Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာနက် ဇာတ်လမ်း (၃)

htet wayMay 8, 20121min2648

မီဒီ ယာ ခင်မောင်ဆိုတာ ခေသူတော့ မဟုတ်ဘူး အလုပ်ကလမ်းဘေးဈေးရောင်းတယ်။ ဒါပေမယ့် လူတော်တော်များများက သူ့ကို ကြောက်ကြတယ် ။ ထစ်ကနဲဆို အင်တာနက် ထဲ ထည့်တော့ တာပဲ သူက
ဖေ့ဘုတ်မှာ တင်တယ်။ တလောက လူမှုရေး အဖွဲ့ အစည်း ကိစ္စတစ်ခု ကို ဖေံဘုတ်တင်လိုက်လို့ ပြဿနာတွေ တက်လိုက်တာ မပြောပါနဲ့တော့ ကိုယ့်ဆရာရေ။ မနေနိုင် မထိုင်နိုင် စာရေးဆရာ အဖွဲ့ ကိုလည်း ကူပါအုံး ကယ်ပါအုံးဆိုလို့ ညှိနှိုင်းပေးလိုက်ရသေးတယ်။ မီဒီ ယာ ခင်မောင်က လူပျို ကြီးပါ ။ အင်တာနက် မှာ တစ်နေ့နှစ်ရာရီ ထိုင်ပြီး ဂျီတော့မှာ ကောင်မလေးတွေနဲ့ ကြူတယ်။
အင်တာနက် မှာ ကြွေးတွေတက်နေလို့ သူ့ခမျာ မထိုင်ရင်မနေနိုင်လို့ ဆရာရယ် ကျွန်တော် ကြွေးလေး ဆပ်ပေးပါ ကြွေးမပေးနိုင်လို့ အင်တာနက် မသွားရတာဒီနေ့ဆို ၃ရက် မြောက်ပါပြီ ကျွန်တာ် အသည်းတွေ ကွဲနေပြီ ဆရာရေ့ ဆိုပြီး ငိုပြလို့ သူ့ကြွေးလည်း ကျွန်တော် ဆပ်ပေးရဖူးတယ်
သူကလည်းခေသူမဟုတ်ဘူး အားအားရှဗိ ပတ်ဝန်းကျင်ကို ကြွားတာ သူ့မှ ချစ် သူဘယ်နှစ်ယောက်ရပြီလိုက် ပြောတာဗျား။ သူကြွားတာက ကိစ္စမရှိဘူး ကျွန်တာ်မှာ အခက်အခဲတွေ့တော့တာပဲ ။
ကျွန်တော် မိတ်ဆွေတစ်ယောက် က စာတိုပေစတွေရေးချင်တော့ ဂေဇက်ကို မိတ်ဆက်ပေးလိုက်တယ်ရေးပေါ့ ။ ဒီမှာတင် ဟိုလူ ခမျာ အင်နာနက်ဆိုင်ကိုခေါ်လို့ မရဘူး အင်တာနက် ဆိုင် သွားမယ်ဆိုပြီးခေါ်ရင် တွန်ပဆုတ် တွန့်ဆုတ်နဲ့ သေတွင်းကို သွားရတော့မလို တော်တော်ကြောက်သွားတယ် ကိုယ့်ဆရာရေ့။ဘယ်ဟုတ်မလဲ သူ့မိန်းမက အင်တာနက် မှာ ရီးစားသွားရှာလို့က အပြတ်ပဲ အိမ်ပေါ်က ဆင်းးရမယ်လို့
ကျိန်းဝါးထားတာကိုးဒါ ခင်မောင့်လက်ချက် ကိုယ့်ဆရာရေ့။ကြည့်လေ အဲ့ဒီအမျိုးသမီးကို ခင်မောင်က သွားကြွားထားတယ် ဓါတ်ပုံပါ ထုတ်ပြတယ်ဆိုပဲ သူအင်တာနက်က ရတဲ့ ချစ်သူလေး ပေါ့
တက္ကသိုလ်ကျောင်းသူလေးပေါ့ ဘာဘာညာညာကြွားထားတာ ဟိုကလည်း ၁ဝတန်းတောင် မရောက်ဖူးတော့ အင်တာနက်ဆိုတာ ချစ်သူရှာတဲ့ စက်လို့ ထင်နေရှာပြီး
ယောက်ကျားကို ရာဇသံပေးထားတာကိုယ့် ဆရာရေ့ ခင်မောင်တို့ လုပ်ချက်ပြောပါတယ်။
ခင်မောင်ရဲ့ တော်ကီကလည်းကြွေလောက်တယ် ကိုယ့်ဆရာရေ့ ဂျီတော့ မှာ ပြောတာလေးတွေ တခါက ကြုံဖူးတာကိုပြောပြမယ်
ကောင်မလေးက မန္တလေးက ကျောင်းဆရာမလေးနဲ့ သူပြောတာ ကျွန်တော်ဘေးမှာရှိလို့ နားထောင်ထားဖူးတယ်။
ညီမ ရယ် အကို ကဘအဝေးကြီးမှာနေပေမယ့် စိတ်က မင်းဆီမှာပါ
လွမ်းတဲ့ အကြောင်းတွေ သက်သေပြချင်ပေမယ့် အကို က ညီမ အဝေးမှာလေ
သိပ်ချစ်တာပဲ ညီမရယ်
တစ်သက်တာ တစ်ဘဝမှာ ထာ၉ရ လက်တွဲမယ်ဆိုတဲ့ မေတ္တာ စစ်နဲ့ ပါ
ပန်းထက်မွှေးတဲ့ အလွမ်းတွေပါ ညီမ…….

