Good IdeaOctober 20, 20101min1211
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင် အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့ လူတိုင်းမှာ အမေ ရှိတယ်…။ မရေမရာ ပဟေဠိတွေကြောင့် အသေအချာ အဖေမသိတောင်မှ အမေ ရှိတယ်။ ချစ်သဒ္ဓါ ဝေကဲ ပြည့်တန်ဆာ အမေလည်း အမေ။ အကြွေးကြွယ်လှတဲ့ ဈေးသည်မ အမေလည်း အမေ။ အကြောင်းတရား အခြေမွဲ သူတောင်းစား အမေလည်း အမေ။ သမီးသားတွေ ကြီးထွားစေရော့လို့ စီးပွား အထွေထွေ စိန် ရွှေ ပတ္တမြား အိမ် မြေ ကားနဲ့ ငွေသား အမွေ ပေးနိုင်မှ အမေ မဟုတ်။ ယိုင်နဲ့နဲ့ တဲအတွင်း လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့ အရိုးဟင်း တစ်ဖဲ့စီဝေ ထမင်းရည် အတူတူသောက် ဗိုက်မှောက်တော့ အတူတူ ခြင်ထောင်မရှိ ခြုံစောင်မရှိ […]


Good IdeaOctober 14, 20101min760
မန်ချက်စတာယူနိုက်တက် အသင်းသည် ဝါရင့်ဂိုးသမားကြီး ဗန်ဒါဆားနေရာတွင် အစားထိုးရန် ရိန်းဂျားနှင့် စကော့တလန် နံပါတ်တစ်ဂိုးသမား အလန် မက်ဂရီဂေါကို စောင့်ကြည့်နေကြောင်း သိရသည်။ အသက် ၄ဝ အရွယ် ရှိပြီဖြစ်သည့် နယ်သာလန်လက်ရွေးစင်ဟောင်း ဗန်ဒါးဆားသည် ယခုနှစ် ဘောလုံးရာသီကုန်ချိန်တွင် ကစားသမားဘဝမှ အနားယူဖွယ်ရှိသည့်အတွက် မက်ဂရီဂေါကို မန်ယူက ခေါ်ယူလိုခြင်း ဖြစ်သည်။ စကော့တလန်ကလပ် ရိန်းဂျား၏ ငယ်မွေးခြံပေါက် ကစားသမား မက်ဂရီဂေါ (အသက် ၂၈ နှစ်) သည် ၂၀၀၆ ခုနှစ်မှ စတင်ကာ ရိန်းဂျားအသင်း၏ ပထမဂိုးသမားနေရာကို သိမ်းပိုက်ထားနိုင်ခဲ့သူ ဖြစ်ပြီး ကလပ်အတွက် ၁၉၅ ပွဲ ကစားပေးထားသည်။ မန်ယူသည် ဂိုးသမားနေရာအတွက် မက်ဂရီဂေါအပါအဝင် ဂျူဗင်တပ်စ်မှ ဘူဖွန်၊ ရှော်ကေးမှ မန်နျူရယ် ဂျီအာ၊ အသလက်တီကိုမှ […]


Good IdeaSeptember 29, 20101min2234
ညီလေးရေ… လောကကြီးမှာ မွေးကတည်းက သေတဲ့အထိ ကြုံတွေ့နေရတဲ့အရာ အများကြီး ရှိတယ်။ အဲဒီထဲမှာ လောကဓံ ပါနေတယ်။ လူတိုင်းဟာ လောကဓံနဲ့ အချိန်တိုင်း ရင်ဆိုင်နေတယ်။ အဲ့လို ရင်ဆိုင်နေရချိန်မှာ ခံနိုင်ရည် ရှိဖို့လိုတယ် ညီလေး။ လောကဓံကို ရင်မဆိုင်နိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေပြီး အရှုံးပေးသွားသူတွေ အများကြီး ရှိတယ်။ သူတို့ထင်တာက သေရင် ဒီဒုက္ခတွေ အေးပြီ၊ လွတ်မြောက်ပြီ ထင်တာကိုး။ တကယ်တော့လည်း မလွတ်မြောက်ပါဘူး။ အဲဒီလိုပုံစံမျိုးနဲ့ သေခြင်းနောက်ကွယ်မှာလည်း အခက်အခဲ၊ ပြဿနာတွေ အများကြီး ရှိနေမှာပါ။ အစ်ကိုလည်း မသေဘူးတော့ မသိဘူး။ ဒါပေမယ့် လောကဓံကို အရှုံးပေးသွားသူတွေထဲမှာ  ငါ့ညီမပါစေနဲ့။ လောကဓံဆိုတာကို အလွယ်ဆုံး မှတ်သားချင်ရင် လောကရဲ့ ရိုက်ခတ်ခြင်းလို့ မှတ်ယူနိုင်တယ်။ လောကဓံ (၈) […]


