Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


htet wayMay 9, 20121min4009
ပမ္မဝတီ မြစ်ကြောင်း ပေါ်က မုန်တိုင်းပျော်တဲ့ဒေါင်းငှက်။ အိပ်မက်ကို အခြေတည် ညီညွတ်တဲ့ ခွန်အားနဲ့ အိမ်မဲသားတွေ လက်ရုံးများနဲ့ ဉာဏ်အားတူ ခံယူချက်က အသက်။ ရောင်နီ သမ်းပြီကွဲ့ တို့လမ်းမှာ အဆင်းမြမြနဲ့ သတင်းလှလှတွေ အခြေပြု အမေစုဆိုတဲ့ အလင်းအောက်က ဒူးမထောက် မကြောက်ရွံ့သူတွေ။ အများပြည်သူတွက် တအားညီတူတဲ့ လက်တွေခိုင်ခိုင် သံပြိုင်ဆို ဒီမိုတေးတွေနဲ့ မြို့အခြေမှာ တို့တတွေ အောင်လံစိုက်လို့ ကောင်းမွန်ခဲ့ ဒေါင်းတွန်သံတဝေဝေ။ ။ (ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ တွင် (၁၃.၅.၂၀၁၂ နေ့တွင် ဖွင့်လှစ်မည့် NLD ရုံးဖွင့်ပွဲကို ကြိုဆို ဂုဏ်ပြုပါသည်။)


htet wayMay 8, 20121min63419
ကိုယ့်ဆရာရေ မီဒီယာခင်မောင်က ဖြစ်လိုက်မှ အထူးအဆန်းကြီးပဲ ။အခုလည်း အင်တာနက်ဆိုင်ကို အချိန်ပြည့်ထိုင်နေတယ်။နောက် အင်္ဂလိပ်စကားပြော စာအုပ်တွေ ဖတ်နေတယ် နိုင်ငံခြားထွက်မယ်လို့တော့ သတင်းသန့်သန့်ရတယ်။အရင်လို ဂျီတော့ပြောတာတွေ ဘာတွေလည်း မလုပ်တော့ ဘူး။သူက ကျွန်တော်ကိုတွေ့တော့ ရှင်းပြနေသေးတယ် LOVEepic.com ဆိုတာရှိတယ် ချစ်သူရှာလို့ရတယ်။ဓါတ်ပုံတွေလည်း ပါတယ် ကြိုက်ရာရွေးတဲ့ ။နောက် မြှားနတ်မောင်မဂ္ဂဇင်းကို ဖတ်မလား ဒေါက်တာလွဏ်းဆွေဆိုက်ရှိတယ်။ သစ်ထူးလွင် သတင်းတွေကြည့်မလားရတယ်။နောက် လမ်းပြကြယ် ကြည့်မလား ဆရာ ဟိုဟာ ဒီဟာ ဝါသနာပါရင် ဒေါက်တာချက်ကြီးရှိတယ်တဲ့ ။ သူဘယ်လောက် အင်တာနက်သုံးလည်း ကိုယ့်ဆရာစဉ်းစားကြည့်ပေတော့။မှတ်သားစရာ စကားလည်း သူကပြောသေးတယ်ဗျ “ဒီမှာ ဆရာထက်ရဲ့ အင်တာနက်သုံးတယ်ဆိုပြီးChatting ချက်တင်သုံးစွဲသူ ၈၂ရာခိုင်နုန်းရှိတယ် game (ဂိမ်း)ကစားသူတွေက ၁၅%ပဲရှိတယ်ဗျ။”ကျွန်တော်တို့လို သတင်းဖတ် ဝက်ဘ်ဆိုက်ကြည့်သူတွေက နည်းတယ် ကိုယ့်ဆရာရေ ဒီလိုကြတော့ […]


