တိုင်းရင်းဆေးဆရာတစ်ယောက်ရဲ ့ဝေဒနာခရီးကြမ်း(၂)
ကျွှန်တော်ဆီကို ခါးဆစ်ရိုးကျီးပေါင်းတက်တဲ့ အမျိုးသမီးကြီးတယောက်ရောက်လာပါတယ်။ဆရာလေးရယ် ခါးက ကုန်းလို့ကွလို့မရချင်ဘူး
တအားနာတယ်၊ဒီမှာဓါတ်မှန်ပါ လိုရမယ်ရယူလာတာပါ ကင်ဆာလားမသိပါဘူးဆရာလေးရယ်။
သူကလက်ပြင်ကလည်းကိုက်နေကြောင်း၊ ဇက်မှာလည်းကျီးပေါင်းတက်နေကြောင်းပြောပါတယ်၊အဲ့ဒီအချိန်က ဆေခန်းစဖွင့်စ၂၀၀၃ခုနှစ်ပါ
သူကမရပ်မနားညည်းပြောပြောနေပြီး သူစကားထဲမှာကင်ဆာလားမသိဘူးဆရာလေးရယ်တဲ့ဆိုတာကထပ်နေပါတယ်။သူက မူလတန်းပြဆရာမတစ်ဦးပါ ။ဒါကြောင့် လေးလေးစားစားပဲ ဆရာမရယ်ကုပေးပါ့မယ် ကင်ဆာမဟုတ်ပါဘူး ကျီးပေါင်းတက်တာပါ အဲ့ဒီကစ
ပြီးအတက်ဖြစ်တာပါခင်ဗျာ..ဆိုလည်း ဆရာလေးရယ် ကယ်ပါနော် ကင်ဆာလားမသိပါဘူး လို့ပဲ ဆီမန်းမန်းနေပါတယ်။
ကန်တော်ကဆေးစည်းဖို့ ကုတင်ပေါ်မှောက်ခိုင်းတော့ နေအုံးလက်ပြင်အောင့်နေတယ်၊အဲ့ဒါအရင်ဆေးစည်းပေးနော်တဲ့ ။ဆေးစည်းဖို့
အကျင်္ီကိုချွတ်ပါတယ် အတွင်းခံင်္အကျီပါချွှတ်တယ်။ထမီရင်ရှားပါတယ် ဒါတွေလုပ်နေချိန်မှာကျွှန်တော်က အခန်းရဲ့ အပြင်မှာပါ။သူမကိုကူဖို့ ကျွှန်တော်အမကြီးအပျို ကြီးကရှိနေပေးပါတယ်။ဒီအချိန်မှာဒူးနာတဲ့ ဝေဒနာရှင်အမျိုးသမီးလေးတယောက်ရောက်လာပါတယ် ၊ကျွှန်တော်က
ခဏစောင့်ခိုင်းပြီး ဆရာမကိုဆေးစည်းဖို့ အခန်းထဲဝင် ဆေးစည်းပါတယ်။လက်ပြင် ကို ဆေးစည်းပြီး ကျွှန်တော်က ကဲ ဆရာမ ခါးကို ဆေးစည်းမယ်ဆိုပြီးအဝတ်လဲချိန် ပေးပါတယ် ကျွှန်တော်ပြန်ဝင်လာတော့ ကုတင်မှာမှောက်လျှက်နဲ့ပဲကျောမှာတော့ အဝတ်ဖုံးထားပါတယ်
ဆေးစည်းနေတုန်းမှာလဲ ကင်ဆာလားမသိပါဘူးဆရာလေးရယ်လို့ ဆီမန်းမန်းနေပါတယ်။
ဒီလိုနဲ့ ဆရာမကို ဆေးစည်းပြီးနက်ဖြန်ပြန်လာရမယ့်အချိန်ကိုပြော၊ဆောင်ရန်ရှောင်ရန်ပြောပြီး ကျွှန်တော်လက်ဆေးဖို့ ထွက်သွားခဲ့တယ်
ကင်ဆာလားမသိပါဘူးဆရာလေးရယ်…ဆိုတဲ့ အသံကတော့ တချက်တချက်ကြားရပါတယ်။စောစောကရောက်လာတဲ့ အမျိုးသမီးလေးကို ဝင်လေဆိုတော့ အမျိုးသမီးလေးက ရပ်နေပါတယ် မဝင်ပါဘူး။ကျွှန်တော်က မကြားဘူးထင်ပြီး ထပ်ပြောလည်းမဝင်ပါဘူးကုတင်ကိုပဲ လက်ညိုး
