Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဉာဏ်ဦးဆောင်လို့ ခရီးဆက်စေ (ညီမလေးဖတ်ဖို့)

htet wayMarch 20, 20121min96356

ညီမလေးရေ မူခင်းဂျာနယ်တွေမှာ များသေားအားဖြင့် မဒိန်းကြံစည်မူတွေပါတာတွေ့နေရတယ်။ တခါက အကို ဟာ ကလောင်ခွဲအမျိုးမျိုးနဲ့ မူခင်းတွေရေးခဲ့ဖူးပါတယ်။ မူခင်းအယ်ဒီတာတစ်ဦးက အကို့မိတ်ဆွေဆိုတော့
ကူညီတာပါ။အဲ့ဒီမှာ မူခင်းလေးတစ်ပုဒ်က ရင်နာစရာမို့ မမေ့နိုင်ခဲ့ပါဘူး။
ဒီလိ်ုညီမလေးရေ ချစ်သူနှစ်ယောက် ညဦးပိုင်းလေးတွေ့ကြတယ်ကွယ်။လူသူရှင်းတဲ့ကွင်းစပ်လေးမှာပေါ့ ။ ဒီအချိန်မှာပဲ မူးပြီး အလုပ်ခွင်ကပြန်လာကြတဲ့ အလုပ်သမား ၃ယောက်က ကောင်လေးနဲ့ကောင်မလေးကိုတွေ့
့တော့ ကောင်းလေးကို မင်းအနာခံမလားကောင်မလေးကို ထားခဲ့မလားလို့ပြောပြီး ချိန်းခြောက်တော့ ကောင်လေးက ကောင်မလေးကို ထားပြီးပြေးခဲ့တယ်လေ။ဒီမှာပဲကောင်မလေးက ရေတိမ်နှစ်ခဲ့ရတယ်။
ညီမလေးရေ ဒါကြောင့် ဆိတ်ကွယ်ရာကိုလည်း မသွားလေနဲ့ ချစ်သူရည်စားထားရင်လည်း ခြေသလုံးပုလွေရိုး ပေါင်နို့ဆီခွက်နဲ့ အင်္ကျီပွပွဝတ်ထားရင် စာခြောက်ရုပ်လေထိုးထားသလိုကောင်လေးမျိုးတွေ၊ သူရဲဘောကြောင်တဲ့ ကောင်လေးမျိုးတွေချစ်သူမလုပ်မိပါစေနဲ့ကွယ်။ အကိုဆိုရင် ကိုယ့်ချစ်သူအတွက် အရဲစွန့်မှာပဲလေ။သေသေကြေကြေ ကွာကွယ်ရမယ် ချစ်သူအမတွက်ရော ယုတ်မာယမူအတွက်ပါရင်ဆိုင်မိမှာပါ။
ညီမလေးရေ ကိုထီးသီချင်းရှိတယ်လေ ကိုယ်တိုင်အစကကြောက်တတ်သူတောင် ချစ်သူထိတော့ ရဲတတ်ကြတယ် သတ္တိတွေဘယ်ကရလဲမသိဘူးတဲ့။ အကိုတို့လောကဝန်းကျင်မှာ မတရားမူတွေကို
တွန်းလှန်ရမယ့်တာဝန်ရှိတယ်လေ။မှန်ကန်မူအတွက်ဆို ရင်ဆိုင်ရဲတဲ့ သတ္တိရှိနေရမယ်။သစ္စာတရားနဲ့ ကွာကွယ်ရဲတဲ့ သတ္တိတွေရှိမှသာ ယောက်ကျားပီသမှာပေါ့။
