ムラカミJuly 4, 20131min36312
            ဂုဏ်ယူလိုက်ဇမ်းဘာ ကျုပ်တို့ သီဟပူရကို အင်-ယာတွေ အတော်များများ တင်ပို့တဲ့တိုင်းပြည်မှာနေတာ.. နောက်ပိုင်း hospitality management ဆိုတာ လူငယ်ထု သည်းခြေကြိုက် မြို့ပြကဗျာ ဖြစ်လာတဲ့အကြောင်းကောသိလား အဲ … မလေးက လယ်တွေ ဘယ်ကောင်တွေ ပင်ပင်ပန်းပန်း ထွန်ပေးနေတယ်ထင်သတုန်း ပြီးတော့ ပြုတ်တူနဲ့ ပလာယာ ကိုင်ပြီး ပေးတာယူကျွေးတာစားနေတာကော ဘယ်ကလာတဲ့ကောင်တွေထင်သတုန်း နီးနီးစပ်စပ် ယပက်လက်ပင်လယ်ပြင်မှာ ပါဏာတိပါတာကျူးလွန်နေတဲ့ အမျိုးတွေဘယ်လောက်ရှိလဲ ခင်ဗျားသိလား ပထဝီ တကြောလွတ်တယ် အပြောခံရလောက်အောင် လှိုင်းမူးခံပြီး ရေထဲကမတက်တဲ့ လူတွေလည်း တပြွတ် တခြား ပန်းကန်ဆေး ဆူရှီလိပ် တက္ကစီမောင်း ရင်း ရွာက အမျိုးတွေဖို့ ဆိုတာကလွဲလို့ ဘာမှမသိတဲ့ ဖြစ်သမျှအကြောင်း […]


ムラカミJuly 3, 20131min32311
ဒီတခါတော့ ဦးခိုမ် အသူရကာယ် ဘုံကို သွားဖို့ခြေလှမ်းပြင်သည်။ ဟုတ်တယ် နတ်တွေက တိုင်ပတ်တယ် ဒီ အသူရကယ် တွေကမှ ဇယားရှင်းဦးမယ်ထင့် ။ ဟောရောက်ပါပြီ။ အသူရကာယ်ဘုံ …အသူရကာယ်တွေထဲကမှ ရှေးမြန်မာဘုရင်တွေကို သွားကြည့်မည်ဟု ဦးခိုင် တွေးလိုက်သည်။ ဟုတ်သည် ဒီလူတွေ ကျွတ်မှာမဟုတ်။ ဂလောက် ထီးနန်း စည်းဇိမ် တိုင်းပြည် မိဘုရား သားသမီး အာဏာ အကုန်မက်စရာတွေပေါတဲ့ဘဝ ဆိုတော့။ တွေ့ပါပြီဗျားးး နှုတ်ခမ်းမွေး တကားကားနှင့် ဘုရင်မင်းခေါင်။ မျက်နှာကတော့ သိပ်မကောင်းချေ။ အနားကပ်ပြီး မေးကြည့်တော့မှ သူက အမှုဖြစ်နေသတဲ့ ။ ဖြစ်နေတဲ့အမှုက အာမခံမရဘူးဆိုပဲ။ ဘာအမှုတုန်းဆိုတော့ ခေါင်။ မပြောချင်ပါဘူးဗျာ။ ဟိုကောင် ရာဇာဓိရာဇ်ပေါ့။ ကျုပ်ကို ကလေးစစ်သား အသုံးပြုမှု ဆိုတဲ့ ပုဒ်မ […]


