ဗိုက်ကလေး(စိန်ပေါက်ပေါက်) ရဲ့ ကျနော်ရယ်၊ ပိုလီယိုရယ်၊ အမှိုက်ပုံစောင့် ခွေးတစ်အုပ်ရယ်ပို့စ်လေးကို ဖတ်မိပြီး … စိတ်မကောင်းလည်းဖြစ်မိသလို စိတ်ဓါတ်ဆိုတာ ငွေကြေးကြွယ်ဝမှုနဲ့ မဆိုင်တာလည်း သိခွင့်ရခဲ့တယ် ။ မမြင်ရတဲ့ ကံကြမ္မာနဲ့ ဘဝပေးကုသိုလ်ကံကို အပြစ်မတင်ပဲ … ကျရာနေရာမှာ အံဝင်အောင် အဆင်ပြေသလို နေကြရရှာတဲ့ စိတ်ခွန်အားထက်မြတ်သူတွေကို …. သဘောကျမိတယ် ။ အနေနိမ့်ကျပေမယ့် …. မလျော့သော ဇွဲ ၊ လုံလတွေကိုရင်းလို့ သမ္မာအာဇီဝကျကျ ရှာစားနေသူတစ်ယောက်နဲ့ ဆုံခဲ့တာလေး ပြန်ပြောပြချင်မိတယ် ။ သူတို့လိုပဲ စိတ်ခွန်အားထက်မြက်မှုတွေ ၊ ဘဝကို လွယ်လွယ်အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ … ကျွန်မမှာလည်း ရှိချင် ၊ ပိုင်ဆိုင်ချင်ခဲ့တယ် ။ %%%%%%%%%%%%%%%%%%%%%%%% ရန်ကုန်မြို့ရဲ့ မြို့လည်ခေါင်မှာ အသက်ဆယ်နှစ်ခန့် ကလေးတစ်ယောက် […]