ဉာဏ်ဦးဆောင်လို့ ခရီးဆက်စေ (ညီမလေးဖတ်ဖို့)
ညီမလေးရေ မူခင်းဂျာနယ်တွေမှာ များသေားအားဖြင့် မဒိန်းကြံစည်မူတွေပါတာတွေ့နေရတယ်။ တခါက အကို ဟာ ကလောင်ခွဲအမျိုးမျိုးနဲ့ မူခင်းတွေရေးခဲ့ဖူးပါတယ်။ မူခင်းအယ်ဒီတာတစ်ဦးက အကို့မိတ်ဆွေဆိုတော့
ကူညီတာပါ။အဲ့ဒီမှာ မူခင်းလေးတစ်ပုဒ်က ရင်နာစရာမို့ မမေ့နိုင်ခဲ့ပါဘူး။
ဒီလိ်ုညီမလေးရေ ချစ်သူနှစ်ယောက် ညဦးပိုင်းလေးတွေ့ကြတယ်ကွယ်။လူသူရှင်းတဲ့ကွင်းစပ်လေးမှာပေါ့ ။ ဒီအချိန်မှာပဲ မူးပြီး အလုပ်ခွင်ကပြန်လာကြတဲ့ အလုပ်သမား ၃ယောက်က ကောင်လေးနဲ့ကောင်မလေးကိုတွေ့
့တော့ ကောင်းလေးကို မင်းအနာခံမလားကောင်မလေးကို ထားခဲ့မလားလို့ပြောပြီး ချိန်းခြောက်တော့ ကောင်လေးက ကောင်မလေးကို ထားပြီးပြေးခဲ့တယ်လေ။ဒီမှာပဲကောင်မလေးက ရေတိမ်နှစ်ခဲ့ရတယ်။
ညီမလေးရေ ဒါကြောင့် ဆိတ်ကွယ်ရာကိုလည်း မသွားလေနဲ့ ချစ်သူရည်စားထားရင်လည်း ခြေသလုံးပုလွေရိုး ပေါင်နို့ဆီခွက်နဲ့ အင်္ကျီပွပွဝတ်ထားရင် စာခြောက်ရုပ်လေထိုးထားသလိုကောင်လေးမျိုးတွေ၊ သူရဲဘောကြောင်တဲ့ ကောင်လေးမျိုးတွေချစ်သူမလုပ်မိပါစေနဲ့ကွယ်။ အကိုဆိုရင် ကိုယ့်ချစ်သူအတွက် အရဲစွန့်မှာပဲလေ။သေသေကြေကြေ ကွာကွယ်ရမယ် ချစ်သူအမတွက်ရော ယုတ်မာယမူအတွက်ပါရင်ဆိုင်မိမှာပါ။
ညီမလေးရေ ကိုထီးသီချင်းရှိတယ်လေ ကိုယ်တိုင်အစကကြောက်တတ်သူတောင် ချစ်သူထိတော့ ရဲတတ်ကြတယ် သတ္တိတွေဘယ်ကရလဲမသိဘူးတဲ့။ အကိုတို့လောကဝန်းကျင်မှာ မတရားမူတွေကို
တွန်းလှန်ရမယ့်တာဝန်ရှိတယ်လေ။မှန်ကန်မူအတွက်ဆို ရင်ဆိုင်ရဲတဲ့ သတ္တိရှိနေရမယ်။သစ္စာတရားနဲ့ ကွာကွယ်ရဲတဲ့ သတ္တိတွေရှိမှသာ ယောက်ကျားပီသမှာပေါ့။
ညီမလေးရေ အကိုတို့မြို့မှာ ဘာသာရေး အဆောက်အအုံက ပစ္စည်းတွေခိုးခံရတယ်။ အမူဖွင့်တရားလိုလုပ်တဲ့ ဂေါပက အတွင်းရေးမှူးက တာဝန်သိစိတ်နဲ့ အမူဖွင့်ပါတယ်။ ခိုးတယ်လို့ စွပ်စွဲခံရတဲ့
တရားခံက ဆွေကြီးမျိုးကြီးထဲကကွယ်။ ဒီတော့ လူအများက အများပိုင်တဲ့ အလှူပစ္စည်းဖြစ်နေတော့ အများက ကာကွယ်ရမယ်လေ။သို့သော် ညီမလေးရေ ဒါကို အမူဖွင့်ရပါ့မလားဆိုပြီး ဝိုင်းအပြစ်မြင်ကြလေရဲ့ ။ဒီနေရာ
သူခိုးဟာမှာမရှိဆင်းရဲသားကျောမွဲသာဆို သတ်ပစ်လိုက် ဒီလိုအကျင့်မကောင်းတဲ့ ကောင် ဆိုပြီးဝိုင်းပြောကြလိမ့်မယ် အခုတော့ မြို့ပေါ်က သူဋ္ဌေးကြီးတောင် အကူညီပေးလို့ တရားလိုခမျာ ဒုက္ခတွေ့နေရတယ်ကွယ်
ငွေများတရားနိုင်မလား။ ဒီအမူတောင်လွယ်လွယ်ဖွင့်လို့မရခဲ့ပါဘူး။
ညီမလေးရေ ငါ့အမျိုး ၊ ငါ့အဖွဲ့ဆိုပြီး အမှားကို လည်း အမှန်လုပ်။မျက်နှာကြီးဟဲ့ဆိုပြီး မပြောရဲမဆိုရဲနဲ့ အမှားမှန်သိလျှက် မျက်စိမိတ်ထောက်ခံတဲ့ လူလောက် ရွံ့စရာကောင်းတာမရှိဘူးလို့ အကိုထင်ပါတယ်။အုပ်စုဖွဲ့ပြီး ဤ ကို ကျွှဲဖတ်ကြတာတွေကို အကိုကတော့ မုန်းပါတယ်။ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ငါ့မြင်း ငါစိုင်း စကိုင်းရောက်ရောက်ဆိုတဲ့လူတွေကိုညီမလေးဝေးဝေးကရှောင်ပါနော်။
ညီမလေးရေ အကို ကခရီးသွားနေရတဲ့ လူတစ်ယောက်ပါ ကားနဲ့ခရီးသွားရတဲ့ အခါမှာလူအမျိုးမျိုးကိုမြင်ရတွေ့ရပါတယ်။ကားစီးပြီးခရီတိုကို ကားခမပေးချင်လို့ ရန်ဖြစ်တဲ့သူတွေ တကယ်မရှိလို့
စပါယ်ယာကို တောင်းပန်တဲ့လူတွေတွေ့ခဲ့ပါတယ်။ ကားစီးရတဲ့ဒုက္ခကလည်း မငယ်ဘူးညီမလေးရေ့။ အကိုတို့က အချိန်ကိုလေးစားပါတယ် ကားထွက်ချိန်တစ်နာရီကို တစ်နာရီထိုးဖို့ မီးနစ်၂ဝလောက်တင်စောရောက်တာပါ
တစ်နာရီထွက်မယ့်ကားက လူတစ်ယောက်မလာသေးလို့ တစ်နာရီခွဲထိစောင့်နေတာနဲ့ကြုံဖူးပါတယ်။ ဖုန်းဆက်ထားလို့စောင့်တယ်လိူု့ ဒရိုင်ဘာကျပြောပါတယ်။ အကိုတို့မြို့က သူဋ္ဌေးကြီးတစ်ယောက်ပါ။
တကယ်တော့ အချိန်ကိုတန်ဖိုးထားရမယ်လေ ကိုယ်ချထားတဲ့ ဥပဒေ တစ်နာရီထွက်မယ်ဆိုတာကို ကိုယ်ကလေးစားရမှာပါ။ညီမလေးလည်းကိုယ့်ကြောင့် လူတဖက်သား စိတ်ရောကိုယ်ပါ အနောင့်အယှက်မဖြစ်အောင်
သတိထားနေပါကွယ်။
ညီမလေးရေ တခါက တက္ကသိုလ်က လက်ထောက်ကထိက (အခုတွဲဖက်ပါမောက္ခ)တစ်ယောက်ကို အကိုကတွေ့ချင်လို့ ချိန်းခဲ့ဖူးပါတယ်။ သူနေတာကို အကိုကလာဖို့ခက်လို့ သူကလာတွေ့တာပါ ဝရံတာမှာ
အကိုစောင့်ကြည့်နေခဲ့တယ် ။ဆိပ်ကမ်းသာလမ်းထဲကို သူဝင်လာတာတွေ့ပါတယ်။အကိုနဲ့ ချိန်းထားတာက ၈နာရီပါ။၈နာရီ ပြည့်ဖို့ ၁ဝမီးနှစ်လိုပါသေးတယ်။သူက အပေါ်မတက်ပါဘူး အောက်ကစောင့်နေတယ် ၈နာရီပြည့်မှ
