introJune 18, 20101min1286
ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် အမှုကို ရန်ကင်းမြို့နယ် တရားရုံး၌ စစ်ဆေး လျက်ရှိရာ တရားလို၊ တရားခံ နှစ်ဘက် ထွက်ဆိုချက်များ ရယူရန် ယနေ့ ရုံးချိန်းသို့ ထက်ထက်မိုးဦး လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ “ဒီနေ့ ကျမတို့ ဘက်က ရှေ့နေနဲ့ အတူ တရားရုံးကို သွားကြပါတယ်။ ထက်ထက်မိုးဦး ဘက်ကတော့ မလာပါဘူး။ တရားရုံး ကတော့ သမ္မန်စာ ဆက်ထုတ် သွားမယ်လို့ ပြောပါတယ်။ ပထမ တကြိမ် သမ္မန်စာ ပို့ခဲ့ပေမယ့် အဲဒီအိမ်မှာ ထက်ထက်မိုးဦး မနေဘူးလို့ ကြားရတယ်” ဟု 7day News ဂျာနယ် အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။ လွန်ခဲ့သည့် […]


introJune 18, 20101min600
“သံတိုင်များ နောက်ကွယ်က ၂၀၁ဝ ကမာ္ဘ့ဖလား” ဟု အမည် ပေးထားသော ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ပိုင်း ခုံပရမ် အကျဉ်းထောင်တွင် ယနေ့မှစ၍ ကျင်းပသွားမည်ဟု ယနေ့ထုတ် The Nation သတင်းစာတွင်ရေး သားထားသည်အဆိုပါ အကျဉ်း ထောင်တွင် နိုင်ငံပေါင်း ၉ဝ ခန့်မှ အကျဉ်းသား တသောင်းကျော် ရှိပြီး အကျဉ်းသားများ အနေဖြင့် မိမိနိုင်ငံကို ကိုယ်စားပြုကာ ယှဉ်ပြိုင် ကစားကြမည်ဟု သိရသည်။ နိုင်ငံ ကိုယ်စားပြု အသင်းတွင် အသင်းသား ဦးရေ ရ ဦး သတ်မှတ်ထားပြီး ကမ္ဘာ့ဖလား ကျင်းပသည့် ပုံစံအတိုင်း အုပ်စုများခွဲကာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊ ပွဲစဉ်များ ကိုလည်း ကမ္ဘာ့ဖလား ပွဲစဉ်များ နည်းတူ ကျင်းပ […]


introJune 18, 20101min710
ကမ္ဘာပေါ်တွင် ဆေးလိပ် သောက်သုံးသူ ဦးရေ သန်း တစ်ထောင်ကျော်ခန့် ရှိသည်။ ယင်း တို့အနက် အများစုမှာ အာရှတိုက်မှ ဖြစ်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကို သိမြင် လာကြသည့် အလျောက် ဆေးလိပ် သောက်သုံးမှုနှုန်း ကျဆင်းလာ သော်လည်း အချို့သော နိုင်ငံများတွင် ဆေးလိပ် သောက်သူ ဦးရေ တိုးတက် များပြား နေဆဲ ဖြစ်သည်။ အထူးသဖြင့် လူငယ်များနှင့် အမျိုး သမီးငယ် များ ပါဝင်သည်။ ဆေးလိပ်၏ အခိုးအငွေ့များတွင် ဓာတ်ပစ္စည်း အမျိုးပေါင်း လေးထောင်ကျော် ပါဝင်သည်။ ၎င်းတို့ အထဲတွင် လူများကို အန္တရာယ် ဖြစ်စေ နိုင်သော ကတ္တရာ၊ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်၊ အမိုးနီးယား စသည်တို့ များစွာ […]


introJune 18, 20101min500
စီးပွားရေး လုပ်ငန်းရှင်ကြီး ၄ ဦး ထူထောင်ခွင့် ရထားသည့် ပုဂ္ဂလိက ဘဏ်များကို လာမည့် စက်တင်ဘာလ နောက်ဆုံးထား၍ စတင်ဖွင့်လှစ် ကြမည် ဖြစ်ကြောင်း နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။ ရွေးကောက်ပွဲ အပြီးကာလတွင် နိုင်ငံရေးအရ အပြောင်းအလဲတချို့ ရှိလာမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ကာလမတိုင်မီ ပုဂ္ဂလိက ဘဏ်များဖွင့်လှစ်ခြင်းကို အပြီးဆောင်ရွက်ကြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဗဟိုဘဏ်ကနေ ပုဂ္ဂလိက ဘဏ်ဖွင့်ဖို့ ရထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ လောလောဆယ် စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ဖွင့်မယ့်ဘဏ်အတွက် ကုမ္ပဏီ မှတ်ပုံတင်တာ လုပ်ရမယ်။ ကုမ္ပဏီမှတ်ပုံတင်တာက ၁ လခွဲကြာမယ် ဆိုတော့ ရွေးကောက်ပွဲမတိုင်ခင် လာမယ့် ဩဂုတ်လ အတွင်းမှာ ဘဏ်တွေ […]


