Good IdeaDecember 2, 20101min1466
သူသည် အလွန် လွမ်းမိုးမှု အားကောင်းသူတစ်ဦးဖြစ်သည့် အတွက် သူမက သူ.ကို ရွေးချယ်လက်ထပ်ခဲ့ပါသည်။ သို.သော် နောက်ပိုင်းတွင် သူမသည် ထိုလူ နှင့် လက်တွဲဖြုတ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် အရာရာကို လွမ်းမိုးချုပ်ကိုင်တတ်သူတစ်ဦး ဖြစ်သောကြောင့်ဖြစ်ပါသည် ။ သူသည် သူမကို သနားစရာကောင်းလွန်းသည့် အတွက် အိမ်ထောင်ဖက်အဖြစ် လက်ထပ်ခဲ့ပါသည် ။ သို.သော် နောက်ပိုင်းတွင် အကူအညီမရ ၊ အစစအရာရာ အားနည်းသည်ဟုပြောပြီး ကွားရှင်းပြတ်စဲခဲ့ပါသည် ။ သူမ သည် သူ.ကို လက်ထပ်ခဲ့ပါသည် ။ အဘယ်ကြောင့် ဆိုသော် သူသည် အိမ်ထောင်တစ်ခုကို ကောင်းစွာ ရပ်တည် နိုင်ဖို. အတွက် ဝင်ငွေအပြည့်အဝရအောင် ရှာနိုင်သောကြောင့် ဖြစ်ပါသည် ။ နောက်ပိုင်းတွင် သူမသည် ထိုလူ […]


Good IdeaDecember 1, 20101min1100
Facebook မှာ လျှောက်မွှေရင်းနဲ့ ကိုဂေါ်ဇီလာဆိုဒ်ကို ရောက်ဖြစ်ခဲ့တော့ သီးလေးသီးနဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကို ရင်ဖွင့်ထားတာ တွေ့မိလို့ မိတ်ဆွေတွေ သိရှိအောင် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ရှုတော် မူကြပါ။ ခုတလောသီးလေးသီးဆေးရောင်စုံအဖွဲ ့နဲ ့ ပတ်သတ်ပြီးကြားနေရသောသတင်းများမှာကွဲသွားကြပြီတဲ ့ ဟုတ်လားကိုဂေါ်ဇီလာလို ့မေးကြတာတွေများပါတယ်အဲဒီမေးခွန်းတွေနဲ ့ ပတ်သတ်ပြီးအဖြေပြန်ပေးရရင်လူကြီး လူကြီးမဆန်မိတဲ ့ ဂေါ်ဇီလာအရေးလေးကိုဖတ်ရှုပြီးအဖြေကိုတွက်ချက်ပေးကြပါလို ့တော့ မေတ္တာရပ်ခံပါရစေ။ ဂေါ်ဇီလာလူကြီးမဆန်မိတဲ့ ဖြစ်ရပ်အစက သီးလေးသီးဆေးရောင်စုံအငြိမ့်ကြီး ကိုရီးယားမှာပွဲကတုန်းကစခဲ ့ တယ်ဆိုရင် မမှားပါဘူးဘာဖြစ်လို ့လဲဆိုတော့ ၂၀၀၈ဖွဲ ့စည်းပုံအခြေခံဥပဒေကြီးကိုအတည်ပြုဖို ့ စစ်အစိုးရက ကြိုးပန်းနေချိန်မှာ ကျနော်တို ့ရဲ ့ ဆရာသမားလည်းဖြစ် အဖွဲ ့တည်ထောင်သူလဲဖြစ်တဲ ့ကိုသူရကဂေါ်ကြီးရေစစ် အစိုးရရဲ ့မတရားတဲ့ ၂၀၀၈ဖွဲ ့စည်းပုံကိုကန် ့ကွက်ရမယ်၊ ပြည်သူတွေကိုအသိပေးရမယ်ဒါကြောင့် […]