အပေါ်တက်တံခါးခေါက်ပါတယ်။ဘယ်လောက်ကောင်းတဲ့ အကျင့်လေးလည်းကွယ်။ညီမလေးလည်း အချိန်ကိုတိကျပါ တန်ဖိုးထားနိုင်အောင်ကြိုးစားပါနော်။
ညီမလေးရေ…စာရေးဆရာ အကြည်တော်ရဲ့ အိမ်ကို အကိုက သွင်္ားခဲ့တယ်။အိမ်မဲမြို့နယ် စာပေဟောပြောပွဲအတွက်ပါ။ စာပေဟောပြောပွဲအတွက်ရက်လိုချင်လို့ပါ။စာပေသမားတွေကောင်းလိုက်တာကွယ်
အကိုကိုနွေးနွေးထွေးထွေးဆက်ဆံတယ်။ဘက်ဆဲလားစာရေးဆရာက အကိ်ု့လို ငချွတ် စာရေးဆရာလေးရဲ့ စာတွေကိုဖတ်ဖူးပါတယ်တဲ့။ကဲညီမရေ ဘယ်လောက်ကောင်းတဲ့ ဆက်ဆံမူလည်း တကယ်တော့ အကိုက စာပေလက်ချိုးရေလို့ ရအောင်ပဲ ရေးခဲ့တဲ့ ကချိကချောက်ပါကွယ်။သူဖတ်မိချင်မှ ဖတ်မိမှာပါ။သို့သော်နွေးထွေးမူပေါ့။ နောက် ဘက်ဆဲလားမဟုတ်တဲ့ လူတစ်ယောက်ကို အကိုကခေါ်ပါတယ် စကားပြော
မောက်မာလိုက်တာလေ။ဒီလိုမျိုး ဘဝင်မာနကိုညီမလေးမထားနဲ့နော်။
နောက်တစ်ခုက စီစဉ်မူကိုလည်းမညံ့စေနဲ့ ညီမလေးရေ စီစဉ်တတ်မူဆိုတာ သိပ်အရေးကြီးပါတယ်။တာဝန်ရှိသူတွေဖြစ်ပြီးတာဝန်မကျေတာတွေဟာရှက်ဖို့ကောင်းပါတယ်။နောက်ကိုယ်ရဲ့ အလုပ်မှာကိုယ်သိပါစေလေ။
ဖုန်းတတ်ထားပြီးဖုန်းမဆက်ရဲတဲ့ အဖြစ်မျိုးတွေကိုလည်း အကိုဘဝင်မကျပါဘူး။ ကိုယ်က မိသားစုမှာဦးဆောင်ရင် ဦးဆောင်မူတာဝန် ၊အဇွဲ့ အစည်းမှာဦးဆောင်ရင် ကိုယ့်တာဝန်ကိုညီမလေးကျေပါစေနော်။
ညီမလေးရေ …ပွဲလန်ွှတုန်းဖျာခင်းချင်တဲ့လူတွေကိုရှောင်ပါကွယ်။အကိုတက္ကသိုလ်ကျောင်းသားဘဝက သူငယ်ချင်းခရစ်ယာန်မလေးပြောတဲ့စကား အကိုမှတ်ထားပါတယ်ခုထိမမေ့နိုင်ဘူးကွယ်။နားနှခေါင်းလည်ချောင်း
ဆေးရုံမှာနပ်စ်လုပ်တယ်တဲ့ အဲ့ဒီတုန်းကပါ။ အကိုရေ လူမူရေးပဲဖြစ်ဖြစ် ကိုယ်က ကူညီလိုက်တာပဲဖြစ်ဖြစ် ဘလယ်တော့မှ အကျိုးအမြတ်ကို မမျှော်လင့်နဲ့တဲ့ စေတနာသန့်ပါစေ မျှော်လင့်နေရင် ကိုယ်စေတနာမသန့်သလို
စိတ်ကလည်းပူလောင်ရပါတယ်တဲ့။ ဘယ်လောက်လေးစားဖို့ကောင်းလည်းညီမလေးရယ်။
လောကမှာလူအဖြစ်နေရတာက တိုတိုလေးပါကွယ် ။စိတ်ချမ်းသာမူဆိုတာ ကိုယ်တိုင်ရနိုင်ခဲ့တဲ့ဆုတခုပဲလေ။ညီမလေးစိတ်ချမ်းသာမူကိုရှာကြံယူနော်။စေတနာသန့်သန့်နဲ့ အမှန်တရားအချိုရည်ကိုသောက်ပါနော်။
လူသားချင်းစာနာမူအလှတရားနဲ့ လူမူထူထောင်ရေးတွေဆောင်ရွက်ပါ။အများကျိုးအတွက်တာဝန်ထမ်းရွက်ပါ ပရဟိတတွေမှာပျော်ပါနော်။
ဆရာမောင်စိန်ဝင်းရဲ့ ကဗျာတစ်ပုဒ်လို ” ဧည့်ခန်းမှာ ဓါးချိတ်ထားလို့ ဓါးလို့မမည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှ ဓါးလို့ ခေါ်မယ်။ ဧည့်ခန်းမှာစောင်းချိတ်ထားရုံနဲ့ စောင်းလို့မမည်၊ မျိုးချစ်စိတ်ကိုဖေါ်ကျူးတဲ့တေးသီမှ
စောင်းလို့ခေါ်မယ်တဲ့..။ကဗျာစာသားတော့ အမှန်မဟုတ်ဘူးကိုမှတ်မိသလိုရေးလိုက်တာနော် ဆိုခိုချက်ကတော့ ဒါပါပဲ။
လူမူဝန်းကျင်မှာ နေထိုင်ကြတဲ့အခါ ကိုယ့်ဟာတရားနဲ့ ညီအောင်နေထိုင်ရင်း ညီမလေး ဘဝအဓိပါယ်ရှိအောင်နေပါကွယ်။ အသိဉာဏ်ရှိသူနဲ့ မရှိသူတူနိုင်ပါ့မလားညီမလေး။ဉာဏ်ဦးဆောင်လို့ ဘဝကို ညီမလေးချီတက်
ရင်း အလှတရားကိုဖေါ်ဆောင်နိုင်ပါစေလို့ အကိုဆန္ဒပြုပါတယ်။
56 comments
water-melon
March 20, 2012 at 9:06 am
အကုိုထက်ဝေးရေ
ရင်နဲ့ဖတ်သွားပါတယ်
ကဲ ညီမလေးတို့ရေ ရေးတဲ့သူကတော့ ရေးနေပြီနော်
လိုက်နာတာ မလိုက်နာတာကတော့ ကာယကံရှင်ညီမလေးတုို့အပိုင်းနော်
မဟုတ်ဘူးနော် ညီမတို့ အကိုကြီးက အားကောင်းမောင်းသန်ကြီးပါ
Burmese or Chinese
March 20, 2012 at 9:25 am
ကဲ ရေးတဲ့သူကတော့ ရေးပြီနော်
မမ တုို့ရေ ဘယ်လိုလဲပြောကွယ် 😀
နတ်ဆိုးလေး
March 20, 2012 at 10:23 am
အားပေးနေပါတယ်
htet way
March 20, 2012 at 10:48 am
စိတ်တွေကို ပုံဖေါ်လိုက်တာပါ
ဖတ်ကြတာ အားပေးတာကျေးဇူးပါပဲ
အရင်က သမီးဖတ်ဖို့ဆိုပြီး မောင်သာချို ကချယ်ရီ မှာရေးဖူးပါတယ်
သူရဲ့ ခြေဖျားတောင်မမှီပေမယ့် ရေးကြည့်တာပါ ။
ဂျက်ကွမ်းခြံကုန်းရဲ့ အရေးအသားသရော်ချက်တွေကိုလေးစားနှစ်သက်မိပါတယ်။
မောင်သာချိုရဲ့ ကလောင်ခွံဲဟာ ဂျက်ကွမ်းခြံကုန်းဆိုတာ အားလုံးသိကြပါတယ်။
တက္ကသိုလ်က ပါမောက္ခလို့ထင်ပါတယ်မြှားနတ်မောင်စာပေတိုက်မှာတခါစကားပြောဖူးပါတယ်။
လူချင်းတော့မရင်းနှီးပါ။
Tin Tin
March 20, 2012 at 11:36 am
ကိုထက်ဝေးရေ စေတနာအပြည့်နဲ့ရေးထားတဲ့စာကို ဖတ်သွားပါတယ်။
ညီမလေးများကို share ဖို့အတွက် ကူးသွားမယ်နော်။ ကျေးဇူးပဲနော်။
နောက်လဲရေးပါအုံးနော်… အားပေးနေပါတယ်…..