htet wayMay 8, 20121min3548
မီဒီ ယာ ခင်မောင်ဆိုတာ ခေသူတော့ မဟုတ်ဘူး အလုပ်ကလမ်းဘေးဈေးရောင်းတယ်။ ဒါပေမယ့် လူတော်တော်များများက သူ့ကို ကြောက်ကြတယ် ။ ထစ်ကနဲဆို အင်တာနက် ထဲ ထည့်တော့ တာပဲ သူက ဖေ့ဘုတ်မှာ တင်တယ်။ တလောက လူမှုရေး အဖွဲ့ အစည်း ကိစ္စတစ်ခု ကို ဖေံဘုတ်တင်လိုက်လို့ ပြဿနာတွေ တက်လိုက်တာ မပြောပါနဲ့တော့ ကိုယ့်ဆရာရေ။ မနေနိုင် မထိုင်နိုင် စာရေးဆရာ အဖွဲ့ ကိုလည်း ကူပါအုံး ကယ်ပါအုံးဆိုလို့ ညှိနှိုင်းပေးလိုက်ရသေးတယ်။ မီဒီ ယာ ခင်မောင်က လူပျို ကြီးပါ ။ အင်တာနက် မှာ တစ်နေ့နှစ်ရာရီ ထိုင်ပြီး ဂျီတော့မှာ ကောင်မလေးတွေနဲ့ ကြူတယ်။ အင်တာနက် မှာ ကြွေးတွေတက်နေလို့ သူ့ခမျာ […]


htet wayMay 7, 20121min37310
တခါ က ကျွန်တော် အင်တာနက် ဆိုင်ကို အေးအေးဆေးေဆေး ထိုင်မယ်ဆိုပြီး အိမ်မှာကတည်းက ဆုံးဖြတ်ချက် ချပြီး ကျောက်ချထိုင်လိုက်မိတယ်။ ကျွန်တော်ဘေးမှာက နိုင်ငံခြား ဖုန်းပြောတဲ့ လူ တစ်ယောက် ရောက်လာတယ်။ ဖုန်းခေါ်ခိုင်းလို့ ဆိုင်ရှင် က ခေါ်ပေးတယ်။ လူရွယ်။ ဟလို မိစမ်းလား အခြေအနေကောင်းလား … မိစမ်း။ ……………………… လူရွယ်။ အေး မိစမ်း နင် ပြီးတဲ့ အပတ်က ငွေပို့တာ တစ်သသိန်းခွဲထဲပို့ပါလား ငါတို့ မှာ နင့်အမေကို ကျွေးရမွေးရ ဆေးကုသရနဲ့ ဒီ အပတ်တော့ များများပို့ပါ။ မိစမ်း။ …………………. လူရွယ်။ ဟေ..အိမ်ထောင်ပြုမလို့ ဟုတ်လား နင် မှာ အမေရှိတယ်လေ။ နောက် ပြီး နိုင်ငံခြားထွက်ချင်လို့ […]


htet wayMay 7, 20121min43218
ကျွန်တော်က အင်တာနက်ဆိုတာကို စိတ်ဝင်စားပါတယ်။ကိုယ့်မြို့က နယ်မြို့လေးဆိုတော့ အင်တာနက် ဆိုတာ မရှိဘူး။ အင်တာနက် ဆိုတာ ကို ဘာရယ်လို့ သေသေချာချာမသိကြဘူး။ သိသလိုမသိသလို ပဲ ဖြစ်နေတယ်။ ပုသိမ်ကို ရောက်ရင်တော့ အင်တာနက် သုံးသူတွေ တွေ့ရတယ်။ ကိုယ်က လည်း ကွန်ပျူတာ မတတ်တော့ အရင် ဆုံး ကွန်ပျူတာ သင်ဖို့ လုပ်ရတယ်။ သင်တန်းတက်ဖို့ ဆိုတာကလည်း ကလေးတွေ ကြားထဲမှာ မသင့် ကိုယ်က လည်း တက္ကသိုလ်ဝင်တန်းတွေကို ကျူရှင်သင်တဲ့ ဆရာကိုး။ ဒါကြောင့် အိမ်မှာ ကွန်ပျူတာ အခြေခံ စာအုပ်လေးဝယ် အားတော့ ဖတ်၊ နောက် အင်တာနက် လမ်းညွှန်စာအုပ်ဝယ်ပြီး ဖတ် ဒီလို ကျင့်ရတာပါ။ပညာရေးမှူးရုံးမှာ ကွန်ပျူတာကိုင်တဲ့ ဆရာလေးကို ပေါင်းပြီး […]


