htet wayJanuary 29, 20121min29111
ကျွန်တော်တွင် တယ်လီဖုန်းတစ်လုံးရှိခဲ့ပါသည်။ ခါးမချိတ်ပဲ အကျင်္ ီ အိပ်ကပ်ထဲ တွင်ထည့်ကာသွားးပါသည်။နယ်မြို့လေးတွင် ချမ်းသာသူများသာဟမ်းဖုန်းခါးချိတ်ကြပါသည်။ကျွန်တော်လို လူဆင်းရဲငမွဲက ဟမ်းဖုန်းနှင့်ဆို ကဲ့ရယ်စရယ်ဖြစ်ပေမည်။ ဖုန်းကို အိတ်ထဲထည့် ပြီး လက်ဖက်ရည်ဆိုင်ထိုင်မိလျှင် ဆရာ ဖုန်းတကောလောက်ဆက်ချင်တယ်။အရေးကြီးကိစ္စတော့မဟုတ်။“ ဟဲ့ မိကြေးနင်ညက ကိုရီယားကားကြည့်သေးလား..”ဘာလားညာလားပြော ကြသည်။နောက် အသိတွေက ဖြတ်သွားတုန်းဆရာဖုန်းဆက်ချင်လို့ ဆိုပြီးပြောကြဆက်ကြသည်။ မိဇာရေ နင်ကောင်ကြီးဘယ်လိုလဲ အရင်လိုပဲမူးတုန်းပဲလား။လူပုံကဖြောင့်ရဲ့သားနဲ့ ဒီအရက်ကဟယ် ဘာများကောင်းလို့လဲ ..စသဖြင့် ပြောကြသည်။ နောက် အိမ်မှာနေတုန်း အိမ်ဘေးအိမ်က ဆရာဖုန်းတကောလောက်ဆက်ပါရစေ။ပြောတဲ့ စကားက ယဉ်သကိုး ဆက်ခွင့်ပြုလိုက်တော့ အေးဘုံရေ နင် ကွမ်းရောင်းတာ အဆင်ပြေရဲ့လား ဟဲ့ သူဇာလေ ဟိုကိစ္စနင်ကြားပြီးပလား သူ့ကောင်က ကဗျာဆရာတဲ့ သောက်တဲ့ အရက်ကပြောမနေနဲ့တော့ ကြွက်တွင်း..ဘာရယ်ဟုတ်ဘူးနော် ဒါပဲ ။ဤသို့ အားမနာလျှာမကျိုးကျေးလက်ဆန်သောကျွန်တော်မြို့ ကလေး၏ စိတ်ပျက်ဖွယ်ကောင်းသောစရိုက်ပါပေ။ […]


htet wayJanuary 29, 20121min1366
တလောက ခရစ်ယာန်အဖွဲ့က ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို နာရေးကူညီမူနဲ့ ပတ်သက်ပြီး P.H.D ပေးတယ်။တကယ်တန်းနာရေးကူညီမူက အရေးကြီးပါတယ်။ကောင်းတာလုပ်တာကိုကောင်းမြတ်ပါတယ်လို့ ထောက်ခံချီးမွှမ်းခြင်းဟာ သာဓုခေါ်ခြင်းပါပဲ။ ကျွန်တော်တို့ မြို့က ဦးကျော်မြင့်ဆိုတဲ့ သစ်စက်ပိုင်ရှင်တစ်ဦးက လွန်ခဲ့သော နှစ်၂ဝလောက်ကတည်းက နာရေးကုညီမူတွေလုပ်နေခဲ့တယ်။အခုလည်းလုပ်နေတာပဲ လူတစ်ယောက်သေပြီဆိုရင် သူကခေါင်းတစ်လုံးတော့ပေးတယ်။ခေါင်းအတွက် အကူအညီတောင်းသူတွေလူ ၃၀ဝထက်မနည်းကူညီပေးခဲ့တယ်လို့ ကြာ းသိရပါတယ်။ ဆင်းရဲသူတွေကလည်းခေါင်းတစ်လုံးဖိုးအတွက် အတော်ပဲ စိတ်ညစ်ကြရပါတယ်။နာရေးဖြစ်သွားပြီဆိုတာနဲ့ နည်းနည်းကုန်ကျစရိတ်ကြီးတာခေါင်းပဲလေ။ ၄သောင်း၅သောင်းလောက်ကုန်တယ်။ နယ်မြို့တွေမှာက