etoneJuly 7, 20101min930
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း သင့်မဟုတ်တာတွေလုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ် ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။ သင်ကသနားကြင်နာတတ်ရင် လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။ သင့်ဘဝမှာအောင်မြင်နေပြီဆိုရင် မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။ လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။ သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘဝတစ်ခုကို တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။ သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင် သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။ သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။ လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။ နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ သင်နဲ့တရားသာအတူရှိတော့တာပါ ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။


etoneJuly 7, 20101min920
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း သင့်မဟုတ်တာတွေလုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ် ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။ သင်ကသနားကြင်နာတတ်ရင် လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။ သင့်ဘဝမှာအောင်မြင်နေပြီဆိုရင် မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။ လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။ သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘဝတစ်ခုကို တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။ သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင် သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။ သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ် ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။ လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။ နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ သင်နဲ့တရားသာအတူရှိတော့တာပါ ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။


etoneJuly 7, 20101min1541
မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကို ရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာ ပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ ဆိုတာပေါ်မှာမူတည်နေတယ်။ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။ တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ […]


etoneJuly 6, 20101min940
မိတ်ဆက် ဒီပို့စ်လေးကို ရေးချင်နေတာ ကြာပါပြီ။ ရေးပြန်ရင်လည်း အလွန်ကျယ်ပျံ့သည့်ခေါင်းစဉ်ဖြစ်နေသည် သို့သော် ခြုံမိ ငုံမိအောင်တော့ ရေးရပေအံ့။ သီတဂူစတားကို ကောင်လေးတွေ ကောင်မလေးတွေက မေးတဲ့ မေးခွန်းတွေကို အခြေခံပြီး ဤပို့စ် ရေးဖို့ စိတ်ကူးရှိခဲ့တာကြာပါပြီ။ သီတဂူစတား ဘလော့ဂ် မတည်ထောင်ခင်ကထဲက အစပျိုးခဲ့တာဖြစ်ပါတယ်။ သူတို့လေးတွေက ဘုန်းဘုန်းတွေ အင်တာနက် သုံးကောင်းလားဘုရား? ရဟန်းတော်တွေနှင့် အင်တာနက် အပ်စပ်ပါသလားဘုရား? သူတို့လေးတွေက သီတဂူစတားဆိုတာကို ဘုန်းကြီးတစ်ပါးမှန်းလဲ မသိကြပါဘူး၊ သီတဂူစတားက ဘုန်းကြီးမှန်းသိရအောင်လို့ကို အကောင့်မှာ ဝက်ဘဆိုက်လိပ်စာပါ တင်ထားရတယ်။ ဂျီတော့ G-talk အသုံးပြုခါစဆိုတော့ ချက်ချင်း သို့မဟုတ် ကြူ ချင်တော့ မိတ်ဆွေ ရှာနေချိန်မှာ forward ကနေ အင်ဗိုက် (invite) လုပ်ပြီး သီတဂူစတားထံ ရောက်လာကြခြင်းဖြစ်ပါတယ်။ […]


etoneJuly 6, 20101min1151
*ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်* စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်- စားသုံးသူ- “ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့ အရက်မျိုးငါသောက်ချင်တယ်ကွာ..” စားပွဲထိုး – “ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်.. အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့” *ပူဆွေးလိုက်ပုံက* အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။ ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။ ” မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ ” ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။ ” ကျွန်တော် ခင်ဗျားရဲ့ကို်ယ်ရေးကိုယ်တာပူဆွေးမှုကိုတော့ ဝင်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့ နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊ ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊ မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ ” ” ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ […]


etoneJuly 6, 20101min1161
Mouse ကိုင်ပျင်းတဲ့ သူငယ်ချင်းတွေ အတွက် ပါ ဘာပဲ ဖွင့်ချင် ဖွင့်ချင် run box က command လေးနဲ ့ဆိုတော့ ပိုမြန်တာပေ့ါ နော်… ။ အဲ့လို လုပ်ဆောင်ရမဲ့ အဆင့်တွေက သိပ်တော့ မခက်ပါဘူး .. ။ အရင်ဆုံး ကိုယ်ဖွင့်ချင်တဲ့ program ရဲ ့Shorcut ကို Desktop ပေါ် အရင်ရောက်အောင် တင် .. ပြီးရင် copy ပြီး c:\windows\system32 ရဲ ့အောက်မှာ paste လုပ် .. ပြီးရင် မိမိ စိတ်ကြိုက် အတိုဆုံး နာမည် တစ်ခုပေးပြီး အဲ့နာမည်ကို run box က ပြန်ခေါ်လိုက်တာနဲ […]