Good IdeaSeptember 28, 20101min740
အခန်း (၁) အချိန်ကား ၂၀၀ရ ခုနှစ် စက်တင်ဘာလ ၁၉ ရက်။ မနက်စောစော ဗလီအော်သံကြားရပြီ။ အိမ်က ဗလီဘေးရှိ ရပ်ကွက်ထဲတွင် ဖြစ်နေတော့ ဗလီအော်သံက ကျနော်တို့အတွက် နံနက်ခင်း အိပ်ရာနိုးစက် ဖြစ်နေသည်။ မျက်လုံးဖွင့်လိုက်တာနှင့် ဈေးသွားရဦးမည့်အသိက ခေါင်းထဲရောက်လာသည်။ သို့နှင့် အိပ်ရာထ မျက်နှာသစ်ကာ ဈေးသွားဖို့ ပြင်ဆင်လိုက်သည်။ ပတ်ဝန်းကျင်ကား တိတ်ဆိတ် အိပ်မောကျနေဆဲ…။ အော် ကိုယ်လည်း သူတို့လို အိပ်ချင်သပေါ့။ ကံကြမ္မာက လတ်တလော အခြေအနေမှာ ဈေးသည်ဘဝ ပြဌာန်းထားလေတော့ သူများထက် ဝိရိယထား၊ စောစောဆိုင်ဖွင့် ဈေးရောင်းမှ ဝမ်းဝ ခါးလှမယ့် အခြေနေမို့ မအိပ်နိုင်ပါချေ။ “သားရေ ပြီးပြီလား။ ပိုက်ဆံအိတ်မေ့ကျန်နေမယ်နော်။ ဒီနေ့ ကုန်ဖိုးချေရမှာ” အစ်မဖြစ်သူက နေ့လည်စာ ထမင်းချိုင့်အတွက် […]


Good IdeaSeptember 28, 20101min720
(၅) အချိန်ကား- ၁၉၈၈ခု၊ အောက်တိုဘာလ နေရာကား- ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တနေရာ။ ‘အမေ။ ကျွန်တော် တောခိုတော့မယ်’ စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးကို ဖြိုခွင်းပြီးကတည်းက သားဆီက ဒီလို စကားသံကြားရတော့မယ်ဆိုတာ သူမသိနေခဲ့သည်။ သားနဲ့ ချွေးမတို့ တိုးတိုးကြိတ်ကြိတ်စကားတွေ ပြောနေကြတာကိုလဲ ရိပ်မိသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ထွက်ပေါ်လာချိန်မှာ သားက လုပ်သားကောလိပ် တက်နေဆဲ။ ရုံးတရုံးမှာ အောက်တန်းစာရေး ဝင်လုပ်ရင်း မိသားစုတာဝန်ကို ထမ်းနေပေမယ့် ပညာရေးကိုလဲ ဆက်ကြိုးစားနေသည့် လုပ်သားကျောင်းသား။ သားရဲ့ ပါရမီဖြည့်ဘက် ဇနီးသည်လေးကလဲ ယောက်ျားဖြစ်သူရဲ့ ပညာရေးကိုပါ အားပေးသည်။ စက်ချုပ်ရင်း မိသားစုရဲ့ ဝန်ကို တဘက်တလမ်းကနေ ဝိုင်းထမ်းပေးခဲ့သည်။ အရေးတော်ပုံကြီး ဖြစ်လာတော့ ယုံကြည်ချက်တူ၊ ခံစားချက်တူကြသည့် ပွင့်တူရွက်တူများဖြစ်သည်မို့ လင်မယားနှစ်ယောက်လုံး တက်တက်ကြွကြွ […]


