ムラカミJanuary 10, 201310min40629
အကောင်းတကာ့ အကောင်းဆုံးသော advertising campaigns တွေဟာ လူတွေ သတိမထားမိတဲ့ အရာတွေပါတဲ့ ဒါတွေဟာ စားသုံးသူတွေအတွက် သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ အထင်မြင် ခံရပြီးနောက်ပိုင်းမှာ မြောက်များလှစွာသော မားကတ္တင်း ဘတ်ဂျက်တွေ သုံးစွဲခြင်းနဲ့အတူ ယဉ်ကျေးမှုတရပ် … ဒါမှမဟုတ် ရိုးရာတခုအနေနဲ့ ပုံစံသွင်းခြင်း ခံရပါတော့တယ်…။ ပြောဖူးပါတယ် မာကတ္တာတွေ ယုတ်မာပါတယ်ဆို….။ အဲ့သည့်ထဲကမှ ကမာ္ဘကို ကိုင်လှုပ်ခဲ့တဲ့ ယုတ်မာပုံ ယုတ်မာနည်း ၁ဝခု ကို စာရင်းပြုချင်ပါတယ်….။     ၁။ အဖေနေ့ အမေနေ့ နဲ့ အခြားသော အထိမ်းအမှတ် နေ့တွေဟာ စစ်မှန်တဲ့ အားလပ်ရက်တွေမဟုတ်ကြဘူး     Behind the scheme: Hallmark The result: Hallmark Holidays How […]


ムラカミDecember 21, 20124min17614
ပြုတ်ကျတဲ့ သေတ္တာ အမည်ရတဲ့ ကိစ္စတခု ကို မိတ်ဆက်ပေးချင်တယ် ပိတ်သတ်ကြီးရေ…။ Dropbox ပါတဲ့ခင်ဗျား ။     What is Dropbox?   အရှင်းဆုံးပြောရရင် file hosting service တခုဖြစ်ပါသတဲ့ ။ ဒီနေ့ခေတ်မှာ ကျနော်တို့ ရုံးသုံး desktop ကနေ အိမ်သုံး desktop, laptop, tablet, smartphone စတဲ့ အထွေထွေအပြားပြားသော devices တွေကို သုံးစွဲနေကြပါပြီ … သည်နေရာမှာ file တခုကို ဘယ်လို သယ်ယူပို့ဆောင်သလဲ ဆိုတဲ့ ကိစ္စက စကားပြောလာပြီဖြစ်ပါတယ်။   ဆိုပါစို့ ကျနော် ရုံးမှာ presentation တခုရေးတယ်။ မပြီးဘူး .. အိမ်မှာ […]


ムラカミDecember 20, 20123min29838
              ဘာမှ မဟုတ်ပါဝူးဗျာ … နက်ဖန် ကမာ္ဘပျက်တော့မှာ မလား .. စနေနေ့က ကျိုတို သွားပြီး ရိုက်လာတဲ့ ဂေးရှား ပုံလေးတွေ မတင်လိုက်ရ မရှိရလေအောင် … ဟီဟိ.. :harr:


ムラカミDecember 20, 20124min30315
  ပိတ်သတ်ကြီးမင်ဂါပါဗျာ…   မောင်ဂီ့ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ခဲ့တဲ့ အကြောင်းအရာ တခုကို ချရေးလိုက်ပါတယ်ဗျာ… မရေးဖြစ်တဲ့ အကြောင်း ကတော့ – ၁) ယူဇာအတော်များများ သိပြီး နားလည်ပြီး ဖြစ်မှာမို့ တကြောင်း ၂) ဘူးသီးကြော် အိုအက်စ် တင်ထားမိတော့ မီနျူးတွေက အင်္ဂလိ လိုမပေါ်တာကြောင့် ရေးရမှာ အခက်အခဲ ရှိလို့ရယ်ပါ။   ခုတော့ ရေးဖြစ်သွားပါတယ်ဗျို့ …။ ရေးဖြစ်သွားတာကတော့ … ၁) အချိန်အားလေးရတုန်း မို့ ၂) ခုတလော မန်ဘာအသစ်တွေ ပုံတင်တာ အဆင်မပြေတာတွေ အတွေ့ရများလို့ (ဆိုက်ရဲ့ ပုံတင်တဲ့ ဖီချာကလည်း အသစ်ပြောင်းသွားတာမို့) ၃) ဗူးသီးကြော်တွေနေရာမှာ အင်္ဂလိပ်စာကို အစားထိုးပြီး ရေးကြည့်ရင် အဆင်ပြေမယ် […]


