လက်ဆေးမိုးဆိုပြီး ဆွတ်ရုံလေးဖျန်းလိုက်တဲ့ညက အလွမ်းတွေပွင့်အာလာတယ်။ မိုးကတဖြောက်ဖြောက် တစ်ချက်တစ်ချက်ပန်းရနံ့ရသလို မိုးနံ့သင်းပြီးဝေ့တဲ့နွေကိုစည်းဖေါက်တဲ့ လေပြေမှာ ကျန်းမာပါစေ လို့မေတ္တာပို့သံလိုလို ကြေကွဲလို့တိုးတိုးလေး ငိုတဲ့ရှိုက်သံလိုလိုကြားမိတယ်။ ချစ်တဲ့သူဓါတုကလျာကိုပန်မပေးလိုက်ရတဲ့ နတ်သျှင်နောင်ရဲ့ရာသီပန်းတွေကျွှန်တော်မှာရှိတယ် ဝေးကွာခြင်းဆိုတဲ့ အလွမ်းမိုးညှို့တော့ ချစ်နှင်းမှုံ သီချင်းထဲကတယောသံလေး ရင်ကိုနာကျင်အောင်တိုးဝှေ ့ဝှေ့တယ် ညီမလေးရယ် မသေချာခြင်းတွေကသေချာပြီး သေချာပါတယ်ဆိုတာတွေကမသေချာခဲ့ပြန်ဘူး အရှုံးအတွက်ပုံပေးလိုက်ရတဲ့သောကကြောင့်ဖြစ်ရတဲ့ဒေါသမှာ အနိုင်ရလို့ ပျော်ရွှင်တဲ့ အပြုံးတွေဝေလို့ ခောတ်ကိုက ကိုယ့်ဘက်နည်းနည်းပါနေပြီလေ။ အိပ်မက်တွေတကယ်ဖြစ်လာပြီလား အိပ်မက်တွေကအိပ်မက်ဆန်နေတုန်းပဲလား မြို့ကလေးပေါ်ရွာချတဲ့မိုးစက်တွေက ဝမ်းသာလို့ ့ကျတဲ့ မျက်ရည်စက်တွေလား ခုမိုးစက်တွေက တခါကကျွှန်တော့်ပင့်သက်တွေအငွေ့ပျံပြီးငွေ့ရည်ဖွဲ့ခဲ့တာလေ အနာဂါတ်လမ်းမှာ ပန်းတွေဝေနေလိမ့်မယ်ညီမလေး မိုးဖွဲလေးကျတဲ့ညက တော့ အလွမ်းနဲ့ကျွှန်တော်ဖျားနေခဲ့ပါတယ်။