etone
March 20, 2012 at 11:23 am
ှဆရာထက်ရေ …. အဲ့ဒီလိုကောင်လေးမျိုးတကယ်ရှိပါတယ် … ကြားခဲ့ဖူးပါတယ် … ။ ကိုယ့်ချစ်သူပေမယ့် .. တကယ့်အရေးကြုံလာလျှင် … ထားခဲ့ဖို့ ဝန်မလေးတဲ့သူက တကယ့် မေတ္တာမစစ်လို့ပဲလို့ … ကောက်ချက်ချ ယူဆမိပါတယ် … ။ တကယ်ချစ်တယ်ဆိုလျှင်တော့ .. ကိုယ့်ချစ်သူကို သူများကြည့်လျှင်တောင် တိုတတ်ကြပါတယ် … ။
ချမ်းသာမှုနဲ့ အမှန်တရားကိုဖုံးအုပ်ပစ်လိုက်တာ … အလွန်ဆိုးရွားလွန်းပါတယ် … ဥပဒေဆိုတာမျိုးက … ဆင်းရဲချမ်းသာမရွေး ၊ ကျောသားရင်သား မခွဲခြားပဲ တန်းတူညီတူ ဖြစ်သင့်ပါတယ် … ။ ချမ်းသာတဲ့လူ မကောင်းတာလုပ်လို့ လျစ်လျူရှုထားမယ်ဆိုလျှင် …. လူမိုက်အားပေးရာလည်းကျပါတယ် … ဘယ်သူ ့ကိုမဆို ပြစ်မှုနဲ့ ထိုက်တန်တဲ့ ဥပဒေမျိုး ရှိသင့်ပါတယ် …
အချိန်ကို လေးစားဖို့ ကြိုးစားရင်း ၊ နာရီတွေမြန်ထားရင်း အမြဲ နောက်ကျနေတတ်တဲ့ ဝီရိယအားနည်းတဲ့ ကျွန်မ ဒီပို့စ်ဖတ်ပြီး စိတ်မလုံတော့ပါဘူး … ။ ကိုယ်တိုင်က စောင့်တဲ့လူ အဖြစ်ရော ၊ အစောင့်ခံရတဲ့ လူအဖြစ်ပါရှိခဲ့ဖူးတာမို့ .. နှစ်ဖက်စလုံးရဲ့ စိတ်ခံစားချက်ကို … နားလည်သဘောပေါက်ပါတယ် … ။ အစောင့်ခံရတဲ့ လူအဖြစ်က လူမှုရေးမသိတတ်ရာကြပြီး ၊ ဝီရိယအားနည်းသူအဖြစ်လည်းကောင်း ၊ ပေါ့ဆသူအဖြစ်လည်းကောင်း ၊ အချိန်မလေးစားသူအဖြစ်လည်းကောင်း …. အလိုလို သတ်မှတ်ပြီးသားဖြစ်သွားတော့တယ် … ။
မှတ်မှတ်ရရ ပထမအကြိမ်စုပေါင်း အလှူလုပ်တုန်းက …. ခရီးဝေးကလာရတဲ့ အလှူရှင် …အစ်မrose minn က မမှီမှာ စိုးလို့ .. ကားငှားပြီး လာတာတောင် ကိုယ့်ထက်စောရောက်ပြီး … သိပ်မဝေးတဲ့နေရာက လာရတဲ့ ကျွန်မက .. နာရီဝက်လောက်နောက်ကျခဲ့တယ် … ။ အစ်မရို့စ်ရေ .. ဒီကော့မန့်လေးနဲ့ .. တောင်းပန်လိုက်ပါတယ်နော် …. ။ နောက်ဆို အချိန်လေးစားတတ်အောင်လည်း .. ကြိုးစားပါ့မယ် … ။
မာန်မာနဆိုတာ .. တကယ်တော့ .. ပူလောင်လွန်းပါတယ် …. တရားစိတ်ထဲမရှိတဲ့ လူတွေ ၊ပကာသန မက်မောသူတွေ ၊ ဥစ္စာဓနပေါကြွယ်ဝသူတွေ မှာ ရှိတတ် ၊ထားတတ်ကြတာမျိုးလို့ ကျွန်မတော့ ထင်မိပါတယ် ဆရာထက်ရေ … ။ ကိုယ်ကမြင့်လည်း စိတ်ကြီးမဝင်နဲ့ … ကိုယ့်ထက်နုံချာလည်း မနှိမ်နဲ့၊ ကိုယ်က နိမ့်ကျလည်း … အားမငယ်နဲ့ ဆိုတဲ့ထုံးကို နှလုံးမူထားလျှင် … သူများတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတင်မကပဲ … ကိုယ်တိုင်လည်း ကိုယ်စိတ်နှလုံး ချမ်းမြေ့လိမ့်မယ်ထင်ပါတယ် … 🙂
စီစဉ်မူကိုလည်းမညံ့စေနဲ့ ညီမလေးရေ စီစဉ်တတ်မူဆိုတာ သိပ်အရေးကြီးပါတယ်။တာဝန်ရှိသူတွေဖြစ်ပြီးတာဝန်မကျေတာတွေဟာရှက်ဖို့ကောင်းပါတယ်။နောက်ကိုယ်ရဲ့ အလုပ်မှာကိုယ်သိပါစေလေ။ ဆိုတာလေးလည်း သဘောကျမိတယ် .. ဆရာထက်ရေ ..ကျွန်မတို့ အလုပ်ဝင်တုန်းက … မတတ်သေးတော့ ကမမောက်ကမပေါ့လေ … အဲ့ဒီအခါ … ဆရာဖြစ်သူက … စကားလုံးအကြီးကြီးတွေနဲ့ နှိပ်ကွပ်တော့တာပဲ … သူ့အပြောကိုကြားရင်း မခံချင်စိတ်တွေဖြစ်ရင်းကနေ .. အားယူခဲ့တာပါ .. နောက်ပိုင်းမှ … စီစဉ်တတ်မှုဆိုတာ .. အရေးကြီးပါလားလို့… ကိုယ်တိုင်ထဲထဲဝင်ဝင် အလုပ်လုပ်တော့မှ သိလိုက်ရတယ် …။ ပြောခဲ့တဲ့ သူ ့ကိုတောင် ကျေးဇူးတင်မိပါသေးတယ် … စိတ်ခွန်အားတွေ ဖြစ်စေခဲ့လို့ပါ … ။
ကိုယ်က မိသားစုမှာဦးဆောင်ရင် ဦးဆောင်မူတာဝန် ၊အဇွဲ့ အစည်းမှာဦးဆောင်ရင် ကိုယ့်တာဝန်ကိုညီမလေးကျေပါစေနော်။
ညီမလေးရေ …ပွဲလန်ွှတုန်းဖျာခင်းချင်တဲ့လူတွေကိုရှောင်ပါကွယ်။ ဆိုတာလေးလည်း သဘောကျပြန်သေးတယ် …. ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ လူမှန်း … ကြိုသိနိုင်တဲ့ အကဲခတ်ပညာမကျွမ်းကျင်တဲ့ လူတိုင်း .. ခံရတတ်တာမျိုးပါပဲလေ … ။ မိသားစုမှာဆိုလည်း … ကလေးဆိုပြီး လစ်လျူရှုထားတာထက် .. ကိုယ့်ရဲ့ အကြံဉာဏ်အတွေးခေါ်ကို ဝင်ဆွေးနွေးလို့ ရတာမျိုးလိုချင်ခဲ့တယ် …… ။ လူငယ်လို့ .. အတွေးခေါ်ပါတိမ်မယ် ၊ ကြိုတင်တွက်ဆနိုင်စွမ်းအားနည်းမယ်လို့ ထင်ပြီး … ဘေးဖယ်ထားခံခဲ့ရတယ် … ။ ဒါကြောင့်လည်း တစ်ခါတစ်လေ … ဘေးလူအနေနဲ့ မြင်မိတဲ့ဟာကွက်လေးတွေကို ..မပြောပြပဲ ရေငုံနှုတ်ပိတ်နေခဲ့မိလို့ .. မလိုလားအပ်တဲ့ ကမောက်ကမဖြစ်မှုတွေ .. ကြုံကြရတယ် … ။ 🙂
အကြောင်းရာ များများကို တစ်ပို့စ်ထဲ စုပေါင်းရေးပြသွားတဲ့ ဆရာထက်ရဲ့ပို့စ်ကို ကျွန်မနှစ်သက်မိပါတယ် … ဆိုက်ကို ကျော်သုံးနေရတာမို့ .. လက်မထောင်လို့ မရပါဘူး .. ကော့မန့်ပဲ ပေးခဲ့ပါတယ်နော် … ။
သူရဇော်
March 20, 2012 at 11:57 am