ဒါမျိုးင်္တေ ကိုယ့်ဆရာရေ့ အပြောကတော့ သိပ်ကောင်းတယ်။သူက အင်တာနက်ဆို ကျွန်တော်တို့ ြမြို့မှာဆရာကြီးပေါ့။တခါက မီဒီယာခင်မောင် အပွကြီး ့ါခဲ့တယ်ဆိုတဲ့ သတင်းကြီးခဲ့တယ် အဲ့ဒီတုန်းက မြို့ပေါ်မှာ အင်တာနက် ဆိုင်ထိုင်တဲ့ လူတွေ များလာတယ် စိတ်ဝင်စားသူတွေတိုးလာတယ်။ကိုယ့်ဆရာရေ နက်လော့( Net/Log Prize. )ဆိုပြီး နာ်းလားဆရာရေ့ ခင်မောင်ဆုရတယ်တဲ့ ။560,000.00 Five Hundred And Sixty Thousand Great British Pounds).ငွေကျပ်နဲ့ တွက်ရင်မနည်း ဘူး။ခင်မောင်က နက်လော့က ပို့တဲ့ အီးမေးကိုင်ပြီး သူ့အမျိုးတွေကို လိုက်ပြ ဆရာကြီး.စတိုင်နဲ့နေတာပေါ့ ။အခုပဲ မီလျှံနာဖြစ်တော့မယ့်ပုံ
ကျွန်တော်ကိုလည်း လာပြတယ် ကိုယ့်ဆရာရေ စာသားလေး ကို လည်းကြည့်အုံး
Firstly we would like to congratulate you as one of our winners in this
years Netlog Award 2011, we would like you to know that your information
have been received and your winning details have been verified. You are now
been confirmed as one of the lucky winners for star prize (?560,000.00 Five
Hundred And Sixty Thousand Great British Pounds).
ဒီမှာတင် မီဒီယာခင်မောင်က နာမည်တောမီးလို ပြန့်ပြီး ကြီးသွားတယ် ဒေါ်လာထက်မြင့်တဲ့ငွေကြေးကို ရပြီ ဆိုပြီး ခင်မောင်ကို ခင်မင်သူတွေ များလာတယ် တစ်ချို့ဆို ဒီပိုက်ဆံ မထုတ်ခင် ငွေချေးထားကြတယ်
အလကားတော့ မဟုတ်ဘူး တစ်ရာ တစ်ဆယ်တိုးနဲ့ ။ခင်မောင်က လူတိုင်းပိုက်ဆံကို လက်ခံတာ မဟုတ်ဘူး အတိုးပေးစားတဲ့ ဒါ်ငွေခင်က ဟဲ့ခင်မောင် ငါ ပိုက်ဆံကိုတော့ လက်ခံပါ နင် အင်္ဂလန်သံရုံးသွားဖို့လည်း
ပိုက်ဆံ လိုတယ်မဟုတ်လား မျးများမဟုတ်တောင် ၂သိန်းလောက်တော့ ယူပါဟယ်လို့ တောင်းပန်ရတဲ့ အဖြစ်ကိုယ့်ဆရာရေ။
