goldenhawkSeptember 21, 20111min1476
ရှေးခေတ်ကပညာရှိတွေအကြောင်းကိုစာစောင်တခုမှာဖတ်မိတာကိုပြန်တင်ပြချင်ပါတယ်၊တစ်ခါက ကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင်သိတင်းသုံးနေထိုင်သောကိုရင်လေးများသည် ကျောင်းတွင်ထင်းလုပ်ရန်အတွက်ခုတ်ဖြတ်ထားသောသစ်တုံးများပေါ်တွင်ထိုင်နေကြရာမှတစ်ပါးသော ကိုရင်ကသစ်တုံးတစ်တုံးပေါ်တွင်သုံးတစ်ဟုရေးထားသည်ကိုဘာအဓိပါယ်လည်းဟုကျန်ကိုယ်ရင် များကိုမေးရာ၊တချို့ကဆရာတော်ကသစ်တုံးအမှတ်ပြုထားကြောင်းတချို့ကလည်းနိဗာန်သုံးပုတစ် ပုံရှိသည့်အကြာင်းအမျိုးမျိုးအဖြေပေးကြသည်၊သို့သော်၎င်းကိုယ်ရင်ကသင်တို့အားလုံးမှားတယ် အမှန်တော့(၃/၁)ဆိုတာ…သစ်တုံးကိုပြောတာ..ဆိုပြီး..ကျန်ကိုယ်ရင်တွေလည်းငြိမ်သွားကြရတယ် ပေါ့…နောင်တွင်၎င်းကိုယ်ရင်လေးသည်နံမည်ကျော်ကြားသောဆရာတော်တစ်ပါးဖြစ်လာသည်ဟု ဆိုပါသည်…      


goldenhawkAugust 31, 20111min44926
ကျွန်တော် ကိုယ့်နိုင်ငံအတွင်းရှိစဉ် (၁၉၅၂)ခုနှစ်ထုတ် ပြစ်မှုသို့မဟုတ်မှုခင်းမဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရတယ်ရီစရာ ဟာသတော့မဟုတ်ပေမဲ့ မှတ်သားစရာ ကောင်းတော့ကောင်းသောကြောင့် မှတ်မိသလောက်ထပ်ဆင့်တင်ပြချင်ပါတယ်၊ ရွာတစ်ရွာရဲ့ရွာဦးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတစ်ပါးဟာငယ်စဉ်ကထဲက အကျင့်သီလနှင့်ပြည့်စုံပြီး ဘုန်းကြီးဝတ်လာခဲ့တာ ဝါ(၃၀)တောင် ရခဲ့လို့တန်ခိုးကြီး နာမည်ကျော်ကြားခဲ့လို့ ပတ်ဝန်းကျင်ကျေးရွာများကပင် လာရောက်ကြည်ညို ကိုယ်းကွယ်ကြရတယ်၊ ထိုဘုန်းကြီး ၏နေ့စဉ်ဆွမ်းဖုန်း အတွက်၎င်းရွာမှ ဘာသာတရားကိုအလွန်တရာ ကိုင်းရှိုင်းသော အပျိုကြီးတစ်ဦးသည် နေ့စဉ်ကုသိုလ်ယူ ဆွမ်းပို့လေ့ရှိပါတယ် တနေ့သောဥပုဒ်နေ့မှာ သူမဟာအာရုံဆွမ်းကပ်မည်ဆိုပြီး ဆွမ်းအမယ်စုံပြင်ဆင်ပြီး ခံတောင်းထဲထည့်ပြီး ဘုန်းကြီးကျောင်းကို အစောကြီးထခေါင်းရွက်သွားတယ်၊ ဘုန်းကြီးကျောင်းထဲရောက်တော့ ဘုန်းကြီးကလည်း အဆင်သင့်ဘဲ ခါတိုင်းလိုဘဲ ဘုရာစဉ်အောက်မှာ တင်ပလင်ထိုင်စောင့်နေတာပေါ့ ဘုန်းကြီးရှေ့ရောက်တော့ အပျိုကြီးဆွမ်းတောင်းကိုချမယ် ဆိုပြီးခေါင်းပေါ်မှ ဆွမ်းတောင်းလှန်းအကိုင် ဒူကလေးအသာညွန့်ပြီး အရှေ့တလှမ်းအလှန်းမှာ သူမရဲ့ထမီစကို နင်းမိပြီး ထမီကွင်းလုံးကို ကျွတ်သွားတော့သူမရဲ့လက်တစ်ဖက်နှင့် ထမီအပေါ်စကိုလှမ်းဆွဲရင်လဲ ဆွမ်းတောင်းမှောက်ကျသွားမည်စိုးသဖြင့် သူမ၏အတွင်းပစ္စည်းကို ဘုန်းကြီးကို လှစ်ပြသလိုဖြစ်သွားသည့် […]