စီစဉ်မူကိုလည်းမညံ့စေနဲ့ ညီမလေးရေ စီစဉ်တတ်မူဆိုတာ သိပ်အရေးကြီးပါတယ်။ တာဝန်ရှိသူတွေဖြစ်ပြီးတာဝန်မကျေတာတွေဟာရှက်ဖို့ကောင်းပါတယ်။နောက်ကိုယ်ရဲ့ အလုပ်မှာကိုယ်သိပါစေလေ။
အဲဒီစာသားလေးကို နှစ်သက်မိပါတယ်ဗျာ…… ဘယ်သူပဲဖြစ်ဖြစ် မှတ်သားထားသင့်တဲ့ စကားလုံးမျိုးလို့ ထင်ပါတယ်
သူရဇော်
March 21, 2012 at 1:20 pm
နှစ်သက်မိတယ်ပြောလဲ နီတာပဲဟ……………… တစ်မျိုးတော့ တစ်မျိုးပဲ
Khaing Khaing
March 20, 2012 at 12:45 pm
ကိုထက်ဝေရေ မှတ်သားသင့်တာလေးတွေကို မှတ်သားထားပြီး ပြုပြင်သင့်တာကို ပြုပြင်မယ်လို့စိတ်ကူးမိပါ တယ် … ကျွန်မကတော့ ကိုယ့်အပြုအမူလေးမှားလို့ တစ်ခြားသူတွေကဝေဖန်ရင် ဒေါသမထွက်ပါဘူး ရှက်ပြီး နောက်နောင်ဒီလိုမလုပ်မိဖို့ပဲ စိတ်ကူးရှိမိပါတယ် ……. ကျွန်မဆို ၂ခါတောင်မှားတာ … မန္တလေးဂေဇက်ကို မန္တလေးဂီဇက်လို့ရေးမိတာတစ်ခါ ရင်မှာစူးသောကို ရင်မှာဆူးသော ၁ခါ အဲအမှားတွေကို မမအိတုံနဲ့ ကိုစိန်ပေါက်ပေါက်က ထောက်ပြပေးခဲ့တယ် စိတ်မဆိုးပါဘူး ကျေးဇူးတင်ပါတယ် ….. အလုပ်မှာဆိုလည်း ဒီလိုပါပဲ ကျွန်မမှားနေရင် လူကြီးကထောက်ပြတယ် ဒါကိုကျွန်မအမှားကိုဝန်ခံဖို့ ကျွန်မဘယ်တော့မှ ဝန်မလေးခဲ့ဘူး ….
aunty tun
March 20, 2012 at 2:33 pm
ကိုထက်ဝေရေ မှတ်သားလိုက်နာသင့်တာလေးတွေမို့ကျေးဇူးတင်ပါတယ် ။
ဟုတ်ပါတယ် အတူနေတဲ့အစ်မတစ်ယောက်ဆိုရင် ဘုရားတရားလုပ်တယ်(ဘုရားသွား ၊မနက်စောစောအိမ်မှာ အသံအကြယ်ကြီးရှိခိုး ) ။ ဒါပေမယ့် သူများကသူ့ကို တစ်ခုခုပြန်လုပ်မပေးနိုင်ရင် ငါ့တုန်းက ဘယ်လိုလုပ်ပေးလိုက်ရတာ ဆိုပြီးတော့ ပြောပြီးဒေါသထွက်နေရော ။ သူ့ကျေးဇူးကို မှတ်ထားပါ ကိုယ့်ကျေးဇူးကိုမေ့ပြစ်ပါတဲ့ ။(စကားလေးကိုတော့မှတ်မိနေတယ် ဘယ်သူရေးတာလဲတော့မသိတော့ပါဘူး)
marblecommet
March 20, 2012 at 3:51 pm
ကိုထက်ရေ့…..
အရသာရှိရှိဖတ်သွားပါတယ်
ဆရာမောင်သာချိုက
အဲဒီ စာအုပ်နဲ့ထင်တယ်
အမျိုးသားစာပေဆုရသွားတာ
ကျနော်လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က
ဆရာသာချိုနဲ့
ဟင်္သတ တက္ကသိုလ်မှာ
စကားပြောခဲ့ဖူးပါတယ်
သိပ်ကို ရည်မွန်တဲ့ ဆရာပါဗျာ.
ခင်တဲ့
……..
kyeemite
March 20, 2012 at 4:18 pm
လက်မတစ်ချောင်းထောင်ဖတ်သွားပါတယ်..
htet way
March 20, 2012 at 6:50 pm
ဆရာမEtoneခင်ဗျား
အလေးအနက်ဆွေးနွေးပြတာကျေးဇူးပါ။ကျွန်တော်က စိတ်သဘောလေးတွေကို ကြုံရသလောက်ရေးမိတာပါ
ဒီလောက်လည်း မဟုတ် ဘာမှပြောပလောက်တာမရှိတာကို တလေးတစားဆွေးနွေးတာ
ကြည်နူးလေးစားမိပါတယ်။အခုလိုဖတ်ရှု့အားပေးတာ ကျေးဇူးတင်ပါတယ်ဆရာမခင်ဗျား။
ဆရာမရဲ့ ပြောဆိုကော့မန့်ပေးတာ ဆောင်းပါးသဖွယ်ကောင်းမွန်ကြောင်းနဲ့ ကျွန်တော်လည်း ခံစားမှတ်ယူခဲ့ပါကြောင်း။
“မာန်မာနဆိုတာ .. တကယ်တော့ .. ပူလောင်လွန်းပါတယ် …. တရားစိတ်ထဲမရှိတဲ့ လူတွေ ၊ပကာသန မက်မောသူတွေ ၊ ဥစ္စာဓနပေါကြွယ်ဝသူတွေ မှာ ရှိတတ် ၊ထားတတ်ကြတာမျိုးလို့ ကျွန်မတော့ ထင်မိပါတယ် ဆရာထက်ရေ … ။ ကိုယ်ကမြင့်လည်း စိတ်ကြီးမဝင်နဲ့ … ကိုယ့်ထက်နုံချာလည်း မနှိမ်နဲ့၊ ကိုယ်က နိမ့်ကျလည်း … အားမငယ်နဲ့ ဆိုတဲ့ထုံးကို နှလုံးမူထားလျှင် … သူများတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတင်မကပဲ … ကိုယ်တိုင်လည်း ကိုယ်စိတ်နှလုံး ချမ်းမြေ့လိမ့်မယ်ထင်ပါတယ် … ”
ဆရာမကျန်းမာပျော်ရွှင်ပါစေ
htet way
March 20, 2012 at 7:04 pm
ဆရာ..မတင်တင်ခင်ဗျား
ဖတ်ရှု့ပြီးမျှဝေမယ်ဆိုလို့ လေးစားပီတိဖြစ်ရပါတယ်။
ဆရာသူရဇော်ခင်ဗျား စိတ်တွေရဲ့ ကြုံတွေ့မူ ဥပဒေအရ အရေးယူလို့မရတဲ့ အကြောင်းလေးတွေကို
ရေးပြတင်ဆက်တာပါ ။ကျွန်တော်ထပ်မံကြိုးစားပါအုံးမယ်။
htet way
March 20, 2012 at 7:27 pm
Khaing Khaing ခင်ဗျား
စိတ်ဓါတ်ကိုလေးစားပါတယ် ဒါသူရဲကောင်းစိတ်ဓါတ်ပါ
နောက် သူတော်ကောင်စိတ်ဓါတ်ပါပဲဆရာမလို ကျွန်တော်လည်းရအောင်ကြိုးစားပါ့မယ်။
Aunty Tun
လူဆိုတာက လောဘ၊ဒေါသ ၊မာန ရာဂတွေပါးအောင်လုပ်ဖို့လေံကျင့်တဲ့နေရာမှာ
အချိန်ယူရပါတယ်။ ဒီလိုပါပဲ ပြုပြင်မူတွေရလာတဲ့အထိတဖက်လူက သည်းခံရတာပါပဲ
ဖတ်ရှု့ပေးတာကျေးဇူးပါဆရာမ။
htet way
March 20, 2012 at 7:46 pm
ကိုကမ်းကြီး
ခင်ဗျားတော်တော်နေနိုင်တယ် အမြန်ဖုန်းဆက်ပါ0973234101၊သတိရတယ်ဗျာ
ဆရာကြီးမိုုက်ခင်ဗျားအားပေးတာဂုဏ်ယူစွာနဲ့ကျေးဇူးတင်စကားပြောပါရစေ။
marblecommet
March 21, 2012 at 12:24 am
ဟုတ်ကဲ့ဗျား….
