“လောကမှာ စောင့်ရတဲ့အလုပ်ကို စိတ်မရှည်ဆုံးပဲ” လို့ ကျနော်အပါအဝင် လူတော်တော်များများ မကြာခဏ ငြီးတွားပြောဆိုလေ့ ရှိပါတယ်။ စားသောက်ဆိုင်မှာ မုန့်မှာရင်လည်း ကိုယ်က နောက်ဆုံးမှ ရောက်ပေမယ့် အရင်ဆုံး ရချင်တယ်။ မစောင့်ချင်လို့လေ။ ထို့အတူပဲ ရထားတွေ၊ သင်္ဘောတွေနဲ့ ခရီးသွားတဲ့အခါ ခရီးဆုံးတဲ့အချိန် အေးဆေးဆင်းလို့ရပေမယ့် မြန်မြန်ဆန်ဆန်ပဲ တွန်းထိုးပြီး ဆင်းလိုက်တာပဲ။ မစောင့်ချင်လို့လေ။ (အလုပ်ချိန်နောက်ကျလို့၊ ချိန်းထားတာ နောက်ကျလို့ အလျင်လိုနေတဲ့အချိန်တော့ ချွင်းချက်ပေါ့။) ဒုက္ခတွေ၊ အခက်အခဲတွေ၊ ရောဂါတွေ၊ ဆင်းရဲခြင်းတွေနဲ့ တွေ့တဲ့အခါလည်း ဒီဒုက္ခကြီးက ဒီရောဂါကြီးကလည်း ကြာလိုက်တာ။ ဘယ်တော့မှ လွတ်နိုင်ပျောက်နိုင်ပါ့မလဲလို့ မစောင့်နိုင်ပဲ စိတ်မရှည် ဖြစ်တတ်ကြပါတယ်။ အဲသလို မစောင့်နိုင်၊ စိတ်မရှည်နိုင်သူတွေကို အသိဉာဏ်ဖွင့်ပေးတဲ့ ပုံပြင်လေးတပုဒ် ဒီနေ့ ကျနော် ဖတ်လိုက်ရတော့ […]