Good IdeaNovember 30, 20101min2689
ဒီနေ့ ကျနော့်ဆီကို အောက်မှာဖော်ပြထားတဲံ ခြိမ်းခြောက်စာလိုလို၊ ဗေဒင်ဟောသလိုလို စာမျိုးရောက်လာတယ်။ “မနက်ဖန်က အချစ်အတွက် နေ့ရက်လေးပါ အကယ်၍များဒီ စာကို လက်ခံရရှိတယ်ဆိုရင် သင့်မှာ သင့်ကို ချစ်တဲ့သူတယောက် ရှိနေလို့ဘဲ။ ၁၅ မိနစ် အတွင်းမှာ အယောက်၂ဝ ကို ကူးယူပြီး ပို့လိုက်ပါ။ သင့်ဘဝရဲ့ အကောင်းဆုံးနေ့ရက်က မနက်ဖန်ဖြစ်လာမှာပါ။ သင့်ကို ချစ်တဲ့သူရဲ့ ချစ်ခြင်းကိုလည်း ဆထက် တပိုးခံစားရမှာ ဖြစ်ပါတယ်။ သူဟာသင့်ကို ဘယ်သူနဲ့မှ မတူတဲ့ချစ်ခြင်း၊ မေတ္တာတွေကို ပေးဝေပါလိမ့်မယ်။ အကယ်၍များ မဝေဌဘူး၊ ဆက်လက် မပို့ဘူးဆိုရင်တော့ အမုန်းတွေ အများကြီး ရောက်လာလိမ့်မယ်။ ဒါကြောင့် ကူးယူပြီး ဝေဌလိုက်ပါ” ရောက်လာတာ ၁ ခါလည်း မဟုတ်။ ၂ ခါလည်း မဟုတ်။ ၄ […]


Good IdeaNovember 30, 20101min870
ဒီနေ့ဟာ ကျွန်တော်တို့အတွက် ပုံမှန် မဟုတ်တဲ့ အင်္ဂါနေ့ပါပဲ။ စိတ်မကောင်းစရာ နေ့တစ်နေ့ဖြစ်သလို၊ ကျွန်တော်တို့ CEO လည်း တော်တော် စိတ်မကောင်း ဖြစ်နေရှာပါတယ်။ ဒီမနက် ကျွန်တော့်ကို စကားခေါ်ပြောတဲ့အခါမှာ CEO တော်တော်စိတ်မကောင်း ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဟုတ်ပါတယ်။ အင်္ဂါနေ့မနက်တိုင်း ပုံမှန်ဖတ်နေကျ First Eleven Sports Journal ကို ဒီမနက် ဖတ်ခွင့်မရပါဘူး။ နောက်တစ်ပတ်မှာလည်း ဖတ်ခွင့်ရဦးမှာ မဟုတ်ပါဘူး။ ဂျာနယ်တစ်စောင် ထုတ်ခွင့်မရလို့ ဆိုတာထက် ပရိသတ်ကို ပုံမှန်ကျေပွန်ရမယ့် တာဝန်တစ်ခု ပျက်ကွက်ရတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ First Eleven Sports Journal ဟာ ကျွန်တော်တို့ရဲ့ဘဝပါ။ Eleven Media Group ရဲ့အစဟာ First Eleven Sports […]


Good IdeaNovember 30, 20101min1664
(၁) အိမ်ပြောင်းတာ မကြာသေးတဲ့ အမျိုးသမီးတစ်ဦးက သူ့အိမ်ဘေးမှာ ဆင်းရဲသားအိမ်လေး တစ်အိမ်ရှိနေတာကို သတိထားလိုက်မိတယ်။ ဆင်းရဲသားအိမ်မှာ မုဆိုးမနဲ့ ကလေးနှစ်ယောက်နေတယ်။ တစ်ညမှာ ရပ်ကွက်တစ်ခုလုံး ရုတ်တရက် မီးပြတ်သွားခဲ့တယ်။ မီးပြတ်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းပြီး နေတယ်။ သိပ်မကြာဘူး… တစ်စုံတစ်ယောက်ရဲ့ တံခါးခေါက်သံကို သူကြားလိုက်တယ်။ တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်တစ်ယောက် စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ.. အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား” လို့ မေးလိုက်တယ်။ အမျိုးသမီးက ” အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလား? ခဏခဏ လာတောင်းနေမှာစိုးတယ်။ ပေးလို့မဖြစ်ဘူး..” လို့တွေးပြီး “မရှိဘူး” လို့ အသံမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။ အဲဒီအချိန်မှာ ကလေးငယ်က မျက်နှာချိုလေးနဲ့ “အန်တီက အိမ်ပြောင်းလာစမို့ ဖယောင်းတိုင် မရှိဘူးဆိုတာ […]


Good IdeaNovember 30, 20101min1705
အကြည်တော်    ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။ ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။ ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။ ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။ ဒါကိုမြင်သော အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ဝင်ရှုပ်သွားတာပဲ။ အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။ လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။ လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် […]


Good IdeaNovember 29, 20101min750
(၁) Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ) မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်” Aries “ဟုတ်ကဲ့ပါ မေမေ” ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်” မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?” Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ ဒါန်းစီးတာပါ” (Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်) (၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ […]


