“နွေနှောင်းမိုး – အပိုင်း ၂” ရိုင်ရမ် ကျွန်မအိပ်ခန်း ပြတင်းပေါက်ကို ကျောက်စရစ်ခဲနဲ့ ပစ်ပြီး ကျွန်မကိုနိုးတဲ့ မနက်သုံးနာရီအချိန်မှာ ကျွန်မက အိပ်နေဆဲပဲ။ တကယ်တော့ အပြင်မှာ မှောင်နေဆဲပဲ၊ ဒါပေမယ့် ကျွန်မ သူအပြင်က တိုးတိုးလုပ်နေတဲ့အသံကို ကြားနေရတယ်။ ကျွန်မ တံခါးဖွင့်ပြီး အပြင်ကိုမထွက်ခင် ဝရံတာကို ထွက်ပြီးကြည့်လိုက်တယ်။ အပြင်မရောက်သေးဘူး ရိုင်ရမ်က “မင်္ဂလာနံနက်ခင်း” ပါလို့ လှမ်းနှုတ်ဆက်လိုက်တယ်။ လရောင်အောက်က သူဟာ ပိုပြီးခမ်းနားနေပြီး သူ့ရဲ့မျက်နှာမှာလည်း အပြုံးနဲ့။ “ခု ည ပဲ ရှိသေးတယ်” “သွား ..ပြန်အိပ်ဦး” လို့ ကျွန်မ ညည်းငြူလိုက်တယ်။ ကျွန်မ ဝရံတာ တံခါးကိုဖွင့်ပြီး စောင်ခြုံအောက်ကို ပြန်ဝင်လိုက်တယ်။ ကျွန်မ သူအပြင်ကနေ ကျွန်မကို အိပ်ယာကနေထဖို့ အော်နေတဲ့ […]


နွေရာသီကျောင်းပိတ်ရက်မရောက်ခင် နှစ်ပါတ်အလိုမှာ ရိုင်ရမ်တစ်ယောက် ပေါ်ပြူလာအဖြစ်ဆုံးနေရာကနေ ပေ ငါးဆယ်အမြင်ကနေ ပြုတ်ကျသလိုပဲ ပြုတ်ကျခဲ့တယ်။ ဘယ်သူမှ သေချာမသိပေမယ့် ပေါ်ပြူလာဖြစ်ကြတဲ့ အခြားသူတွေကလည်း သူ့ကိုရှောင်ဖယ်လာကြပြီး အခြားကျောင်းသူကျောင်းသားတွေကလည်း ဂရုမစိုက်ကြတော့ဘူး။ နေ့လည်ထမင်းစားချိန်ရောက်တိုင်း သူက သူထိုင်ချင်တဲ့ စားပွဲမှာ တစ်ယောက်ထဲ ထိုင်လေ့ရှိတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ သူ့ကို စကားပြောဖို့မဆိုနဲ့ ၊ အနားကတောင်ဖြတ်မသွားရဲကြဘူး။ “ဟေ့ .. ထမင်းစားပွဲတစ်ခုလုံးကို မင်းတစ်ယောက်ထဲ ယူထားတာ မကောင်းဘူး” လို့ပြောလိုက်ပြီး ကျွန်မ ထမင်းပန်းကန်ကို သူ့ဘေးမှာချလိုက်တယ်။ သူကတော့ စာရွက်ပေါ်မှာ တစ်ခုခုရေးခြစ်လို့ ရှိသမျှလူတွေအားလုံးရဲ့အကြည့်ကို ဥပက္ခောပြုထားတယ်။ ရိုင်ရမ်တစ်ယောက် ကျွန်မအသံကြောင့် မော့ကြည့်လာတယ်။ ကျွန်မ သူ့ကို တစ်ခါမှ စကားမပြောဖူးပေမယ့် ကျောင်းထဲမှာ သူ့ကို ခဏခဏတွေ့ဖူးတယ်။ ကျွန်မတို့က မူလတန်းကထဲက တစ်တန်းထဲ တက်လာကြတာ။ […]