Good IdeaSeptember 28, 201015min650
ကြယ်နီတပွင့် (၁) အချိန်ကား– (၂၀၀၇)ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်။ နေရာကား– ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက်တနေရာ။ ‘မြေးလေးကလဲ နောက်ကျလိုက်တာကွယ်။ ဘာများ ဖြစ်နေသလဲ မသိဘူး‘ မှောင်ရိပ်က သန်းနေပေမယ့် လက်ကျန် ဖယောင်းတိုင်တိုလေးကို မီးမညှိရဲ။ မြေးလေးပြန်လာပြီးမှ ထမင်းလက်ဆုံစားကြရမှာမို့ ဖယောင်းတိုင်တိုလေးကို မီးညှိလို့ မဖြစ်နိုင်။ မြေးအဖွားနှစ်ယောက်ထဲ ရှိနေတဲ့ဘဝမှာ မြေးလေးမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီးမှ ထမင်းစားလို့ မြိန်ခဲ့ရတဲ့ အချိန်ကာလတွေက ကြာခဲ့ပါပကောလား။ ‘ဒီကလေးနှယ်နော်။ ဒုက္ခပါပဲ‘ ကျိုးတို့ကျဲတဲ ကြမ်းပြင်လေးပေါ်မှာ ခင်းထားတဲ့ ဖျာစုတ်လေးပေါ်မှာ လှဲချရင်း မြေးလေးအလာကို စောင့်မျှော်နေမိသည်။ အသက်ရှစ်ဆယ်အရွယ် ဇရာက ဖိစီးလာတာကြောင့်လား မသိ။ စိတ်က နည်းနည်း ပန်းလိုက်တာနဲ့ လူက မောပြီး နုံးချိနေတတ်သည်။ မြို့ထဲမှာ ဈေးသွားရောင်းသော […]


Good IdeaSeptember 24, 20102min860
ရဟန်းအတွက် ဝတ်အပ်ရာ နီစွေးစွေး သင်္ကန်းဆိုတာ မြန်မာပြည်က လူတိုင်းအသိ။   အခုတော့… အနီရောင် တစက်ကယ် မပါ ခပ်ညစ်ညစ် အဖြူရောင်ကာလာနဲ့ အထက်အောက် ငါဆင်မြန်း ဖိုးသူတော် တပတ်နွမ်း ဖြစ်နေပါရော့လား။   ရဟန်းအတွက် အပ်စပ်တဲ့နေရာ ဆိတ်ငြိမ် အေးချမ်း တရားကြေးစည်သံလွှမ်းတဲ့ ကျောင်းသင်္ခမ်းပါ။   အခုတော့… ငါ ရောက်နေတာ မစည်ကားအပ် လူတွေသတ်မှတ် နံရံလေးဘက်ကြားက ရာဇဝတ်သားတွေ စံမြန်း လောက ဒုက္ခဘုံနန်းပါလား။   ငါ့ ကျောင်းမှာ ညနေဆည်းဆာ လွှမ်းရင် ခြင်ထောင်လေး အသာချလို့ တရားမှတ် ပြီးတဲ့အခါ ငြိမ်းချမ်းစွာ အိပ်စက်ရတယ်။   အခုတော့… ဆည်းဆာ လွှမ်းချိန် တပ်ထောင်တာ ဗိုလ်ထု ခြင် မောင်မယ် […]