ထိုးပြပါတယ် ကျွှန်တော်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ အမျိုးသမီးကြီးရဲ့ အတွင်းခံဘော်လီကျန်ရစ်ခဲ့ပါတယ်။ကျွှန်တော်မမကိုခေါ်ပြီး
လိုက်ပေးခိုင်းရပါတယ်။
အခုတော့ ဆရာမလည်း ကောင်းသွားပါပြီ ကျန်းမာပကတိရှိနေပါတယ်။ ထီသိန်းတရာပေါက်ပြီးချမ်းသာသွားတယ်လို့ သူ့ကိုယ်သူအထင်ရှိနေတဲ့ လူတယောက် ကိုလည်း မှတ်မှတ်ရရရှိနေခဲ့ပါတယ်။ဟေ့ဆရာ ညနေအိမ်လာခဲ့ကွာ ငါ့လက်ပြချင်လို့ လက်မက တခါတလေကိုက်တယ် ခြေကြွခ ပေးမှာပါကွာတဲ့။
နောက်လူတောယာက်ကတော့ မြို့နဲ့ ၁ဝမိုင်လောက်ဝေးတဲ့ ရွာတရွာကပါ။ကျွှန်တော်ဆီရောက်လာတော့ ဆိုက္ကားနဲ့လာတာပါ အိမ်ပေါ်ကို တွဲတင်ရပါတယ် ခါးကျီးပေါင်းတက်နေတာကြာလို့ လမ်းကောင်းကောင်းမလျှောက်နိုင်ပါဘူး၊အောက်ပိုင်းက လေးပြီးလမ်းလျှောက်ရင်တောင်နင်း
မြောက်နင်းနဲ့ လဲမှာစိုးရပါတယ်။ သူ့ကိုတော့ အိမ်မှာထားပြီးကုရပါတယ် တစ်လလောက်ကြာအောင်ကို ကုရပါတယ်။လုံးလုံးမကောင်းသေးလို့
သူ့အိမ်မှာ ဆေးကြပ်ထုပ်ရက်ဆက်ထိုးဖို့ ၊ဆေးသောက်ဖို့ သေသေချာချာ မှာရ ၊ဆေးပေးရ လုပ်ရတယ်၊ကျွှန်တော်က အဲ့ ဒီအချိန်ကခုနှစ်သောင်း
တောင်းပါတယ်၊ အိမ်မှာလဲလူနာစောင့်အပါအဝင် ထမင်းလည်းကျွေးထားပါတယ်။သုံးသောင်းပေးခဲ့တယ် ကျန်တာကတော့နောက်လာပေးပါ့မယ်ပေါ့
ဒီလိုနဲ့.. ၆လလောက် ဒီလိုကို မတွေ့တော့ပါဘူး။ဆောင်းရောက်တော့နံနက်စောစော ကျွှန်တော်လမ်းလျှောက်ပါတယ် နှင်းဖွဲဖွဲကြားမှာ ပလိုင်းနှစ်လုံးထမ်းလာတဲ့ လူတယောက်ကမောလို့ချနားတာထင်တယ် ၊ရပ်နေပါတယ် ။စောစောက ပင်ပင်ပန်းပန်းထမ်းလာတာပါ၊အနားရောက်တော့ ကျွှန်တော်လူနာဖြစ်နေပါတယ်။ဟာကို….။ခင်ဗျားခါးဘယ်လိုနေသေးလဲလို့မေးကြည့်တော့ မသက်သာသေးဘူးလို့ပြန်ပြောပါတယ်။ကျွှန်တော်က သူ့ပုလိုင်း ကိုငုံ့ကြည့်တော့ ငါးရံတွေဖြစ်နေပါတယ်၊ တဖက်ကို အချိန်တစ်ဆယ်လောက်ရှိမယ်ထင်ပါတယ်။စူစူပေါင်းနှစ်ဆယ်ပါ။
အော် ခါးကမကောင်းတာတောင် အချိန်နှစ်ဆယ်ထမ်းနိုင်တာပဲ ခင်းဗျားက အာဂလူပါလားလို့ပြောပြီး ဆက်လျှောက်ခဲ့ရပါတယ်။
