htet wayJanuary 4, 20121min1334
ဖျတ်ကနဲ အရိပ်ကလေးလိုတွေ့လိုက် မျက်လွှာအမြန်ချလိုက်မိတယ် ရင်ထဲကငိုသံကိုသူမကြားစေချင်ဘူး ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလည်းအိပ်မက်ဟောင်းပဲ ပြောခဲ့တဲ့ကတိတွေလည်း မုသားဆန်ဆန် ရဲဝံ့ စွန့်စား ခဲ့ ဇာတ်လမ်းမှာ ငါဟာ ကျရှုံး တဲ့ သူရဲကောင်း အဖြစ်က… အမှားကြီးမှားခဲ့ပါတယ်ဘဝရယ် ပုလင်းကွဲရှသလို ကောက်ရလိုက်တဲ့ နောင်တတွေ နှင်းထက်သည်းတဲ့ အလွမ်းနဲ့ တမ်းတမူတွေ ပြီးခဲ့ပါပြီ ငြိမ်းချမ်းမူကိုရှာဖွေရင်း သောကတွေနဲ့ ဝင်တိုးခဲ့ရ နက်ဖြန်ရှိရင် လှမှာပါ…….။


htet wayDecember 31, 20111min1945
ငါတို့ မျှော်လင့်တာတွေ မပြည့်စုံသေးဘူး ငါတို့လမ်းကမဖြောင့်သေးဘူး ငါတို့ငြိမ်းချမ်းရေးတေးတွေ မသီကျူးနိုင်သေးဘူး ငါတို့တွေ..လွမ်းရေးကြောင့် ဝမ်းရေးမလှတာလား ဝမ်းရေးကြောင့်လွမ်းရေးမလှတာလား။ အို. . .ညီမလေးငဲ့ ငါတို့ လျှောက်ကြမယ့်လမ်း ငါတို့ သီကျူးမယ့်သီချင်း ငါတို့ မျှော်လင့်တဲ့အလင်းရောင် ငါတို့ ရဲ့ချမ်းမြေ့တဲ့သာယာခြင်း ငါတို့ လိုလားတဲ့ အသင်္ခ ါရဘုံနန်း ငါချစ်သောနှမ.. .. .ငါ့အားကူမပါ။


htet wayDecember 28, 20111min1788
လွမ်းရမယ်မှန်းသိရက် မြတ်မြတ်နိုးနိုး တွယ်ငင်တဲ့ကြိုး နှလုံးသားထဲ သော့ခတ်လိုက်တယ်…. ကိုယ်ရင်ထဲမှာထာဝရမသာနိုင်တဲ့လရောင် အလွမ်းနဲ့သိမ်းထုပ် နှုတ်ဆက်တဲ့ခြေသံများ သမုဒယအပူကို နမ်းရှိုက်မယ်…. ဖယောင်းတိုင်တိုလေးထွန်းညှိ အသက်ရှုကြပ်တတ်တဲ့ည….ညတွေ မင်းစွန့်သွားလို့ အထီးကျန်ခြင်းတွေက နှိပ်စက်တယ်… အိပ်မက်ထဲမှာ ရက်စက်သော စကားသံများရဲ့ သင်္ကေတ ဂီတသံလို နားဆင်ရင်း လွမ်းလို့ရှိုက်တဲ့သက်ပြင်း ငွေ့ရည်ဖွဲ့မိုးရွာသွန်းစေသတည်း… ကဗျာဆရာဆိုတာ အများနဲ့ပိုပြီးလွမ်းတတ်တယ် ပြီးတော့…..အချစ်ကြီးချစ်တတ်တယ်လေ… ဘဝမှာ ရှိုက်သံစွက်တဲ့ အလွမ်းတွေနဲ့ပဲ ရင်းနှီးခဲ့ရ ကျင့်သားရဖို့လိုသေးလား….။ အချစ်ဆိုတာ နားလည်မှုနဲ့ ထုဆစ်ထားတဲ့ ကျောက်ဆစ်ရုပ် သူ စိတ်ညစ်မှာစိုးတဲ့ ငဲ့ညှာစိတ်လေး ရင်ထဲမှာ တိတ်တဆိတ် မြတ်နိုးမယ်…. ကိုယ့်နှလုံးသွေးက ကျတဲ့ အလွမ်းသွေးစက်တွေ ဆေးသားအဖြစ် ပြောင်းလဲ မင်းပုံတူပန်းချီကားလေးသိပ်လှတယ်… ငါ့ ညတွေမှာ ရင်ထဲကမီးတောက်လေးငြိမ်းဖို့ မင်းအပြုံးတွေနဲ့ဖျန်းလိုက်ပါ လရောင်မဲ့ ကြယ်ရောင်မှိန်ပျပျညရိုင်းတွေ အောက်ဆီဂျင်တွေရှားလွန်းသလား “ကျန်းမာပါစေဆိုတဲ့”မေတ္တာပို့သံလေး […]


htet wayDecember 27, 20111min1445
ကျွှန်တော် မြို့ကို (26.12.2011)တနင်္လာနေ့က ပြန်လာခဲ့ရပါတယ်။လူတယောက်မှာ အသက်တရာမနေရ အမူတစ်ရာပွေရတယ်ဆိုတဲ့ ဆိုရိုးအတိုင်း ကျွှန်တော် တရားရုံးကိစ ္စကြောင့်ပြန်ရတာပါ။ဖြစ်ပုံက အများပိုင် ပစ္စည်းတွေ ခိုးမူတခုပေါ်ပါက်ရာမှာ တရားလိုက ဘာသာရေးအသင်းအဖွဲ့ လူကြီးတွေကို မတိုင်ခင်လာခေါ်၊တိုင်ပင်နဲ့ ကျွှန်တော် သက်သေဖြစ် ခဲ့ရပါတယ်။ ကျွှန်တာ် အပြင် တခြားခေါင်းဆောင်တွေကိုလည်းစစ်ဆေးပြီးခဲ့ပါပြီ။ ရုံးချိန်းနှစ်ကြိမ်ပျက်ကွက်တော့ဒီတကြိမ်ပျက်ရင် နောက်တကြိမ်ဆို အချုပ်နဲ့ ခေါ်တာခံရမှာမို့ ဆက်ဆက် လာခဲ့ရတာပါခင်ဗျား။လမ်းတလမ်းမှာ ရာအိမ်မှူးတယောက်ရှိတယ်ဆိုရင် အဲ့ဒီလမ်းမှာ သူခိုးခိုးခံရရင် ပထမဆုံးက ဒီ ရာအိမ်မှူးကို ပြောမယ် တိုင်မယ် နောက်သခိုးမိပြီးရုံးတင်တော့ရာအိမ်မှူးက တရားလိုသက်သေဖြစ်ရော။ကျွှန်တော် အဖြစ်ကလည်းဒီလိုပါပဲခင်ဗျား။ ကျွှန်တော်ပြောချင်တာက ဒီအကြောင်းမဟုတ်ပါ။တရားရုံး အကြောင်းသာဖြစ်ပါသည်ခင်ဗျာ။ကျွှန်တော်ကိုဆင့်စာမှာ တရားရုံးရှေ့ကို နံနက် (၁၀)နာရီ အရောက်လာရမယ်လို့ပါ ပါတယ် ။ဒါနဲ့စောစောပဲ၁ဝနာရီတိတိရောက်ခဲ့ပါတယ်။ တကယ်တန်းရုံးကခေါ်တော့ ၁၂နာရီ မိနစ်၂ဝပါ။ကျွှန်တော်ပထမဆုံးခေါ်ခံရပါတယ်။ဒါပေမယ့်မစစ်ဖြစ်ပါဘူး တရားခံရှေ့နေကခွင့် တင်ထားလို့ပါတဲ့။ကျွှန်တော်ပြန်လာရတာ ရန်ကုန်ကအိမ်မဲ […]


htet wayDecember 25, 20111min1392
ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင်ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်(၁၉၁၄-၁၉၇၀)၏၉ရနှစ်မြောက်မွေးနေ့ဆုတောင်းပွဲကို ယနေံ25.12.2011နေံလည်၂နာရီမှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ အဆိုပါဆုတောင်းပွဲကို ကျင်းပရာတွင် ဒေါက်တာလှမြင့် ဒေါက်တာခင်မောင်ဦးနှင့် ဦးတင်ဦး(တင်ငြိမ်းဦး)တို့က ဦးဆောင်၍ရာပြည့် အကြိုအဖြစ်ကျင်းပခြင်းဖြစ်ပြီး မအူပင်တက္ကသိုလ်မြန်မာစာဋ္ဌာနမှဒေါက်တာသန်းဝင်း(တွဲပါမောက္ခ)ကအခမ်းနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်မွေးနေ့ဆုတောင်းအခမ်းအနားသို့စာရေးဆရာ ၊ကဗျာဆရာ များတက်ရောက်ကြသည်ကိုတွေ့ရပါသည်။အစ္စလာမ်အလင်း အယ်ဒီတာချုပ်ဦးမောင်ကိုဂဖာရီ မောင်သဲနီ၊ဝါးခယ်မမောင်မင်းနိုင်၊ ကဗျာဆရာမောင်ရင်ဆုနှင့် အခြားစာပေပညာရှင်များး၊ ဂုဏ်သရေရှိလူကြီးလူကောင်းများတက်ရောက်ခဲ့ကြပါသည်။ သမိုင်းပညာရှင်ဗိုလ်မှူးဘရှင်ကို ချစ်မြတ်နိုးကြသော ပညာရှင် များတက်ရောက်ကြပြီး နာမည်ကျော် ကဗျာဆရာကြီးအံ့မောင်က “ပြည်သူ့အတွက်သမိုင်းရေးသူ”ဟူသောကဗျာကို ရွတ်ဆိုဂုဏ်ပြုခဲ့ပါသည်။စာရေးဆရာမကြီးခင်ဆွေဦးကအမှတ်တရစကားပြောကြားရာတွင် ဗိုလိမှူးဘရှင်၏ဆောင်ရွက်ချက်များ အမှတ်ရဖွယ်များကိုပြောကြားခဲ့ပါသည်။ ၎င်းနောက် အမျိုးသားစာပေဆုရဆရာကြီးမောင်သန်းဆွေ(ထားဝယ်)က ဗိုလ်မှူး၏သမိုင်းအပေါ်အားထုတ်လုပ်ဆောင်ချက်များနှင့်သူအားကုန်ဘောင်သမိုင်းကိုပြုစုခိုင်း ကြောင်းကျေးဇူးရှိသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ရှင်လင်းပြောကြားခဲ့ပါသည်။ အမျိုးသားစာပေဆု တသက်တာစာပေဆုရဆရာဦးဋ္ဌေးမောင်ကလည်းသမိုင်းဆိုင်ရာနှင့် ဗိုလိမှူး၏ကြိုးစားမူကိုပြောခဲ့ပါသည်။ အမှတ်တရ စာအုပ်ဝေငှပေးပြီး ၎င်းစာအုပ်တွင်ကမာ္ဘသိသမိုင်းပညာရှင်ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်ဟုရေးထားပြီး ဗိုလိမှူး၏ပံ ုတူပန်းချီပါရှိပါသည်။နောက်ကျောဖုံးတွင် …. “အချင်းချင်းနားလည်ကြမှ သိကြမှထောက်ထားညာတာမူဆိုတာပေါ်လာမယ် ထောက်ထားညှာတာမှဘာသာတိုင်းရဲ့ချစ်ကြည်ရင်းနှီးမူဆိုတာ ရလာမယ် ရလာမှကျွှန်တော်တို့ရဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုတာရလာမယ်” ဟူ၍၁၉၉၆ခုနှစ်အင်းစိန်ဂျီတီအိုင် ကျောင်းသားများသို့ […]