etoneJuly 6, 20101min1522
ရှေးလွန်ခဲ့ပြီးသောအခါက တရုပ်ပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကလေး ဖြစ်ပါသည်။ ဤ အဖြစ်မျိုးကို လူသားမှန်လျှင် ကြုံတွေ့ရမည့်သူချည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ နှင့် မာနတို့ကြောင့် ဖြစ်ပါသည်။ ဤ လောဘ၊ ဒေါသ၊ ဣသာ၊ မစ္ဆရိယ တရားတို့ကား လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးအတူတူချည်း ဖြစ်၏။ လီလီအမည်ရှိ မိန်းကလေးသည် အိမ်ထောင်ရက်သားကျပြီး မိဘအိမ်မှခွဲခွာကာ ယောင်နောက်ဆံထုံးပါပြီး လင်ယောက်ျားဖြစ်သူနေအိမ်သို့ လိုက်ပါခဲ့ရသည်။ ထိုအခါ ချွေးမနှင့်ယောက္ခတို့ မတည့်မြဲဖြစ်သည့် ကမ္ဘာ့ နိယာမတရားအတိုင်း လီလီနှင့် ယောက္ခမ အမကြီးမှာ တစ်ဦးနှင့်တစ်ဦး တဇောင်းကြီးနှင့်မျက်ချေး ဖြစ်လာ ခဲ့သည်။ လီလီနှင့် သူ့ယောက်ျား၏ အမေဖြစ်သူမှာ နေပုံထိုင်ပုံ နှင့် အတွေးအခေါ် […]


etoneJuly 6, 20101min920
ဆရာဖေမြင့်ဘာသာပြန်ဆိုထားတဲ့ ဘဝအောင်မြင်ရေးဆိုင်ရာစာစုများမှ ဖြောင့်မတ်တည်ကြည်သူ (သို့မဟုတ်) သစ္စာ.သမာဓိ.သတ္တိရှိသူတစ်ယောက်ဖြစ်ဖို့ အောင်မြင်ကြီးပွားရေးဖော်မြူလာစာစုလေးကို ကြိုက်နှစ်သက်လို့ ကောက်နုတ်ပြီး မျှဝေပေးလိုက်ပါတယ်. …ဆရာ့ရဲ့စာတွေကို ဖတ်ရတာဟာ အားအင်သစ်.ခွန်အားသစ်တွေနဲ့ စိတ်ဓါတ် တက်ကြွရွှင်လန်းမှုကိုရရှိစေပါတယ်. နေ့စဉ်ကြုံတွေ့ နေကြတဲ့ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ဖို့အတွက် လူတစ်ဦးတစ်ယောက်မှာ ရှိသင့်တဲ့ .ရှိရမယ့်အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ဖြောင့်မတ်တည်ကြည်မှု.သစ္စာ.သမာဓိ.သတ္တိရှိမှုဆိုတာတွေကို ကျွန်မတို့ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာ ဆရာ့စာထဲကနေလေ့လာကြည့်ကြရအောင်နော်. …လူတစ်ယောက်အရည်အသွေးမြင့်တယ်ဆိုတာ ဉာဏ်ထက်မြက်တာလား. ဝီရိယကောင်းတာလား. ပညာရပ်တစ်စုံတစ်ရာ ကျွမ်းကျင်တတ်မြောက် တာလား. ဒါတွေကလည်း အရည်အသွေးကောင်းတွေ ဖြစ်တာမှန်ပါတယ်.ဒါပေမဲ့ ဒီအရည်အသွေးတွေက တစ်စုံတစ်ခုသော အတိုင်းအတာအထိသာ တိုးတက်စေပါမည်. ထိပ်ဆုံးအဆင့်အထိ တက်မည့်ပုဂ္ဂိုလ်မျိုး. အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရန် တာဝန်ကိုယုံကြည်အပ်နှင်းခြင်း ခံရမည့် ပုဂ္ဂိုလ်မျိုးဖြစ်ရန်အတွက်မူ ထူးခြားသောအရည်အသွေး. Integrity ရှိရပေမည်။ Integrity ဟူသည် အလျော့အပျက်မရှိ. အလုံးစုံတည်ရှိမှု (Wholeness)ဟူ၍ ဆိုရပါမည်. […]