ညီမလေးရေ အကိုတို့မြို့မှာ ဘာသာရေး အဆောက်အအုံက ပစ္စည်းတွေခိုးခံရတယ်။ အမူဖွင့်တရားလိုလုပ်တဲ့ ဂေါပက အတွင်းရေးမှူးက တာဝန်သိစိတ်နဲ့ အမူဖွင့်ပါတယ်။ ခိုးတယ်လို့ စွပ်စွဲခံရတဲ့
တရားခံက ဆွေကြီးမျိုးကြီးထဲကကွယ်။ ဒီတော့ လူအများက အများပိုင်တဲ့ အလှူပစ္စည်းဖြစ်နေတော့ အများက ကာကွယ်ရမယ်လေ။သို့သော် ညီမလေးရေ ဒါကို အမူဖွင့်ရပါ့မလားဆိုပြီး ဝိုင်းအပြစ်မြင်ကြလေရဲ့ ။ဒီနေရာ
သူခိုးဟာမှာမရှိဆင်းရဲသားကျောမွဲသာဆို သတ်ပစ်လိုက် ဒီလိုအကျင့်မကောင်းတဲ့ ကောင် ဆိုပြီးဝိုင်းပြောကြလိမ့်မယ် အခုတော့ မြို့ပေါ်က သူဋ္ဌေးကြီးတောင် အကူညီပေးလို့ တရားလိုခမျာ ဒုက္ခတွေ့နေရတယ်ကွယ်
ငွေများတရားနိုင်မလား။ ဒီအမူတောင်လွယ်လွယ်ဖွင့်လို့မရခဲ့ပါဘူး။
ညီမလေးရေ ငါ့အမျိုး ၊ ငါ့အဖွဲ့ဆိုပြီး အမှားကို လည်း အမှန်လုပ်။မျက်နှာကြီးဟဲ့ဆိုပြီး မပြောရဲမဆိုရဲနဲ့ အမှားမှန်သိလျှက် မျက်စိမိတ်ထောက်ခံတဲ့ လူလောက် ရွံ့စရာကောင်းတာမရှိဘူးလို့ အကိုထင်ပါတယ်။အုပ်စုဖွဲ့ပြီး ဤ ကို ကျွှဲဖတ်ကြတာတွေကို အကိုကတော့ မုန်းပါတယ်။ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ငါ့မြင်း ငါစိုင်း စကိုင်းရောက်ရောက်ဆိုတဲ့လူတွေကိုညီမလေးဝေးဝေးကရှောင်ပါနော်။
ညီမလေးရေ အကို ကခရီးသွားနေရတဲ့ လူတစ်ယောက်ပါ ကားနဲ့ခရီးသွားရတဲ့ အခါမှာလူအမျိုးမျိုးကိုမြင်ရတွေ့ရပါတယ်။ကားစီးပြီးခရီတိုကို ကားခမပေးချင်လို့ ရန်ဖြစ်တဲ့သူတွေ တကယ်မရှိလို့
စပါယ်ယာကို တောင်းပန်တဲ့လူတွေတွေ့ခဲ့ပါတယ်။ ကားစီးရတဲ့ဒုက္ခကလည်း မငယ်ဘူးညီမလေးရေ့။ အကိုတို့က အချိန်ကိုလေးစားပါတယ် ကားထွက်ချိန်တစ်နာရီကို တစ်နာရီထိုးဖို့ မီးနစ်၂ဝလောက်တင်စောရောက်တာပါ
တစ်နာရီထွက်မယ့်ကားက လူတစ်ယောက်မလာသေးလို့ တစ်နာရီခွဲထိစောင့်နေတာနဲ့ကြုံဖူးပါတယ်။ ဖုန်းဆက်ထားလို့စောင့်တယ်လိူု့ ဒရိုင်ဘာကျပြောပါတယ်။ အကိုတို့မြို့က သူဋ္ဌေးကြီးတစ်ယောက်ပါ။