ムラカミJuly 1, 20131min36517
သူလား .. အဆဲကလည်း သန်ပါ့…။ စိတ်က လက်တဆစ် ..။လူကြည့်တော့ ဗလက ဗေလုဝလောက်။ အဲ့ဒါတောင် …ဘားလမ်းကနေလည်း ဒါးထမ်းစောင့်နေချင်သေးတယ်..။ ဇ-ကမသေးတာပြောပါတယ် မြန်မာ့အသံ လိုနေရာမျိုးမှာတောင် ဒီမိုခွေစီ မရမချင်း သီချင်းလာမဆိုဘူး ပြောခဲ့သူ။ နွေကျောင်းပိတ်ရက်တွေ ကုန်ချိန်မှာ သူပြန်မလာနိုင်တာ ဘာကြောင့်တုန်းမေးတော့ …ဒုံးတိပြန်ဖြေတယ်.. တောခိုသွားလို့တဲ့ ..မှတ်ကရော….။မဟာဝီရ ပါလို့ ဆိုပြီး သွားမဝေဖန်နဲ့ … ခညားကို ဒါးနဲ့ လိုက်လိမ့်မယ်။ ဟိုသီချင်းမယ် ..အာရေဗီယန်စကေးလ် ဘာလို့ထည့်ထားသလဲ သိရဲ့လား …။ ကိုကိုဝီ မျက်ရည် ဘူးသီးလုံးလောက်ကျလိမ့်ယ်..။ သူ့ဆီသီချင်းသွားဝယ်ရင် အားကြီး သတိထားရတယ်.. အပြောအဆိုမတတ်ရင် ဆဲခံရမှာ …။ ဂျိုးသိန်းတွေ ပြည့်နေတဲ့ ဆေးလိပ်ခွက်နဲ့ ကောက်ထုမှာလည်း စိုးရသေး။ ရှိပြီးသားရောင်းရတာ ကျနော်က သက်သာသေး […]


ムラカミJune 28, 20131min72025
ဒီမိုခွေစီနှင့် ဆံပင်အတိုအရှည် ——————————— မေမေ သားတော့ မြန်မာ့ဒီမိုခွေစီ က ဆံပင်အတိုအရှည်နဲ့ ဆက်စပ်မယ်မြင်မိတယ်မေမေ။ မေမေပဲ စဉ်းစားကြည့်လေ။ ဆံပင်ရှည်တဲ့ မေမေတို့ အိပ်ထိယ နွယ်ဝင်တွေက ဖိနှိပ်ခံရဆုံးဖြစ်ပြီး။ အဲ့သည့်အထက်မှာ သားတို့ မဟာ ပုရိသ တွေရှိတယ်မေမေ။ ပုရိသချင်းတူတူတောင် မေမေရယ် အစိမ်းရောင်ဝတ်တဲ့ ရှေ့တစ်လက်မနောက်ပြောင်တွေက သားတို့ထက် ဆံပင်ပိုတိုတယ် ဆိုပြီး အခွင့်အရေးပိုယူကြပါတယ်။ နာ့သင်းလာ့စ် ဖော်အဲဗား ပါမေမေ .. ခုတော့ ဆံပင်လုံးဝမရှိတဲ့ အနီ ဝတ်သူတွေက သူရို့အပေါ်တက် အခန့်သားထိုင်ကြတော့မယ်တဲ့ ..။ သားတော့လေ တနေ့တခြား ရှည်ရှည်ထွက်လာတဲ့ ဟောဒိဆံပင်တွေကို သိပ်မုန်းတယ် မေမေ။  


ムラカミJune 28, 20131min63028
  ၁။ အညှီအဟောက်ပုံလို့တော့ မထင်ဇီချင်ဘူးဗျ။ တင်ပီဗျာ…           မူရင်း ရှဲသူရဲ့ စာထဲမှာ တော့ ဂလို အဆိုရှိသဗျ။   တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။ ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ညဝတ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။   ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ […]


ムラカミJune 27, 20131min31216
          ဒေါင်း ဆိုမှ ဒေါင်း.. ဒေါင်း-ပဟေ့ .. ဟောဒမှာကြည့် ငါ့မှာ ကင်း တွေ ကို ဟောဒလို ဂျိုကာ နဲ့ ထောက်တယ် ဂျက် တွေ ကလည်း ရှိနှင့်ပြီးသား မင့်ကို ကုလားဖဲတွေနဲ့ချည်း စီးရီးစီပြနေတာ.. ဟောဒီမှာ ၆-၇-၈ အော်ရီဂျင်နယ် ရမ်း ရှုံးမှာပေါ့ကွ … မင်းက ကွင်းကို ပစ်ချတာကိုး.. ခုတော့ မင်းမှာ ညင်း ၉ နှစ်ချပ်နဲ့ စပိတ်-၆ တကတ် ရမ်း အပျက်ကြီးပဲ ကျန်ခဲ့တယ် မလား..   ကန္နားစီးမိဂီ ဖဲကစား နေသည်။


