fattyMay 2, 20111min43426
အားလုံးသိကြတဲ့အတိုင်း MFTB ရှေ့ ငွေလဲတဲ့အခါ လူလိမ်လူကောက်တွေများလှပါတယ် ..။ ပိုက်ဆံ တသိန်းထုတ်ကို တရွက်ကိုနှစ်ရွက်ပုံစံမျိုးနဲ့ ခေါက်ထားပြီး လာလဲတဲ့သူကို အဖမ်းအဆီးများတဲ့အကြောင်း ခပ်မြန်မြန် ပိုက်ဆံ ရေတွက်ဖို့ပြောလေ့ရှိပါတယ် ..။ အများအားဖြင့်တော့လောလော လောလောနဲ့ရေတွက်ပြီး ယူသွားလိုက်ကြတာ အိမ်ရောက်မှပြန်ရေတော့ တသောင်းအုပ် ၁ဝ အုပ်မှာ ၁ဝရွက်ပျောက်နေပါတယ် ..။ အဲဒီလိမ်နည်းက လူသိများနေပါပြိ ဒါပေမဲ့အခုထိ လုပ်တုန်းပါဘဲ ..။ ကျနော်ကြတော့နည်းသစ်နဲ့ခံလိုက်ရပြန်ပါတယ် ..။ ပိုက်ဆံအုပ်လိမ်နည်းကိုသိလို့ အေးအေးဆေးဆေးရေတွက်ရအောင် လက်ဘက်ရည် ဆိုင်တဆိုင်ကိုခေါ်သွားလိုက်ပါတယ် ..။ သူတို့ပေးတဲ့ အုပ်ရေကို အကုန်လုံးပြန်ဖြည်ခိုင်းပြီးရေတွက်ပါတယ် ..။ သူတို့လဲမတတ်သာဘူး အကုန်ပြန်ဖြည်ရပါတယ် ..။ ကျနော်ကလည်း ဘာရမလဲငါ့ကိုလာလိမ်လို့ ဆိုတဲ့ပုံစံနဲ့ပေါ့ ..။ သူတို့ပိုက်ဆံ ပြည့်တဲ့အခါ ကျနော် US 100 တန် ငါးရွက်ကိုသူတို့လက်ထဲထည့်လိုက်ပါတယ် […]


fattyApril 30, 20111min21210
အတိတ်ကိုလဲမပိုင်ဆိုင်တော့ပါဘူး ….။ အနာဂါတ်ဆိုတာလည်း မပိုင်ဆိုင်သေးပါဘူး ….။ အခုလောလောဆယ် ပိုင်ဆိုင်တယ်လို့ပြောနိုင်တာက … အခုလောလောဆယ် ပစ္စုပ္ပန်ကာလလေးပါ ..။ ဆိုပါတော့ ကျနော်အခုစာရိုက်နေတယ် .. ကျနော်ပိုင်တဲ့ ကျနော့ရဲ့ပစ္စုပ္ပန်ကာလလေးဘဲပေါ့ ..။ တော်ကြာတော့ စာရိုက်တာပြီးသွားတော့မယ် ..။ခုနကပြောတဲ့ ပစ္စုပ္ပန် ကာလက အတိတ်ကာလဖြစ်သွားပြန်ပါပြီကော ….။ ကျောင်းသားဘဝက ကောင်မလေးတယောက်ကိုချစ်ခဲ့ဘူးတယ် …။ အရူးအမူးပေါ့ ..။ ကျောင်းသွားကျောင်းပြန် လဲသူ့နောက်တကောက်ကောက်လိုက် ..။ ကိုယ်အတန်းကိုမတက်နိုင်ဘူး .. သူ့အတန်းအပေါက်ဝရှေ့သွားပြီး ပိုစ်အမျိုးမျိုးနဲ့ တချိန်လုံး ရပ်ပြရ ..။ ခြေသလုံးတွေအိမ်ရောက်မှ ပရုပ်ဆီလိမ်းယူရတယ် ..။ မိုးတွေကလဲရွာ … မိုးရွာထဲ ထီးရှိရဲ့သားနဲ့ ထီးမဆောင်းဘူး .. တကိုယ်လုံးရွှဲ ..။ သူမြင်အောင်လုပ် …။ ဒီကြားထဲ .. သူ့နဲ့သူ့သူငယ်ချင်းတွေ […]


fattyApril 25, 20111min1484
ကျနော်တို့ ပိုစ်တင်တဲ့အခါမှာ တင်ပြီး log out မလုပ်ခင် ကြော်ငြာ အကောင်းစားတွေ ဝင်လာတာတွေ့ရပါတယ် ..။ တချို့ဆို တော်တော်လေးကိုကြည့်လို့ကောင်းတယ် ..။ live လွှင့်နေသလားလို့တောင်ထင်ရပါတယ် ..။ ဒါပေမဲ့ log out လဲ လုပ်လိုက်ရော ကိုယ့် ပိုစ်မှာ အဲဒီကြော်ငြာတွေ မတွေ့ရတော့ပါဘူး ..။ ဘာဖြစ်လို့လဲခင်ဗျ …။