Good IdeaSeptember 17, 20101min61
သခင်အုုုန်းမြင့် – အမြဲပေါ့ပါးလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦး ဂျူနီယာဝင်းစက်တင်ဘာ ၁၇၊ ၂၀၁၀ လူငယ်တွေထက်တောင် ပေ့ါပါးဖြတ်လတ်နေတဲ့၊ အစဉ်အမြဲ တက်ကြွလန်းဆန်းနေတဲ့ အဘိုးအိုတစ်ဦးကို ပြပါဆိုရင် အဘပဲပေါ့။ ပိန်ပိန်ပါးပါးနဲ့ အဘကို မသိဘဲ နေပါ့မလား။ ဘဘကြီးနဲ့ မေမေကြီးတို့ ကို သံယောဇဉ်ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ရင်းနှီးနေခဲ့သူပါပဲ။ဘဘကြီးနဲ့ မေမေကြီးတို့ ကွယ်လွန်ခဲ့ပြီးနောက်မှာ  ဘဘကြီးနဲ့ မေမေကြီးတို့ရဲ့ နှစ်ပတ်လည်နေ့တွေကို မပြတ်မကွက် ရောက်လာတတ်ပါတယ်။ ဘဘကြီးတို့ မေမေကြီးတို့ အကြောင်းတွေ ပြောပြတတ်တယ်။ ပြီးတော့ လူငယ်တွေကို ညှာတတ်သူတယောက်လည်း ဖြစ်ပါတယ်။အလွန်ပူအိုက်တဲ့ သည်နှစ် နွေတနေ့မှာ အဘအိမ်ကို ရောက်ခဲ့ဖူးတယ်။ အဘက ဘာလို့ လာရသလဲ၊ ဒီလောက်ပူတာ အိမ်မှာပဲနေလို့ အပြစ်တင်တယ်။ ပြီးေ


Good IdeaSeptember 17, 20101min1192
* စိုးရိမ်လို့ပါ … ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက ဇနီးသည်ကို ပြောသည်။ ယောက်ျား။ ။”မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား” မိန်းမ။ ။”မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ” * “ကလေးတွေကြောင့် မဟုတ်ပါ….” တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက […]


Good IdeaSeptember 16, 20101min1040
ဆရာခင်ဗျား တစ်ခုလောက် တောင်းဆိုပါရစေ။ ပရုပ်ဆီ နဲ့ပက်သက်ပြီး သိချင်လို့ပါ။ မြန်မာမှာက လူတန်းစား အမျိုးမျိုးက ပုရုပ်ဆီကို အလွယ်ပဲ သုံးတတ်ကြပါတယ်။ ဥပမာ- ပုရွက်ဆိတ်ကိုက်ရင် တစ်ချို့ကလည်း ပုရုပ်ဆီ လိမ်းခိုင်းတယ်၊ တစ်ချို့ကလည်း မလိမ်းသင့်ဘူးပြောတယ်။ လည်ပင်းနာရင် ပုရုပ်ဆီမြိုချရင် သက်သာတယ် ပြောကြတယ်၊ မလုပ်သင့်ဘူး လို့လည်း ပြောကြတယ်။ ကြားဘူးနားဝနဲ့ ပုရုပ်ဆီကို အလွယ်ပဲ သုံးနေကြတာ များပါတယ်။ အဲဒါလေးနဲ့ ပက်သက်ပြီး ပုရုပ်ဆီရဲ့ ကောင်းကျိုး ဆိုးကျိုး၊ ဆောင်ရန်၊ ရှောင်ရန် ဗဟုသုရစေရန် အလို့ဌာ ပိုစ့်တစ်ပုဒ်လောက် ဆရာ အချိန်ရရင် ရေးပေးစေလိုပါတယ်။ မေးတာကို ကျေးဇူးတင်ပါတယ်။ မှန်တယ်ဗျ။ ကျွန်တော်တို့ အရင်ကတည်းက လူကြီးသူမတွေဆိုရင် ပရုပ်ဆီ မရှိရင် နေမဖြစ်ဘူး ပြောရသလောက်ဘဲ။ ၉၆ […]