“ဝုန်းကနဲ ကြားလိုက်တယ် ..” ခပ်ပြင်းပြင်း သံစဉ်တစ်ခု ပေါက်ကွဲသွားသလား နားနှစ်ဖက်ကို ခဏလောက် ကန်းကြည့်မိတယ် ပေါက်ကွဲသံစဉ်က တုန်ခါနေဆဲပဲ သေချာစမ်းစစ်မိမှ ဪ ရင်ဘတ်ထဲက မြည်နေတာပါလား နောင်တ ဆိုတာ မရှိခဲ့တဲ့ ငါ နှောင်းတ တစ်ခုကို လက်ဝယ်ပိုက်လို့ ရီဝေဝေ အကြည့်တစ်စုံက မျက်ဝန်းတွေ မှိတ်လို့ထားလည်း ဝဲလည်ခတ်နေတယ် ခေါက်ရိုးကျိုးနေတဲ့ မှင်ရောင် ပျက်ပြယ်လု စာရွက်အဟောင်းကြားက ပါ့စ်ပို့စ် ပုံလေးက အရင်လို အသက်ဝင်နေဆဲပဲ ပြောင်းလဲနေတဲ့ လောကကြီးရဲ့ စီးမျောနေတဲ့ ရေစီးထဲက ငါအမှီမလိုက်နိုင်တော့တဲ့ ပြောင်းလဲမှုတွေထဲမှာ နင် တစ်ယောက်လည်း ကူးခတ်သွားမယ်ဆိုတာ ငါ မတွေးထားမိခဲ့ဘူး မှန်ထဲက ပုံရိပ်တစ်ခုကို ပြန်ကြည့်မိတယ် ငါ မဟုတ်တဲ့ လူတစ်ယောက်ကို တွေ့မိတယ် . သေချာတယ် […]


အရိပ်အာသာဝါ ကောင်းကောင်းရဖို့ အရိပ်တစ်ခုမှာ နားခိုရအောင်လည်း ငါက ငှက်တစ်ကောင် မဟုတ်ခဲ့တာ ခက်တယ် လွတ်လပ်ခြင်းဆိုတာ ကောင်းကင်ထက် ပျံသန်းခြင်းဆိုလည်း ငါ့မှာက အတောင်ပံတစ်စုံမှ မရှိခဲ့ပဲ အချစ်အတွက် အသက်ပင်သေသေဆိုရအောင်လည်း ငါမှာ ရိုမီယိုဆိုတာက မရှိခဲ့ဘူး (ကိုယ်တိုင်လည်း မသေရဲပါဘူး) လိုအင်ဆန္ဒအားလုံး ပြည့်ဝဖို့ကလည်း ငါ့မှာက အာလာဒင်ရဲ့မီးခွက်တစ်လုံး မပိုင်ဆိုင်ပြန်ဘူး မအိပ်မနေ အသက်ရှည်ဆိုရအောင်လည်း အလုပ်ပြုတ်ပြီး ငတ်မသေဖို့ကို အရင်ကြိုးစားရမယ် အိပ်မက်တွေ ဖြစ်လာဖို့ဆိုတာကလည်း တစ်ခါတစ်ရံ ငါ့အိမ်မက်တွေကို လေထဲမှာလိုက်ဖမ်းဆုပ်ဖို့ အားအင်တွေက ကုန်ခမ်းနေတုန်းပဲ ဘယ်ကိုပဲ သွားသွား အချိန်တန်လို့ နေစောင်းရင် အိမ်ပြန်ရအောင်လည်း ငါက နွားတစ်ကောင်မဟုတ်ခဲ့ပြန်ဘူး ဒီလိုနဲ့ပဲ …… ငါတစ်ယောက် ဘာမသိတဲ့အရာနောက် … ဘာမရှိတဲ့ အဓိပ္ပါယ်နောက် … ငါကိုယ်တိုင်မသိတဲ့ ငါ […]