fattyApril 25, 20111min55659
မိုးရာသီရောက်လာပြီဆိုရင်တော့ … တနွေလုံးပူထားတာကနေ မိုးလေးတဖျောက်စနှစ်ဖျောက် ကျပါပြီ ..။ လူတွေလဲဖျားကြနာကြတယ် … တုပ်ကွေး ခေါ်တာပေါ့နော ..။ အဲဒီတုပ်ကွေး ဖြစ်ပြီဆိုရင် မြန်မာကျေးလက်မှာတော့ ကွမ်းရွက်ပုံဆေးစား .. ချွေးပြိုက်ပြိုက်ကျအောင် လုပ်ပြီး ပျောက်သွားတာဘဲ …။ ချွေးငုတ်သွားတယ် လို့လဲပြောကြပါတယ် ..။ အနောက်တိုင်းဆေးကတော့ ပိုးသတ်ဆေး ပေးလိုက်တာဘဲ …။ အခုဆို flumox ဆိုတဲ့ ဖလူး နဲ့ အမောက်စလင် ရောထားတဲ့ဆေးပေးနေပြီ ..။ နှစ်နည်းစလုံးပျောက်တာဘဲဗျ။ ဘာကွာခြားနေသလဲ …? ? ကျနော့အထင်တော့ … အနောက်တိူင်းဆေးက ပိုးရှိလို့ ပိုးသတ်ဆေးပေးတာဖြစ်တယ်။ မြန်မာဆေးက ကော … ဘာကြောင့်ပျောက်တာလဲ .. စဉ်းစားစရာဘဲ ..။ ကျနော်စဉ်းစားမိတာက .. မြန်မာ တိုင်းရင်းဆေးက […]


fattyApril 24, 20112min1212
စကာင်္ပူက စင်တိုစာ ကျွန်းကလေးဟာ တကယ်တော့ amusement park ပုံစံလုပ်ထားတာပါဘဲ။ အဲဒီကျွန်းပေါ်က universal Studio ကို ဝင်ခ S$ 65 ပေးရပါတယ် တဦးကိုပေါ့။ ကျနော်တို့နောက်ကျသွားလို့မဝင်ခဲ့ရပါဘူး။ အထဲမှာတော့အမေရိကန်က ရုပ်ရှင်ရိုက်ပုံတွေကို သရုပ်ပြလုပ်ပြတယ်တဲ့ …။ ဥပမာ ဟယ်ရီပေါ်တာ ကိုဘယ်လိုရိုက်တယ် …။ သူ့နောက်ခံ ဒီဇိုင်းအပြင်အဆင် တွေပြထားတာပေါ့။ ပျော်ရွှင်ဖွယ် ဗဟုသုတရဖွယ် ဖန်တီးပြထားတာပေါ့ ..။ ကျနော်တို့ဆီက ပြည်သူ့ရင်ပြင်ကြီး ပြင်ဆင်ပြီးသလိုနေမှာပေါ့ ..။ ကျနော်အထဲမရောက်ခဲ့ရတော့ အပြင်မှာဘဲ ဟိုလျှောက်ဒီလျှောက်နဲ့ လှပတဲ့ ချိုချဉ်ဆိုင်လေးတွေ့လို့သဘောကျတာနဲ့ပုံရိုက်ခဲ့ပါတယ် …။ အဲဒီမှာ casino လဲရှိတယ် ပထမတခါရှုံးပြိးကထဲကမသွားရဲတော့ပါဘူး ..။


fattyApril 23, 20111min25213
တချို့ဆင်းရဲတယ် တချို့ချမ်းသာကြတယ် ..။ ပစ္စည်းဥစ္စာဓန ကိုပြောတာပါ ..။ စိတ်ဆင်းရဲခြင်း စိတ်ချမ်းသာခြင်းကို မဆိုလိုပါ ..။ အဲ .. ဘာကွာခြားလဲဆိုတော့ ………….. ကျနော့အထင်ပြောရရင် .. ကွာခြားတာက အဆင်ပြေမှုမပြေမှုလို့ဘဲထင်တယ် …။ ငွေကြေးချမ်းသာသူတွေက .. ပူနေရင်အေးအောင်လုပ်နိုင်တယ် …။ ဒါမှမဟုတ်အေးတဲ့နေရာ သွားပြီးနေနိုင်တယ် …။ ဆာရင် ဝအောင်စားနိုင်တယ် ….။ ကလေးအတွေးတွေများဖြစ်နေမလားမသိဘူး ….။ ကျယ်ကျယ်ပြန့်ပြန့် တွေးမိရင်ရေးပေးကြပါ …။


fattyApril 20, 20112min2625
Now I post some views of Singapore. When I take these photos, I really remember you all and also I miss Myanmar. Now you can see MRT of Singapore, the train go around the city. When the train door open …. this is inside the train. let’s see one of the shopping malls The last […]