htet wayMay 5, 20121min63724
ညီမလေးရေ မှုခင်းတွေ ကို အကို ကတော့ သတိထားဖတ်မှတ်ရတာ ဝါသနာကြီးပါတယ်ကွယ်။ တရားဥပဒေနဲ့ အရေးယူလို့ မရတဲ့ အမှုတွေကို ညီမလေး သတိထားမိရဲ့လား။ အကို မနက်က လက်ဖက်ရည် ဆိုင် ထွက်တော့ လမ်းဘေး လက်ဖက်ရည် ရောင်းတဲ့ လင်မယားက အတင်းထွက်ပြီး ဆရာရယ် မနေ့ညနေက ဒီဆိုင်ရှေ့မှာ ကြွေးလာတောင်းပြီး ဆဲလိုက်တာ ဆရာရယ် ။ ကျွန်မတတို့မှာ ဘာလုပ်ရမှန်း မသိဘူး ဒီလို ဆရာရေ့ ဆ်ိုပြီ း ပြောပြပါလေရော ညီမလေးရယ်။ ဒီလင်မယားနှစ်ယောက်က မပြေလည်လို့ ကြွေး ယူထားတယ် တစ်ရာကို ၂ဝတိုးနဲ့ ။လကုန်ပြန် ဆပ်ရမယ် ဆိုတော့ မပေးနိုင်ခဲ့ဘူး ။ဒီမှာတင်ပဲ ယောက်ကျားလုပ်သူ ကြွေးရှင်က ဆဲတော့ တာပဲ ။ […]


htet wayMay 1, 20121min100264
မြန်မာဆိုရိုးလေးရှိပါတယ်။ သူကြီးဘုရားရွာသားကောင်းမှုဆိုတာပါ။ကျွန်တာ်တို့ မန်းဂေဇက်မိသားစု ပန်းတနော်မြို့နယ် အစုကြီးရွာ ကို အလှူသွားရောက် ဖို့ ဆရာမ ဆူးက နိုးဆော်ကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ဆူးရဲ့ စိတ်ကူးအလှူဆိုတာကို ကျွန်တော်အဲ့ ဒီရောက်မှ သေချာ ရှင်းလင်းသပေါက်သလို အော် ဒါကြောင့်လည်းဖွားဆူး၊ရွာတော်ရှင်ဆူး ဖြစ်နေတာလို့ မှတ်ယူ ဂုဏ်ပြု မိပါတယ်။ ကျွန်တော်က ၂၉ရက်နေ့က မြောင်းမြမြို့ပေါ်မှာဆေးကု သွားနေရပါတယ် ။ အလှူကို လိုက်ချင်ပေမယ့် မလိုက်နိုင် သလောက် ရက်ကပ်နေပါပြီ။ဒါကစိတ်ကို တစ္ဆေခြောက်နေတယ်။ ပျက်ကွက်မှာစိုးနေတယ်။ကျွန်တော်မောင်းမြက ညကားစီးတော့ အိမ်မဲကို ည၁၁နာရီ ရောက်ပါတယ်။အိမ်ကိုဝင်ပြီး နံနက်၄နာရီကားစီးရမှာမို့ မနိုးမှာစိုးတဲ့ အတွက်မအိပ်ဖြစ်တော့ပါဘူး ။ဒီလိုနဲ့ ရန်ကုန်သွားဖို့ ပြင်ဆင်ရပေါတော့တယ်။ မေလ(၁)ရက်နေ့ အလှူကိုတော့ လိုက်ဖြစ်ခဲ့ပါတယ်။နံနက်၆နာရီ တိတိမှာ ကားထွက်မယ်ဆိုလို့ အမီ လာရပါတယ်။ဟိုရောက်တော့ တွေ့ချင်တဲ့ ကဗျာဆရာကမ်းဝေးကိုတွေ့ ရတယ်။ […]