htet wayDecember 21, 20111min48035
လူမှာနာမည်ကအရေးင်္ကြီးပါတယ်။ မှော်ဆရာတဲ့ မှော်ဆိုတာကစွမ်းရည်တစ်မျိုုးပဲ ဖြစ်စေပျက်စေနိုင်တယ်။ လူကိုကြည့်လိုက်တော့ ခပ်ညှက်ညှက်လေး ဦးနှောက်ကတော့ကောင်းသလားမမေးနဲ့ မှော်အတက်တွေနဲ့ဘယ်လိုတွေဖန်ဆင်းထားလဲ မသိဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ကလေးကတစ်ယောက်တဲ့။ ကိုယ့်လူသိပ်တော်တယ်ဗျာ ။ နောက်တစ်ယောက်ကကမ်းဝေးတဲ့ ကမ်းနဲ့ဝေးနေတယ်ဆိုတော့ဘယ်လိုလုပ်ကောင်းတော့မှာလဲ သူ့ဘာသူသိတယ်ထင်တယ် ကမ်းနီးတဲ့ ပြန်ပြောင်းလိုက်ပြန်ရော come ဆိုတာလာသည်၊ way ဆိုတာလမ်း၊ သူ့လမ်းကိုလာပါလို့အဓိပယ်ရပြန်ရော။ ကဗျာရေးတော့အရမ်းကောင်းတာပဲဗျာ ဖေါ်ရွေမှု့လည်းရှိ သဘောမနောလည်းကောင်း ဒိလိုလူမအောင်မြင်ရင် ဘယ်လိုလူအောင်မြင်မှာလဲ။ Nature နေးချားတဲ့ သဘာဝဆိုတဲ့အတိုင်း စကားတွေကလည်းသဘာဝကျကျ တိုင်းရင်းဆေးကိုလေးစားတာနဲ့တင် ခင်မင်မိပါတယ်။ ဒီလူ့ပုံကြည့်ရတာ စာနာစိတ်တော်တော်ရှိမယ့်ပုံပါ။ လူညိုချောင်္ကြီး ကိုဘလက်ချောကတော့ အဆိုကောင်းဗျာ သဘောမနောလည်းကောင်းပါတယ်။ ကိုရင်စည်သူ လက္ခဏာဆရာ ဗွီဒီယိုမင်းသားလုပ်ရင်ရတယ် ။ ကျွန်တော်ပြောချင်တာကနာမည်တွေအကြောင်းပါ ဒီအကြောင်းလေးကိုကားစီးလာရင်းတွေးမိပါတယ် စိန်ပေါ၊ သိမ်ဖြူ၊ စာတိုက် စသဖြင့် ကားမှတ်တိုင်တွေရှိတဲ့အထဲက မဆလာစက်မှတ်တိုင်ဆိုတာလည်းရှိ်ပါတယ်။ ကျွန်တော်တို့ ဂေဇတ်ရွာသူရွာသားတွေ ထဲမှာနာမည်လေးတွေကိုမှတ်မှတ်သားသားဖြစ်မိတယ် ပန်ပန်တဲ့ […]


htet wayDecember 18, 20111min16710