တကယ်တော့ အချိန်ကိုတန်ဖိုးထားရမယ်လေ ကိုယ်ချထားတဲ့ ဥပဒေ တစ်နာရီထွက်မယ်ဆိုတာကို ကိုယ်ကလေးစားရမှာပါ။ညီမလေးလည်းကိုယ့်ကြောင့် လူတဖက်သား စိတ်ရောကိုယ်ပါ အနောင့်အယှက်မဖြစ်အောင်
သတိထားနေပါကွယ်။
ညီမလေးရေ တခါက တက္ကသိုလ်က လက်ထောက်ကထိက (အခုတွဲဖက်ပါမောက္ခ)တစ်ယောက်ကို အကိုကတွေ့ချင်လို့ ချိန်းခဲ့ဖူးပါတယ်။ သူနေတာကို အကိုကလာဖို့ခက်လို့ သူကလာတွေ့တာပါ ဝရံတာမှာ
အကိုစောင့်ကြည့်နေခဲ့တယ် ။ဆိပ်ကမ်းသာလမ်းထဲကို သူဝင်လာတာတွေ့ပါတယ်။အကိုနဲ့ ချိန်းထားတာက ၈နာရီပါ။၈နာရီ ပြည့်ဖို့ ၁ဝမီးနှစ်လိုပါသေးတယ်။သူက အပေါ်မတက်ပါဘူး အောက်ကစောင့်နေတယ် ၈နာရီပြည့်မှ
အပေါ်တက်တံခါးခေါက်ပါတယ်။ဘယ်လောက်ကောင်းတဲ့ အကျင့်လေးလည်းကွယ်။ညီမလေးလည်း အချိန်ကိုတိကျပါ တန်ဖိုးထားနိုင်အောင်ကြိုးစားပါနော်။
ညီမလေးရေ…စာရေးဆရာ အကြည်တော်ရဲ့ အိမ်ကို အကိုက သွင်္ားခဲ့တယ်။အိမ်မဲမြို့နယ် စာပေဟောပြောပွဲအတွက်ပါ။ စာပေဟောပြောပွဲအတွက်ရက်လိုချင်လို့ပါ။စာပေသမားတွေကောင်းလိုက်တာကွယ်
အကိုကိုနွေးနွေးထွေးထွေးဆက်ဆံတယ်။ဘက်ဆဲလားစာရေးဆရာက အကိ်ု့လို ငချွတ် စာရေးဆရာလေးရဲ့ စာတွေကိုဖတ်ဖူးပါတယ်တဲ့။ကဲညီမရေ ဘယ်လောက်ကောင်းတဲ့ ဆက်ဆံမူလည်း တကယ်တော့ အကိုက စာပေလက်ချိုးရေလို့ ရအောင်ပဲ ရေးခဲ့တဲ့ ကချိကချောက်ပါကွယ်။သူဖတ်မိချင်မှ ဖတ်မိမှာပါ။သို့သော်နွေးထွေးမူပေါ့။ နောက် ဘက်ဆဲလားမဟုတ်တဲ့ လူတစ်ယောက်ကို အကိုကခေါ်ပါတယ် စကားပြော
မောက်မာလိုက်တာလေ။ဒီလိုမျိုး ဘဝင်မာနကိုညီမလေးမထားနဲ့နော်။
နောက်တစ်ခုက စီစဉ်မူကိုလည်းမညံ့စေနဲ့ ညီမလေးရေ စီစဉ်တတ်မူဆိုတာ သိပ်အရေးကြီးပါတယ်။တာဝန်ရှိသူတွေဖြစ်ပြီးတာဝန်မကျေတာတွေဟာရှက်ဖို့ကောင်းပါတယ်။နောက်ကိုယ်ရဲ့ အလုပ်မှာကိုယ်သိပါစေလေ။