etoneJuly 6, 20101min860
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေသူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကိုကိုယ်ကရနိုင်မှာဖြစ်တယ်။ ၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလိုစိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့နားလည်ရမယ်။ ၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။ ၄) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။ ၅) ကိုယ့်ရဲ့ အသိဉာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေစိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ ဝင့်ဝါတဲ့စိတ်ကြောင့် အသိဉာဏ်တွေမယုတ်လျော့သွားစေနဲ့။ ၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။ ၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ […]


etoneJuly 6, 20101min1001
ဒီစာအုပ်ကိုစာရေးဆရာကြီး ‘ဖေမြင့်’ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ အတွေးကတ်ပြား လူတစ်ယောက်ထံမှ အစစအရာရာ သိမ်းပိုက်သွားနိုင်သော်လည်း တစ်ခုကိုမှု ယူ၍မရ။ ယင်းကား ၊ လူ့လွတ်လပ်ခွင့်တို့အနက် အရင်းခံအကျဆုံးဖြစ်သည့် ‘မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်’ ဖြစ်ပေသည်။ [ဗစ်တာ ဖရန်ကဲလ်] ကောလိပ်ရောက်စ နှစ်များတုန်းကမှု ကျွန်တော်ကမကျေနပ်စိတ် ဒေါသစိတ်တွေ များနေသည့် လူငယ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ဒေါသက အရပ်ရပ်သို့ ပျံ့နှံ့နေသည်။ လောကကြီးထဲမှာ ကျွန်တော်ဘာကိုမှ မကျေနပ်ချင်ပါ။ ကျွန်တော့်ဒေါသက နေရာတစ်ခုမှာ စုပြုံကျရောက်နေတာလည်း ရှိသည်။ အဲဒါက မိဘများဖြစ်သည်။ မိဘတွေကို ကျွန်တော် သဘောမကျပါ။ အဖေ့ဩဝါဒတွေ ၊ လမ်းညွှန်တာ သွန်သင်တာ ဆုံးမတာတွေအတွက် ကျွန်တော် အမြဲဒေါသထွက်နေရသည်။ မိဘက ငွေကြေးမပြည့်စုံတော့ ကျွန်တော် နီးနီးနားနားက ကောလိပ်ကျောင်းကိုပဲ တက်နိုင်သည်။ ကျောင်းသွားတော့လည်း နေ့တိုင်း ဘတ်စကားနှင့် […]


etoneJuly 6, 20101min730
အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ? လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့ ဥပမာ ဆိုပါစို့ လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ် တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ် တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။ ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။ လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့ အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက် ဖြစ်ရမယ်။ အဲဒီရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် […]


etoneJuly 5, 20101min1201
အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ ” ” ကညာမွန် အညာလွန် ချင်ရင် *ဆရာဝန်* ကိုရွေးပါ ” ” ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ ” ” အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်ရင် *ကျောင်းဆရာ* ကတော် လုပ်ပါ ” ” ပြည်သူ ့ထဲ ငြူ ဆူအမြဲ ဖြစ်နေရင် *ပြည်သူ ့ရဲ* တောင်မစဉ်းစားနဲ ့” ” အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ ့” ” အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်ရင် *နတ်ကတော်* လည်းမရွေးနဲ ့” ” အစဉ်အမြဲသိမ်း ရင်ထဲထိန်းချင်ရင် *ယာဉ်ထိန်းရဲ […]


etoneJuly 5, 20101min1306
စက္ကန့် ၁၀ဝ လောက် စောင့်ကြည့်ပေးပါ။ အလွန်တရာမှ ထူးဆန်း အံ့ဩဘွယ်ကြီး ပေါ်ပေါက်လာပါလိမ့်မည်။ ကြောက်စရာ လန့်စရာ မဟုတ်ပါဘူး။။။ မကြည့်ဖြစ်ပါက သင်တို့ နောင်တ ရရှိမှာ ဖြစ်သလို အဲဒီနောင်တကလည်း ထပ်ကာတလဲဖြစ်နေမယ့် နောင်တပါ။ မကြည့်ဖြစ်လိုက်လျှင် ငါက မြန်မာနိုင်ငံသား မဟုတ်ပါတော့ဘူး မိမိကိုယ်ကို သိလိုက်ပါ။ စက္ကန့် ၁၀ဝ ဘဲ စောင့်ကြည့်လိုက်ပါ။ အစအဆုံး ကြည့်လိုက်ပါနော်။ http://en.tackfilm.se/loader.swf?shareID=1274076526437RA54&folder=12740