ကျနော်လည်း သတိရနေပါတယ်
ကိုယ့်ဟာနဲ့ကိုယ်
လုံးလည်ချာလည် လိုက်နေလို့
ကိုယ့်ဆြာရေ့….
surmi
March 20, 2012 at 11:33 pm
ဆရာထက်ပြောတဲ. ဇတ်လမ်းက တူမတူတော.မသိဘူး ၊ ၁၉၉ရ -၉၈ တစ်ဝိုက်မှာ လိူင်နယ်မြေထဲမှာ
တစ်ကယ်ရှိခဲ.ဘူးတယ် ။ အဲဒီတုန်းကလှိုင်တက္ကသိုလ်နယ်မြေက ပိတ်ထားတဲ.အချိန်လည်းဖြစ်တော.
တော်တော်လေးလည်းလူပြတ်တယ် …….။စိတ်မကောင်းစရာပါဆရာထက်ရေ …..။ရှိသမျှလက်တွေအကုန်
ထောင်သွားတယ်ဗျို. …………။
padonmar
March 21, 2012 at 2:17 am
ဆရာထက်
ပြောချင်တာတွေ အစုံ တစ်ထိုင်တည်းနဲ့ အများကြီး မှတ်လိုက်ရပါတယ်။
ဆရာထက်ရဲ့ ညီမလေးသာ လိုက်နာမယ်ဆိုရင် တကယ်လိမ္မာတဲ့ ညီမလေးဖြစ်လာမှာပါပဲ။
လက်မထောင်ပေးခဲ့ပါတယ်နော်။
MaMa
March 21, 2012 at 8:23 am
ဆရာထက်ရေ- မျက်နှာမလိုက်နဲ့ ညီလေးတွေအတွက်ပါရေးဦး။ 🙂
Rose Minn
March 21, 2012 at 10:27 am
ကိုထက်ဝေ ရေ ရေးထားတဲ့စာလေးတွေ တကယ်အနှစ်သာရပြည့်ပြီးတကယ် မှတ်မိစေပါတယ်။ Rose အတွက် အကြိုက်ဆုံးစာသားလေး ကတော့ heart ထိတဲ့ပေါ့လေ။
“ညီမလေးရေ…စာရေးဆရာ အကြည်တော်ရဲ့ အိမ်ကို အကိုက သွင်္ားခဲ့တယ်။အိမ်မဲမြို့နယ် စာပေဟောပြောပွဲအတွက်ပါ။ စာပေဟောပြောပွဲအတွက်ရက်လိုချင်လို့ပါ။စာပေသမားတွေကောင်းလိုက်တာကွယ်
အကိုကိုနွေးနွေးထွေးထွေးဆက်ဆံတယ်။ဘက်ဆဲလားစာရေးဆရာက အကိ်ု့လို ငချွတ် စာရေးဆရာလေးရဲ့ စာတွေကိုဖတ်ဖူးပါတယ်တဲ့။ကဲညီမရေ ဘယ်လောက်ကောင်းတဲ့ ဆက်ဆံမူလည်း တကယ်တော့ အကိုက စာပေလက်ချိုးရေလို့ ရအောင်ပဲ ရေးခဲ့တဲ့ ကချိကချောက်ပါကွယ်။သူဖတ်မိချင်မှ ဖတ်မိမှာပါ။သို့သော်နွေးထွေးမူပေါ့။ နောက် ဘက်ဆဲလားမဟုတ်တဲ့ လူတစ်ယောက်ကို အကိုကခေါ်ပါတယ် စကားပြော
မောက်မာလိုက်တာလေ။ဒီလိုမျိုး ဘဝင်မာနကိုညီမလေးမထားနဲ့နော်။”
Rose တို့ ကျင်လည်ရတဲ့ပတ်ဝန်းကျင်မှာ အရမ်းကို ဘဝင်လေဟတ်နေတဲ့သူတွေကို ဒီစာသားလေး ပြလိုက်ချင်ရဲ့ဗျာ။ သူတို့ ရာထူး ရူးတာကို မသိလို့လို့ ပဲသတ်မှတ်လိုက်ပါတယ်။ လူကို လူလိုမဆက်ဆံချင်တဲ့လူတွေ ရှိနေသ၍ Rose တို့အောက်က ဝန်ထမ်းတွေ စိတ်ညစ်နေရအုံးမှာပါဗျာ။
htet way
March 21, 2012 at 10:30 am
ဆရာဆာမိခင်ဗျား ဒီဇာတ်လမ်းကတကယ်ရှိတာပါ ကျွန်တော်မြို့အနီးဝန်းကျင်မှာမြို့ထဲမှာပါ
ဲ လှိုင်မှာဖြစ်တာလည်းသိခဲ့ပါတယ်။
ဒီအမူက ၃၇၆ပါပဲ ကောင်မလေးကတော့ လူညွန့်တုံးသွားတယ်
မြို့မှာမနေတော့ပါဘူး ဘယ်ကိုရောက်လည်းမသိ တရားခံတွေကတော့ ထောင်ကျတယ် တစ်ချို့လည်းသေတယ်လို့ကြားပါတယ်။
htet way
March 21, 2012 at 10:33 am
ဒေါက်တာခင်ဗျား
ညီမလေးအားလုံးကိုဆိုလိုတာပါ
ကျွန်တော်လည်းသိသလောက်ရေးတာပါ။လောကဝန်းကျင်မှာ
စိတ်ဓါတ်အားနည်းမူတွေ ဖေါက်ပြန်မူတွေ တာဝန်မဲ့မူတွေကို ကိုယ်လည်းသံဝေဂယူရင်း
ရေးတတ်သလောက်လေးရေးခဲ့တာပါ။
ဒေါက်တာဖတ်ရှု့အားပေးတာလေးစားဂုဏ်ယူမိပါတယ်
ကြောင်ကြီး
March 21, 2012 at 10:38 am
သဂျီးကို ဝေဖန် ပြစ်တင် ကဲ့ရဲ့ ဆုံးမ နှိပ်ကွပ် ထုထောင်း ချောက်လှန့် ဆဲဆို သတိပေးတဲ့ စာလေးတပုဒ်လောက်ရေးစမ်းပါ ဆရာထက်ဝေးရယ်…။
htet way
March 21, 2012 at 10:45 am
ဆရာမ ..မမခင်ဗျား
ဥပဒေအရဘယ်လိုမှ အရေးယူလို့မရတဲ့ လူမူဝန်နးကျင်က မသမာမူတွေ
အဖြစ်အပျက်တွေကို ရေးတာပါခင်ဗျား။
ဖတ်ရှု့တာအားပေးပါတယ် မမရဲ့ စာတွေအကြောင်း
ကျွန်တော်တို့ ဂေဇက်မန်ဘာချင်းစကားဝိုင်းမှာ ပြော
ဖြစ်ပါတယ်။
ကျွန်တော်ကတော့ သိသလောက်လေးရေးတာပါ ဘဝနယ်ပယ်ကလည်း ကျည်းပါသေးတယ်။
ညီလေးရောညီမလေးရော ဖတ်ကြအတုယူကြရင် ပီတိဖြစ်ရပါတယ်။
ကျွန်တော်တို့လည်း ဖြူစင်သောစိတ်နဲ့ စာပေရေးသားနိုင်အောင်ကြိုးစားပါ့မယ်။
ဆရာကိုနေးချားမတွေ့တာကြာပြီ သတိရပါတယ်ပြောပေးပါ။
လေးစားသောခင်မင်မူဖြင့်
ထက်ဝေး
htet way
March 21, 2012 at 10:49 am
ဆရာမRose ခင်ဗျား
အခုလိုအသေးစိတ်ဖတ်ရှု့ပြီး မန့်တာ အားတက်စေပါတယ်။ကျေးဇူးပါ
မာနရဲ့လောင်မြိုက်မူတွေ ပူလောင်မူတွေ ပင်ပန်းမူတွေက