မြို့ပြရဲ့ ညနေညိုဆို မြို့ကလေးကိုလွမ်းတယ် ဟိုအရေးဒီရေး အရေးပေါင်းများစွာထဲက ညီမလေးမုန်းသွားမှာစိုးတယ်ဆိုတဲ့ အရေး စိတ်ကိုတစ္ဆေခြောက်တယ် မနေ့က အလိုမကျတဲ့စိတ်နဲ့ ဒီနေ့ပလက်ဖေါင်းပေါ် ဖြတ်လျှေက်မိပြန်တယ် အဆင်ပြေတယ်ဆိုရုံလေးပါ ဘဝရပ်တည်မူဟာာကဗျာ မဆန်ခဲ့ ပါဘူး တဖက်သားကို လက်ညိုးထိုးတတ်သူတွေရဲ့ အဓမ္မတရားကိုလည်းစိတ်မပါဘဲနာခဲ့ရ တင်းတိတ်ကို လေဆာနဲ့ ဖျက်မယ် ဒီအမာရွတ်ကြောင့်စိတ်ပျက်တယ်ဆိုတဲ့ အလှပဓါနဝါဒီတွေကို အော်ဂလီဆန်ခဲ့ရတယ်။ အရေးကြီးတာငွေပဲ ဒီခောတ်မှာဒီဓါတ်ပြားကအပ်ကြောင်းထပ်နေတယ် ဒီအလွှာမြင့်တယ်ဆိုပေမယ့်ဒို့ကဒါပဲတတ်နိုင်တာကိုး ဟိုတနေ့က ဂုဏ်ကြီးရှင်တယောက်အိမ်မှာ ပိုးစိုးပက်စက်အဆူခံရတဲ့အိမ်ဖေါ်မလေးရဲ့မျက်ရည် မြို့ကလေးကိုပြန်ချင်တဲ့ အလွမ်းသီချင်းပါ ကားတွေ ပြည့်ကျပ် မှတ်တိုင်နားမှာပုတီးစိတ်ရင်း မွန်းကြပ်တဲ့မြို့ပြညနေညိုမှာ ကျွှန်တော်မြို့ကလေးကိုလွမ်းမိပါတယ်။


htet wayDecember 7, 20111min1995
မီးစိမ်းနေတယ် ငါစောင့်ကြည့်တဲ့ အစိမ်းရောင်မပေါ်သေးဘူး နှလုံးသားကစိမ်းနေတုန်းပဲလား နေမကောင်းလို့ အိပ်ယာထဲလှဲနေလား စိတ်တွေ ကြေမွလို့ တွန့်ကြေပြီးလွမ်းနေလား ဘာမှ မလုပ်ချင်လောက်အောင် နွမ်းလျနေလား အစိမ်းရောင်ကငါ့ကိုတစ္ဆေ ခြောက်တယ် ငါ့ဝိညာဉ်ကို အကျည်းချထားတာလားအစိမ်း ငါ့ ဝမ်းနည်းမူကို အစိမ်းရောင်တွေတူးဆွနေတယ် G-talk မပြောဖြစ်သောနေ့ရက်များပါလေ ရပ်ဝေးမြေခြားမို့ ပြေးတွေ့လို့မရပါဘူး စာလုံးလေးရိုက်ပြီး ပြောဖို့တောင် အဆင်မပြေခဲ့ပါဘူး ဂုဏ်ကြီးရှင်မာနက အစိမ်း ပညာရှင်နှလုံးသားက အစိမ်း စကားလုံးတွေ အေးစက်စက် အစိမ်း G-talk မပြောဖြစ်သောနေ့ရက်များပါလေ သူပို့တဲ့စာလုံးတွေ တွေ့ချင်တယ် သူပြောတဲ့ ခပ်မာမာ ပညာဆန်တဲ့ စကားတွေ ကြားချင်တယ် မလိုတဲ့ အစိမ်းတွေငါ့ကိုလာဟိုင်း(Hi) ကြတယ် သွား…အားလုံးအနီ busy စမ်းပါ ငါ့မျက်လုံးထဲ အစိမ်း အားလုံးစိမ်းလိုက်ကြစမ်း ဆန္ဒမပြည့်ခဲ့ပါဘူး ငါမျှော်နေတာကမစိမ်း တစ်နေ့လုံး ထိုင်စောင့်တာတောင် […]


htet wayDecember 2, 20111min2208
