ကျွန်တော်တေလေလိုလျှောက်သွားတုန်းက သစ္စာနီ၏အလူနှင့်အိမ်ကို ကြိုက်ခဲ့သည်။အောင်ဝေး၏ဆင်းရဲတဲ့ အချစ်ကို ရွတ်တတ်ခဲ့သည်။ဘယ်သူပြောလဲတတောလုံး ကြွေဆိုသောစာသားကို မဆီမဆိုင် ပြောတတ်သေးသည်။ကျွန်တော်တေလေလိုလျှောက်သွားတုန်းကဂေဇက်ဆိုတာမသိပါ အင်တာနက်ဆိုတာ အင်္ဂလိပ်နာမည်လား ဟုတွေးခဲ့ထင်ခဲ့ပါသည်။ကျွန်တော်မြို့ကလေးက မီးမမှန်ပါ။ကျွန်တော်တေလေလိုလျှောက်သွားတုန်းက ဒီမိုကရေစီဆိုသော စကားရပ် အသံတိတ်နေသေးသည်။ အကျယ်ချုပ်ဆိုသော စကား ၊တိုက်ပိတ်သည်ဆိုသော.. တိုးတိုးကွ ဆိုသော လက်ညိုးတစ်ချောင်းတွေခောတ်စားနေပါသည်။ ကျွန်တော်တေလေလိုလျှောက်သွားတုန်းက ရဲ့ ဝံ့စွန့်စားခြင်းတေးးမှာ ရင်နင့်အောင်ဝေးရဖူးသည်။ငယ်စဉ်က သူငယ်ချင်းကောင်းကို စကားမပြောရဲခဲ့ပါ (ခင်ဇော်လင်း ခွင့်လွှတ်ပါ)။မကြာခဏခေါ်ယူခြင်းခံရ မေးခံရ ခြင်းကို ကျွန်တော်မုန်းပါသည်။ကျွန်တော်တေလေလိုလျှောက်သွားတုန်းကကောင်မလေးတွေ ဘောင်းဘီတို ဝတ်ပြီး ကဗျာမဆန်တတ်သေးပါ။ မိန်းကလေးက စလို့ ရည်းစားစကားပြောသောခောတ်မရှိသေးပါ။လေဘာတီမမြရင်ကို အင်္ဂလိပ်ကဇာတ်ပွဲ၌ ခြေသလုံးပေါ်အောင်ထမီဝတ်ပြလျှင် ရွှေဒင်္ဂ ါး ပေးမည်ဟုဆိုသောအခါ သီချင်းနှင့်တုံပြန်၍အမျိုးသမီးတို့၏အိန္ဒြေကို ရွှေပေးမရကြောင်းသီချင်းဆိုသောခောတ်ကို ကျွန်တော်မမှီလိုက်ပါ။ ကျွန်တော်တေလေလိုလျှောက်သွားတုန်းက မီးလောင်မူတွေ မဖြစ်ပါ။တယ်လီဖုန်းရောဂါတွေမရှိသေးပါ ။ပြည်သူ့ အသံဆိုတာ ကို နားထောင်သူမရှိပါ။ နာရေးကူညီမူ မဖွင့်ဖြိုးသေးပါ။ညီညွတ်ရေးနှင့် […]