လူသေရင် ဝိုင်းလုပ်ပေးကြတယ်။၃ရက်ထားတယ် နောက်မြေချတယ်ပေါ့။ မြို့စွန်က သိင်္ချိုင်း ကို ထမ်းရတာ၊ အခုတော့ တွန်းလှည်းရှိနေပြီ အလှူရှင်တွေရှိနေပြီ။ဒီမှာ ငွေကြေးလုံးဝမတတ်နိုင်တဲ့ လူတွေက ဦးကျော်မြင့်ကိုပြောကြရင် ဦးကျော်မြင့်ကခေါင်းဖိုးတော့ထုတ်ပေးတယ်။ကုန်ကျခံပြီးမညီးမညူဆောင်ရွက်ကူညီပေးတယ်။နောက်လိုအပ်တာတွေလည်းလိုသလိုဆောင်ရွက်ပေးတာပါပဲ။ ကျွန်တော်ဆိုလိုချင်တာက အားနည်သူကို ဝိုင်းကူပေးတတ်တာဟာ မြန်မာစိတ်ဓါတ်ပါ။မင်္ဂလာတရားတော်ပဲ။နောက် ကောင်းတာကို ကောင်းမြတ်လှပါတယ်လို့ပြောတာ သာဓုခေါ်တာပဲလေ။ကျွန်တော်တို့တွေဟာ ဘာသာလူမျိုးမခွဲခြားပဲ ကောင်းတာကိုကောင်းတယ်လို့ ထောက်ခံရဲရပါမယ်။ ခရစ်ယာန်အသင်းတော်ကြီးကဦးဆောင်ကာ […]


htet wayJanuary 26, 20121min64430
အဆီကျအသားကျစ် ဆေးနည်းနဲ့ ကုသတဲ့ ဆရာတစ်ဦးနဲ့ ရင်းနှီးခဲ့ဖူးပါတယ်။သို့သော် ဆေးနည်းတောင်းတာမရခဲ့ပါ။ ပိန်ချင်သူတွေက ဆရာရယ် တိုင်းရင်းဆေးနည်းနဲ့ ပိန်ဆေးလေးပေးပါ ကျွန်တော်ကိုတောင်းတဲ့ အမျိုးသမီးက ဆိုက္ကားမဆန့်အောင်ဝသူပါ။ကျွန်တော်ကလည်းဆေးနည်းပေးလိုက်ပါတယ်။နံနက်ကို တိုင်းရင်းဆေးအမှတ် ၁ မက်လင်ချဉ်လျှက်ဆားသောက်ပေါ့၊ နေ့လည်အပူငြိမ်းဆေး အမှတ်၁၆သေက်ပေါ့၊ ညကိုတော့ အမှတ်၁ဝ ဆီးရွှင် ဝမ်းနုတ်ဆေးသောက်ပါပေါ့။ နောက်ရက်တွေ့တော့ ဆရာရယ် မထူးပါဘူးတဲ့ သူကတစ်နေ့ကို ၁၂နာရီကျော်ရင် ထမင်းသုံးဆင့်ချိုင့်ကို တဝစားတယ်။ ပြီးတရေးတမောအိပ်တယ်။စားတာကလည်းအဆီအဆိမ့်၊ ပျင်းတာကလည်းတအား ဟုတ်ကဲ့ မပိန်နိုင်ပါဘူး။ အဆီကျ အသားကျစ်ချင်ရင်တော့ မနက်စာကို ၁၂နာရီမထိုးမည်စားပါ။ ၁၂နာရီနှင့်၂နာရီအတွင်း မနက်စာစားခြင်းရှောင်ပါ။နေ့ခင်းနေ့လည်အိပ်တာမလုပ်ပါနဲ့။ ညနေစားကို လျှော့စားပါ ဟင်းချိုလို အရေသောက်လေးနဲ့ စားပါ။ စောစောမအိပ်ပါနဲ့ စောစောထပါ။လေ့ကျင့်ခန်းအနေနဲ့ တခုခုလုပ်ပါ ပြင်းပြင်းထန်ထန်လုပ်စရာမလိုပါ။ ညအိပ်ရာဝင်ကို ရေကျက်အေး (ကျိုပြီးသားရေ) ကို ဖန်ခွက်တစ်လုံး+ ပျားရည်ဟောင်းစတီးဇွန်းတစ်ဇွန်း+ရှောက်သီးလေးပုံ ပုံတစ်ပုံ […]


htet wayJanuary 25, 20121min25913