Good IdeaNovember 25, 20101min1150
အင်တာမီလန်အသင်း တိုက်စစ်မှူး ဆင်မြူရယ် အီတူး (နံပါတ် ၉) သည် ပြင်သစ် အသင်းခေါင်းဆောင်ဟောင်း ဇီဒန်းကဲ့သို့ပင် ပြိုင်ဘက်အသင်းသားရင်ဘတ်အား ခေါင်းဖြင့်ဝင်ဆောင့်ခဲ့သည့်အတွက် စီးရီးအေ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ယူရို ၁ သောင်းဒဏ်ရိုက်ခဲ့ပြီး စီးရီးအေ ၃ ပွဲ ကစားခွင့်ပိတ်ပင်လိုက်သည်။ ယခုလ ၂၁ ရက်နေ့က စီးရီးအေ ပွဲစဉ် ၁၃ အဖြစ် ချီယေဗိုနှင့် အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် အင်တာတိုက်စစ်မှူး အီတူးက ချီယေဗိုအသင်း နောက်ခံလူ ဆီဆာကို ပထမပိုင်း ပွဲကစားချိန် ၃၈ မိနစ်တွင် ခေါင်းဖြင့်ဝင်ဆောင့်ခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲစဉ်တွင် လက်ရှိချန်ပီယံအင်တာက အိမ်ရှင်ချီယေဗိုကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ဖြစ်ပွားပုံမှာ ချီယေဗို နောက်ခံလူ […]


Good IdeaNovember 24, 20101min2036
ကျနော့်မေးလ်ထဲကို ကဗျာတပုဒ်ရောက်လာပါတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ ဆိုတဲ့ ကဗျာလေးပါ။ ကဗျာက အရမ်းကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးထားသလား ထင်ရပါတယ်။ သူမရဲ့ သဘောထားတွေ စိတ်ထားတွေနဲ့ တထပ်တည်းပါ။ သို့သော် ရေးသူနာမည်က မသဒ္ဓါဖြစ်နေပါတယ်။ အဲတော့ ပြောချင်တာက ဒီကဗျာကို မိတ်ဆွေများ ဖတ်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်။ သို့သော ်ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က မသဒ္ဓါကို ရေးခိုင်းတာလား၊ မသဒ္မ္ဓါကိုယ်တိုင်ပဲ ခံစားပြီး ရေးဖွဲ့ထားတာလား ကျနော်လုံးဝ မသိပါ။ သိအောင် အခု စုံစမ်းနေပါတယ်။ သိရတဲ့အခါ နောက်ဆက်တွဲ ထပ်မံတင်ပြပေးပါမယ်။ အခုတော့ ဖတ်ရှုခံစားနှင့်ကြပါဦး။ အားလုံးကို လေးစားလျှက်… Good Idea *ဘဝ ဟူသည် တိုတောင်း လှပေစွ. ကန်ရေပြင်၌ တက်သော ရေပွက်မျှသာ ဖြစ်တယ်။* […]


Good IdeaNovember 23, 20101min2027
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ – RNDP က ကျောက်တော်မြို့နယ် တိုင်းဒေသကြီးအမတ် ဦချမ်းငြိမ်းဟာ ဒီလ ၁၆ ရက်နေ့တုန်းက  ပုလင်းနဲ့ထုခံရ. ၆ ချက်ချုပ်လိုက်ရတယ်လို့ ထိုင်းအခြေစိုက် VOA သတင်းထောက် (ကျနော့် သူငယ်ချင်း) က ပြောပါတယ်။ ဦးချမ်းငြိမ်းက လက်ဘက်ရည်ဆိုင်ဖွင့်ထားပါတယ်။ ၁၆ ရက်နေ့ကပဲ ဆိုင်နားမှာ လူငယ်တွေ သောင်းကြမ်းနေကြတာကို သူက သွားကြိမ်းတယ်တဲ့။ “ဟေ့ကောင်တွေ ငါအမတ်နော်. မင်းတို့ ရုတ်ရုတ်မလုပ်နဲ့”လို့ သူစိတ်ရှိသလို ပြောဆိုကြိမ်းမောင်းပြီးသကာလ နောက်လှည့်လိုက်တာနဲ့ ချာတိတ်တွေက ပုလင်းနဲ့ ဆော်လိုက်တာ. ၆ ချက် ချုပ်လိုက်ရတယ် ဆိုပါရောလား။ “ငါကွအမတ်၊ ယူထား ၆ ချက်” ဟ။ အားလုံးကိုလေးစားလျက် Good Idea