အမြတ်တနိုး တွယ်မက်ဒဏ်ရာများ နှလုံးသားမှာ အမာရွတ်ကျန်ရစ်ပြီ တွယ်ရင်လမ်းမဖြောင့်ဘူး အထပ်ထပ်ရစ်ထားတဲ့ကြိုး ဝင်သက်ထွက်သက်သတိကပ်ရင်လည်း ပြန့်လွင့်သွားတဲ့စိတ်က မင်းဆီမှာ ကြီးတောင်ကြီးမ ဝမ်းရေးနဲ့လွမ်းရေးဒုက္ခတောမှာ မင်းအတွက်မောရတာလည်းဝေဒနာ။ ကိုယ့်စိတ်ကိုယ်ထိန်းလည်း သူ့မျက်နှာကဗျာကိုပဲ ငေးမောဖတ်ချင်မိ တဏှာနွံထဲကျွန်ကျနေတဲ့ကောင် ဓမ္မနဲ့ငြိမ်းသက်တာတောင် တငွေ့ငွေ့လောင်ကောင်းတုန်း….. ကွယ်… မေ့ပစ်လိုက်တာ အကောင်းဆုံး သမာဓိကိုထုဆစ် မင်းပန်းပုရုပ်လေးက အသက်ဝင်လာပြန်ပြီ။ စိတ်ရိုင်းတွေကို ပါးလျအောင် ပယ်သတ် အငြိမ်းဆုံးသော အငြိမ်းဓာတ်ကို ငါရှာဖွေခဲ့လည်း ငါ့စိတ်ကို ငါဆုံးမလို့ မရန်ိုင်ခဲံ့ပြန်ဘူး… အပြန်ခရီးအတွက် ဆူးညောင့်ခလုပ်ဟာသူပါပဲလို့သိလည်း ရှိခြင်းကိုငါမဆုပ်ကိုင်နိုင်တော့ ငါလျှောက်တဲ့လမ်းဟာခရီးမတွင်ခဲ့ဘူးလေ….။ ။


htet wayDecember 1, 20111min1939
စိတ်က ထိန်းရခက်တယ် စိတ်ကို လေ့ကျင့်ကြတယ် စိတ်ကပဲ ဦးဆောင်နေတယ် စိတ်ကစိတ်ကိုလှည့်စားတယ် မကောင်းတာကိုပဲ လုပ်ချင်တဲ့စိတ် နောင်တရတဲ့စိတ် ကောင်းမူတွေပဲလုပ်ချင်တဲ့စိတ် သမာဓိရတဲ့….တည်ငြိမ်စိတ် စိတ်အချင်းချင်းတောင်ရန်သူလိုပဲ အားပြိုင်လွန်ဆွဲ မမြဲတာကို မမြဲမှန်းမသိတဲ့စိတ် မြဲတာကိုမြဲတယ်လို့ မှတ်ယူနိုင်တဲ့စိတ် စိတ်ကစိတ်ကိုလှည့်စားတယ် ဘဝတွေ ကျရှုံးပြီး နေချင်သလိုနေလို့ရတဲ့ဘဝထဲ သေချင်သလိုသေခဲ့ရသူတွေ နေချင်သလိုမနေဘဲ ဖြစ်သလိုမသေခဲ့ကြတဲ့ မဟာလူသားတွေ အဲ့ဒီစိတ်က အဲ့ဒီစိတ်က်ု အနိုင်ယူခဲ့ပါတယ် ်စိတ်သာအဓိကဆိုတဲ့လူ့ဘဝကြီးမှာ စိတ်ကပဲ စိတ်ကိုထိမ်းကွပ်ခဲ့တယ်လေ…..။


htet wayNovember 29, 20111min1153
ဖြူစင်တဲ့မေတ္တာလောက် ဘယ်ကောင်းကင်မှကြယ်မစုံဘူး တစ်ယောက်နဲ့တယောက်ကြင်နာကြ စိုးရိမ်မူတွေနဲ့ နွေးထွေးကြ ဒီမိသားစုအလှတရားပန်းတွေပဲ ကမ္ဘာမှာ မွှေးစေခဲ့တာပဲ နှင်းထက်ဆွတ်ဆွတ်ဖြူတဲ လရောင်ထက်အေးမြတဲ့ အချစ်နဲ့… ငါ့သတိရစိတ်တွေ ဝေနေခဲ့တာညီမလေး ဒီအချိန်…. အလုပ်သွားချိန် ဒီအချိန်…. အလုပ်ပြန်ချိန် စိတ်မှန်းနဲ့ပဲ ပုံရိပ်ကိုဖေါ်မိ စိတ်ပူတာ….အချစ်ပဲ ၅၂၈သွယ်သော မြစ်တမြစ်စီးဆင်းလို့ ကမ္ဘာဦးကစခဲ့သော တစ်ဦးကိုတစ်ဦးမျှော်တတ်သည့်အကျင့် မိသားစု ဆိုတာဖြစ်ခဲ့ကြတယ် ။ ။