ဖုန်းတတ်ထားပြီးဖုန်းမဆက်ရဲတဲ့ အဖြစ်မျိုးတွေကိုလည်း အကိုဘဝင်မကျပါဘူး။ ကိုယ်က မိသားစုမှာဦးဆောင်ရင် ဦးဆောင်မူတာဝန် ၊အဇွဲ့ အစည်းမှာဦးဆောင်ရင် ကိုယ့်တာဝန်ကိုညီမလေးကျေပါစေနော်။
ညီမလေးရေ …ပွဲလန်ွှတုန်းဖျာခင်းချင်တဲ့လူတွေကိုရှောင်ပါကွယ်။အကိုတက္ကသိုလ်ကျောင်းသားဘဝက သူငယ်ချင်းခရစ်ယာန်မလေးပြောတဲ့စကား အကိုမှတ်ထားပါတယ်ခုထိမမေ့နိုင်ဘူးကွယ်။နားနှခေါင်းလည်ချောင်း
ဆေးရုံမှာနပ်စ်လုပ်တယ်တဲ့ အဲ့ဒီတုန်းကပါ။ အကိုရေ လူမူရေးပဲဖြစ်ဖြစ် ကိုယ်က ကူညီလိုက်တာပဲဖြစ်ဖြစ် ဘလယ်တော့မှ အကျိုးအမြတ်ကို မမျှော်လင့်နဲ့တဲ့ စေတနာသန့်ပါစေ မျှော်လင့်နေရင် ကိုယ်စေတနာမသန့်သလို
စိတ်ကလည်းပူလောင်ရပါတယ်တဲ့။ ဘယ်လောက်လေးစားဖို့ကောင်းလည်းညီမလေးရယ်။
လောကမှာလူအဖြစ်နေရတာက တိုတိုလေးပါကွယ် ။စိတ်ချမ်းသာမူဆိုတာ ကိုယ်တိုင်ရနိုင်ခဲ့တဲ့ဆုတခုပဲလေ။ညီမလေးစိတ်ချမ်းသာမူကိုရှာကြံယူနော်။စေတနာသန့်သန့်နဲ့ အမှန်တရားအချိုရည်ကိုသောက်ပါနော်။
လူသားချင်းစာနာမူအလှတရားနဲ့ လူမူထူထောင်ရေးတွေဆောင်ရွက်ပါ။အများကျိုးအတွက်တာဝန်ထမ်းရွက်ပါ ပရဟိတတွေမှာပျော်ပါနော်။
ဆရာမောင်စိန်ဝင်းရဲ့ ကဗျာတစ်ပုဒ်လို ” ဧည့်ခန်းမှာ ဓါးချိတ်ထားလို့ ဓါးလို့မမည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှ ဓါးလို့ ခေါ်မယ်။ ဧည့်ခန်းမှာစောင်းချိတ်ထားရုံနဲ့ စောင်းလို့မမည်၊ မျိုးချစ်စိတ်ကိုဖေါ်ကျူးတဲ့တေးသီမှ
စောင်းလို့ခေါ်မယ်တဲ့..။ကဗျာစာသားတော့ အမှန်မဟုတ်ဘူးကိုမှတ်မိသလိုရေးလိုက်တာနော် ဆိုခိုချက်ကတော့ ဒါပါပဲ။
လူမူဝန်းကျင်မှာ နေထိုင်ကြတဲ့အခါ ကိုယ့်ဟာတရားနဲ့ ညီအောင်နေထိုင်ရင်း ညီမလေး ဘဝအဓိပါယ်ရှိအောင်နေပါကွယ်။ အသိဉာဏ်ရှိသူနဲ့ မရှိသူတူနိုင်ပါ့မလားညီမလေး။ဉာဏ်ဦးဆောင်လို့ ဘဝကို ညီမလေးချီတက်
ရင်း အလှတရားကိုဖေါ်ဆောင်နိုင်ပါစေလို့ အကိုဆန္ဒပြုပါတယ်။