လောက၌ အပျိုကြီးလူပျိုကြီးဖြစ်ရခြင်းသည် အင်မတန်ကုသိုလ်ထူးသောအမူကိစ္စသာဖြစ်သည်ဟု ကျွန်ပ်ဆိုချင်ပါသည်။မိမိစိတ်ကို ထိမ်းနိုင်ခြင်း သတ္တိထူးကိုပင် ချီးမွှမ်းစရာပင်ဖြစ်လေသည်။ အပျိုကြီးဖြစ်သူတွေသည် ကလေးဒုက္ခကင်း၏၊ယောကျာ်း၏အဆူခံရသောကိစ္စ၊ ဝတ်ကြီးဝတ်ငယ်များကင်း`၏၊အိပ်ရေးပျက်ခြင်းကင်း၏အစစအရာရာ တွင်အပျိုလူပျိုကြီးများကား လူသာမာန်များမဟုတ် သမာဓိရှင် များနီးနီး စိတ်စွမ်းအားပြင်းပြထိန်းကွပ်နိုင်ကြလေသည်။(ဤကား စကားချပ်) အိမ်မဲမြို့ျနှင့် ၈မိုင်ခန့်ဝေးသော ရွာသာယာသပြေတန်း၌ ကျွန်တော်နေခဲ့ဖူးလေသည်။တတ်သည့်ဆေးပညာလေးနှင့်ဆေးကုပေးခဲ့သည်။ ဤတွင် အပျိုကြီးတစ်ယောက် ကိုဆေးကုသပေးခဲ့သော အဖြစ်အပျက်လေးကို သတိရမိလေသည်။အပျိုကြီးကား ရူးသွပ်ခဲ့လေသည်။ရူးသွပ်သည်မှ သွက်သွက်ခါအောင်ရူးနေသည်။ရွာ၏ ထုံးစံအတိုင် ရွာသူဖမ်းစားသည် အောက်လမ်းနှင့်လုပ်ခံရသည် ဟု ယိုးစွပ်ကာ အထက်လမ်းဆရာတွေခေါ်ယူကာကုသ ကြသည်။ အထက်လမ်းဆရာကား ပွဲတင် ပြီး ကြိမ်လုံးတစ်လုံးဖြင့် ရိုက်ကာမေးသည်။ ဆိုင်ရာပုဂ္ဂိုလ်ဖမ်းချုပ် ဆိုသလို ဘယ်သူလဲ။ကဲလာစမ်း စသည့် အသံများ၊လာရောက်ကြည့်သူများဖြင့် ဖြင့် ထိုအိမ်ကား စည်ကားနေ၏။ ထို အပျိုကြီးကား မစမ်းကြည်ဟုခေါ်ပြီး သူမ၏ရူးသွပ်မူကား သံကြိုးတုပ်နှောင်ရသည်ထိဖြစ်ခဲ့ ရလေသည်။ ဆရာတစ်ယောက် ရောက်ရှိလာချိန်မှာ […]


htet wayJanuary 24, 20121min41529
ကိုနေချားရေ အပြင်မှာ နှင်းတွေဆွတ်ဆွတ်ဖြူ ကျနေလေရဲ့ ဆိုင်ကယ်မီးတစ်ထိုးစာ အလင်းလေးနဲ့ မနက်ခင်း သွားနေရပါတယ်။ကျွန်တော် တို့ အခုသွားနေတာအိမ်မဲမြို့နယ် ညောင်ပင်စုကျေးရွာလေးကိုပါ။ အဲ့ ဒီမှာ အသက်၈၃နှစ် လောက်ရှိတဲ့ ဆင်းရဲသူကြီးအဖွားအိုတစ်ယောက် ပေါင်ရိုးကျိုးလို့ပါ။ကျွန်တော်ကလည်း ဒီနေ့မနက် ၁ဝနာရီလောက်ဆို မြောင်းမြကို သွားရမယ်လေ။ဒါကြောင့်ပဲနှင်းမပွဲခင်ကပဲ သွားလိုက် ရတာပါ။ အဖွားအို ကဝိပဿနာအားထုတ်တာနှစ်၂ဝလောက်ရှိပြီလို့ သိရပါတယ်။ဘုန်းကြီးကျောင်းမှာနေတာပါ အရိုးကျိုးသွားမှသားသမီးတွေအိမ်ကို ပြန်ရောက်ရတာလို့ သိရပါတယ်။ဟိုရောက်တော့ အဖွားအို က ညည်းတွားနေပါတယ်။ပေါင်ထိပ်ကထိုးတယ်ကိုက်တယ်လို့ပြောပါတယ်။ကျွန်တော်က