ムラカミDecember 19, 20125min39317
အစ … ခုမှ အစ ရှိသေးတာ …။ ကံကောင်းမှာလား ကံဆိုးမှာလား မိညီမ ရယ်… (အလဲ့ .. ခေါ်လို့ကောင်းသဟ …) :harr:   သည်လိုဗျ … တလောက ဘစ်ဘရားသား လို့ ခေါ်တဲ့ IBM ကြီးက ထကြေငြာတယ်။ အနာဂါတ် ကွန်ပျူတာတွေဟာ အာရုံ၅ပါး ကို ခံစားသိရှိနိုင်မယ်တဲ့ …။ IBM Research ဆိုတာ တော်ရုံတန်ရုံ ဌာနတခု မဟုတ်လေတော့ တကမာ္ဘလုံး ခေါင်းထောင်ကြည့်ရတာ မဆန်းဘူးပေါ့ဗျာ .. ဆိုတော့ ။ အထိအတွေ့ ၊ အသံ၊ အနံ့၊ အရသာ၊ အကြား စတဲ့ အာရုံ ငါးပါးကို Computer တွေ ဘယ်လို […]


ムラカミDecember 18, 20127min25927
    ၂။   အိပ်စက်ခြင်းဟာ သင့်အတွက် ထိပ်တန်းဦးစားပေးတော့ ဖြစ်ချင်မှဖြစ်မှာပေမယ့် လိုအပ်ရင် ပြုပြင်ပြောင်းလဲ သင့်ပါတယ်။ အိပ်ဆစက်ဖို့ ဘာကြောင့်လိုအပ်သလဲ ဆိုတာရဲ့ နောက်ကွယ်ကကိစ္စကိုတော့ ရှာဖွေဖော်ထုတ်ဆဲဖြစ်ပြီး စမ်းသပ်မှုတွေကတော့ အိပ်ချိန် နည်းတာဟာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်။ ညဘက်မှာ လုံလောက်စွာ အိပ်စက် အနားယူခြင်းကြောင့်ရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများအပြားရှိပါတယ်။ အိပ်ချိန်မလုံလောက်တာကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာလည်း တပုံတခေါင်းပေါ့။   ၃။   ကျနော်တို့ အိပ်စက်မှုကို အမှန် တကယ်လိုအပ်ပါတယ်။ ၂၄နာရီလုံးလုံး အိပ်မထားတဲ့လူတယောက်ရဲ့ အခြေအနေဟာ သွေးထဲမှာ အရက် ဝ.၁% ရှိနေတဲ့ အခြေအနေနဲ့ အတူတူပါပဲတဲ့ .. (ဒါဟာ ဥပဒေအရ အရက်မူးနေတယ် ပြောနိုင်တဲ့ ပမာဏဖြစ်ပါတယ်)   […]


ムラカミDecember 14, 20123min15414
အင်း … ခုတလော စာကလည်း ရေးချင် … သို့သော် လူကလည်း အုံးနှောက်က လည်း running out of idea ဖြစ်နေလို့ ဘာရေးရကောင်းမှန်းမသိ မားကတ္တင်း တူးမယ် ကြံတော့လည်း အီဗဲလ် မာကတ္တာပီပီ ဝိုင်းဆဲချင်လောက်စရာတွေသာ ထွက်ကျလာ ခုတလော ရေးသမျှ ဒီဇိုင်းကလည်း တခုမှ သုံးစားမရ … ထှောက်ခ် … အသီးနာနွန်းနွန့် … ခက်စ်တယ်… ဒီဇိုင်းဆိုလို့ ပြောပါတယ်။ မုန့်ဟင်းခါးချက်ကွာ ဆိုလို့ မြောင်းမြမုန့်ဟင်းခါးလေး ချက်ထားပါတယ်။ ဟင် …ရွှေတောင်ခေါက်ဆွဲလောက်လည်း မပြစ်ဘူး…။ ဟာ .. ရခိုင်မုန့်တီလောက်လည်း မစပ်ဘူး …။ ဟယ်… ကြာဇံချက်လောက်လည်း ပေါ့ပေါ့ပါးပါး မရှိဘူး …။ ဝင်မြည်းတဲ့လူတွေ ပြောပါတယ်… […]