56 comments

  • yaungchikha

    March 24, 2012 at 11:06 am

    လူမူရေးပဲဖြစ်ဖြစ် ကိုယ်က ကူညီလိုက်တာပဲဖြစ်ဖြစ် ဘလယ်တော့မှ အကျိုးအမြတ်ကို မမျှော်လင့်နဲ့တဲ့ စေတနာသန့်ပါစေ မျှော်လင့်နေရင် ကိုယ်စေတနာမသန့်သလို
    စိတ်ကလည်းပူလောင်ရပါတယ်..
    အရမ်းကောင်းတဲ့ မှတ်သားစရာလေးတွေပါ၊ အခုလို မျှဝေပေးလို့ ဆရာထက်ကို ကျေးဇူးတင်ပါတယ်..

  • htet way

    March 24, 2012 at 1:57 pm

    စေတနာဟာအရေးကြီးဆုံးလို့ မြင်မိပါတယ်
    စိတ်ဖြူပါမှ ဘဝလည်းဖြူနိုင်မယ်လေ
    ဒါကြောင့် ဒီစာသားကို ရေးမိတာပါ။
    ခုလို အသေးစိတ်ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။အားပေးတာလေးစားပါကြောင်း

  • ကျနော်အမြင်ပြောရရင်
    သတင်း= အချိန်မီ သိဘို့အတွက်(အချိန်တိုအတွင်း ဒိုင်းကနဲဖြစ်သွားအောင်)
    ဆောင်းပါး=အသိပညာမျှဝေပေးခြင်းအတွက်(မိုးဖွဲဖွဲလေးရွာနေသလို)
    ကဗျာ= စာနဲ့ရေးတဲ့အသံကို ခံစားဘို့အတွက်(မိုးခြိမ်းသံတွေပေးနေသလို)
    ဝတ္တု=စိတ်ခံစားမူ့ ကို ပြေပျောက်စေဘို့(မိုးတစိမ့်စိမ့်ရွာနေသလို)အတွက်လို့ ကျနော်ကယူဆပါတယ်။
    လောလောဆယ်တော့ ကျနော် အဲဒီလေးခုစလုံးကို တို့တိတို့တိ နဲ့ ဖမ်းမိဘို့ကြိုးစားနေပါတယ်။

  • htet way

    March 24, 2012 at 9:17 pm

    ကောင်းလိုက်တာဆရာရယ်
    ကျွန်တော်တို့ မိုးတွေရွာစွေနေတာပါ
    တခါတလေမိုးစိမ့်စိမ့်မှာ လို့
    တခါတလေ မိုးတောထဲဖြတ်ပြေးလို့
    မိုးကြိုးပစ်သံတွေမှာ လန့်ထိတ်လို့………..။
    ဆရာကျန်းမာပါစေ

  • Khin Latt

    March 24, 2012 at 11:37 pm

    ဆရာထက်
    အဝင်နောက်ကျ နေတာ ခွင့်လွှတ်ပါရှင်။

    ဆရာထက် ပြောတဲ့ အပေါ်ဆုံးက ဇာတ်လမ်းလေး ကတော့ ရင်နင့်စရာပါဘဲ။
    ဒါလေးကို အတုယူလို့ ရင်နာဖွယ်ဇာတ်လမ်းတွေ ထပ်ပြီး မဖြစ်အောင် သင်ခန်းစာယူသင့်ကြပါတယ်။
    လောကကြီးထဲမှာ အလစ်ချောင်းပြီး အခွင့်အရေးယူချင်သူတွေ အများကြီး ရှိနေတာကို ကလေးတွေ သိသင့်အောင်ပြောဆို ပေးနေရပါမယ်။