အဘွားအိုကို လှဲလျှက်ကပဲခြေနှစ်ဘက်ကို ညှိကြည့်ပါတယ်။ခြေနှစ်ချောင်းရဲ့ ခြေဖနောင့်လေးတွေကို ညီအောင်လုပ်ကြည့် ပါတယ်။ခြေတစ်ဖက်က တစ်လက်မလောက်နီးနီးတိုဝင်နေပါတယ်။သေချာပြီပေါင်လည်ပင်းရိုးလေးကျိုးတာပဲ။ရပ်လို့လည်းလုံးဝမရတော့ဘူးလို့ပြောပါတယ်။ဒီမှာသတိရမိတာက ကိုနေချားရဲ့ “ခင်ဗျားဓါတ်မှန်တော့ ရိုက်ထားသင့်တယ်ဆိုတာပါပဲ။ အခုကျွန်တော်ရောက်တဲ့နေရာက အိမ်ခြေ၂ဝလောက်ရှိတဲ့ ရွာလေးပါ။ဆင်းရဲတာလည်း ကျွန်တော်ထိုင်ဖို့တောင် ဖျာ ကခပ်စုတ်စုတ်ရယ်။ အဖွားက နားလေးပါတယ် ကျွန်တော်ပြောတာကို မကြားပါဘူး ဘေးက သူ့ချွေးမကဘာသာပြန်ပေး ပြောပေးရပါတယ် […]


htet wayJanuary 19, 20121min35315
နှင်းဆီ ပင်သည် အရွက် အခက်တို့က တွန့်လိမ်၍ ကြည့်မကောင်း အရွက် မလှရသည့် ကြားထဲ ဆူးတွေကရှိနေသေးသည်။ ဆူးဆိုသည်မှာအနက်အရ ချွှန်ထက်သော သဘောဆောင်သော်လည်း ဥပစာအနက်အရ ရက်စက်တတ်သော၊ နာကျင်စေတတ်သောဟု အနက်ရှိလေသည်။ကျွှန်တော်ဆိုလိုချင်သည်မှာ ကျွန်တော်ချစ်သူလေးမှာ နှင်းဆီပန်းကဲ့ သို့ လှပပြီး ကျွန်တော်သည်ကား နှင်းဆီပင်၏အရွက်ကဲ့ သို့ ရုပ်ဆိုးလှပါသည်။ လောက၌ ဆန့်ကျင်ဘက်တို့ဖြင့်ဖွဲ့ စည်းထားသော်လည်း ဆန့်ကျင်ဘက်ခြင်းညီညွတ်တတ်သည်များလည်းရှိပါသည်။ ချစ်သူသည် ဆံပင်ရှည် ရှည် အသားဖြူဖွေးသောအဆင်းလှသော ရူပကာရှိသည်။ လူမျိုးကို ပြောရလျှင် ပန်းသေးတရုတ်မလေးဖြစ်ပါသည်။တခါတရံ လူပုံ အလယ်တွဲသွားရလျျှင် ကျွန်တော်မှာ လှပသောချစ်သူလေးဖြင့် လမ်းတွဲလျှောက်ရသည်ကို ဂုဏ်ယူရမည့် အစားကြောက်နေခဲ့ မိပါသည်။ အဘယ့်ကြောင့်ဆိုသော် လူများ၏အကြည့်ဒဏ်ကို ခံရလွန်း၍ဖြစ်ပါသည်။တစ်ချို့က အံကြိတ်ကြသည်၊ တစ်ချို့က လက်သီးဆုပ်ပြီး တောက် ခေါက်ကြသည်။ တစ်ချို့က ပါးစပ်ဟောင်းသားဖြင့် […]


htet wayJanuary 17, 20121min41523
ဂေဇက်မှာစာရေးသူတွေကို ကျွန်တော်အထင်မသေးဝံ့ပါ။ အထင်တကြီးရှိခဲသလို တလေးတစားလည်းရှိခဲပါတယ်ဆိုတရိုးသားစွာဝန်ခံပါရစေ။ခြွင်းချက်အနေနဲ့တော့ကိုဘုန်ကျော်ကိုတော့ နည်းနည်းစိတ်ကသိကအောက်ဖြစ်ခဲ့ရပါတယ်။ စာရေးဆရာကြူးနစ်ဟာ အင်မတန်စာရေးကောင်းပါတယ်။ တွေခေါ်မှုစာဟာလည်းအင်မတန်ကိုမှ လေးစားလောက်အောင်ကောင်းတယ်။ ကျွန်တော်ဟာကိုကြုးရဲ့ခြေမှုန်ကိုတောင်မမှီသူ လို့ ခါတရံမှာ တွေးဖူးခဲ့ပါတယ်။ အခုဂေဇက်မှာ စာဝင်ရေးမိတော့မှာ အော်………ငါ့ထက်သုတ/ရသပြည့်သူတွေချည်းပါလားလို့ တွေးဝင်စိတ်ကူးဖြန့်ကျက်မိပါတယ်။ ချီးကျူးသင့်သူကိုချီးကျူးရမှာဖြစ်ပါတယ်။ တစ်ချို့စာသိပ်ရေးတာမတွေ့ရဘူး ကွန်မန့်တွေဖတ်လိုက်ရတော့ အဆင်မြင့်ပြီးတအားကောင်းနေတာတွေ့ရပြန်တယ်ဦးဦးပါလေရာ နေးချား..ကိုသစ်မင်း…. .အခြားလူတွေလည်းရှိပါသေးတယ်။ မန်းဂေဇက်မှာ စာရေးသူတွေကိုဆရာတွေဆရာမတွေလို့ ကျွန်တော်ဆိုချင်ပါတယ် ။ လူတိုင်းက အရေးအဖွဲ့တွေ ၊ ပေးချင်တဲ့ရည်ရွယ်ချက်ကို ပို့ဆောင်တာတွေသိပ်ကောင်း ၊ သိပ်လှကြပါတယ် စာမှာစေတနာကိုတွေပါတယ်။ မန်းဂေဇက်ဟာ သိက္ခာရှိတန်းဖိုးရှိတဲ့ ဝက်ဆိုက်တစ်ခုဖြစ်နေတာ လူအများစုလက်ခံသလို မြတ်နိုးစရာကောင်းတာက ရွာသူရွာသားတွေဟာ အချင်းချင်းမောင်နှမဆွေမျိုးရင်းချာလိုရှိနေကြတယ်။ ဒီလိုအလှတရားမျိုးဟာရှားပါးလွန်းပါတယ်။ ကျွန်တော်အခုပြောနေတာတွေက တကယ့်အစစ်တရား (Realism) ကိုပြောနေခြင်းပါ။ ကျွန်တော်က ဆင်းရဲသားမိသားစုကဖွားမြင်ပြီး ပညာကို ခက်ခက်ခဲခဲ ရှာဖွေကြိုးစားခဲ့ရပါတယ် ။ ရန်ကုန်တက္ကသိုလ်တက်စဉ်ကခါတရံမှာ ထမင်းကိုညစာလွတ်ခဲ့ပါတယ်။ […]


htet wayJanuary 15, 20121min38714
ကျွန်တော်က စာပေကိုချစ်သည်။ဘဝတစ်ခြမ်းကိုယ်လွမ်းစရာကဗျာဟုတင်စားမိသည်လေ။ ကဗျာကို ချစ်သူလို မက်မောခဲ့သည်။ကဗျာကို ချစ်တတ်သော ချစ်သူတစ်ယောက် ကံကောင်းစွာပဲ ရခဲ့ဖူးသည်။ကဗျာတွေရွတ်ပြခဲ့ ကြ၊လသာညတွေမှာ နှစ်ယောက်သားဆုံတွေ့ကာ ကဗျာတွေ ပြောဖြစ်ရင်းသူမက ဂစ်တာတီးလို့ သီချင်းဆိုပြခဲ့သည်။ဘဝဟာ အလှတရားနှင့် ကဗျာဆန်ခဲ့ ဖူးပါသည်။ အညာရွာမှာ ညာတာဝါတာမရှိ အချစ်ကြီးချစ်တတ်ပေမယ့် ညစ်တီးညစ်ပတ်တွေမရှိ…..။ ကွန်စစ်ကောင်းရဲ့ ကဗျာ တစ်စ သတိရမိသည်။သို့သော် အချစ်စစ်သည် ဆုံးစည်းရန်ခဲယဉ်းသည်ထင်ဝေးခဲ့ ကြရသည်။ဝေးတာမှ ရေခြားမြေခြား။ ချစ်ခြင်းတစ်စ ၊သမုဒယအပူ သူ့မှ သူဆိုတဲ့ အစွဲ….။ကျွန်တော်၏တဏှာ အစွဲကို တော်တော်ကြီး ပါးအောင်ပြုခဲ့ရသည်။ ဒီတော ကျားရဲပေါ၏….