goldstarDecember 26, 20111min842
မိဘတို့ရဲ့ထုံးစံအတိုင်း ကိုယ့်သားသမီးတွေရဲ့ အနာဂတ်ကို အကောင်းဆုံး ဖြစ်စေချင်ကြတာပေါ့။ အခုလဲလင်မယားနှစ်ယောက် တိုင်ပင်ပြီးအောက်ပါအတိုင်း စီစဉ်ကြသတဲ့။ သားလေးကျောင်းကပြန်မလာခင် စားပွဲပေါ် မှာ ဓမ္မကျမ်းစာအုပ်ရယ်၊ ပိုက်ဆံရယ်၊ အရက်ပုလင်းရယ် တင်ထားသတဲ့။ တကယ်လို့ ဓမ္မကျမ်းစာအုပ်ကိုယူရင် ဖာသာကြီးဖြစ်မယ်ပေါ့။ ပိုက်ဆံယူရင်တော့ စီးပွားရေးသမားကြီးဖြစ်နိူင်ပြီး၊ တကယ်လို့အရက်ပုလင်းဆွဲရင်တော့ သိတဲ့အတိုင်း အရက်သမားဖြစ်မဲ့လူလို့ မှန်းကြည့်နိူင်တယ်ပေါ့လေ။ ဒီလိုနဲ့သားကျောင်းကပြန်လာတော့ လင်မယားနှစ်ယောက် အိပ်ခန်းတံခါးကြားက ရင်တထိတ်ထိတ်နဲ့ချောင်းကြည့်နေကြတယ်။ ပထမဦးဆုံး သားက ဓမ္မကျမ်း စာအုပ်ကိုယူ လှန်လှောကြည့်ပြီး ဂျိုင်းကြားညှပ်လိုက်တယ်။ နောက် ပိုက်ဆံကို ယူပြီးအိပ်ထဲထည့်လိုက်ပါတယ်။ နောက်ဆုံးမှာ အရက်ပုလင်းကိုလဲ မပြီး သူ့အခန်းထဲဝင်သွားပါလေရော။ အဲတော့မှ အဖေလုပ်တဲ့သူက နဖူးရိုက်ပြီးထအော်ပါတော့တယ်။ အား..ဒီကောင်ကြီးလာရင်တော့ နိူင်ငံရေးသမား ဖြစ်မှာဘဲ ……တဲ့။….။     အမတ်မင်းလုပ်မယ့်သူတွေ နိူင်ငံရေးတွေ ခေတ်စားလာတဲ့ ခုလိုအချိန်မှာ ဒီဟာသလေးကိုသတိရပြီးတင်ဆက်လိုက်ပါတယ်။ […]


goldstarDecember 23, 20111min1184
ပျားရည်ပါးပါးလေးဆမ်းထားတဲ့   တခါတုန်းကပေါ့ လူငယ်တယောက်ဟာ အိမ်ထောင်ပြုမယ် ကြံပြီး တယောက်ယောက်ကို တိုင်ပင်မယ်ပေါ့။ သူ့ထက်အသက်ကြီးပြီး အိမ်ထောင်ကျ တာစောတဲ့ အကိုကြီးတယောက်ကို အားကိုးတကြီး သွားမေးပါတယ်။ အဲဒီလူက ဒီလိုပြောပြသတဲ့ ။ ငါတို့ မင်္ဂလာဆောင်ပြီးတော့ ပျားရည်ဆမ်းခရီးထွက်ကြတယ်လေ။ သိပ်ပျော်စရာကောင်းတာဘဲကွာ။ အဲဒီကနောက်ပိုင်းကတော့ ပြောပြလို့တောင်စုံမှာ မဟုတ်ဘူး။ ငါ့ကိုယ်တွေ့ပြောရရင်တော့ အိမ်ထောင်ရေးဆိုတာ ပျားရည်ပါးပါးလေးဆမ်းထားတဲ့ အီးပုံကြီးဘဲတဲ့။ အပေါ်ယံ ပျားရည်ပါးပါးလေး ရက်လို့ကုန်တာနဲ့ မင်းအစွမ်းကုန် သီးခံပြီး လွေးဖို့တာပြင်ပေတော့တဲ့။ ဒီလိုနဲ့ဘဲ အဲဒီလူငယ်က အိမ်ထောင်မပြုဖြစ်တော့ဘူးတဲ့။ ကဲ …သူငယ်ချင်းတို့လဲ ပျားရည် ရက်ကြအုန်းမလား………   ————————————————————-   အရေးကြီးတဲ့ဆုံးဖြတ်ချက်   -မင်းတို့လင်မယား ရန်ဖြစ်သံမကြားဘူး အရမ်းအဆင်ပြေတာဘဲနော်။ -ဒါပေါ့ နည်းကောင်းလေးရှိတယ်လေ။ -ဟာလုပ်စမ်းပါအုန်းသူငယ်ချင်းရယ် အားကိုးပါတယ်။ ဘယ်လိုနည်းလဲ။ -တခုခု […]