လယ်ရီသောမတ်စ်တစ်ယောက် ဥဩငှက်နာရီတစ်လုံးအတွက်နဲ့ တန်ဖိုးကြီးကြီး ဘယ်လောက်ပေးဆပ် လိုက်ရမယ် ဆိုတာ မသိခဲ့ဘဲနဲ့ သူ့ဇနီးအတွက် လက်ဆောင်အဖြစ်ဝယ်ယူခဲ့တယ်။ အဲဒီညချက်ခြင်းပဲ သူက ဥဩငှက်နာရီဗူးကိုယူပြီး သူ့ဇနီးရဲ့ထမင်းပန်းကန်ဘေးမှာ တင်ထားလိုက်တယ်။ ဒိုးရစ်တယောက် မျက်လုံးအပြူးသားနဲ့ အံ့ဩတကြီး ဘူး ကို စူးစူးစိုက်စိုက်ကြည့်လို့ လယ်ရီကိုမေးလိုက်တယ်. “အိုး……ဘုရားသခင် .. အဲဒါဘာများပါလိမ့်…” “ဖွင့်ကြည့်လိုက်လေ” ..လို့ လယ်ရီ က ပြန်ပြောတယ်။ ဒိုးရစ်တယောက် လှုပ်ရှားနတဲ့ ရင်အစုံနဲ့ လေးထောင့်ဘူးက ဖဲကြိုးနဲ့စက္ကူကို သူမရဲ့ လက်သည်းချွန်ချွန်နဲ့ ထိုးခွဲပြီး ဖွင့်လိုက်တယ်။ လယ်ရီကတော့ နံရံကို မှီပြီး ဆေးလိပ်မီးညှိလို့ မတ်တပ်ရပ်ရင်း သူမ အဖုံးအဖွင့်အပြီးကို စောင့်ကြည့်နေတယ်။ “အိုး…..ဥဩငှက်နာရီလေးပါလား … ကျွန်မအမေဆီမှာရှိခဲ့ဖူးတဲ့ ဥဩငှက်နာရီအဟောင်းလေးအတိုင်းပဲ” သူမဟာ နာရီလေးကို သေသေချာချာ ထပ်ခါတလဲလဲ ကြည့်ပြီး […]


နေရောင်ခြည်က အခန်းထဲကို ဖြန့်ကျက်လာခြင်းက နေ့သစ်တစ်နေ့ စတင်ပြီလို့ ပြောနေသလိုပဲ။ ကျွန်မက မနက်ခင်းမှာစောစောထပြီး အပြေးလေ့ကျင့်ဖို့ စဉ်းစားထားတာ။ လွန်ခဲ့တဲ့ လအနည်းငယ်ကတော့ အပြေးကောင်းကောင်းလေ့ကျင့်ဖြစ်သေးတယ်။ ဒါပေမယ့် မိုးရာသီမှာ ခဏ နားလိုက်ရာကနေ ပြန်မစဖြစ်တော့ဘူး။ ရေခဲသေတ္တာထဲမှာ တစ်ဝက်လောက်ကျန်သေးတဲ့ နွားနို့ဗူးကိုရှာတွေ့လိုက်တော့ အရသာနည်းနည်းစမ်းကြည့်လိုက်တယ်။ နောက် ပန်းကန်ထဲကိုလောင်းထည့်ပြီး cereal ဗူးကို လိုက်ရှာနေတယ်။ မနေ့က ဈေးဝယ်ထွက်တဲ့နေ့ဆိုတော့ ဗီရိုထဲက တစ်နေရာရာမှာ သေချာပေါက်ရှိမှာပဲ။ စားသောက်ရင်းနဲ့ သတင်းစာဖတ်ဖို့အတွက် သတင်းစာကို ထွက်ကောက်လိုက်တယ်။ ရှစ်နာရီ ခွဲ ပြီ၊ ခဏနေရင် ဘူတာကိုသွားရတော့မယ်။ ဂျင်းဘောင်းဘီ ၊ တီရှပ်တစ်ထည်နဲ့ converse တံဆိပ်ခြေနင်းတစ်ရံ ဝတ်လိုက်ရုံနဲ့ သွားဖို့ အဆင်သင့်ဖြစ်သွားပြီ။ ဆံပင်စည်းလိုက်ပြီးတာနဲ့ ကျွန်မ ဘူတာကို ထွက်လာလိုက်တယ်။ ထိုင်ခုံပေါ်ထိုင်လိုက်တာနဲ့ မနက်ခင်းက […]