တခါတလေမှာ တိုင်းရင်းဆေးဆရာက အင်နဲ့အားနဲ့ လုပ်ကိုင်ရတာတွေရှိပါတယ် ခြေတောက်ကို နိပ်ရတာတွေ၊ အကြောပြင်ရတာတွေ ရှိပါတယ်၊အမကဆို မောင်လေးရယ် ဒီလိုအလုပ်တွေနဲ့ ရှာကျွေးတာ မစားချင်ပါဘူးလို့ပြောပါတယ်။မဟုတ်ဘူးအမ ဒါဟာ
မွန်မြတ်တာပါ သမာအာဇီဝပါ ဒုက္ခိတဖြစ်မယ့်လူကို ကယ်တင်နေတာပါလို့ ပြန်ပြောခဲ့ဖူးပါတယ်။ အဒေါ်ကြီးတယောက်ကို ဆိုင်ကယ်တိုက်တာ
ပေါင်လည်ပင်းရိုးကျိုးသွားပါတယ်။ကျွှန်တော်ကိုလိုက်ရှာတော့ ကျွှန်တော်မရှိပါဘူး။ဆိုင်ကယ်သမားက လျှော်ကြေးပေးတယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က ရန်ကုန်မှာ ကျူရှင်ဆရာလုပ်နေပါတယ် ။ နောက်တော့ ဒီအဒေါ်ကြီးက စတီးချောင်းထည့်လိုက်ရပါတယ် ။မြို့ကိုပြန်လာတော့
တောင်ဝှေးနဲ့ လမ်းလျှောက်နေတဲ့ အဒေါ်ကြီးက ဟဲ့ ထက်ဝေးရယ် နင်ရက်စက်လိုက်တာ…တဲ့ ကျွှန်တော်အံ့ဩ ခဲ့ပါတယ်။ ဘာကြောင့်လဲလို့မေးတော့ နင်မရှိလို့ ငါစတီးချောင်းထည့်လိုက်ရတယ် အခု မသန်တော့ဘူး ပိုက်ဆံတွေလည်းအများကြီးကုန်တယ်ဆိုပြီး
ဝမ်းပန်းတနည်းပြောပါတယ်။
တိုင်းရင်းဆေးဆရာတစ်ယောက်ရဲ့ ကြေကွဲစရာ ဝေဒနာလေးတွေပါ……။ဆက်ပါဦးမယ်
16 comments
htet way
January 7, 2012 at 9:05 pm
သူကြီးမင်းခင်ဗျား
ကျွှန်တော်တင်လိုက်တာ ကော်နက်ရှင်ကြောင့် ခက်ခဲနေရပါတယ်။
ခေါင်းစဉ်ပြုတ်သွားပါတယ်
တိုင်းရင်းဆေးဆရာတစ်ယောက်ရဲ့ဝေဒနာခရီးကြမ်း(၂) လို့ ခေါင်းစဉ်လေးတပ်ပေးပါ
ရန်မေတ္တာရပ်ခံအပ်ပါတယ်။
naywoonni
January 7, 2012 at 10:24 pm
လယ်ထွန်းသွား နွားမေ့သလိုသာပ
ခေါင်းစဉ်ကို မေ့ရလား ထက်ဝေးရယ်….။
(ညီအငယ်လိုသဘောထားလို့ စသွားသည်)
htet way
January 8, 2012 at 8:27 am
အကိုရေ …စာရေးပြီးလို့တင်တာ မရဘူး အခါခါတင်လည်းအမှားပဲပြနေတယ်
ခေါင်းစီးကရေးထဲကပါပါတယ် errorပြနေတော့ ဒီတခါလည်းမရဘူးထင်ပြီး
နိပ်လိုက်တာ အဲ့ဒီလိုဖြစ်သွားပါတယ်။အကိုလည်းကြုံရင် ကြုံဖူးမှာပါ
အကို ..နဲ့ တခါလောက် တွေ့ချင်ပါတယ် ခင်မင်မူဖြင့်………
ငပေါက်ဖော်
January 8, 2012 at 11:53 am
ကိုထက်ဝေး ရန်ကုန်မှာပဲ မလား..
အကူအညီလိုလျင်..လိုတဲ့လူရှိလျင် လမ်းညွှန်ပေးရအောင်ပါ..
ပညာတွေ..တိုးတက်သထက် တက်လာပါစေကြောင်း..