goldstarDecember 22, 20111min903
ဆိုရှယ်လစ်နိူင်ငံ အကြီးအကဲရဲ့ ပုံနဲ့ တံဆိပ်ခေါင်းထုတ် ပြီးတဲ့နောက် အကြီးအကဲက လာပြီးစစ်ဆေးပါတယ်။ ဘယ်လိုလဲ အဆင်ပြေရဲ့လား တာဝန်ရှိသူကပြန်ဖြေပါတယ်။ အားလုံးချောချောမောမောပါဘဲ။ တခုတော့လူထုကပြောတယ်။ တံဆိပ်ခေါင်းကကော်ကသိပ်မကပ်ဘူးတဲ့။ အကြီးအကဲမှတံဆိပ်ခေါင်းကို တံထွေးဆွတ်ပြီး စာရွက်တခုတွင်ကပ်ကြည့်လိုက်သည်။ အခုကြည့်စမ်းကပ်နေသားဘဲ။ တာဝန်ရှိသူမှ ပြန်ဖြေပါသည်။ သူတို့ကတံထွေးကို တံဆိပ်ခေါင်းနောက်ကျောမှာ မဆွတ်ကြပါဘူး။ ဟူသတတ်…..


goldstarDecember 17, 20111min1194
ဖတ်မိတဲ့ဟာသလေးတခုသဘောကျလွန်းလို့ ဖေါက်သည်ချလိုက် ပါတယ်။ ဘုရားသခင်နဲ့ တွေ့ခွင့်ရသော လူသားခေါင်းဆောင်သုံးဦးကို ဘုရားသခင်က မေးခွန်းတစ်ခုစီ မေးခွင့်ပြုတော်မူ၏။ ပထမဆုံးဂျော့ဘု(ချ)က… အမေရိကန်သည် လက်နက်ဖြင့် ကမာ္ဘကြီးကို စိုးမိုးအုပ်ချုပ်နိူင်ပါမည်လား ဟုမေးရာ… ဘုရားသခင်ကခဏ စဉ်းစားပြီး… ဖြစ်လာပါ့မယ်။ ဒါပေမဲ့မင်းလက်ထက်မှာ မဟုတ်ဘူး။ မင်းတော့ မမီနိူင်ဘူး ….ဟုဖြေပါသည်။ သမ္မတဘု(ချ) ကဝမ်းနည်းစွာဖြင့် ငိုတော့သည်။   နောက်တိန့်ရှောင်ဖိန် အလှည့်တွင်… တရုပ်ပြည်သည် စီးပွားရေးအင်အားဖြင့် ကမာ္ဘကြီးကို စိုးမိုးအုပ်ချုပ်နိူင်ပါမည်လား ဟုမေးရာ… ဘုရားသခင်လည်း ခဏ စဉ်းစားပြီးဖြေပါသည်။ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ မင်းလက်ထက်မှာမဟုတ်ဘူး။ မင်းလဲမမီနိူင်ဘူး ။ ဟုပြောပြန်ရာ… တိန့်ရှောင်ဖိန် မှာလဲ ကြူကြူပါအောင် ငိုတော့သည်။   နောက်ဆုံး…………နိူင်ငံမှ နိူင်ငံ့တော်အကြီးအကဲ မေးရမည့် အလှည့်ဖြစ်သည်။ ဘုရားသခင်ကို ဘာမေးလိုက်သည်မသိ…. ဘုရားသခင်အားပါးတရ […]