ムラカミDecember 7, 20128min21216
ဟိုဘက်မှာ ကောမန့် ဝင်ရေးပြီးပေမယ့် မနေနိုင်တော့လည်း ပိုစ့်သပ်သပ် တင်ပြီးတော့ကို ဖောက်သည် ချလိုက်ပါတယ်ဗျို့ …. မနေ့ညကဗျာ … ထုံးစံအတိုင်း ဖွတ်တီးကတ်ကြီးပေါ့ … ဂဇက်ရွာကို WordPress App နဲ့ ဘယ် လိုဝင်သုံးသလဲတဲ့ .. ဒင်းကတော့လား ..အရေခြုံလစ်ဘရယ် အတုရီးပါဗျာ … မီနီကို ဘယ်လိုချစ်မယ် ဘယ်ညာချစ်မယ် ပိုစ့်တင်လား တင်ရဲ့ ..တကယ်တမ်းကျတော့ အိုင်ပက်သရီးပဲ ဝယ်ပွတ်တဲ့လူဂျီးပါ… ပြောပြန်ရင်လည်း မိဂီ လွန်ရာကျမယ်.. ပီးရင် နှုတ်ခမ်းတလန် ပန်းတလန် နဲ့ ဟတ်တောင်မ မိဂီရဲ့ ဆိုပြီး… လက်ဖွား၂ဖက် တဗြန်းဗြန်းပုတ်ပီး ရန်တွေ့အုံးမယ်… ပိတ်သတ်ကြီး စဉ်းစားကြပါဗျာ ..သူ့ဗလဂျီးနဲ့ အိုင်ပက် ၁ဝလက်မ ကို လေးသတဲ့ ကြီးသတဲ့… (သဂျီးမင်းတို့သာ […]


ムラカミDecember 6, 20125min25842
  မနေ့ညက ကိုနီပေပါနဲ့ ပြောဖြစ်တာလေးပါ … သိတဲ့အတိုင်း ကျနော် အလွန်အရူးအမူး စွဲလမ်းရတဲ့ Nokia Lumia 920 လေးအကြောင်းပေါ့ လိုချင်လှသပေါ့ …ဒါပေသိ …ကျုပ်တို့ဆီကို မသွင်းလို့ပေါ့ဗျာ … ကိုနီပေပါပြောတာတော့ ..iPhone Killer Phone ဆိုပဲ … ဟုတ်လောက်ပါတယ်.. Feature တွေရော ..OS ရဲ့ Experience အသစ်ရော… စင်းတီတုံး လို အသားတင်လှီး ..ဒါမှမဟုတ် တူ လိုမျိုး သံရိုက်နိုင်လောက်အောင် မာတာရော … wireless charging နဲ့ jbl earphone ကောပေါ့ ….     (ဂလောက်ကောင်းတဲ့ဖုန်း ရနိုင်ရက်နဲ့တောင် LG ဝယ်မယ်ပြောတဲ့လူရှိသေး… အံ့ကျော်ပဲ) တကယ်တော့ […]


ムラカミNovember 22, 20122min88844
ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ ..ခုတော့ ပြောဖို့ အချိန်လေး ရတုန်း ပြောလိုက်ပြီ ဗျို့… ပြောမယ့်ပြောတော့လည်း အချက်အလက်ကျကျ ပြောချင်တယ်ဗျ… ရွာဆူအောင်လုပ်တာတော့ မဟုတ်ပါဘူးဗျာ …။ လူကြီးတွေကိုကန့်လန့်တိုက်တာလည်း မဟုတ်ရပါဘူး … ဖတ်၊ရွေး အဖွဲ့ကြီး နဲ့ ပါတ်သတ်လို့ပါ …ပြောချင်တာက သည်လိုရယ်…ပါ….   စဆွဲပြီဗျို့ …   ၃လ ရှိပြီနော … ဖတ်ရွေး အဖွဲ့ဖွဲ့ပြီး တလစာ အကောင်းဆုံး ပိုစ့်တွေ ဖတ်ကြ ရွေးကြ တာ ..အဲ့သည့်မှာ ကျနော် ကိုယ်တိုင်လည်း လူကြီးတွေ တာဝန်ပေးလို့ ဝင်ဖတ် ဝင်ရွေးခဲ့ သေးရဲ့ …နောက်ပိုင်း ကျနော် အလုပ်တာဝန်ကြောင့် ပိုစ့်အစုံ မဖတ်နိုင် မရွေးနိုင်သမို့ နှုတ်ထွက်ခဲ့ပါရဲ့ … ။ […]