စာနာစိတ်ကို တိုက်စားသွားတယ်လေ။
ဘယ်အရာမှ မမြဲသလို မပြိုဘူးဆိုတဲ့ အဆောက်အအုံတွေလည်းပြိုပျက်ဘကတာပါပဲ
စနစ်တွေလည်း ပျက်ခဲ့ရတာပဲ။ ကြံ့ခိုင်ပါလို့ ခင်မင်စွ ာ အကြံပြုပါရစေ။
htet way
March 21, 2012 at 10:57 am
ကျေးဇူးရှိပါတယ်ဆရာကြောင်ကြီး သူကြီးကို စာရေးဖို့ ကွင်းလေးတစ်ခုပေးတာနဲ့တင်
အလွန်တရာကျေးဇူးတင်ပါတယ်။ အမြဲလည်းမေတ္တာပို့ပါတယ်။လေးစားပါတယ်။
သို့သော် ကျေးဇူးက သပ်သပ်၊ အမှားကိုမြင်ရင်တော့ အမှန်ကို ရေးမိမှ ာပါ။
သူကြီး ဟာပညာရှိ စိတ်ဓါတ်မြင့်သူမို့ ပြဿနာမရှိဘူးလို့လည်း ထင်ပါတယ်။အခုရေးစရာမရှိပါ။
သူကြီးကို ကျွန်တော်ထက်ဉာဏ်ရော၊ပညာရောမြင့်သူတွေ ဆိုက်ထဲကဆရာတွေရေးပါလိမ့်မယ်။
ကျွန်တော်က ပါမွှားလေးပါ။ကချိကချောက်ပါ ဆရာကြောင်ကြီးခင်ဗျား။
“ သူကြီး ဟာ ရသ စာပေကို ဘယ်တော့မှ မာတိကာထိပ်မှာမတင်တာ
သရော်စာကို မဖတ်မိတာတော့ ရှိနေကောင်းရှိနေပါတယ်။ဒါလည်း သူ့လွတ်လပ်ခွင့်ပါပဲ။
အပြစ်မဟုတ်ပါ။ ဆိုက်မှာ သူကလူကြီးပဲ အယ်ဒီတာချုပ်ပဲလေ။
သို့သော် ………………………………………………………………………………………………….။
blackchaw
March 21, 2012 at 5:14 pm
ညီမလေးဖတ်ဖို့ ဆိုပေမယ့်
လူတွေအားလုံးနဲ့ အံဝင်နေလို့
ကျွန်တော်လည်း ဖတ်ပြီး မှတ်သားသွားပါတယ်။
လက်မလေးတစ်ချောင်း ထောင်ပစ်ခဲ့ပါတယ်ဗျာ။
htet way
March 21, 2012 at 9:23 pm
ဒီစာကိုကျွန်တော်ရေးတာဟာစိတ်တွေရဲ့ မသာမူကိုရေးတာပါ
နောက် ရိုးရိုးသားသားဖြူစင်စွာပဲရေးခြင်းဖြစ်ပါတယ်။တကယ်တော့ ချယ်ရီက
မောင်သာချိုကို ငယ်စဉ်ကတည်းက ကြိုက်ခဲ့လို့ ကပ်ခိုညှိတွယ်ရင်းရေးတာပါ။
ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။
အနီတွေ အစိမ်းတွေစိတ်မဝင်စားပါဘူး။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်
ကြိုက်ခြင်းမကြိုက်ခြင်းဟာလည်း လူပုဂ္ဂိုလ်ရဲ့ စိတ်ပါပဲ။
ကျွန်တော်စာဟာ ကျွန်တော်သမိုင်းဖြစ်ပါတယ်။
ထိုနည်းတူစွာ ကျွန်တော်စိတ်ဟာလည်း ကျွန်တော့်ကိုပဲကိုယ်စားပြုပါတယ်။
ဆရာဘလက်ပျော်ရွှင်ပါစေ ။စစ်ကိုင်းလမ်းသီချင်းကိုတော့ ကြွေးဆပ်စေချင်ပါတယ်။
ဦးဦးပါလေရာ
March 23, 2012 at 1:07 am
ဆရာထက်ရေ-
သူများတွေ မန့်ပါစေဦးဆိုပြီး အသာနှပ်ထားတာ
ကွန်မင့်ရေးတော့မယ်ဆိုပြီး ပိုစ့်ကိုပြန်ရှာတော့ ရုတ်တရက်မတွေ့ပြန်ဘူး..။
ကျုပ်တို့သူကြီးရဲ့ရွာကြီး စည်ပင်နေလိုက်တာ ရှေ့မျက်နှာစာကပိုစ့်တွေ နေ့မြင်ညပျောက်ပဲ..။
ကျုပ်ကတော့ နောက်ကျတဲ့သူပီပီ တတို့လောက်ပဲ တို့ပါမယ်…။
“ဧည့်ခန်းမှာ ဓါးချိတ်ထားလို့ ဓါးလို့မမည်။…” တဲ့လား…
ကောင်းလိုက်တဲ့ သတိပေးချက်ပေါ့ဆရာထက်ရယ်..
လောကမှာ လူတော်တွေ လူတတ်တွေတော့ အများကြီးရှိပါရဲ့…
ကိုယ့်ဘာသာ ကျိတ်တော်နေရုံ ကျိတ်တတ်နေရုံနဲ့တော့
မိမိကျင်လည်ရာလူမှု့ဝန်းကျင်ကို အကျိုးမရှိစေဘူးဆိုရင်
နောက်မျိုးဆက်တွေကို ကွမ်းတရာရေတမှုတ် မကမ်းနိုင်ခဲ့ဘူးဆိုရင်
လောကအတွက်တော့ တန်ဘိုးမရှိလှပါဘူး..။
ကျုပ်ကတော့ ဓါးဖြစ်ခဲ့ရင်တောင်
ပန်းပွားတွေနဲ့အလှဆင်ပြီး နံရံမှာအချိတ်မခံချင်ဘူးဗျာ..။
kai
March 23, 2012 at 4:45 am
ကောင်လေး…ကောင်မလေးတို့ရေ…
( ဆရာထက်ဝေးစာကို ကူးညှိဆန်းစစ်တယ်မှတ်ပါ)
ကောင်မလေးကို ထားခဲ့ပြီး လစ်သွားတဲ့.. ကောင်လေးဖက်က ပြောချင်ပါတယ်ကွယ်..
ဟိုက..သုံးယောက်.. လက်နက်လည်းပါချင်ပါမှာ..
ဒီက..တယောက်.. ဗလကသေးသေးဆိုတော့..
အင်း..
ကိုရည်းစားမထားနဲ့ပြောတာကြီးကို.. .. ငြင်းခုန်ခြင်းအနုပညာလုပ်ချင်ပါတယ်ကွယ်..
ပိန်ညှောင်သေးကွေးတယ်…ဆိုတာက.. လူသားတွေမှာ.. ရှိနိုင်တဲ့..ခန္ဓာသဘာဝပဲလေ..
ဒီလိုကြီးဆို.. ပိန်တဲ့ညှက်တဲ့ကောင်းလေးတွေကို.. ခွဲခြားဆက်ဆံခိုင်းတာ ဖြစ်မနေဘူးလား.. 😕
ဆိုတော့..
စုံတွဲအေးဆေးလမ်းလျှောက်လာတာ.. အဲလို အုပ်စုနဲ့ဝိုင်းအနိုင်ကျင့်လို့.. ကောင်လေးသေပြီး.. ကောင်မလေး ဆေးရုံရောက်တဲ့.. ရုပ်ရှင်ကားကိုသတိရမိတယ်..
