းနက်တဲ့ဆံပင်ရှိပေမယ့် နားရွက်ထိအောင်တိုတယ်။ သူမမှာ ဝိုင်းစက်တဲ့မျက်လုံးရှိပေမယ့် ရယ်လိုက်တဲ့အချိန် မျဉ်းတစ်ကြောင်းပုံစံ မှေးသွားတတ်တယ်။ တကယ်လို့ တစ်နေ့နေ့မှာ သူမသာ အဲဒီမိန်းကလေးပုံစံလို ဖြစ်သွားခဲ့ရင် သူစိတ်ဝင်စားလာမလားလို့ မှန်ကြည့်တိုင်း သူမစိတ်ကူးယဉ်တတ်တယ်။ အဲဒီလိုအမြဲတမ်း စိတ်ကူးယဉ်တွေးထင်ပေမယ့်လစဉ်လတိုင်း ဆံပင်ညှပ်ဆိုင်ပြေးပြီး အတန်ငယ်ရှည်လာတဲ့ ဆံပင်ကို သူမသွားသွားညှပ်တတ်တယ်။ ရယ်မောစရာတွေ့ရင်လည်း တဟားဟားနဲ့ မျက်လုံးတွေ မှေးကျသွားတဲ့အထိ သူမအော်ရယ်တတ်တယ်။ သူမ(၁၉)နှစ်မှာ နာမည်သိပ်မကြီးပေမယ့် အရမ်းလည်းအဆင့်မနိမ့်တဲ့ တက္ကသိုလ်တစ်ခုကို တက်ခွင့်ရခဲ့တယ်။စာတော်တဲ့သူကတော့ ထုံးစံအတိုင်း တစ်ခြားမြို့က နာမည်ကြီးတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ ရထားပေါ်ထိုင်ပြီး သူမကိုမွေးခဲ့၊ ကြီးခဲ့တဲ့မွေးရပ်မြေကို […]


etoneAugust 2, 20101min2185
လူတိုင်းလူတိုင်းမှာ ရည်ရွယ်ချက်မျိုးစုံ ရှိကြပါတယ်။ တချို့က ကျော်ကြားချင်တယ်.. တချို့က ကြီးပွားချမ်းသာချင်တယ်.. တချို့က အာဏာပါဝါ ကြီးမားချင်ကြပါတယ်။ အမျိုးမျိုး ရှိကြတာပေါ့..။ ဒါပေမယ့် လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကိုတော့ မေ့ထားကြတာများပါတယ်။ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ တခါမှ သေချာတိတိကျကျ မတွေးမိကြပါဘူး။ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မေ့နေကြလို့ပဲ လူသားအများစုဟာ ကိုယ့်ကျင့်သီလတွေ ပျက်စီးနေကြရတာပါ။ ကိုယ့်ကျင့်သီလတွေ ပျက်စီးကြလို့ပဲ မလုပ်သင့်တဲ့ အကုသိုလ်တွေလုပ်မိ.. မကြံသင့်တဲ့အတွေးတွေကြံမိနဲ့… နောက်ဆုံးတော့ မဲ့သေတွေ သေကြပြီး အပါယ်လေးပုံမှာ ပလုံစီနေကြရတာပါ။ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်လေးကို သေချာသိသွားရင်တော့ မဟုတ်တာမလုပ်ချင်တော့ပါဘူး။ ကျနော် အခုပြောမှာက လူဖြစ်ရခြင်း ရည်ရွယ်ချက် ဆိုတာပါ…။ လူဖြစ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကဘာလည်း??? လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ကုသိုလ်များများလုပ်ပြီးတေ့ာ မဂ်ဖိုလ်နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြဖို့ပါ။ ဒီရည်ရွယ်ချက်ကို လူအများစု […]


etoneAugust 2, 20104min1113
FEW TIPS TO ENJOY LIFE: 1. Don’t smoke too much or don’t smoke at all. 2. Work hard. 3. Drink good drinks. 4. Smile as much as you can. 5. Don’t look much at the mirror or you definitely will not like what stares back at you!!! 6. Change your life routine. 7. Take care […]