သမားတော်ကောင်းကြီး ဖြစ်လာပါစေခင်ဗျား
htet way
January 8, 2012 at 3:39 pm
သူကြီးမင်းကခေါင်းစဉ်မတပ်ပေးပြန်ဘူးကို ပေါက်ဖေါ်ရေ
ဓါတ်ပုံတပုံလောက်ပို့ပေးပါလား Mysister4
ကျွှန်တော်က စနေတနင်္ဂနွေ ရန်ကုန်မှာပါ တနင်္လာနေ့ညနေလောက်ပြန်ပါတယ်
အဂါင်္ မှာအိမ်မဲ၊ ဗုဒ္ဓဟူးနေ့ဆိုမြောင်းမြ၊ ကြာသာပတေးဆိုပုသိမ်
သောက်ကြာဆို အိမ်မဲမှာရှိပါတယ် လောလောဆယ်တော့ အိမ်တိုင်ရာရောက် ဝန်ဆောင်မူ
ပြုနေပါတယ်။
ကိုပေါက်ရေ စေတနာထားတဲ့ အတွက်ကျေးဇူးပါ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဗျာ
ငပေါက်ဖော်
January 8, 2012 at 3:48 pm
ဪ.နယ်တကာလှည့်ပြီး ဆေးကုနေတယ်ထင်တယ် ကောင်းပါလေ့.ဗျာ
ဆက်ကြိုးစားရင်.အောင်မြင်တဲ့သမားတော်၊အောင်မြင်တဲ့ စာရေးသူတစ်ယောက်ဖြစ်လာမှာပါဗျာ..
ခေါင်းစဉ်ထည့်ဖို ့က..အကို ့post အဆုံးနားလေးမှာ Edit this page ဆိုပြီး ရှိပါလိမ့်မယ်
အဲတာကို ကလစ်နှိပ်ပြီး ပြင်ချင်ရာ ပြင်လို ့ရပါလိမ့်မယ်..ခင်ဗျ…..
ဟိုနေ ့က သဂျီးက ကိုယ့်ဘာသာ ပြင်လို ့ရပြီလို ့.ဝင်ပြောသွားတာတွေ ့မိလို ့ပါ
မှော်ဆရာ
January 8, 2012 at 3:55 pm
ဟုတ်လောက်တယ် ဟိုနေ့က သူကြီး ပြောသွားတယ် ….
ဆရာထက်ဝေး ရဲ့ ပိုစ့်အပေါ်မှာ quick edit ဆိုတာ ပါပါလိမ့်မယ်
အဲဒီ့ကနေ ပြင်လို့ ရမှာပေါ့ ..
မောင်သန်းထွဋ် ဦး
January 8, 2012 at 4:05 pm
ကိုထက်ဝေးရေ အားပေးဖတ်ရှုသွားပါတယ်။ဝေဒနာ ခရီးကြမ်း လေးချောမွေ ့ပါစေဗျား
မေတ္တာဖြင့်….
htet way
January 8, 2012 at 4:11 pm
အေးဗျာ မှော်ဆရာရေ ဒီနေရာမှာတော့ ညံ့သွားပြီ
အခုတွေ့သွားပါပြီ ကျေးဇူးပါသူကြီးမင်းနဲ့ ကိုပေါက်ဖေါ်
ကို မှော်ဆရာလေးရေ ..သတိရပါတယ်ဗျာ။
ဆူး
January 8, 2012 at 4:17 pm
ဒီဆရာတော့ မလွယ်ဘူး ခဏခဏ ဈေးဆစ်ခံနေရတယ်။ အရင်ဘဝတွေက ဈေးတွေ အားကြီး ဆစ်ထားဖူးပုံရတယ်။
ခရီးလမ်း ချောမွေ့ပါစေ။
Khin Latt
January 9, 2012 at 4:36 am
Your comment makes me smile. 🙂
windtalker
January 8, 2012 at 7:09 pm
အဒေါ်ကြီး ခဗျာ
“အချိန်မှီသာ ပြင်ဆင်ခွင့်မရှိခဲ့ရင်” ဖြစ်ခဲ့တာပေါ့
ဝမ်းနည်းစရာပါဘဲဗျာ
Khin Latt
January 9, 2012 at 4:41 am
ကျွန်မ ကြားဘူးတာတော့ နှိပ်တတ်တိုင်းတောင် စွမ်းတဲ့သူ က ပိုစွမ်း ဆိုဘဲ။