htet wayApril 29, 20121min30215
ကျွန်တော်က ကဗျာကို ခရေစီဖြစ်သည်။ ကဗျာဝါသနာကြီးခဲ့သည်။ကဗျာတွေကို ရွတ်ရုံနှင့် အလွတ်ရခဲ့လောက်အောင်ဖြစ်ခဲ့သည်။ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)နှင့် တက္ကသိုလ်ကျောင်းသားဘဝ့ လှည်းတန်းရဲ့ ပြုံးပန်းတစ်ရာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ကဗျာဆရာရဲ့ စကားတွေ ကိုနားထောင်မိခဲ့ကြည်နူးခဲ့ ။ အတိတ်က ရနံ့ဟောင်းပါပဲ။ အိမ်မဲမြို့ စာပေဟောပြောပွဲကို ( ၃.၄ ၂၀၁၂ )မှာ ကျင်းပမယ်ဆိုတော့ ကျွန်တော်ပဲ ဆရာတွေကို ပင့်ဖိတ်ရတာပါ။ ဒီမှာလည်း တလမ်းလုံး ကဗျာအကြောင်း ၊ စာပေအကြောင်း ရုပ်ရှင် အကြောင်းတွေ ပြောဖြစ်ခဲ့ ကြ ပျော်စရာ ကြည်နူးစရာပါ။ဒါရိုက်တာအောင်စိုးဦးက ရုပ်ရှင် အကြောင်းတွေ ပြော ပြတယ်။သင်္ကြန်မိုး ၊နော်ရင်မွှေးာတ်ကားရဲ့ ဇာတ်ညွှန်းနဲ့ ဖန်တည်းခဲ့ရတာတွေ ဆရာ အကြည်တော်ကလည်း ကျောက်သင်ပုန်းတွေ မိုးထားတဲ့ အိမ် နောက် ဘီးလူးကို ငွေလေး ၄သောင်းထဲနဲ့ ရောင်းခဲ့ရပြီး […]


htet wayApril 24, 20121min31018
ညီမလေးရေ လမ်းပေါ်မှာ လူတွေ အုံနေတော့ အကိုလည်း ဝုန်းကနဲဆို လူတွေက ကြည့်ချင်ကြတဲ့ သဘာဝအတိုင်း ကြည့်မိခဲ့ပါတယ်။ ဆိုင်ကယ် တစ်စီးက တိုက်သွားလို့ စိတ်ဝေနာသည် အမျိုးသမီးတစ်ယောက် လဲကျနေပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူးကွယ်။ဆိုင်ကယ် သမားကလည်း ဘာမှ မဖြစ်သလို မောင်းထွက် သွားခဲ့တယ်။လူတွေကလည်း ဘာသိဘာသာပါပဲ ။ ညီမလေးရေ စိတ်ဝေဒနာသည်ကို တိုက်မိရင် ဥပဒေ မရှိဘူးလားကွယ်။ အမျိုးသမီးကတော့ မျက်နှာ ရှုံ့မဲ့လို့ပေါ့။ ညီမလေးရေ စိတ်ဝေဒနာသည်တွေဟာ သနားစရာပါပဲကွယ် သူတို့ အတွက် အကိုတို့တွေက အကာအကွယ်ပေးရမယ် မဟုတ်လား။ ကူညီရမှာပေါ့ ညီမလေးရယ်။ ညီမလေးရေ တခါကပေါ့ မျက်လုံးနှစ်လုံးစလုံးမမြင်တဲ့ ဒုက္ခိတ ကိုမာလဲ့ ဆိုတဲ့ လူတယောက်နဲ့ ခင်မင်ခဲ့ဖူးပါတယ်။သူခမျာ မိဘညီကိုမောင်နှမလည်းမရှိရှာဘူးလေ။ဆောင်းဆို ကောက်ရိုးပုံမှာ ကွေးလို့။မိုးဆိုလည်း နီစပ်ရာ […]