ဒီမှာ ခင်မောင်တို့ သုံးရယ် ဖြုံးရယ်နဲ့ အတော် စိုပြေနေတာပေါ့ဗျာ။ နောက် တော့ နက်လော့ ကစာပို့တာ ဘာမှ ဆက်သွယ်လို့မရတော့ မျက်နှာငယ်လေးနဲ့ ကျွန်တော်ဆီရောက်လာတယ်
ဆရာထက် …ဟိုနက်လော့က ဘာမှ ပြန်မဆက်သွယ်တော့ဘူး အဲ့ဒါ …..
ဟ.. ခင်မောင် မင်းတော်တေ်ာညံ့သေးတာပဲ ဘယ်သူက ပိုက်ဆံ သိန်းပေါင်းများစွာကိုပေးမှာလည်း မင်းက ဒါတောင်မသိဘူးလားလို့ ကျွန်တော်ပြောတော့ ခင်မောင့်မျက်နှာ ကိုယ့်ဆရာမြင်စေချင်တယ်ဗျာ တကယ့်ကို သေးပြီး မည်းညစ်သွားတာ ဇီးရွက် မဟုတ် ဘူး မကျည်းရွက်လောက်ပဲရှိမယ်။ကျွန်တော့်ကြွေးတွေ ဘယ်လို လုပ်ရမလဲ မသိတော့ဘူးဗျာတဲ့ ဒါက မီဒီယာ ခင်မောင်ရဲ့ အဖြစ်တစ်ခုပဲ ကိုယ့်ဆရာ။
ခင်မောင် သတင်းက မြို့မှာတော်တော်ကြီးတဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိသေးတယ်ကိုယ့်ဆရာရေ့ ဂျီတော့ မှာပြောရင်း ဟင်္သတမြို့က ကောင်မလေးနဲ့ ရင်းနှီးတယ် နောက် ချစ်သူတွေဖြစ်ကြတယ် ညနေဆို
နက်ဆိုင်မှာ ခင်မောင် အသံက ညံနေတာပဲ
ညီမလေး ..အကို သိပ်ချစ်တယ် တကယ်ကို့ လေးနက်တဲ့ ဖြူစင်တဲ့ နှင်းထက်အေးတဲ့ လရောင်ထက်ဝါတဲ့ အဲမှားလို့ ပြာတဲ့အချစ်…..
ဒါခင်မောင် က ဂျီတော့ ဖုန်းနဲ့ ဟင်္သတက ကောင်မလေးကိုကြွေနေတဲ့ စကားလုံးတွေပါ။ ဆိုင်ထိုင်တဲ့ လူတွေ က တော့ နားညီးနေကြတယ်။တစ်ချို့ဆို ခင်မောင် တန်ရုံပြောနော်..တိုးတိုးကွာ စသဖြင့်ပြောဆို နေကြလောက်အောင် ဒီကောင်က ကဲတာ။
ညီမလေး အကိုက ညီမလေးကို ဘယ်လို ချစ်လဲ ဘယ်လောက်ချစ်လဲ ဟုတ်လား ..တန္နော ယက္ခ ဘီလူးလို အာခံတွင်းထဲ ထည့်ကာငုံထားချင်တာပါ
မယုံလို့လား ကိုယ့်အချစ်က ရေထဲက ငါးတွေ မြေမှာပျံတဲ့ အခါ ကောင်းကင်က ငှက်တွေရေကူး အဲ ..ငှက်တွေရေငုတ်တဲ့ အခါ အိုကွာ ငံပြာရည်ဖြစ်ရင်တောင် တစ်ပုလင်းထဲအတူနေချင်တာပါ