ムラカミNovember 21, 20128min17110
ဗျို့ ကျောင်းဒကာ ဘဘ ဘလက် ပေါက်တူးခနငှားပါဗျာ ကျော် မရွှေအိ ကို တူးချင်လို့…   :harr:   ဖြစ်ပုံက ဂလို ပိတ်သတ်ကြီးရေ့ မနေ့က ခင်တဲ့ ဒိုဇင်ပလွတ် အဖွဲ့က သယ်ရင်းတွေနဲ့ အာရိုက်ရင်း မကြည်ပြာကို ညည်း စာလေးဘာလေးရေးအုံးအေ လို့ ..အာချောင်ပြီး တိုက်တွန်းမိလေရဲ့ … ဒင်းကို ကောမန့်ပဲလိုက်ပေးနေတာ ပိုစ့်မရေးဝူး ထင်ထားတာရယ်.. ဆိုတော့ … သူရေးတာတွေရှိကြောင်း ပြောရင်း ..အင်း … ကျုပ်တိုင်ပတ်ပီး စာဖတ်နည်းခဲ့တုန်း က ပိုစ့်တွေ ဖြစ်မယ်ထင်လို့ ဂနေ့ ဒင်းကို တူးဆွကြည့်တော့ … လားလား … ပြောင်ပြောင်မြောက်မြောက်ကို ကောင်းတဲ့ စာတွေ ထွက်ကျလာပါရောလား …. အဲ့ဒါ… […]


ムラカミNovember 20, 20121min28333
အချိန်ကား သက္ကရာဇ် ၂၀၃၂ ခုနှစ်။ ရန်ကုန်မြို့ တွင်ဖြစ်သည်။ ခုတလော ဝက်သားဒိုင် သာထိန်းမကြီး ဒေါ်မာမာမွှေး တယောက် အလွန် စိတ်ညစ်နေလေသည်။ ဟုတ်သည်မညစ်ခံနိုင်မလား … သည်မိန်းကလေးတွေနှင့် ခက်သည်။ သူမသည် သားတော်မောင် ကလေး မောင် မာပျော် အတွက် အလွန် သောကရောက်နေရသည် ။ သူမတို့ ခေတ်တုန်းကတော့ ဒါမျိုးတွေ မပူခဲ့ရပါ…. အော် .. ခေတ်ပြောင်းသွားပြီကိုး …။ သည်ခေတ်ကြီး သားမွေးထားတာကပင် ရှုံးသလိုလို …။ ဟုတ်ပါသည် .. ရှင်းပြပါမည်။ ဒေါ် မာမာမွှေး၏ စိတ်အလျှင်သည် လွန်ခဲ့သော အနှစ်-၂ဝ ဝန်းကျင်သို့ ပြန်ရောက်သွားလေသည်။ ဟုတ်သည် … ထိုခေတ်က ခေတ်ပြောင်းကာစ ကာလ.. ပွင့်လင်းမြင်သာမှုနှင့်အတူ သူတို့ […]


ムラカミNovember 16, 20125min17916
ခုတလော အန်ကယ်ဖော ပို့စ်နဲ့ ဆက်စပ်ပြီး ဆင်းရဲမွဲတေမှု နဲ့ ပါတ်သတ်ပြီး အတွေးပွားစရာများ တာကနေပြီးတော့ .. ဆင်းရဲမွဲတေမှုကို တပိုင်တနိုင်တိုက်ဖျက်နေတဲ့ အဖွဲ့လေး တစ်ခုအကြောင်း မိတ်ဆက်ချင်လို့ပါဗျာ… ရွာထဲမတော့ ပန်းသီးအုံးနှောက်ဆေးခံထိထားတဲ့ ကကြောင်ဝတုတ်ဆိုလား ..သူလုပ်နေတဲ့ ဒိုဇင်ပလွတ် အဖွဲ့တော့ ရှိတယ်ဗျ.. သူတို့အဖွဲ့က ကလေးတွေ ပညာရေးအတွက် အန်ဂျီအိုတွေ- ဘကကျောင်းတွေကို စုပြီးလှူတာ ..သည်တခုကတော့ နည်းနည်း ခြားနားသဗျ… စောင့်ရှောက်တဲ့အဖွဲ့အစည်းတွေကို ထောက်ပံ့တာသက်သက် မဟုတ်ဘဲ ကိုယ်တိုင် တပတ်မှာ ၁ရက်၊ တလမှာ ၄ရက်၊ တနှစ်မှာ ၄၈ ရက် တနင်္ဂနွေနေ့တိုင်း ချာ့ချ် တခုမှာ မနက်စာကျွေးပြီး စာခေါ်သင်ပေးတာ ဖြစ်ပါတယ်။ (ကလေးတွေကို စာသင်ပေးနေတဲ့ ဘုန်းကြီးကျောင်း တွေကိုလည်း ရံခါ သွားလှူတဲ့ အလုပ်လည်း […]