htet wayApril 21, 20121min46530
တခါသား၌ ကျွန်ပ်သည်ပျင်းပျင်းရှိသည်နှင့် ငယ်သူငယ်ချင်း တစ်ယောက်အိမ်သို့ သွားရောက်လည်ပတ်မိချေ၏။အိမ်ပေါ်သို့ လှမ်းအတက်၌ပင် သူငယ်ချင်းက ဖေါ်ဖေါ်ရွေရွေဆက်ဆံလေသည်။ နေရာထိုင်ခင်းပေး၏။ပြီးသော်ခဏနော်ဟုပြောကာ အိမ်နာက်သို့ဝင်သွားလေသည်။ကျွန်ပ်လည်း တွေ့ရာ စာစောင်တစ်ခုကို ဟိုလှန်ဒီလှန်ပြုမိ၏။ ဇနီး။ ။ဟဲ့အကောင် သူက ဘာလဲ သူငယ်ချင်း။ အော်ငါ့ သူငယ်ချင်းပါ ဇနီး။ ဘာအလုပ်လုပ်လဲ သူငယ်ချင်း။ စာရေးဆရာ ဇနီး။ အောင်မာ စာရေးဆရာဆိုတာငမွဲဟဲ့ တော်ကြာချေးငှားနေရင် ဒုက္ခ ရုပ်ရုပ်ယှက်ယှက်ဟယ်….. သူငယ်ချင်း။ နင်ကလည်းဟယ်…သူက သမားတော်ဟဲ့ နာမည်ရ ဆရာတစ်ယောက် နင့်ဆီ ပိုက်ဆံချေးမလား ထိုသို့ တိုးတိတ်တိတ်ပြောဆိုနေကြသည်ကို ကျျွန်ပ်ကလည်း သဲ့သဲ့ ကြားမိလေသည်။သူငယ်ချင်းကပြန်ထွက်လာတော့ မျက်နှာချိုသွေးရယ်ပြသည်။ျရောက်တတ်ရာရာစကားပြောရင်း အလှူတစ်ခုအကြောင်း ပြောမိရာ အလှူငွေပေးရန်ဝိုင်းဝန်းထည့်ဝင်ရန်ပြောမိသည်။သူငယ်ချင်းက ပျာပျာသလဲနှင့် နောက်တော့ပြောတာပေါ့ ဟု ပါးစပ်ကို လက်ညိုးတစ်ချောင်း ပိတ်၍နောက်ကိုလည်းလက်ပြလေသည်။ အော်မယားကို လေးစားရိုကျိုးရသူပေတကား။ ညတွင် […]