Good IdeaSeptember 16, 20101min1341
ကင်ဆာရောဂါတွေ ပျောက်ကင်းစေတဲ့ ဂျုံမြက်နုဆေးပင် ဆိုပြီး သတင်းစာမျက်နှာ တွေပေါ်မှာ အခုတလော တော်တော်လေး တွေ့နေရပါတယ်။ လက်ရှိ ဒီဆေးဘက်ဝင် အပင်ကို ပြည်တွင်းမှာ ပထမဦးဆုံး စတင်ဖြန့်ချိတာ တစ်နှစ်လောက် ရှိသွားပြီ ဖြစ်တဲ့ FAME ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကနေ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ဖို့ အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်တယ်လို့ FAME ရဲ့ မန်နေးဂျင်းဖြစ်သူ အင်္ဂလန်မှ Alternative Medicine (ခေတ်သစ်သဘာဝဆေးပညာ) ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ယူလာသူ ဒေါက်တာခင်မောင်လွင်မှ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာ လုံလောက်စွာ ဖြန့်ဖြူးရောင်းချ ပေးနေသလို ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံများကနေ […]


Good IdeaSeptember 16, 20101min1060
မူးယစ်ဆေး ရောင်းနေတယ်လို့တော့ မထင်ပါနဲ့ဗျာ ဒီနေ့ လူငယ်ထု အတွင်းမှာ ရေပန်းအစားဆုံး နတ်ဒေဝီလေး တစ်ပါးအကြောင်း ပြောပြ ချင်လို့ပါ။ သူ့နာမည်ကတော့ Ecstacyတဲ့။ ဒီနေ့မှာတော့ လူငယ်လူရွယ် ဆင်းရဲမရွေး ချမ်းသာမရွေး သူ့ကို ချစ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ သူ့ကို အီး(န)လို့ ခေါ်ကြ ပါတယ်။ ခေါင်းလှုပ်ဆေး လို့လည်း ခေါ်ကြပါတယ်။ သူကို ခုကျွန်တော်နေထိုင်နေတဲ့ မလေးရှားနိုင်ငံ မှာတော့ စိတ်ကြွမူးယစ်ဆေးလို့ကို မယူဆတော့ဘူး။ သူတို့အတွက် ဒီဆေးဟာ နိုက်ကလပ်တွေ၊ဒစ်စကိုကလပ်တွေမှာ လူတိုင်းသုံးစွဲနေကြတဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ဒီလိုစိတ်ကြွ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်ကို ၁၉၉ဝ ပြည့်နှစ်တွေမှာ စပြီးတော့နယ်စပ်ဒေသတွေကနေ မန္တလေးကို စဝင်လာပါတယ်။ အဲဒီအချိန်တုန်းက ဗမာပြည်အောက်ပိုင်းဒေသတွေမှာ ဒီလို စိတ်ကြွ မူးယစ်ဆေးဝါးတွေ ခေတ်မစားသေးပါဘူး။ အဲဒီအချိန်လောက်တုန်းကဆိုရင် […]


Good IdeaSeptember 16, 20101min1512
မနေ့ညနေက ကလေးတွေကို ကွန်ပျူတာသင်တော့ မြန်မာစာ လက်ကွက်ရိုက်နည်း သင်ခန်းစာကို သင်ပါတယ်။ ဘယ်စာလုံးက ဘယ်နားမှာရှိတယ်ဆိုတာကို ကီးဘုတ်ပုံ အကွက်လေးတွေ ရေးဆွဲပြီး တလုံးချင်း ပြောပြနေရင်းနဲ့ “ဌ” ကို ပြောတော့ ကျွန်မက “ဌ” နဲ့ “ဋ္ဌ” မတူကြောင်း ရှင်းပြ ဖြစ်တယ်။ ရှင်းနေတုန်း ကလေးတယောက်က ခုလို ထမေးပါတယ်။ “ဌဝင်ဘဲ လို့ ဘာလို့ခေါ်ရတာလဲ” တဲ့။ ဒီတော့ ကျွန်မက … ဌဝင်ဘဲ မဟုတ်ကြောင်း၊ ဌဝမ်းဘဲ ဖြစ်ကြောင်း၊ ဝမ်းဘဲ နဲ့ တူတဲ့ ဌ လို့ ဆိုလိုတာ ဖြစ်ကြောင်း စသဖြင့် ပြောပြတော့ သူတို့တွေ တယောက်ပြီး တယောက် ဆက်မေးကြပါလေရော။ ထဆင်ထူး ကရော .. […]