introJune 18, 20101min540
ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ စတင် ကျင်းပသည့် နေ့မှစ၍ ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပုံမှန် ပြန်လာ နေကြောင်း မြို့ခံများက ပြောသည်။ “စီးပွားရေး လုပ်ငန်းရှင်တွေက ဘောလုံးပွဲကို ကမကထ လုပ်ထားပြီး မီးမလာရင် ရင်းထားတာတွေ ရှုံးမှာလေ။ ဒီအတွက် ပိုက်ဆံ ပေးပြီး မီးမှန်ဖို့ မြို့နယ် တော်တော်များများနဲ့ ချိတ်ထားတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။ ဘောလုံးပွဲ ထုတ်လွှင့်ပြသခွင့် ရထားသော မိုးဆမ်းပန်း မီဒီယာသည် စစ်အစိုးရနှင့် နီးစပ်ပြီး လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြသည်။ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တလတိတိ ကျင်းပမည့် […]


introJune 17, 20101min1123
ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ကြေး ထပ်မံပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ “သံဃာတွေကို ဆွမ်းကပ်မယ်၊ နောက်ပြီး မွေးနေ့ရှင်ရဲ့ဆန္ဒအရ NLD အဖွဲ့ဝင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့သားသမီး တွေကို ပညာသင်ထောက်ပံ့ကြေး ထပ်ပေးမယ်”ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအုံးကြိုင်က ပြောသည်။ ပြီးခဲ့သည့်မေလ ၅ ရက်က ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို နိုင်ငံရေး အကျဉ်းသားမိသားစုများကို ထောက်ပံ့ကြေး ပေးအပ်ရာ NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ကလေးငယ် တဦးအား ပညာသင်စရိတ် ပေးနေစဉ် (ဓာတ်ပုံ – AP) အမျိုးသား […]


introJune 17, 20101min870
ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေဖြစ်သူများသည် အထူးအယူခံ တက်ရန်အတွက် ပြစ်မှုဆိုင်ရာ လျှောက်လဲချက်များကို ယနေ့ ဆွေးနွေးခဲ့ကြောင်း ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဆိုသည်။ ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ နေ့လယ် ၁၂ နာရီ ကျော်မှ ၃ နာရီ အထိ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်နေမှု အတွက် တားဝရမ်း ထုတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဦးတိုက် လျှောက်ထားခြင်းကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ် လိုက်ရာ အယူခံ ဆက်တက် ထားသည့် ကိစ္စများ ကိုလည်း […]


introJune 17, 20101min1166
ခေါင်၂ လုံးနဲ့ကြောင်ကလေးကို ထူးထူးဆန်းဆန်း တွေ့ရှိလို့ ဖော်ပြပေးလိုက်ပါတယ် ။ သန္ဓေသားဘဝ ကတည်းက neural tube defect တွေကြောင့် အခုလို ခေါင်း ၂လုံး ဖြစ်လာရတယ်လို့ ခန့်မှန်းရပါတယ် ။ ဒါဟာ ဓါတ်ရောင်ခြည်သင့်ခြင်း ၊ Mutagenic drug တစ်ခုခုကိုသောက်သုံး မိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ခေါင်း၂လုံးပါသောကျွဲကလေး ဒီကျွဲပေါက်လေးမှာလည်း ခေါင်း၂လုံးပါရှိပါတယ် ။ သူ့ကိုလည်း ကြောင်ကလေးကဲ့သို့ ပဲ မွေးရာပါချို့ယွင်းချက်လို့ ယူဆရပါတယ် ။