htet wayApril 16, 20121min50510
သင်္ကြန်တွင်း၌ အိမ်တွင်းအောင်းပြီး ကျွန်ပ်သည် ရှင်နာဂသိန်မဟာထေရ်၏အကြောပြင် အတတ်ပညာစာအုပ်မှ ရုပ်ပုံကားချပ်များကို လေ့လာနေစဉ် အသက်(၆၀)ခန့် ဥပတိရုပ် ကောင်းမွန်သောအဖိုးအိုတစ်ယောက် အိမ်ရှေ့၌ရပ်ကာ ကျွန်ပ်၏ဆိုင်းဘုတ်ကိုကြည့်ပြီး “ဆရာထက်ကို တွေ့ချင်လို့ပါ”ဟုဆိုလာ၏။ကျွန်ပ်လည်းဝင်ခဲ့ပါဟု လောကဝတ်ပြုမိလသည်။ပုဂိ္ဂုလ်ကြီးက ယောဂီရောင်ဆင်တူဝတ်ထားသည်။ လက်ကတောင်ဝှေးတစ်ချောင်းကိုင်ထား၏ နံဘေးမှလည်းလွယ်အိတ်ဘကီးတစ်လုံးလွယ်လျက်ရှိသည်။မျက်လုံးများသည် စူးရှလွန်းသည်။ လူကြီးက တည်ငြိမ်စွာဖြင့် ဧည့်ခန်း၌ ထိုင်လေ၏။ ကျွန်ပ်နှင့် ကျွန်ပ်ဧည့်ခန်းကို စူးစမ်းသလို တစ်ချက်ကြည့်ပြီး “ ဆရာထက်ကိုတွေ့ချင်လို့ကွဲ့ ”ဟု ဆိုပြန်သည်။ကျွန်ပ်လည်း အမိန့်ရှိပါ အဘဟုရိုသေစွာ ပြန်ပြောရာ ပုဂ္ဂိုုလ်ကြီးက အဓိပါယ်ပါသောမျက်လုံးဖြင့်တစ်ချက်စူးစူးရဲရဲကြည့်ကာ “မြောင်းမြက နှင်းဝေလွင်ရဲ့ ဇက်ကျီးပေါင်းရောဂါကို ပျောက်အောင်ကုပေးတဲ့ ဆရာထက်ကိုတွေ့ချင်တာပါကွယ်ဟု ခပ်လေးလေးပြန်ပြောပြန်သည်။ ဟုတ်ကဲ့ အမိန့်ရှိပါအဘ ဟု ကျွန်ပ် ကဆိုသော်လည်း ကျွန်ပ်ကိုသာ စိုက်ကြည့်ပြီးနုတ်ဆိတ်နေလေ၏။ အဘအနေနဲ့ ကျွန်တော်ကို ဆရာထက်လို့ မထင်တာလား သံသယရှိတာလား။ဟုမေးရာ ယောဂီဝတ် […]


htet wayApril 11, 20121min1814
  တစ်ယောက်နဲ့တစ်ယောက်                        သူစိမ်းချစ်တွေပဲ                        အသက်ရှုကြပ်နေတဲ့  ရင်အုံပေါ်                       အောက်ဆီဂျင်ကနည်းနည်းလာတဲ့ နေ့ရက်တွေ                       ဝေးကွာခြင်းတစ္ဆေကခြောက်ပြန်တယ်။ နှစ်ယောက်တစ်ဘဝ ဇာတ်လမ်းထဲမှာ                     ချစ်အားကြီးလို့ တခုခုချွတ်ချော်ရင်                     ကြောက်စရာ ကောင်းလောက်အောင် မုန်းတီးကြ                     စိတ်ကိုနားချရတဲ့  တရားလည်း                      အပ်ကြောင်းထပ်နေပြီ။  စီးကရက်တောင် မဖြတ်နိုင်ဘဲ                        အိပ်မက်တွေကို ဘယ်လို  မေ့နိုင်မလဲ                        စွဲလမ်းစိတ်လွန်ကဲရင် တန်ဖိုးမဲ့မယ်။                       ငါတို့တွေ   ရိုးသားခဲ့ကြတယ်                       ငါတို့တွေရဲဝံ့ခဲ့ကြတယ်                         ငါတို့တွေပျော်ရွှင်ခဲ့ကြတယ်                      ငါတို့တွေ…………………..                      တခါက                    လရောင်ပြာရိပ်မှာ အိပ်မက်တူပြိုင်မက်ခဲ့                    ကံကော်လမ်းမှာ […]