The Brave One (2007) တဲ့…
http://www.imdb.com/title/tt0476964/
ဇတ်လမ်းအရ.. ကောင်မလေး (Jodie Foster)က.. အဲဒီသူတွေတယောက်ချင်းပြန်လိုက်သတ်တဲ့ ကားပေါ့…။
မြန်မာမိန်းကလေးတွေကိုလည်း.. အဲဒါကို ပိုညွှန်းချင်မိတာပါ..။
ဒါမျိုး ဆွစ်ဇလန်မှာ..တကယ်ဖြစ်ဖူးတယ်လို့.. သတင်းထဲဖတ်ဖူးတယ်.။
မိန်းကလေးက.. မုဒိန်းကျင့်ခံရတော့.. အဲဒီဖြစ်ခဲ့တဲ့နေရာ ထပ်ထပ်သွားပြီး.. အဲဒီမုဒိမ်းကောင်နဲ့ရင်းနှီးအောင်လုပ်… ပြီးမှ.. အိပ်ယာထဲ.. မုဒိမ်းကောင်အိပ်နေတုံး..အဲဒီသူဖွားဖက်တော်ကို ဖြတ်ထားပြီး.. မီဒီယာပေါ်တက်ခဲ့တာ..
မြန်မာကောင်လေး..ကောင်မလေးတွေမှာ.. အဲဒါမျိုး မာန်တွေရှိစေချင်ပါတယ်..။
ဥပဒေသက်ရောက်မှုနည်းတဲ့.. ဒီလိုခေတ်မျိုး.. ဒီလိုစိတ်ဓါတ်နဲ့သာ.. ရှင်သန်ရလွယ်မှာပေါ့..။
==
နောက်တခုက…
မန္တလေးဂေဇက်က.. အမေရိကမှာ အမေရိကန်-မြန်မာတွေ..ဦးတည်ထုတ်တဲ့သတင်းစာပါ..။
ဝက်ဘ်ဆိုက်ကတော့.. နိုင်ငံခြားရောက်မြန်မာတွေနဲ့.. ပြည်တွင်းမြန်မာတွေ… ပေါင်းကူးတဲ့..နေရာပေါ့..။
မြန်မာပြည်ပနေ.. ယူအက်စ်ရောက်နေတဲ့သူတွေက… မြန်မာစာတောင်အနိုင်နိုင်ဖတ်ကြတာရယ်..
အေးဆေးမနေနိုင်ကြပါဘူးဗျာ..
ဒါကို.. ရသ ဦးစားပေးတင်ပေးနေရင်.. မလွယ်ပါဘူး..
ဒါကြောင့်.. ဒီလိုဖြစ်နေတာပါလို့.. စောတကတက်ပါရစေ..
တကယ်တော့.. ကျုပ်က..
မြန်မာစာပေ.. ကဗျာ..ရသကို ပိုချစ်မြတ်နိုးပါတယ်..။
ဆရာထက်ဝေးအကြံပေးအတိုင်း.. တဆင့်ချင်းတော့.. . လှမ်းတက်ပါမယ်လို့ .. နော..။ 😆
htet way
March 23, 2012 at 10:19 am
လေးစားပါတယ်ဦးဦးခင်ဗျား။
ဓါးတစ်လက်ဖြစ်နေရင်လည်း အများကျိုးတွက်တိုက်ပွဲဝင်ရမှာပါ
တေးတဒ်ပုဒ်ဟာလည် အများကျိုးတွက်ဖြစ်နေရပါမယ်။
ဆရာက အများကျိုးတွေထမ်းရွက်နေသူပဲ
လေးစားပါတယ်.. သူကြီးလိုပေါ့….။ အများဉာဏ်ရည် အသိတွေရအောင်အနစ်နာခံပြီး
ဂေဇက်ထောင်ထားတာ…တရားကျင့်သလိုပါပဲ။
ဒီနေရာမှာတော့ ကျွန်တော်တို့ဟာ စာဖတ်သူတွေအတွက် အကျိုးရှိတာတွေ
ရေးရမှာပေါ့။အယူအဆမှားမဲ့ အတွေးတွေကိုတော့ တတ်နိုင်သလောက်ကျွန်တော်အတ္တကို ချိုးနှိမ်
ပြီးရေးခဲ့ပါကြောင်း ဝန်ခံပါတယ်ဦးဦး။ဦးဦးပျော်ရွှင်ကျမ်းပါစေ။
htet way
March 23, 2012 at 10:39 am
သူကြီးမင်းရဲ့ ပထမဆုံးပြောတာကို လေးစားစွာ ပြန်လည်ပြောရရင်
ကိုထီးသီချင်းလေးနဲ့ပဲ ပြောပါရစေ။“ကိုယ်တိုင်အစကကြောက်တတ်သူတောင် ချစ်သူထိတော့ ရဲတတ်ကြတယ် သတ္တိတွေဘယ်ကရလဲမသိဘူး” ။သူကြီးစာစောင်ကို မိတ်ဆွေတစ်ယောက်
ွအမေရိကန်ကပြန်လာတော့ ပြောပါတယ်။ ကျွန်တော်ကလည်းဂေဇက်ကို ချစ်တော့ မေးမြန်းစုံစမ်းကြည့်တာပါ။
သူကြီးလည်း စာပေသမားတစ်ယောက် နာမည်ကြီး စာရေးဆရာမျိုးနွယ်တစ်ယောက်
ကိုယ်တိုင်လည်း စာပေပညာရှင်တစ်ယောက်လို့ သိထားပါတယ်။တော်တန်ရုံနဲ့ ဒီလိုမျိုး မလုပ်နိုင်ဘူး
လို့ လည်းတွေးထားပါတယ်။
သွယ်တာပိန်တာနဲ့ မဆိုင်ပါဘူး။သတ္တိသာအရေးကြီးတာပါ စစ်မှန်မူသာအရေးကြီးတာပါ
မြန်မာမိန်းကလေးတွေအတော်များများက လှတာပဲမက်ပြီး အတွင်းသဘောကို မကြည့်တာများပါတယ်
မေတ္တာစစ်တွေမရကြတာပါ။ကိုယ်တိုင်လည်း မေတ္တာစစ်ကို မလိုလားတာပါ ပါတယ်။
ကျွန်တော်က တောသားတစ်ယောက်မို့ အတွေးအခေါ်ပိုင်းမှာ ခောတ်မမှီတာဖြစ်ကောင်းဖြစ်မယ်
သို့သော် သူရဲကောင်းစိတ်ကိုတော့ နှစ်သက်ပြီးကိုယ်တိုင်လည်းသတ္တိရှိပါကြောင်း။ကျွန်ပ်ရှေ့တွင် ကျွန်ပ်
ချစ်သူကို ဤသို့ ပြုမူခဲ့လျှင် လက်နက်မကလို့ သေနတ်ပဲဖြစ်ဖြစ် တုန့်ပြန်ရဲဖြစ်မှာပါ။
ကျွန်တော်တို့ ကျောင်းသားဘဝက တောင် သေနတ်ကြားထဲသွားခဲ့ ..ရှောင်ခဲ့ပြောခဲ့ရသေးတာပဲ။
သူကြီးပြောတဲ့ ဇာတ်ကားထဲက မိန်းမပျိုလေးကိုတော့လေးစားဂုဏ်ယူမိပါတယ်။
နောက်တစ်ခုကဂေဇက်က ဖတ်သူဦးရေ များပြီး မန်ဘာမဟုတ်သူတွေများစွာဖတ်တာပါ။
လူကြီးတွေများပါတယ်။
ကျွန်တော်တို့ မြို့မှာဆို အာဏာပိုင်ကအစ ..အားလုံး ဂေဇက်ပရိသာတ်ပါ။
ဒီလို ဝက်ဘ်ဆိုက်ထောင်ပေးတဲ့ သူကြီးကို လေးစားပါတယ်။စာဖတ်ပရိသာတ်ရဲ့မေတ္တာကိုလည်း ရနေပါတယ်။ မနေ့ကဆို ကိုအောင်ဝေး ဝက်ဘ်ဆိုက်တစ်ခုမှာရေးတဲ့ ကဗျာကို DVBကလွှင့်တာကြည့်ပြီး
ဒို့ မန်းဂေဇက်လည်း စာကောင်းတွေရှိတာပဲ။ဒီလို ထပ်ဆင့်လွှင့်ရင် ကောင်းမှာပဲလိုု့ တွေးမိပါသေးတယ်။
မန်းဂေဇက်ကိုတော့ ကျွန်တော်တို့ ခင်မင်တွယ်ရစ်လေးစားသလို သူကြီးရဲ့ ကျေးဇူးကိုလည်း ပူးတွဲမြင်လျှက်ပါ။
သူကြီးမင်း ကျန်းမာရွှင်လန်း၍ အောင်မြင်မူတွေ ရပါစေလို့ မေတ္တာပို့ပါတယ်။
လွန်တာရှိ ဝန်တာမိ…….