ဒါက ခင်မောင်ရဲ့ တော်ကီ ပဲ ကိုယ့်ဆရာရေ့ အင်တာနက်ဆိုင်မှာ တစ်ဆိုင်လုံးညံနေတဲ့ သူ့ အသံနဲ့ သူ့အပြောတွေကြောင့် တစ်မြို့လုံး သိနေကြပြီ။
ခင်မောင်ကို ဟင်္သတက ကောင်မလေးက လာလည်ဖို့ခေါ်တဲ့ သတင်း က တစ်မြို့လုံး စိတ်ဝင်စားကြတယ် ဖိုးမောင်ကလည်း ရှိစုမယ့်စုတွေ ဆင်ပြီး အပေါင်း အသင်းတွေစုလို့ သွားမယ်ပေါ့ ကျွန်တော်တို့
မြို့ကနေ ဆိုင်ကယ်နဲ့ သွားလို့ရတယ် လေ။ သူခေါ်သွားတဲ့ လူတွေကို သူက စရိတ်ခံရမယ် ။ ခင်မောင် လက်စွပ်လေးတစ်ကွင်း ပေါင်သွားတယ် ။လက်စွပ်ကလည်း သူ့ အဖေ လူပျိုက ဝတ်တဲ့ လက်စွပ်ပါ။
သူအမေမသိအောင် ခိုးပေါင်ရတယ်။ဆိုင်ကယ်ငှားတာနဲ့ သုံးမှာစွဲမှာနဲ့ ဆို ငွေ ၅သောင်းလောက်မရှိရင် မရဘူးလေ။သူကောင်မလေးက ခေါ်တာ၊ အိမ်ကို သွားရမှာမို့ သူပျော်နေတယ် ။ကောင်မလေးပုံလည်းသူမြင်ပြီးသား ချောတယ်လို့ ဆိုရမယ်ဓါတ်ပုံကို လိုက်ပြပြီးကြွားထားလို့ တစ်မြို့လုံးနီးနီး သိနေကြပြီ။ဓါတ်ပုံအောက်မှာစာသားလေးတစ်ခု ရေးထားတယ်။
ဘယ်အခြေအနေ ဘယ်အခါပဲဖြစ်ဖြစ် ပစ်မသွားကြေးနော်တဲ့
ကိုယ့်ဆရာရေ တိုတိုပဲပြောမယ် အုပ်စုဖွဲ့သွားကြတာ ညနေတော့ ပြန်လာကြတယ်။ခင်မောင်က မျက်နှာ ရှုံ ့မဲ့ လာတယ် ၊ နဂိုက ကိုင်းတဲ့ ခါးက ပိုကိုင်းလာတယ်။မျက်နှာတွေနီရဲ လို့ စိတ်ညစ်လာတဲ့ပုံပဲ။ကိုယ့်ဆရာရေ သေချာမေးကြည့်တော့ ကောင်မလေးက ရုပ်ကတော့ ချောပါတယ်ခြေတစ်ဖက်မသန်ဘူးဖြစ်နေတယ်။ သူ့ ခမျာ ခင်မောင်ကိုကောင်းကောင်းမွန်မွန်ဧည့်ခံရှာပါတယ် အိမ်ကိုလည်း
သူ့ ချစ်သူလာမယ်လို့ပြောထားတယ် ခင်မောင်ကတော့ ကြက်ဖကြီးလည်လိမ်သလို ငူငူကြီးနေတော့ ကောင်မလေးက လည်း မျက်နှာပျက် နေတယ်လို့ ပါသွားတဲ့ သူငယ်ချင်းတွေက ပြန်ပြောလို့ သိရတယ်
အဲ့ဒီလို မီဒီယာ ခင်မောင်က ဖြစ်လိုက်ရင် အဆန်းကြီးပဲ ။
ဒီလိုနဲ့ ကိုယ့်ဆရာရေ မြို့မှာလည်း အင်တာနက် သုံးသူတွေ ပိုများလာပြီ အင်တာနက် ဆိုတာလည်း ရေးရေး သဘောပေါက်လာပြီ လို့ ဆိုရမယ် ။ လူငယ်တွေကတော့ အင်တာနက်ကို မသုံးတတ်သေးဘူး ဂျီတော့