    ဒုတိယ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတာကလဲ ကျွန်မတို့ မြန်မာရဲ့ ဓလေ့လိုဖြစ်နေပါသေးတယ်။
    သူဌေး ဆိုရင် မဟုတ်တာလုပ်လဲ သိသိချည်း လွှတ်ပေးတာ အဆန်း မဟုတ်သလိုပါဘဲ။
    ဒါပေမဲ့ ဟိုးတုန်းက မြန်မာရုပ်ရှင် တွေထဲ မှာတော့ သူဌေး ဆိုရင် လူကောင်း ကိုမရှိရှာဘူး။ ဗီလိန် နေရာမှာဘဲ ထားတာများတယ်။ 😀
    ဒီတော့ တွေးကြည့်ရင် အပြင်မှာ သူတို့ကို မအုပ်နိုင်တာနဲ့ ရုပ်ရှင်ထဲမှာ အတင်း လူကြမ်းလုပ်ခိုင်းလိုက်တာ နေမှာ။
    အဲဒါတွေဟာ ဒီမိုကရေစီ စနစ် ကို အပီအပြင် ဖော်နိုင်လာရင်တော့ ပျောက်သွားလောက် ကောင်းပါရဲ့ရှင်။

    အချိန်တိကျဖို့ အကြောင်းကိုတော့ ကုတ်ကုတ်လေးနဲ့ ဖတ်သွားပါတယ်။
    သူများနိုင်ငံမှာတော့ ကြိုးစားပြီး အချိန်မှန်အောင် ကျင့်နေပါတယ်။
    ဒါပေမဲ့ မြန်မာတွေ အချိန်မလေးစားတာ အာဖရိက နိုင်ငံတွေ မှာ လောက် ဆိုးမှာ မဟုတ်ပါဘူး။
    အဲဒီနိုင်ငံတွေမှာ မနက် ၉နာရီ မင်္ဂလာဆောင် ဆိုရင် နေ့လည် ၃နာရီမှ စဖြစ်တယ် ဆိုဘဲ။ 🙂
    ဟုတ်မဟုတ်ကတော့ ကိုယ်တွေ့မဟုတ်ပေမဲ့ သူတို့ နိုင်ငံကလူကဘဲ ပြောပြတာ။

    မာန် ဆိုတာကတော့ ဆရာထက် လို သီချင်းနဲ့ ကိုးကား ပာရရင်
    “မင်းထက်တော်တာ တစ်နေ့တော့ ပေါ်လာဦး မလေ။” ဆိုတဲ့သီချင်း။ ဦးမင်းနောင် ဆိုတာထင်ပါရဲ့။
    မာန်မာန ဆိုတာ ငါ နဲ့စွဲ နေတာမို့ ပူလောင်မြဲပါ။
    ငါဖြုတ် ထားနိုင်ရင်တော့ အကောင်းဆုံး ပါဘဲ။

    ခရစ်ယာန်တွေ ရဲ့ အယူအဆ ကို ကျွန်မလဲ သဘောကျတယ်။
    သူတို့ က ဘာလုပ်လုပ် ဘုရားသခင် ကကူညီတာ လို့ စိတ်ကိုထားတော့ ကိုယ်က ကူညီ ရင်ဖြစ်ဖြစ်၊ ကိုယ်က အကူအညီ ခံ ရရင် ဖြစ်ဖြစ် သူ နဲ့ ကိုယ်ကြားမှာ ဘာမှ အနှောင်အဖွဲ့ မထားဘူး။
    ဘုရားသခင် ရဲ့ ဂုဏ်ကျေးဇူးတော် ကိုဘဲ ကျေးဇူးတင်စရာလိုတယ်။
    အဲဒါပြတ် ရော။ မဟုတ်လား။

    ဒီလို အသိတရား တွေ တွေ ကို ဖြန့်ဝေ ပေးတဲ့ စာလေး ကို အချိန်ယူရေးပေးတဲ့ ဆရာထက် ကိုလေးစားပါတယ်။
    ဒါမျိုးစာလေးတွေ ပိုပြီး များများဖတ်ဖို့ ကိုလဲ စောင့်စားနေပါတယ် ရှင်။ 🙂