လေးစားစွာဖြင့်
ထက်ဝေး
poeaung6
March 23, 2012 at 11:19 am
နှလုံးသားနဲ့ အားပေးသွားပါတယ်
lusoegyikoko
March 23, 2012 at 11:35 am
စာအုပ်တော်တော်များတွေ့တယ် ညီမလေးဖတ် ဖို့၊ ညီမလေး သို့၊ သမီးလေးဖတ်ဖို့ ၊သမီးလေးသို့ ပေးစာများတို့ တော်တော်တွေ့ရတယ်။ ညီလေးဖတ် ဖို့ ၊ညီလေးသို့ပေးစာများတို့ သားလေးဖတ်ဖို့ တို့ သိပ်မတွေ့ ရဘူးနော်၊ ဘာဖြစ်လို့လဲမသိဘူး၊စဉ်းစားမရလို့ပါ။ ကျွှန်တော်ပဲ မတွေ့ဖူးတာလားတော့မသိဘူး။ သိရင်ပြောကြပါလား။
laypai
March 24, 2012 at 11:42 am
ရှိပါ တယ်။
ဘယ်စာအုပ်ဆိုတာ တကယ်ကို မေ့ နေပြီ။
ဘာသာပြန်ပါ၊ တော်တော် ကောင်းတယ်လို့ ပြောပါရစေ။
ခု ညီမလေး၊သမီးလေးဖတ်ဖို့ စာအုပ်တွေ ထက် အများကြီးစော မယ် ထင်တယ်။
သားဖြစ်သူ ကျောင်းသွား တက်နေချိန် အဖေဖြစ်သူ က ပုံ မှန်ပေးတဲ့ စာ တွေပါ။
သားဖြစ်သူ က တရိုတသေ သိမ်းထားရာကနေ သူကိုတိုင်ကလား သူငယ်ချင်းကလား မသိတော့ဘူး စာအုပ်ထုပ်ဖို့ အကြံ ပေါ် ပြီး ထုပ်ရောင်းတာလို့တော့ အမှာစာ မှာ ရေးထာတာပဲ။
နိုင်ငံခြားစာပေကို မြန်မာဘာသာပြန်အဖြစ် ၂၀၀၁ ခု နှစ်လောက်က ဖတ်ဖူးခဲ့ တာဆိုတော့ ကမ္ဘာကျော်လို့ နေမှာ ပေါ့။
htet way
March 23, 2012 at 11:46 am
ရန်ကုန်ဘဆွေရေးတဲ့ ချစ်ဇနီးသို့ပေးစားများ
နောက် သားသို့ ဆိုတာတွေလည်း မဂ္ဂဇင်းမှာတော့တွေ့ဖူးပါတယ် အတိအကျတော့
့မှတ်မထားပါ။ညီလေးသို့ပေးစားလည်းတွေ့ဖူးပါတယ်။
ဒါတွေအားလုံးဟာ လူမူဝန်းကျင်ကို ကိုယ်စားပြုပြီး နာမည်တစ်ခုတပ်လို့ရေးတာပါပဲ
ဆရာမောင်နွယ်အောင်ရေးတဲ့ မာရီယာမှ တစ်ဆင့်ကဗျာလည်း မာရီယာကိုပြောတာမဟုတ်ပါဘူး
ဆရာကြူးနှစ်ရဲ့ ရယ်စရာမှာပါတဲ့ ပျော်ပါးမော်ကြွားဒို့စာပေသမားမှာလည်း
သူငယ်ချင်းဗမိုးရေ..လို့စတယ်။လူတွေအကြောင်းရေးတာပါ ဗမိုးကိုပြောတာလို့
နမိတ်ပုံပြုတာပါ။တကယ်တော့ စာဖတ်သူတွေကိုပြောနေတာပါ။
ညီလေးရေဆိုပြီးရေးတာတွေတွေ့ဖူးပါတယ် အထက်ပါအတိုင်းပါပဲဆရာလူဆိုးကြီးကိုကိုခင်ဗျား
ဝင်မန့်တာ ကျေးဇူးပါ။
ခင်မင်စွာဖြင့် ထက်ဝေး
htet way
March 23, 2012 at 11:55 am
ဆရာpoeaung6
နှလုံးသားနဲ့ အားပေးတာ လေးစားပါတယ်။
lulinmg
March 23, 2012 at 9:45 pm
လူ့ဘဝမှာ ကြုံရတွေ့ရတဲ့ အဖြစ်အပျက်လေးတွေဥပမာပေးပြောဆိုထားတာတွေ
ဖတ်ပြီး ဆင်ခြင်စရာတွေလည်းရလိုုက်ပါတယ် မှတ်သားစရာတွေလည်းပါပါတယ်
ဒါမျိုတွေအစဉ်တစိုက်ရေးပေးပါအားပေးနေပါတယ်
ဆရာလည်းရွှင်လန်းချမ်းမြေ့ပါစေ
ခင်မင်တဲ့ လုလင်
htet way
March 23, 2012 at 10:18 pm
ဟုတ်ကဲ့ ..
အားပေးတာကျေးဇူးပါ
ကြိုးစားပါ့မယ်ခင်ဗျား
ကိုပေါက်(မန္တလေး)
March 24, 2012 at 9:02 am
ကျနော်ပေးတဲ့ကော်မင်းပျောက်သွားတယ်ကိုထက်ဝေးရေ
htet way
March 24, 2012 at 9:08 am
ကိုပေါက်ရေ ပျောက်ရင်ထပ်ရေးပေးဗျာ
ကျွန်တော်ခင်ဗျားရဲ့ သဘောထားအမြင်လိုချင်ပါတယ်။
ဆရာပေါက်ရေ….သတင်း၊ ဆောင်းပါး ဝတ္ထု၊ ကဗျာ………
စာပေပုံသဏ္ဍန်တွေရှိတဲ့ ထဲက သူ့နေရာနဲ့ သူအရေးပါ ပါတယ်။
ဆရာပေါက် သဘောထားကို ကျယ်ကျယ်ပြန့်ပြန့်လေးသိချင်တာပါ
ခင်မင်လေးစွားစွာဖြင့်
ထက်ဝေး
ကိုပေါက်(မန္တလေး)
March 24, 2012 at 9:09 am
ကျနော်ငယ်ကတည်းက ရန်ကုန်ဘဆွေ ချစ်ဇနီးသို့ကိုသဘောကျခဲ့တယ်။
1970 ပါတ်ဝန်းကျင်မှာ ဖတ်ခဲ့တာ။
အခုတိခေတ်မှီနေသေးတယ်။
ကိုထက်ဝေးနဲ့ တွေ့ဆုံပွဲတုံးကလဲ အေးဆေးစကားမပြောခဲ့ရဘူး။
မြန်မာဆေးအကြောင်းပြောချင်သေးတယ်ဗျ.
ကျနော် အထင်သေးပြီး ပစ်ပယ်ခဲ့တဲ့ ပညာတစ်ရပ်အကြောင်း။
ကျနော်အဖိုးက အဘိဓမ္မာတောင်သာ ဆေးဆရာကြီး။
နောက်တွေ့မှပြောပြမယ်။
htet way
March 24, 2012 at 9:18 am
ကျွန်တော်ကလည်း ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သားကစလို့ အကုန်သဘောကျတယ်ဆရာ
အဘိဓမ္မာတောင်သာဆေးပညာဆိုတာ အင်မတန် အဆင့်မြင့်တာပဲ
ဓါတ်ဆေးဆိုတာလည်းကောင်းပဗျာ။
ကျွန်တော်လည်း စကားတွေအများကြီးပြောချင်ပါတယ်။
ဆရာပြောမယ့် တိုင်းရင်းဆေးပညာအကြောင်း နားထောင်ချင်ပါတယ်။
ငြိမ်းချမ်းအေးမြပါစေ…
ခင်မင်စွာဖြင့်
ထက်ဝေး