farmlookerJanuary 19, 20121min792
မြန်မာပြည်ရဲ့ဒေါ်လာဈေးနှုန်းဟာ ၂၀၁၀-၂၀၁၁ခုနှစ်တွေမှာ US တစ်ဒေါ်လာကိုမြန်မာငွေကျပ် ၁၂၀၀  ဝန်းကျင် ရှိခဲ့ပါတယ်။ ၂၀၁၁ နဲ့ ဒီနှစ် ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ US တစ်ဒေါ်လာကို မြန်မာငွေကျပ် ၈၀ဝ ဝန်းကျင် ပဲရှိတော့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်က လယ်ယာသုံး ပိုးသတ်ဆေးကုမ္ပဏီတွေကတော့ ဆေးပစ္စည်းတွေကို ၂၀၁၀-၂၀၁၁ ခုနှစ်တွေက ဈေးနှုန်းတွေအတိုင်း မပြောင်းလဲဘဲ အမြတ်ကြီးစားပြီး ရောင်းချနေခဲ့ကြပါတယ်။ လယ်သမားအများစုကလည်း အသိပညာ၊ ဗဟုသုတနည်းကြတာကြောင့် လယ်ယာသုံးပိုးသတ်ဆေးကုမ္ပဏီတွေက အမြတ်ကြီးစားထားကြတဲ့အတိုင်းပဲ ဝယ်ယူသုံးစွဲနေကြရပါတယ်။ ရာသီဥတုကလည်း ပုံမှန်မဟုတ်ဘဲ အတော်လေးဖောက်ပြန်ခဲ့တဲ့အတွက် တောင်သူတွေအနေနဲ့ဆေးပမာဏကို ယခင်နှစ်တွေထက် ပိုမိုပြီးများစွာသုံးစွဲခဲ့ကြရပါတယ်။ ဆေးအတော်များများကလည်း အရည်အသွေး မပြည့်ဝတဲ့အတွက် ဆေးအသုံးပြုရာမှာငွေကုန်ကြေကျ အတော်များနေကြရပါတယ်။  


farmlookerJanuary 19, 20121min1094
မြန်မာပြည်ရဲ့ ဒေါ်လာဈေးနှုန်းဟာ ၂၀၁၀-၂၀၁၁ နှစ်ပိုင်းတွေမှာ US တစ်ဒေါ်လာကို မြန်မာငွေ ၁၂၀ဝ ကျပ်ဝန်းကျင်ရှိခဲ့ပါတယ်။ ၂၀၁၁ နဲ့ ယခုနှစ်ဆန်းပိုင်းမှာတော့ US တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၀ဝ ကျပ် ဝန်းကျင်ပဲရှိပါတော့တယ်။ ဒါပေမဲ့ မြန်မာပြည်က လယ်ယာသုံး ပိုးသတ်ဆေး ကုမ္ပဏီတွေကတော့ လယ်ယာသုံးပိုးသတ်ဆေးတွေကို ၂၀၁၀-၂၀၁၁ ခုနှစ်တွေက ဈေးနှုန်းတွေအတိုင်းပဲ မပြောင်းလဲဘဲအမြတ်ကြီးစားပြီး ရောင်းချနေကြဆဲပါပဲ။ လယ်သမားအများစုကလည်း အသိပညာဗဟုသုတ အားနည်းကြတဲ့အတွက် ဆေးကုမ္ပဏီတွေက အမြတ်ကြီးစားထားတဲ့ဈေးနှုန်းတွေအတိုင်းပဲ သုံးစွဲနေကြရပါတယ်။ ရာသီဥတုကလည်းပုံမှန်မဟုတ်ဘဲ အတော်ဖေါက်ပြန်ခဲ့တဲ့အတွက် လယ်ယာသုံးဆေးပမာဏကလည်း အလွန်များစွာသုံးစွဲကြရပါတယ်။ ဆေးအတော်များများကလည်း အရည်အသွေးမပြည့်ဝ တဲ့အတွက် သုံးစွဲရတာ ငွေကြေးမြောက်မြားစွာကုန်ကျနေကြရပါတယ်။