လောက်နဲ့တင် VZO ချက်လောက်နဲ့တင် သုံးနေတာကလား။တစ်ချို့ကတော့ သတင်းလေး ဘာလေး တင်ကြ ၊ အတင်းလေး ဘာလေးပြောကြအဆင့်တော့ ဖြစ်နေပြီ။ မီဒီယာ ခင်မောင်ကလည်း နည်းနည်း အဆင့်မြင့်လာပြီ
စကားမစပ် ကိုယ့်ဆရာရေ မီဒီယာ ခင်မောင်မှာ ညီမ တစ်ယောက်ရှိတယ် ချောတယ်လို့ ဆိုရမယ်။ သူကလည်း သူ့အကိုလိုပဲ နက်ဆိုင် ထိုင်ပါတယ်။ မထိုင်ခံနိုင်ရိုးလား အင်တာနက်ဆိုတာ ကမ္ဘာကြီးရဲ့ ပြူတွင်း
ပေါက်တစ်ခု၊ အင်တာနက် မထိုင်ရင် ခေတ်မမှီ တော့ ဘူး ဘာညာနဲ့ တစ်မြို့လုံးတရားဟောနေတဲ့ လူပဲ။ညီမ ကို သူပဲ အင်တာနက်ခေါ် စာစီစာရိုက်သင်ပေးနဲ့ လိုင်းသွင်းတယ် ပေါ့ ကိုယ့်ဆရာရေ့ အိမ်မှာသူ့အမေဆူရင်
သူ့ ဘက်တော်သား သူ့ ညီမ ကို ထည့်ထားတာ၊ခင်မောင့် အကြံ မပိုင်ဘူးလား။တစ်နေ့တော့ ခင်မောင် အိမ်ပေါ်က ဆင်းရပါလေရော ကိုယ့်ဆရာရေ့ သူ့ ညီမက လင်နောက် လိုက်သွားတယ်။ လိုက်သွားတဲ့ လူကလည်း
အင်တာနက်မှာတွေ့တဲ့ ဂျီတော့ နဲ့ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက်တဲ့ သေချာတော့ မသိဘူး။ဒီမှာ သူ့အမေက ငိုလည်းငို တုတ်ဆွဲပြီး ခင်မောင့်ကို လိုက်တော့ တာပဲ ။ခင်မောင်ကပြေး သူ့ အမေက အော်ပြီးလိုက်
ခင်မောင် …ဟင် လင်ရှာစက် သုံးနည်းကို ညီမ ကို သင်ပေးတဲ့ကောင်….
ကိုယ့်ညီမ ကို လင်ရှာပေးတဲ့ အရှက်မရှိတဲ့ကောင်….
ဟဲ့သေနာ မပြေးနဲ့….နင့်ကို အသေသတ်မယ်..
ဘယ်လိုကောင်စားမှန်းမသိဘဲ လိုက်ပြေးတဲ့ကောင်မကိုလည်း သတ်မယ်…နင့်ကိုလည်း သတ်မယ်ဟေ့
ပိုက်ဆံကုန် အချိန်ကုန်နဲ့ ခုတော့ ငါ့သမီးလင်နောက်လိုက်သွားပြီး ..သေနာကြ.. မသာကောင် အစိမ်းသေမယ့်ကောင်
ကမ္ဘာကြီးရဲ့ ပြူတွင်းပေါက်ဆို …..နင့်နှမ လင်နောက်လိုက်သွားတဲ့ ပြူတွင်းပေါက် လား ဟင်းဟင်း အသေသတ်မယ်