လာအချစ်မျှစ်ချိုးလိုက်ခဲ့။အချစ်သည် ကျားကို မကြောက်၊အန္တရာယ် ကိုပင်ရင်ဆိုင်ရဲသည်။အချစ်သည် တစ္ဆေမကြောက်မြွေမကြောက်ပါမောင်လာခဲ့ မည် လာခဲ့ မည်ဟု ကြွေးကြော်ခဲ့သည်လေ.အော် ငါငယ်ခိုက်ပေမို့ မိုက်မိတယ်ပဲပြောလေမလား။ မောင်မဝါရဘူးနော် သူပြောတဲ့ နေ့က ကောက်ရိုးနံ့သင်းတဲ့ တလင်းပြင်မှာ […]


htet wayJanuary 13, 20121min22912
မြူတွေဆိုင်းနေတာ အရင်နှစ်က ငါ့အမုန်းတွေပဲ ဖေဖေါ်ဝါရီ ငါ့နှလုံးသားကို သန့်စင်ဖို့ ရာဂီမြူမျှင်တွေကို သုတ်သင်ဖို့ အငြိမ်သက်ဆုံးစိတ်နဲ့ ခရီးဆက်မယ်…. ငါကဆူးစူးခံရဖူးတယ် စိတ်အခွံထဲ အမုန်းတွေမည်းနက် အပူတွေထဲ အရဲကိုးလမ်းလျှောက်ရင်း တွယ်တာ နှောင်ဖွဲ့ သိပ်ချစ်ဖွဲ့ဖူးတယ်…. အခုတော့ အမုန်းမရှိကြေး ကြွေးကြော်ရွက်လွှင့်လို့ သတိကပ်မေတ္တာပွား ဝင်ရောက်လာတဲ့အတွေးမှားတွေကိုပယ်သတ်နှိမ်နင်းခဲ့ပြီ အခုမြူတွေဆိုင်းနေတာ ငါ့မေတ္တာတရားတွေပဲ ဖေဖော်ဝါရီ….


htet wayJanuary 11, 20121min42415
ကျွှန်တော်က ဟာသစာပေကို စိတ်ဝင်စားသည်။ အရင်ကဆိုလျှင် သောကြာမှာ ဟာသဝတ္ထုတွေရေးခဲ့ဖူးသည်။လူများလိုတော့ ဟာဟဉာဏ်မရွှင်ပါ။အခုတော့ ပိုလို့ မရွှင်တော့ ဘဝအမောတွေကို ဖြတ်သန်းရင်း သောကတွေနဲ့ ဝင်တိုးခဲ့ရသူမို့ တခါတလေ အရမ်းစိတ်ချမ်းသာချင်ခဲ့သည်လေ။အရင်ကဆို စာဖတ်၊စာရေး မဂ္ဂဇင်းမှာကိုယ့်စာ ပါရင်သိပ်ပျော်ခဲ့သည်။ ပန်းတနော်သားဝင်းရွှေနီ(ကွယ်လွန်) လက္ခဏာဆရာဆီဝင်တုန်းက “လာဗျာဆရာထက် ကျွှန်တော်ဆွေမျိုး လာရင်တောင် ဒီလောက်ဝမ်းမသာဘူး” ဒီလိုပြောပြီးလက္ခဏာလာမေးသူကို စောင့်ခိုင်းပါတယိ ဒီလို စာပေသမားချစ်ခင်ကြတာပါ။ နောက် မင်းနွယ်စိုး၊မောင်ညိုမှိုင်း(သံလျှင်)….အများကြီးပါ ခင်မင်ရင်းနှီးခဲ့ကြ တယ်။ အခုဂေဇက်မှာပဲ စာရေးတော့ ရွာသူ ရွာသားတွေရဲ့ ဖြူစင်မူတွေကို တန်ဖိုးထားမိတယ် စာပေကိုချစ်စိတ် အချင်းချင်း ခင်မင်စိတ်တွေကို သိခဲ့ရပါတယ်။ ဟာသရေးရတာ ဝါသနာကြီးတာလည်းအခက်တွေ့ရသည် အတည်အခန့်ပြောသူတွေကြားထဲ ဟာသဆန်ဆန်ပြောမိတော့ အခင်မင်ပျက်ရသည်။ဆရာဝန်ရှေ့ သွားပြီးကျွှန်တော်က လူအထင်မကြီးတဲ့ တိုင်းရင်းဆေးဆရာပါလို့ ကိုယ်ကိုကိုယ် ဟာသလုပ်မိတော့ တဖက်သားကို ပမာမခန့် လုပ်သလိုဖြစ်ရသည်လေ။တကယ်တော့ […]