Good IdeaNovember 22, 20101min1797
နှင်ထုတ်ခံနေရတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံက  HIV/AIDS ဝေဒနာရှင်တွေကို ဒီကနေ့မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ မင်းသား ကျော်သူဦးဆောင်တဲ့ အနုပညာရှင်တွေ သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။ သွားရောက်ခဲ့တဲ့ အနုပညာရှင်တွေကတော့ မင်းသားကျော်သူ၊ ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဟန်ထူးလွင် (ကျားပေါက်)၊ အနဂ္ဂ၊ သံသာဝင်း ကျော်သူ့ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဖြစ်ပါတယ်။ သူတို့ ခုလို သွားရောက်ရခြင်းကတော့ ဝေဒနာရှင်တွေကို နှင်ထုတ်နေတဲ့ကိစ္စဟာ မတရားတဲ့ကိစ္စတခုဖြစ်တဲ့အတွက် ဝေဒနာရှင်တွေဘက်က ရပ်တည်တာလို့ ဆိုပါတယ်။ (လူသားပီသလိုက်ကြတာ) သူတို့က ဝေဒနာရှင်တွေကို ငွေကြေး၊ အစားအသောက် အာဟာရဒါနနဲ့ အဝတ်အထည်တွေ ကူညီခဲ့ကြပြီး အားပေးစကားတွေလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တောင်ဒဂုံ၊ ၁၈ ရပ်ကွက်၊ ကမ္ဘောဇ ၂ လမ်းမှာရှိတဲ့ HIV/AIDS ကယ်ဆယ်ကုသရေး […]


Good IdeaNovember 19, 20101min39519
search 123 ရေးထားတဲ့စာက နအဖ စစ်အစိုးရခေါင်းဆောင်တွေ သူတို့ ဘက်တော်သားတွေ ဒေါ်စုကို အမြဲနှိမ့်ချ နာမည်ဖျက်နေတဲ့ လက်သုံးစကား ဖြစ်နေတယ်ဗျ။ ကုလားဖြူမယား။ ကိုယ့်တိုင်းပြည်ကို မချစ်လို့မှ နိုင်ငံခြားသား ယူထားတယ်။ တိုင်းပြည်ကို တကယ်ကောင်းစေချင်တာ မဟုတ်ဘူး။ သူ့လင်အမျိုး အင်္ဂလိပ်တွေ ကောင်းစားဖို့လုပ်နေတာ။ တိုင်းပြည်အာဏာရသွားရင် သူ့လင်အမျိုး အင်္ဂလိပ်တွေကို တိုင်းပြည်ထိုးအပ်လိုက်ပြီးဟိုက ကြိုက်သလို ကြိုးကိုင် ချယ်လှယ်မှာ။ ကိုလိုနီ နယ်ချဲ့လက်သစ်တွေ ဘာညာပေါ့လေ။ နအဖက ဒေါ်စုကို အမြဲတမ်း အဲ့လို ပြောနေခဲ့တာပါ။ ကျနော်ပြောတာ ဟုတ်သလား မဟုတ်သလား မိတ်ဆွေများ စဉ်းစားကြည့်ကြပါ။ တကယ်တော့ ကမ္ဘာပေါ်က ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် မြန်မာပြည် ဒီမိုကရေစီရေးကို တကယ်ထောက်ခံပြီး စေတနာကောင်းနဲ့ အလုပ်လုပ်နေရင် ကျနော်တို့ […]


Good IdeaNovember 19, 20101min36223
နိုင်ငံကျော် ရုပ်ရှင်မင်းသား အကယ်ဒမီ လွင်မိုးက ကြံ့ဖွတ်အမတ်လောင်း ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ကို မဲထည့်ခဲပါတယ်လို့ လျှပ်တပြက်ဂျာနယ်ကို ဖြေကြားလိုက်ပါတယ်။ ဦးဌေးမြင့်က တနင်္သာရီတိုင်း မြိတ်မြို့ ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွတ်ပါတီ အမတ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သူပါ။ လွင်မိုးဟာ “ကြံ့ဖွတ်ပါတီဟာ အင်အားကြီးတာမို့ နိုင်မယ်ဆိုတာ သိပြီးသားပါ” တဲ့။ ဒါကြောင့် ရန်ကုန်ကနေ မြိတ်အထိ သွားပြီး မဲပေးခဲ့တယ်လို့ ဆိုသဗျ။ လွင်မိုးလိုပဲ မြိတ်မြို့ဇာတိတွေဖြစ်တဲ့ အကယ်ဒမီ မေသန်းနုနဲ့ ဇူးဇူးမောင်တို့ကလည်း သူတို့မြို့ကို ပြန်ပြီး မဲထည့်ခဲ့ကြတယ်တဲ့။ သူတို့ကတော့ ဘယ်သူ့ကို မဲထည့်သလဲ မပြောကြပါဘူး။ ဒါကတော့ ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးပါ။ “ကျွန်တော် မြိတ်ကိုသွားပြီး မဲပေးဖြစ်ပါတယ်။ ဘယ်ပါတီကို ပေးဖြစ်လဲဆိုတာကတော့ မပြော တော့ပါဘူး။ ကျွန်တော် မဲသွားပေး ဖြစ်တဲ့အချိန်မှာ […]