ムラカミJune 27, 20131min30910
အောက်ပါ စကားလုံးများကို သုံး၍ စာစီကုံးပါ။ နဝင်းကျေအောင် ၉-လုံး ရွေးပေးလိုက်ပါသည်။ ၁။ မင်းမျက်နှာပေါ် ၂။ လှပတဲ့အပြုံးရဲ့နောက်ကွယ် ၃။ နူးညံ့တဲ့ မင်းရဲ့အမူအရာတွေ ၃။ ချိုသာတဲ့စကားတွေ ၄။ နူးညံ့သိမ်မွေ့ ၅။ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ၆။ တတ်လည်း တတ်နိုင်တဲ့ မိန်းကလေးပဲနော် ၇။ မေတ္တာမပျက် ချစ်ခင်လျက် ၈။ နှမတော် ၉။ အကြမ်းဖက်သမားကြီး ကွိကွိ ဒက်ဂလောက် ..ဒက်ဂလောက်


ムラカミJune 26, 20131min37813
        ထိလွယ် ရှလွယ် အချစ်ဆိုတာ အခိုးအငွေ့ ဆိုရင် ငါ့ရင်ဘတ်က အနှီ အခိုးအငွေ့တွေ ဖြည့်ထားတဲ့ ပူပေါင်းတလုံးပေါ့ နှင်းဆီ။     မင်းရဲ့ ဆူးဖျားတထောက်စာ ပြုစားမှုလေးလောက်နဲ့ ပေါက်ကွဲထွက်ရသလားရယ်လို့ ငါ့ကို လူတွေပြက်ရယ်ပြုကြပါစေတော့။     တကယ်တော့လည်း အခိုးအငွေ့ဆိုတာ ကိုင်တွယ်မဖမ်းဆုပ်နိုင်စကောင်းဘူးမလား ဒီလိုပဲ အချိန်တန်တော့လည်း လွင့်ပါး ပျောက်ရှ….။


ムラカミJune 25, 20131min44713
နောက်ဆိုရင် ဘာသာရေးနဲ့ ပါတ်သတ်တဲ့ ဝေဖန်မှု တွေ မပြောဖြစ်အောင် နေပါတော့မယ်ဗျာ။ (Inz@ghi) နင့်အဆင့်နဲ့ အဟွာဘဇပ် က အဟွာ ဇဂါးမထွက်နဲ့ သေချင်းဇိမ်း လေးရဲ့ (ဦးဖွတ်ကျား) ခင်ဗျားတို့ အဲ့သလို တွေ မတဲ့မရှုဖြစ်နေရင်ဖြင့် ကျုပ်တော့ စိတ်လေပြီး ဘာသာမဲ့ပဲ လုပ်တော့မယ်ဗျာ (ဖားသက်ပြင်း) ဟာ ..သောက်ရေးထဲ ထေရဝါဒ ၂ခြမ်း ကွဲမယ့် အရေးပါဆိုမှ ဒီတဏှာရူးက တမျိုး ။ ချဉ်ထှာ။ (ကြက်ဥလှည့်) ဒမယ် ဟဲ့လူ။ Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ…. နောက်တခါပြန်ဖတ်လိုက်အူး (Inz@ghi) မျက်စိနောက်အောင် မနေနဲ့ ပေါ့ကွ။ မင့်ဟာက ဟာ … ကြာဘာဒယ်ကွာ ..ရီးပဲကွာ..။ […]


ムラカミJune 24, 20131min47819
“လူနည်းစုကို ညှာတာပြီး လူများစုက လေသန့်ကို တအားမရှုပဲ အသက်အောင့်ထားပေးပါ” (ဒေါ်အောင်ဆန်းစုကြည်) “ပြည်သူများခင်ဗျား အားလုံးဝိုင်းဝန်းပြီး အသက်ရှုတာလျှော့ရင် ပြေလည်သွားမှာပါ။ မီးခိုးများ ဖုံးလွမ်းမှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ ရန် ဆုံးဖြတ်လိုက်သည်။” (ဘစိန်) ” နောက်ကွယ်က ကြိုးကိုင်နေသူများရှိကြောင်း” (ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း) “ကျနော်လည်း အောက်ဆီဂျင်ထိန်းအဖွဲ့မှာ သမ္မတဖြစ်ချင်ပါတယ်။ အီး ၉၆၉ လုံးပေါက်သူတွေကို အရေးယူမှာပါ” (ဦးရွှေမန်း) “မြန်မာတွေ အသက်ရှုကြပ်တာကို အထူးစိုးရိမ်မိပါတယ်” (ဘန်ကီမွန်) “ဒီဓာတ်ပုံကို ကြည့်ပါ သမ္မတကြီးလည်း ပြည်သူတွေလို အသက်ရှုကြပ်ပါတယ်” (ဦးရဲထွဋ်) “အောက်ဆီဂျင်တွေပိုနေလို့ ဈေးကွက်သဘောတရားအရ ရောင်းစားရတာပါ” (ဦးဇော်မင်း) “တစ်ကယ်လို ့များပြည်သူတွေက ကိုယ့်အိမ်ထဲမှာပဲ ယပ်ခပ်ပြီးနေလိုက်ရင်အခြေအနေကောင်းသွားမှာပါ။ (ဦးကိုကိုလွင် – နိုင်ငံတော်အကြံပေးအရာရှိ) လက် ရှိ အ […]