htet wayApril 9, 20121min43010
ထက်ထက်မိုးဦးက သတင်းထောက်ပါးကိုရိုက်လိုက်တာ ဒဏ်ငွေ ၁၀၀ဝရိုက်တယ်ဆိုတဲ့သတင်းညီမလေးကြားမှာပေါ့နော်။ တကယ့်ကိုပဲခံပြင်းစရာလို့ ညီမလေးကပြောလိမ့်မယ်။တကယ်တော့ ပြစ်ဒဏ်ကိုထက်ထက်မိုးဦးခံစားလိုက်ရပြီလေ။ ပြစ်မူကင်းရှင်းကြောင်း ပြောတဲ့အခါ ထက်ထက်တစ်ယောက်အပြစ်ရှိဖူးတယ်လို့ဆိုရမယ်။ အရိုက်ခံရသူသတင်းထောက်က ဆက်လုပ်လို့ရနိုင်သေးတယ်လေ။ဂုဏ်သိက္ခာတန်ဖိုး၊..ဥပဒေအရလုပ်နိုင်တာတွေ ရှိတယ်လေ ကာလသတ်မှတ်ချက်တော့မကျော်လွန်ခင်လေးမှာလုပ်သင့်တာပေါ့။သို့သော်မလုပ်ကြရင်တော့အကောင်းဆုံးပါပဲ။ ဒီလိုမျိုးလူတစ်ယောက်ကို တစ်ယောက်က ပါးရိုက်လိုက်တယ်။အရိုက်ခံရတဲ့လူက မတိုင်ဘူးညီမလေးရေ၊ပါးရိုက်ခံရတာရှက်စရာပဲလေ သူခမျာဘယ်လိုစိတ်ခံစားမူမျိုးဖြစ်နေမလဲလို့ အကို စာနာမိတယ်။တရားရုံးကို တက်ဖို့ သူမှာအားမရှိဘူးလေအင်အားက စကားပြောတယ်ဆိုတာ သူနားလည်ပုံပေါက်တယ်ထင်ပါတယ်။အရိုက်ခံရတဲ့ကောင်လေးက ငြိမ်ခံရှာပါတယ်။ရိုက်သူကဂုဏ်ယူဝင့်ကြွားပြီးနေရာတကာမှာပြောနေတာအကိုကြားတော့ အော်..စာနာမူ၊နားလည်မူ အကြောင်းအကိုတွေးမိပြန်ပါတယ်ညီမလေး။ ညီမလေးရေ ဘယ်တော့မှ အပေါ်စီးကရလဲတဖက်လူကိုအနိုင်မကျင့်ပါနဲ့။နောက် စောစောက ပြောသလို စာသမားတွေ၊သတင်းသမားတွေနဲ့လည်း ပြဿနာမဖြစ်ပါစေနဲ့ကွယ်။တချိန်မှာ သူတို့ရဲ့ရင်ထဲကအကြောင်းတွေပြောလိမ့်မယ် စာအဖြစ်တင်ပြလိမ့်မယ်။တခါကပေါ့ အရာရှိကြီးတစ်ယောက်က စာသမားတစ်ယောက်ကို နိပ်ကွပ်ခဲ့တယ်။နောက်သူအဲ့ ဒီမြို့ကပြောင်းတော့ သူ့အကြောင်းတွေစာဖြစ်လာတယ်။သူသားစဉ်မြေးဆက် ဖြစ်ရပ်မှန်အတွက် ခေါင်းမဖေါ်နိုင်ခဲ့ဘူး။ အမှန်တော့ ပြဿနာတစ်ခုဟာနှစ်ဦးနှစ်ဖက်လွန်ကြတာပါပဲ သည်းခံခြင်း နားလည်ခြင်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်စေချင်တာပါ။ အငြိုးအတေးဆိုတာ လောင်စာရန်မီးပါပဲ။ ညီမလေးရေ ကျေးဇူးရှင်တစ်ယောက်ကို ကျေးဇူးတရားအတွက်အမြဲသတိရနေပါလို့အကိုပြောချင်ပါတယ်။ကျေးဇူးရှင်ကို […]