ဆရာ့ကြည့်ရတာ လက်စွမ်း၊ ဆေးစွမ်းပုံ ရတယ်။
နောက်တစ်မျိုး တွေးရင်လဲ ငွေရဖို့ထက် လူနာကို ပျောက်စေချင်တဲ့ စေတနာစွမ်း လဲပါလို့နေမှာပါ။
ပိုပြီး အောင်မြင်တိုးတက်ပါစေ ဆရာရေ။
ဒါမှ ပါတ်ဝန်းကျင်က လူနာတွေပါ ပိုအကျိုးရှိမှာ။
htet way
January 9, 2012 at 8:55 pm
ကျေးဇူးပါခင်ဗျား။ ဒီလိုဝိုင်းဝန်းအားပေးတာအားတက်ပါတယ်
padonmar
January 9, 2012 at 10:41 pm
အားပေးပါတယ် ဆရာထက်။
ဆရာဝန်လည်း ဆေးဖိုး အကြွေးမပေးတဲ့ လူနာတွေရှိပါတယ်။
ထမင်းကြွေးလိုက်ရ၊နောက်ရက်စားဖို့ပါ အခြောက်အခြမ်းထည့်ပေးလိုက်ရတာရှိပါတယ်။
ဆေးသမားဘဝ ဒါကိုပဲ ပီတိဖြစ်ရတာပါပဲ။
lulinmg
January 11, 2012 at 2:04 pm
ကျွန်တော်ဆရာ့ကိုတွေ့ချင်လို့သွားတာ ဆရာကအပြင်သွားမလို့လုပ်နေတယ်လေ
ဘယ်ကိုလဲဆိုတော့ သိပ်မဝေးပါဘူးကွာဆိုင်ကယ်နဲ့ဆိုရင်နာရီဝက်လောက်ပဲမောင်း
ရတယ်လို့ပြောပါတယ် ဒါ့ကြောင့်ကျွန်တော်လည်းဆရာနဲ့အတူလိုက်သွားခဲ့ပါတယ်
ဆရာသွားမယ့်ရွာကို နေ့လည်10း00လောက်ရောက်ပါတယ် တစ်ကယ်တမ်းမောင်းတော့
မိနစ်20လောက်ပဲမောင်းရတာပါ ရွာနာမည်က ညောင်ပင်စုရွာတဲ့ ဆေးကုမယ့်လူနာက
အသက်83နှစ်ရှိပြီဖြစ်တဲ့အဘွားဒေါ်စီတဲ့ သူကပေါင်ရိုးကျိုးသွားတာကိုဆရာက ဆေး(၃)
ခါလောက်စည်းပြီးပြီလို့တော့ပြောပါတယ် အဲ့ဒီ့အဘွားကအရမ်းဆင်းရဲပြီး ချောင်းဖျား
ကျေးရွာကဘုန်းကြီးကျောင်းမှာနေရတာပါ အဲ့ဒီ့မှာတရားထိုင်တာအကြာကြီးလို့သိရပါတယ်
ပေါင်ကျိုးသွားတော့သူ့သားသမီးတွေအိမ်မှာပြန်နေပါတယ် ဆရာကအဲ့ဒီ့အိမ်ကိုသွားကုပေးတာပါ
လူနာတွေဒီလောက်များတဲ့ကြားက တောကြိုအုံကြားကအဖွားအိုတစ်ယောက်ကို သွားကုပေးတာကိုက
ကျွန်တော်အံ့ဩမိပါတယ် ။
ဟိုရောက်တော့ဆေးစည်းပါတယ် အဖွားကနားလေးတော့ ဆရာပြောတာကိုမကြား
ဘေးကသူ့မြေးမလေးကအော်ပြောပေးရပါတယ် ။ ဆေးစည်းပြီးတော့ဆရာကလူတွဲနဲ့
မတ်တပ်ရပ်ခိုင်းပါတယ် ပြီးတော့တန်းကိုင်ပြီးလျှောက်ခိုင်းတယ် ။ လျှောက်လို့ရပါတယ်
ကုန်ကျစရိတ်ကိုအိမ်မဲမြို့ပေါ်ကချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကတစ်ဝက်လှူပြီး
ကျန်တာကိုဆရာကဖြည့်စွက်ပြီးလုပ်ပေးပါတယ်။
အဖွားနဲ့အဖွားမိသားစုကတော့ တန်းကိုင်ပြီးလမ်းလျှောက်နိုင်လို့ပျော်နေကြပါတယ်။