အဲ့ဒီလို ကိုယ့်ဆရာရေ့ သူအမေက လိုက် သူကပြေး မြို့က ကျည်းတော့ လူတွေက ဝိုင်းကြည့် နဲ့ ဒါတောင် မီဒီယာ ခင်မောင်က လှည့်ပြောသွားသေးတယ် “ ဒါ သူဉာဏ်မ မှီလို့ ဖြစ်တာ အင်တာနက်ကိုတော့ အပြစ်မတင်နဲ့ အမေတဲ့။”
မိဒီယာ ခင်မောင်ကတော့ မလျှော့ဘူး ကိုယ့်ဆရာရေ ပြေးရင်းလွှားရင်းနဲ့ပြန်ပြောသွားသေးတယ်ဗျာ။

8 comments

  • htet way

    May 8, 2012 at 1:32 pm

    မိတ်ဆွေ တစ်ယောက်က သူ့ဂျာနယ်မှာသုံးချင်တယ် ဆိုပြီး
    အင်တာနက် မှ လိမ်လည်မှုများကို ဆောင်းပါးရေးခိုင်းတယ်
    ကျွန်တော်က ဂေဇက်မှာ ဟာသ ရေးတယ်
    တကယ်လို့ ပိုက်ဆံပေါသူရှိရင် မနှမျောတတ်ရင်
    စာအုပ်ထုတ်ပေးမယ့်သူများရှိခဲ့ရင်ပေါ့ ကျွန်တော် ထက်ဝေး
    ကို ဆက်သွယ်ပြီး အိပ်မက်ပေးကြပါလို့ ။

  • FattyCat

    May 8, 2012 at 2:03 pm

    “ ဒါ သူဉာဏ်မ မှီလို့ ဖြစ်တာ အင်တာနက်ကိုတော့ အပြစ်မတင်နဲ့ အမေတဲ့။”

    အဲဒီစကားလေးကိုတော့ဖြင့် တော်တော် သဘောကျပါတယ်…

    ရွာထဲကငရှုပ်-
    ကြောင်ဝတုတ်

  • ညလေး

    May 8, 2012 at 2:27 pm

    “ကမ္ဘာကြီးရဲ့ ပြူတွင်းပေါက်”….
    ..“ ဒါ သူဉာဏ်မ မှီလို့ ဖြစ်တာ အင်တာနက်ကိုတော့ အပြစ်မတင်နဲ့ အမေတဲ့။”…….
    အားပေးသွားပါတယ်………ဆရာထက်ဝေ……..

  • ဗိုက်ကလေး

    May 8, 2012 at 2:55 pm

    တော်ပြီ..တော်ပြီ
    ဆရာထက်တို ့ရပ်ကွက်ထဲက အမြန်ပြောင်းမှဖြစ်တော့မယ်
    နို ့မို ့ဆို
    ဗိုက်ကလေး ဘီအီးမူးပြီး အင်တာနက်ဆိုင်ထဲဝင်လာတဲ့ အကြောင်းတွေ ထည့်ရေးနေမှဖြင့်

  • မဟာရာဇာ အံစာတုံး

    May 8, 2012 at 3:29 pm

    မီဒီယာ ခင်မောင်ရဲ့ တော်ကီတွေက အလန်းဇယားပဲဟ ..
    နာလည်း သူ့တော်ကီတွေ ခိုးပြီး ချဲဦးမှ … 😀
    အဲ .. သွားတော့ တွေ့လို့ကိုက်ဘူး ..
    တော်ကြာ မျက်နှာလေးတင် ကွက်လှနေမှ … ဒုတ်စ …

  • windtalker

    May 8, 2012 at 3:56 pm

    ကိုထက်ရေ အဲဒီ လင်ရှာစက်ဆရာ ခင်မောင်ကို ခေါ်ပြီး အပျိုကြီးတွေ အတွက် သင်တန်းဖွင့်ရင် ဘီးစီးနပ်စ် ဘဲကလား

  • htet way

    May 8, 2012 at 6:11 pm

    အားပေးတာကျေးဇူးပါ
    အင်း လင်ရှာစက်ကို …တည်ထောင်မယ် ဗျာ
    ပညာပေးဖို့ ဖက်တီးကက်က တာဝန်ယူပေါ့
    သင်တန်း ကြီးကြပ်ရေးမှူးက ကို ဘလက်ချော
    တည်ထောင်သူ အင်ဇာဂီ ဗျာ ဘယ်လိုလဲ

  • may flowers

    May 8, 2012 at 9:54 pm

    အင်တာနက်ဇာတ်လမ်းလေးတွေဖတ်ပြီး အားပေးသွားပါတယ်။

Leave a Reply