htet wayJanuary 11, 20121min31614
အနီးဆုံးကငေးမောခဲ့ပြီး အခု အဝေးမှာရင်ကွဲနာကျနေခဲ့ ပြီ။ ရွှေပွင့်လွှာ စီးရီးထဲက ကိုသိန်းဇော် တယ်လီဖုန်းဂဏန်းကိုနိပ်ပြီး စိတ်လျှော့လိုက်သလိုမျိုး အားငယ်စိတ်နဲ့ လွမ်းတယ်။ အမှန်တရားကိုရှာနေခဲ့ တာပါ အမှားမှားအယွင်းယွင်းတွေကိုမှ ချဉ်ချင်းတပ်မိတဲ့ ဘဝ နက်ဖြန်ဆိုတာ အားတင်းစရာပဲ။ ကြီးထောင်ကြီးမား လွမ်းစိတ်နဲ့ စိတ်ကူးထဲမှာ ချစ်ခဲ့ မိပါတယ် ကျောခိုင်းတတ်တဲ့ စိတ်နဲ့ မာနကို မြင်လျက် မိုက်မဲသူ ဘယ်သူပြောလဲ ပိုင်ဆိုင်မှအချစ်ဆိုတာ…..။ ကိုယ်ဘေးလွတ်ရာ ရှောင်သလို အများကိုလည်းဆောင်ချင်တဲ့ စိတ် ကိုယ်ကျိုးရှာရင်း အများအကျိုးလည်းပါချင်တဲ့ ဆန္ဒ ညီမလေးရယ် မခေါ်ရက်ပါဘူး လိုက်ဝံ့ရင်တော့ အားရှိမယ်ထင်မိရဲ့။ အခုတော့ ညနေညိုရင် ကြွေကွဲငေးရီရင်း တောက်ပတဲ့ မျက်ဝန်းကိုပဲ ပြန်ပြန် မြင်ယောင်နေမိတော့တယ်။


htet wayJanuary 7, 20121min35516
ကျွှန်တော်ဆီကို ခါးဆစ်ရိုးကျီးပေါင်းတက်တဲ့ အမျိုးသမီးကြီးတယောက်ရောက်လာပါတယ်။ဆရာလေးရယ် ခါးက ကုန်းလို့ကွလို့မရချင်ဘူး တအားနာတယ်၊ဒီမှာဓါတ်မှန်ပါ လိုရမယ်ရယူလာတာပါ ကင်ဆာလားမသိပါဘူးဆရာလေးရယ်။ သူကလက်ပြင်ကလည်းကိုက်နေကြောင်း၊ ဇက်မှာလည်းကျီးပေါင်းတက်နေကြောင်းပြောပါတယ်၊အဲ့ဒီအချိန်က ဆေခန်းစဖွင့်စ၂၀၀၃ခုနှစ်ပါ သူကမရပ်မနားညည်းပြောပြောနေပြီး သူစကားထဲမှာကင်ဆာလားမသိဘူးဆရာလေးရယ်တဲ့ဆိုတာကထပ်နေပါတယ်။သူက မူလတန်းပြဆရာမတစ်ဦးပါ ။ဒါကြောင့် လေးလေးစားစားပဲ ဆရာမရယ်ကုပေးပါ့မယ် ကင်ဆာမဟုတ်ပါဘူး ကျီးပေါင်းတက်တာပါ အဲ့ဒီကစ ပြီးအတက်ဖြစ်တာပါခင်ဗျာ..ဆိုလည်း ဆရာလေးရယ် ကယ်ပါနော် ကင်ဆာလားမသိပါဘူး လို့ပဲ ဆီမန်းမန်းနေပါတယ်။ ကန်တော်ကဆေးစည်းဖို့ ကုတင်ပေါ်မှောက်ခိုင်းတော့ နေအုံးလက်ပြင်အောင့်နေတယ်၊အဲ့ဒါအရင်ဆေးစည်းပေးနော်တဲ့ ။ဆေးစည်းဖို့ အကျင်္ီကိုချွတ်ပါတယ် အတွင်းခံင်္အကျီပါချွှတ်တယ်။ထမီရင်ရှားပါတယ် ဒါတွေလုပ်နေချိန်မှာကျွှန်တော်က အခန်းရဲ့ အပြင်မှာပါ။သူမကိုကူဖို့ ကျွှန်တော်အမကြီးအပျို ကြီးကရှိနေပေးပါတယ်။ဒီအချိန်မှာဒူးနာတဲ့ ဝေဒနာရှင်အမျိုးသမီးလေးတယောက်ရောက်လာပါတယ် ၊ကျွှန်တော်က ခဏစောင့်ခိုင်းပြီး ဆရာမကိုဆေးစည်းဖို့ အခန်းထဲဝင် ဆေးစည်းပါတယ်။လက်ပြင် ကို ဆေးစည်းပြီး ကျွှန်တော်က ကဲ ဆရာမ ခါးကို ဆေးစည်းမယ်ဆိုပြီးအဝတ်လဲချိန် ပေးပါတယ် ကျွှန်တော်ပြန်ဝင်လာတော့ ကုတင်မှာမှောက်လျှက်နဲ့ပဲကျောမှာတော့ အဝတ်ဖုံးထားပါတယ် ဆေးစည်းနေတုန်းမှာလဲ […]


htet wayJanuary 5, 20121min56738
တိုင်းရင်းဆေးဆရာကြီးတစ်ဦးက ကျွန်တော့်ကို နန်းတွင်းသွေးကြောပြင်ပညာသင်ပေးရင်း “တပည့်ရယ်…ဒါတွေက လူအထင်မကြီးတဲ့အရာတွေပါ.. ဘာလို့သင်ချင်ရတာလဲတဲ့” ကျွန်တော်ကတိုင်းရင်းဆေးပညာကို ဝါသနာကြီးခဲ့သည်လေ။ ဆေးဆရာအဖေဆုံးသွားတော့ ဆေးဆရာပေါက်စလေးဖြစ်လာခဲ့တယ်။ ဖြစ်ပုံက အိမ်မဲမြို့နယ်သရက်ကုန်းကျေးရွာတစ်ဖက်ကမ်းက “မိုးသဲသဲ”ဆိုတဲ့ကရင်မလေးရဲ့ လက်မောင်းရိုးကို ကုပေးရာကစတင်ခဲ့ပါတယ်။ ကျွန်တော့်အိမ်ကိုလူ(၁၀)ယောက်လောက်ရောက်လာပါတယ်။သူမရဲ့အမေက ဆရာကြီးဘယ်သွားလဲလို့မေးတဲ့အခါ ကျွန်တော်က အဖေဆုံးပါးခဲ့တာ ၆ လကျော်ပါပြီလို့ပြောတော့ မိုးသဲသဲအမေက ငိုပါလေရော။ ကျွန်တော်ကအံဩပြီးငေးနေမိတယ်။ ကျွန်မသမီးလေး လက်ကတော့ ဆုံးပါပြီတဲ့။…ကလေးမလေးက (၆)နှစ်သမီးလေးပါ အခုဆိုအသက်(၂၅)နှစ်လောက်ရှိမယ်ထင်ပါရဲ့။ လက်မောင်းက အလုံးကြီးပြီး အနာပေါက်ဖြစ်ကာပြည်တွေထွက်တယ် အရိုးစအမှုန်လေးတွေပါတယ်လို့ပြောပါတယ်။ ဒီလက်ကိုခွဲစိတ်ပြီးခြစ်ထုတ်ပြစ်ရမယ်လို့ဆရာဝန်ကပြောလို့ငွေကြေးမတက်နိုင်တာရယ် မခွဲစိတ်ချင်တာရယ်ကြောင့် ဒီကိုလာခဲ့ရတယ်လို့ပြောပါတယ်။ကျွန်တော်တွေဝေသွားခဲ့ရတယ်။ ဓါတ်မှန်တွေထုတ်ပြတာတွေကိုငေးကြည့်ရင်း အကြာကြီးရပ်နေမိတယ်။ အဲ့ဒီ့အချိန်က ကျွန်တော် ၁ဝတန်းအောင်ပြီးစ တိုင်းရင်းဆေးသင်တန်းတိုလေးတွေတက်ပြီးစအချိန်ပါ။ နောက်တော့ ကျွန်တော်ကုပေးပါရစေဆိုပြီး ပြောခဲ့မိတယ်။ ဒီကလေးမိဘတွေကလည်း အဖေအရှိန်နဲ့လက်ခံခဲ့ပါတယ်။ဒီကစလို့ဆေးဆရာပေါက်စလေး ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဖြစ်ချင်တာ အသက်မွေးချင်တာက စာရေးဆရာအလုပ်ပါ။ တစ်ကယ်ဖြစ်လာတာက တိုင်းရင်းဆေးဆရာပါ။ ဒီလိုနဲ့ပုသိမ်မြို့တော်ကြီးမှာ တက္ကသိုလ် […]