introJune 17, 20101min750
၁။ အရမ်းတော်တဲ့မိန်းကလေးဆိုရင် အရမ်းမချောဘူး၊ ချောပြန်တော့လည်း မတော်ပြန်ဘူး၊ ချောလည်းချော တော်လည်းတော်ပြန်တော့ သူရဲ့အကျင့်ကသင့်ကိုစိတ်ကုန်ေ စတယ်။ မိန်းကလေးတွေလည်း ယောက်ျားလေးတွေလိုပါဘဲ ပြည့်စုံတဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ။ ၂။ မိန်းကလေးတွေက ယောက်ျားလေးတစ်ယောက်က ကိုယ့်ကိုချစ်တယ်မချစ်ဘူး ဆိုတာ ဘယ်သိပါ့မလဲ။ ဘယ်လိုပဲပြောပြောနတ်သမီးမဟုတ်ဘူး မိန်းကလေးကမိန်းကလေးပါပဲ ဘယ်လိုသိနိုင်မလဲ။ ၃။ သူချွဲနွှဲ့ပြောရင် လျစ်လျှူရှူထားမယ်ဆိုရင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်။ ၄။ သူရဲ့နူးညံ့သိမ်မွေ့တဲ့အချက်လေးတွေကို ဖော်ထုတ်ပြီး အရေးပေးပါ။ ၅။ အင်္ကျီသစ်ဝတ်ချိန်မှာ၊ သင့်လျော်သလိုမြောက်ပြောပေးပါ။ မလုံ့တလုံတွေ ဝတ်ရင်လည်း ဒါမဝတ်ရဘူးဆိုပြီး အတင်းမပြောပါနဲ့ ဒီအင်္ကျီငါ့အရှေ့မှာပဲ ဝတ်ရမယ်လို့ပြောရင် မိန်းကလေးတွေ နားလည်ပါတယ်။ ၆။ မိန်းကလေးမှာလဲ မာနရှိတာမို့ ငါ့အလုပ်လာမရှုပ်နဲ့ဆိုပြီးမဟောက်ပါနဲ့။ ၇။ သူတစ်ယောက်တည်းနေနေတဲ့အချိန်မှာ နင်ဘာဖြစ်နေတာလဲ ဆိုပြီးမမေးပါနဲ့ personal space လေးထားပေးပါ။ ၈။ သူ့မှာလဲယောက်ကျ်ားလေးသူငယ်ချင်းရှိပါတယ်။ […]


introJune 17, 20101min730
(ရေးသားသူ – S.S.) အခုဆိုရင် မြန်မာဘလောဂ့်လောကမှာ ဘလောဂ့်ရေးသူတွေများပြားလာသလို ဘလောဂ့်ဖတ်သူနှုန်းလည်း တိုးပွားလာပါတယ် ။ မြန်မာဘလောဂ့်တွေကိုခွဲခြားစိတ်ဖြာကြည့်တဲ့အခါ အနုပညာရသပိုင်း ၊ ကိုယ်ကြုံတွေ့ရတာကို ဒို်င်ယာရီသဘောမျိုးရေးတဲ့အပိုင်း ၊ နည်းပညာ ဗဟုသုတတို့နဲ့ပတ်သက်ပြီး သိသလောက်ကို ပြန်လည်ဝေမျှတဲ့အပိုင်း ၊ သတင်း သီချင်း စာအုပ်ဖြန့်တဲ့အပိုင်း ၊ နိုင်ငံရေး (သို့) အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေနဲ့ရေးတဲ့အပိုင်း စတဲ့ အပိုင်းအမျိုးမျိုးကို ကိုယ်အားသန်ရာဘက်ဦးစားပေးရေးကြတာ မြင်တွေ့နိုင်ပါတယ် ။ ဒါ့အပြင် ခုနောက်ပိုင်းမှာ ဘလောဂ့်တွေကိုအသုံးချပြီး အဖွဲ့အစည်းအရတိုက်ခိုက်တာတွေ ၊ ပါစင်နယ်အရတိုက်ခိုက်တာတွေပါ လုပ်လာတာတွေလည်း ရှိပါတယ် ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ပြည်တွင်းမှာရှိတဲ့ Citizen Journalist လို့ခေါ်ခံခဲ့ရတဲ့ပြည်သူတွေကတဆင့် မြန်မာပြည်ကသတင်းအဖြစ်အပျက်တွေကို မြန်မာဘလောဂ့်တွေ ဖြန့်ဝေနိုင်ခဲ့တယ် ။ ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးအပြီး တစ်နှစ်ကျော်ကြာတဲ့အခါ သတင်းတွေနဲ့အတူ […]