ムラカミJune 24, 20131min35512
ဟာ ..အချိန် ကွာ ကထှောက်ခ်….။ ဝုန်း… အိမ်တံခါးကို ခြေနှင့်ဆောင့်ကန်ပြီး စပ်စလူးမိဂီ အိမ်ပြန်လာသည်။ ဦးလေးဖြစ်သူ တောင်လှေကားဦးကြီးမိုက် သဒင်းစာ ဖတ်ရင်း မျက်မှောင် ဝင့်ပြီးကြည့်သည်။   မိုက် ။ ဟဲ့ မိဂီ ညည်းဘာဖြစ်လာတာတုန်း။ ဂီ။ ဒါ ကျမတို့ရဲ့ အမျိုးဘာသာ သာသနာ တခုလုံးကို စော်ကားလိုက်တာပဲ။ မိုက်။ စိတ်ထိန်းပါဦး မိဂီမရယ်… သူရို့လည်း သူရို့မှန်မယ်ထင်တာ လုပ်တာပဲဟာ။ ဂီ။ အူးလေး မသိပါဘူးဗျာ။ ဒါ ကျုပ်တို့ကို လူမထင်တာဗျ။ ဆန့်ကျင်ရမယ်။ မိုက်။ ဒါတော့ဒါပေါ့ အေ။ သံဃာတော် ကို စော်ကားရာရောက်တာပေါ့ ..။ ဂီ။ ဟုတ်ပါ့ အူးလေးရာ ..။ မိုက်။ မှားမှားမှန်မှန်လေသင်္ကန်း ရုံထားသမျှတော့ […]


ムラカミJune 21, 20131min30010
    ကျနော့်ကို ချမ်းသာပေးပါဗျာ. ရိုးပုံရိုးပန်းနှင့်. တောမှတက်လာဟန်ရှိသော ဦးကြီးက သနားစဖွယ် ဆိုသည်. မုတ်ဆိတ်ဗလဗျစ်နှင့်လူက. ပြန်ဖြေ၏. ဒီမှာကိုယ့်လူ.  ခင်ဗျားကိုဘယ်လိုမှ ချမ်းသာမပေးနိုင်ဘူး ဆိုတာဘယ်နှခါပြောရမလဲ. တောကဦးကြီး ခညာ မျက်နှာငယ်လေးနှင့် မာမူရယ်.  ဦးကြီးကို တောကဆိုပြီး အနိုင်ကျင့်တာလားဟင်.  ဦးကြီးကို ချမ်းသာပေးပါကွယ်. ဗိုလ်မုတ်ဆိတ် ဒေါသထွက်လာဟန်နှင့်. ဒီမယ် ချမ်းသာမပေးနိုင်ဘူးလို့ ခင်ဗျားကို ဘယ်နှစ်ခါပြောရမတုန်း.  ကျုပ် စိတ်မရှည်တော့ဘူးနော်. သူ့ဘေးမှ အသက်ငယ်ငယ် ဆံပင်လိမ်ကောက်ကောက်နှင့် အသားမဲမဲ ချာတိတ်လေး၂ယောက် ကလည်း ခေါင်းထောင်၍ ကြည့်သည်. ဖြတ်သွားဖြတ်လာ အညာသားအထမ်းသမားကလည်း ထမ်းပိုးကို လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ရင်း အခြေအနေကိုစောင့်ကြည့်နေသည်. အနီးရှိ ကိုယ်တော်ငယ်တစ်ပါးမှလည်း ကွမ်းကိုဗျစ်ကနဲထွေးရင်း. သွေးတို့ဆူပွက်လာဟန်ဖြင့်.  မတ်တပ်ထရပ်တော်မူသည် ထိုစဉ် ဗိုလ်မုတ်ဆိတ်. ဆက်ပြောလိုက်သည်မှာကား ့ […]