htet wayNovember 28, 20111min2237
ဒီအချိန်ဆိုမြို့ကလေးပေါ် နှင်းစက်တွေခုန်ချ လမ်းမပေါ်မှာဖွေးဖွေးလှုပ်လို့ ….။ ဝရံတာလေးကိုမေးထောက်လို့ ချစ်သူအလာကိုမျှော်နေပြီလား အဆင်ပြေခြင်းတွေနဲ့မသင့်မြတ်လို့ သောကတွေနဲ့ မိတ်ဖွဲ့နေပြီလား ကောင်မလေးကတော့ ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ….။ သောကနဲ့ကြုံတိုင်း ချစ်သူဆံနွယ်လေးပင့်သပ်ပါရစေ ကောင်မလေးကတော့ ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ…။ ညနေခင်းဆို မြိုပြင်ထွက်လမ်းလျှောက်နေမလား လမ်းမပေါ်မှာကြေကွဲနေမလား သူ့အခန်းကျည်းလေးထဲတွန့်ကြေပြီးလွမ်းနေမလား ကောင်မလေးကတော့ ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ တောင်အရပ်မှာမှိုင်းညို့လာပြီလားဆိုရင် အဝေးပြေးကားကြီးတွေဖြတ်မောင်းသွားပြီလားဆိုရင် ရထားဥဩသံကိုကြားပြီလားဆိုရင် ဝေးကွားခြင်းဓါးရှည်နဲ့ပိုင်းဖြတ်ခံရတဲ့ကောင်မလေးလေ ချစ်သူကိုမြင်ချင်လွန်းလို့ အလွမ်းတွေရှိုက်ကြီးတငင်တဖွဲဖွဲကျ ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ……..။ ။ ဝေးကွာခြင်းဓါးရှည်နဲ့ပိုင်းဖြတ်။ ။ ကဗျာဆရာဒေါင်းနွယ်ဆွေ၏ စကားလုံးကိုယူသုံးထားမိပါသည်


htet wayNovember 23, 20111min1662
သိုက်စွန့်ပျံသန်း ဟို့တောတန်းဆီ ….။ အတောင်ကျွတ်လည်း မိုးကြားမရွံ့ မတွန့်မတုန် လေဟုန်မစီး တောမီးမကြောက် ဒူးမထောက်ပါ တစ်ပေါက်စမ်းရေ တွေ့ရနိုး။ မုန်တိုင်းကြမ်းကြမ်း လမ်းပိတ်ကာဆီး မညည်းမခို ရှေ့ကိုအရောက် ထိုးဖေါက်ပျံတက် စားကျက်ရှာဖွေ အေးရိပ်မြေသို့ မိတ်ဆွေငှက်တို့ပျော်စံရာ။ သစ္စာရှိငှက် ရည်ရွယ်ချက်ဖြင့် သိုက်စွန့်ပျံသန်း ဟို့တောတန်းဆီ….။ ဝန်ခံချက်။ ။ပုသိမ်တက္ကသိုလ်နှစ်လည်မဂ္ဂင်းမှာဖေါ်ပြပြီးသားကဗျာပါ အရင်ကမသုံးရဲတဲ့ စကားလုံးလေးတွေ ပြုပြင်ထားပါတယ်။