introJune 17, 20101min1014
ငယ်ရွယ်ချောမောတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ် အလှအတွက် အတိုင်းအတာ တစ်ခုထိတော့ ဂုဏ်ယူချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အခြေအနေ၊ အချိန်အခါအလိုက် ကိုယ့်အလှတရားကို ဘယ်လောက်ပမာဏ ဖော်ပြကြမလဲဆိုတာ အဖြေခက်တဲ့ မေးခွန်းပါ။ ဥပမာ ညဖက်အိမ်ပြန်နောက်ကျတဲ့ မိန်းကလေးတစ်ယောက် ဝတ်ပုံစားပုံ အနေအထားဟာ ယောက်ျားသားတွေအတွက် အမြင်ကို အစွန်း တစ်ဖက်ဆီ ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အလှအပကို ရဲရဲပြ မလား၊ ချုပ်တည်းထားမလားဆိုတာ မိန်းကလေးတွေကိုယ်တိုင် ရွေးချယ် ဆုံး ဖြတ်သင့်တဲ့ ပြဿနာ တစ်ခုပါ။ အရမ်းခေတ်ဆန်ပြီး အဖော် အဟိုက် များရင်လည်း ယောက်ျားတွေရဲ့ မျက်စိပသာဒဟာ လမ်းမှားဆီ ဦးတည် သွားနိုင်ပါတယ်။ အရမ်းလုံခြုံဖုံးကွယ်ထားရင်လည်း ဘယ်သူမှ စိတ်ဝင်စား မှာမဟုတ်သလို “ပြတိုက်ပို့ဖို့ကောင်းတယ်”လို့ ခပ်ရွဲ့ရွဲ့ အပြော ခံရပါဦး […]


introJune 17, 20101min911
သကြားပါသော ပီကေ သကြားပါတဲ့ ပီကေတွေဟာ သကြားပါတဲ့ အခြား အစား အစာ တွေလိုပဲ သွားကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ သကြား ဆိုတာ သွားပိုးစားရောဂါ နှင့် သွားဖုံးရောဂါတွေကို ဖြစ်စေနိုင်တဲ့ သွားချေးလွှာရဲ့ မူလ အစိတ်အပိုင်းပါ။ သင်ဟာ အချိုဓာတ်ပါတဲ့ ပီကေကို မကြာခဏ ဝါးတတ်နေရင် သင့်မှာ နဂိုရှိ နေနိုင်တဲ့ သွားကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ပိုဆိုးစေပါတယ်။  ဒါကြောင့် သကြားပါတဲ့ ပီကေ ကိုလျှော့ဝါးပြီး သွားမှန်မှန်တိုက် ပေးပါ။ သကြားမပါသော ပီကေ သကြားမပါသော ပီကေကတော့ သွားကျန်းမာရေးကို အကျိုး ပြု ပါတယ်။ ပီကေဝါးနေတဲ့ ချိန်မှာ ပီကေရဲ့မျက်နှာပြင်  က သွား ကြားမှာ ညှပ်နေတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားရာမှာ […]


introJune 13, 20101min1083
ရိုမေးနီးယား နိုင်ငံသား တစ်ဦးသည် ဗြိတိန်နိုင်ငံသို့​ ခိုးဝင်ရန်​ အတွက် ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်ကြီး တစ်စင်း၏ ဘီးကို​ ဖက်ကာ စွန့်စွန့်စားစား လိုက်ပါ​ ခဲ့ကြောင်း သိရသည်။ အသက်​ (၂၀)​ အရွယ်ရှိ ယင်းအလုပ်လက်မဲ့ အမျိုးသားသည် ဇွန်လ​ (၆)​ ရက်နေ့က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ လေဆိပ်မှ ဒူဘိုင်း​ တော်ဝင် မိသားစုပိုင် Boeing 747​ လေယာဉ်တစ်စင်း၏ ဘီးဝင်ရိုးကို​ ခိုကာ မိုင်ပေါင်း​ (၈၀၀)​ အကွာရှိ လန်ဒန်မြို့၊ဟိသရိုး​ လေဆိပ်သို့ လိုက်ပါ​ လာခဲ့သည်။ လေယာဉ်သည် (-၄၁)​ ဒီဂရီ စင်တီဂရိတ်ထိအေးခဲနေသော ကောင်းကင်ပြင်တွင် အမြင့်ပေ (၂၅၀၀၀)မှ ပျံသန်း​ လာခဲ့သော်လည်း ယင်းပုဂ္ဂိုလ်မှာ အထိခိုက် မရှိခဲ့ချေ။ ဟိသရိုး​ […]