  • “မင်းထက်တော်တာ တစ်နေ့တော့ ပေါ်လာဦး မလေ။”
    ကိုလတ်
    အဲဒီသီချင်းက” မာန်”တဲ့ ဂီတလုလင်မောင်ကိုကို ဆိုထားပါ။
    ပဒုမ္မာဆီကို ပို့ပေးထားတာရှိပါတယ်။
    တမြန်မနေ့ကမှပို့လိုက်တာရယ်။
    တကယ်လို့ ကိုလတ်သီချင်းဟောင်းတွေလိုချင်ရင် အီးမေးလ်လိပ်စာပေးပါ။
    ကျနာ်က သီချင်းအဟောင်း ရေဒီယိုခေတ်က သီချင်းတွေကို မိတ်ဆွေများအားဖြန့်ဝေပေးနေပါသည်။

    • Khin Latt

      March 25, 2012 at 9:38 pm

      ကပေါက်ကြီး – သင်းကျူးနော်။
      အရွှီး လွန်သွားလို့။ 😀
      ကပေါက် တို့ကတော့ သီချင်းတွေ ရှေ့မှီ နောက်မှီ ဘယ်ဘက်က စမ်းစမ်း ဘဲထင်ပါ့။
      လေးစားပါသဗျာ။
      သူကြီး ကနေတစ်ဆင့် အီးမေး မေးပြီး ဆက်သွယ်ပါ့မယ်။
      မဒမ်ပေါက် ပုံလဲ ပြမယ်ပြောထားတယ်နော်။ 🙂

  • a me

    March 25, 2012 at 5:21 pm

    ဟုတ်ကဲ့ပါ သေချာစွာမှတ်သးထားလိုက်ပါမယ် ကိုကြီး သတိတွေ ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်

  • htet way

    March 26, 2012 at 7:00 am

    အရီးခင်လတ်ခင်ဗျား
    အခုလိုသေချာဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်။တရားမျှတမူက ဒီမိုကရေစီသေချာရသွားရင်
    ဖြစ်မယ်လို့ယုံကြည်ပါတယ်။
    မအေမီ ကိုလည်းဖတ်ပေးမှတ်ပေးတဲ့အတွက်လေးစား ကျေးဇူးတင်ပါကြောင်းပြောပါရစေ။

  • Thit Sar Lin

    March 26, 2012 at 11:04 am

    ကိုထက်ဝေးခင်ဗျာ အနီးစပ်ဆုံးလူနေမှုစရိုက်များအတိုင်းရေးဖွဲ့ထားပြီး ဗဟုသုတလည်းရသဖြင့် ကြိုက်နှစ်သက်မိပါတယ် ။
    ချစ်သူကိုထားခဲ့တဲ့ကောင်လေးကိုလည်း နားလည်မိပါတယ်။ ချစ်သူသာဖြစ်ပြီး လက်ထပ်ဖို့မရည်ရွယ်ခဲ့တာကြောင့်တန်ဖိုးမထားတာလို့လည်း ထင်ပါတယ်။ အဲ့ဒီနေရာမှာဇနီးသည်ဖြစ်ဖြစ်ဇနီးလောင်းဖြစ်ဖြစ်တယောက်ယောက်ဆို ထားခဲ့မှာမဟုတ်ဘူး ။

  • htet way

    March 26, 2012 at 7:56 pm

    This Sar Lin ခင်ဗျား ဟုတ်ပါတယ်ဇနီးလောင်းဆိုထားခဲ့မှာမဟုတ်ပါဘူး
    ဟိုရက်ကတင်တဲ့ ကိုယ်ချင်းစာစိတ်ဆိုတာဒီလိုကြေးလား ညီမလေးဖတ်ဖို့ဆောင်းပါးမှာ
    အပျော်ကြံသူကို အတည်ထင်ပြီး လိုက်လျှောခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝပျက်ပုံ
    အင်တာနက်တင်ခံရလို့ ရှက်ပြီးထွက်ပြေးရတာတွေရေးခဲ့ပါသေးတယ်။
    ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်
    nandarli darli ဆရာလားဆရာမလား
    အားပေးတာကျေးဇူးပါကွယ်

Leave a Reply