တနေ့သ၌ ကျွန်ပ်တို့၏အပေါင်းအသင်းစကားဝိုင်းလေးတွင်မေတ္တာအကြောင်းပြောဆိုရောက်ရှိသွားရာမြို့၏နာမည်ရရှေ့နေကြီး ဦးငွေကြည်ကသူလည်းမေတ္တာပို့နေကြောင်းပြောကြားလာသဖြင့်ဆရာငွေ၏မေတ္တာပို့ကိုပြောပြပါဟုတောင်းဆိုလိုက်မိရာဆရာငွေကအောက်ပါအတိုင်းပြော ပြခဲ့ပါသည်။ ကျွန်တော်မေတ္တာပို့ကတော့ “ဗိုလ်လူများစွာ.ဆွေသဟာတို့ ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ” ဖြစ်ပါတယ်ဗျားလို့ပြောလာပါတယ် ကျွန်ပ်မှဒီမေတ္တာပို့လေးကရိုးရိုးရှင်းရှင်းလေးပဲလူနတ်ဗြဟ္မာသတ္တဝါတွေ ကျမ်းမာစေကြောင်းချမ်းသာစေကြောင်း မေတ္တာပို့တာဟာကောင်းပါတယ်ဟုပြော ကြားလိုက်သောအခါဆရာငွေကရှေ့နေလေသံဖြင့်ကန့်ကွက်ပြောကြားလာပါတော့သည်။ဆရာငွေကကျွန်ပ်အား ကျွန်တော်မေတ္တာပို့ကိုအနက်အဓိပါယ်ပြောင်းလဲ ဲအောင်မပြုလုပ်ပါနှင်ကျွန်တော်မေတ္တာပို့မှာ ရည်ညွှန်းတာကလူနတ်ဗြဟ္မာသတ္တဝါတွေမဟုတ်ဘူး ဗိုလ်လူများစွာဆွေသဟာတွေဇြစ်တယ်ဟုထောက်ပြကန့်ကွက်လာပါသည်။ ဆရာငွေကဆက်လက်ရှင်းပြသည်မှာ..၎င်း၏မေတ္တာပို့သာမာန်နှယ်နှယ်ရရမေတ္တာပို့မဟုတ်ကြောင်းအကြောင်းတရား အကျိုးတရားများကိုဆင်ခြင်တွေးတောပြီးမှ ပို့သတဲ့ကိုယ်ပိုင်မေတ္တာပို့ဖြစ်ကြောင်း ပြောဆိုလာသဖြင့်လင်းစမ်းပါအုံးဆရာငွေရယ်ဟု ကျွန်ပ်မှမေတ္တာရပ်ခံတောင်းပန်သောအခါ ဆရာငွေက ဝင်းပသောမျက်လုံး ရွှင်မြသောအပြုံးကိုပြုလျျှက် မေတ္တာရှင်တို့၏အမူအရာဖြင့်….ကျန်းမာပါစေဆိုတာက အမူအခင်းတွေဖြစ်ကြတာကိုသုံးသပ်ကြည့်မယ်ဆိုရင် ကျန်းမာလို့အမူတွေဖြစ် ်ကြတာဗျ ဥပမာ..ရိုက်မူ..မုဒိမ်းမူ..လူသတ်မူ..ကာမရယူမူ.မယားခိုးမူ.စတာတွေဟာ ကျန်းမာလို့ကျူးလွန်နိုင်ကြတဲ့အမူတွေဖြစ်တယ် အဲ့ဒါကြောင့်ကျန်းမာကြပါစေလို ့မေတ္တာပို့တာဗျ။ ချမ်းသာကြပါစေဆိုတာက အမူတွေကျူးလွန်ပြီး ရှေ့နေငှားနိုင်လောက်အောင်ချမ်းသာမူမရှိဘဲ ဆင်းရဲနေလို့လဲမဖြစ်ဘူးလေ ဒါကြောင့် ချမ်းသာကြပါ စေလို့လည်း မေတ္တာပို့တာဖြစ်တယ်လို့အားတက်သရောလင်းပြပါတော့သည်။ ဆက်လက်ပြီးဆရာငွေကဆိုသည်မှာ..ဆရာတို့လည်း(ကျွန်ပ် အား) မီဒီယာလုပ်ငန်းတွေ ကျန်းကျန်းမာမာနဲ့လုပ်ဆောင်နိုင်ကြပါစေ မလွတ်မကင်းပြဿနာတွေပေါ်လာရင်လည်း ရှေ့နေငှားနိုင်လောက်အောင်ချမ်းသာပါစေဟု ကျွန်ပ်ကိုပင်မေတ္တာပို့သလိုက် သေးတော့သည်။ ကဲရွာသားအပေါင်းတို့…စာရေးတဲ့သူကိုပုဒ်မ၅၀ဝနဲ့တရားစွဲတာမြို့ကြီးတွေမှာရှိတယ်လို့ကြားနေရတဲ့အချိန်မှာကျွန်ပ်ကိုပို့တဲ့မေတ္တာကကျောချမ်းစရာ မဖြစ်ပေဘူးလား။ကျွန်ပ်မြို့မှာကလည်းသတင်းပါတာတောင် ရန်ရှာနေတတ်တော့….အင်း….ကျောချမ်းစရာရွှေမေတ္တာပို့ပါလားဆရာငွေရေ့…..။ အဲဒီနေ့ကဘေးရန်ကင်းပါစေ၊အမူအခင်းကင်းပါစေဟု ကျွန်ပ်လည်းမေတ္တာပို့ပြီး ခပ်ကုတ်ကုတ်ပြန်ခဲ့ရလေတော့သည်။ ။ […]