ムラカミNovember 30, 201121min77445
သူကတော့ Paul Gilbert ဆိုသူပါ။ အမေရိကန်ပြည်ထောင်စု အိလိနွိုက် ပြည်နယ် အခြေစိုက် ဂစ်တာသမားပေါ့ဗျာ။GuitarOne magazine ရဲ့ အလိုအရ ကမာ္ဘ့ နံပါတ်၄ အဆင့်ရှိတဲ့သူပေါ့...။ကမာ္ဘ့အမြန်ဆုံး ဂစ်တာသမားတွေအကြောင်းပြောကြတဲ့အခါ သူ့ကို ချန်မထားစကောင်းဘူးရယ်လို့ သတ်မှတ်ခံရတဲ့လူပါဗျ။ ကျနော်အနှစ်သက်ဆုံး ဂစ်တာသမားလည်းဖြစ်တယ်ဗျ.. ထူးခြားချက်တွေ ပြောမယ်ဗျာ ... သူဟာ GIT ကျောင်းဆင်းခည....(MIT - Massachusetts Institute of Technologyမဟုတ်ပါ GIT-guitar institute of technologyခည)အဲ့သည့်ကျောင်းမှာပဲ ဆြာပြန်လုပ်တော့ အသက် ၁၈နှစ်ဗျာ... ပါရမီကို တွက်ကြည့်နိုင်မယ်ထင်ပါတယ်... သည်အတွက် သူဟာ California မှာ နေထိုင်စဉ်ကာလများမှာ တခြား ချာတိတ်တွေလို Mc Jobs တွေလုပ်ကိုင်ခဲ့ရခြင်းမရှိပါဘူး နောက်ထပ် ထူးခြားချက်တခုကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အလယ်အလတ်တန်းစား […]


ムラカミNovember 28, 20119min63633
ခေါင်းစဉ် သည်လို တပ်လို့တော့ ကျနော့်ကို ဗွေ မယူစေချင်ဘူးခင်ဗျာ.. intellectual rights နဲ့ ပါတ်သတ်ပြီးတော့ ဟုတ်ဟုတ်ငြားငြား မသိသော်ငြား ကျနော် ရင်ဆိုင် ဖြတ်သန်းနေတဲ့ fields တွေထဲကမှ ကျနော်တို့ဆီမှာ Copyright မရှိသေးတဲ့အတွက် ကောင်းနေသေးတာလေးတွေ သူများထက် လုပ်လို့ရနေသေးတာလေးတွေ တင်ပြချင်လို့ပါခင်ဗျ.. အမှားပါရင် ဝေဖန် ထောက်ပြပါဦးနော် .... ကျနော်တို့ ညီငယ်ညီမငယ်တွေ အတွက် တစုံတခုရမယ်ဆိုရင်ဖြင့် ကျနော် အဆဲခံရမယ်ဆိုလည်း ..(မြို့မေတ္တာခံယူဦးမယ့် - အဘလေသံဖြင့်) ဦးဖွတ်ကျား .... ပီစီတွေ ကိစ္စက စပြောမယ်ဗျ ... ဦးဖွတ်ကျား ငယ်ငယ်က ပီစီဆင်တယ်.. မားသားဘုတ် ကအစ CPU အလယ် HDD အဆုံး ၁လုံးချင်းစီဝယ်ပီး တခုချင်း ဆင်ယူတာ... […]


ムラカミNovember 28, 20112min40626
မြိုးမြိုးမြတ်မြတ်ရသဖြင့်တက်ကြွရမှာလား အကျိုးဆောင်ခ တောင် သည်လောက် ရမှ တော့ ထိုနှင့် တူညီသည့် ကျရောက်လာနိုင်သည့် ကြီးစွာသော အန ္တရာယ်အတွက် စိတ်လေးလံရမှာလား ဝေခွဲမရသော ခြေလှမ်းများဖြင့်သူ ပြန်ထွက်လာခဲ့သည်။ ယခုပင် သူ့အိတ်ထဲတွင် ဒေါ်လာ သန်းချီတန်သော(သူပင် အတိအကျတန်ဖိုးမဖြတ်ဝံ့သော) စာစုတွေ ပါလာခဲ့ပြီ မဟုတ်ပါလား...သူ့ခြေလှမ်းတွေက... စည်တရာ သူတကြိတ် လစ်ကွာဆိုင်သို့ ...... နာမည်လေးက အလွန်လှသည် .... ဘီယာ စည်များကြားဝယ် သူရာရည်များ အပြည့်ဖြင့် လူအများ ပျော်ပါးသုံးဆောင်နေကြသည်ကို သရုတ်ဖော်ထားသည့် နီယွန်ဆိုင်းဘုတ်ကို အဝေးမှ ပင် မြင်နိုင်ပါသည်။ အေးလေ ... ဆိုင်ပိုင်ရှင် အမည် ကလည်း ကိုရင်စည်သူ ကိုး ...။ ဂိုင်း ဆိုင်ထဲဝင်လာတော့ ကောင်တာမှာထိုင်သည့် လူဝကြီးမှ ဖော်ရွေစွာပြုံးသည်။ […]


ムラカミNovember 27, 20115min42923
ဗီယက်နမ် လေယာဉ် မစီးပါနဲ့ ဆိုတာမျိုးရေးမိရင် တိုင်စာ ပစ်စာ ဆိုပီး တားတားကို ထိပ်တုံးခတ်မှာလား ဟင်င်င်င်???   ပြီးခဲ့တဲ့ တခေါက် အရှေ့ကျွန်းကိုပြန်လာတော့ Vietnam transit ခင်ဗျ.. tax မယူလို့ဆိုလား ဘာဆိုလား … TG ထက်သက်သာတယ်လေ… စီးဆိုတော့လည်း စီးပေါ့ဗျာ ဘယ်တတ်နိုင်ပါ့မလဲ ။   စိတ်တော့ ထင့်တာတော့ အမှန်…. ဗလချိုက်ဆိုတာ ဘယ့်နှယ့် ဟာမှန်းမှ မသိတာ.. ဘန်ဂေါက် transit ထက် တခုကလေးတော့ သာတာ ရှိတယ်ဗျ… အဲ့ဒါကတော့ ရန်ကုန်-ဘန်ဂေါက်-တိုကီယို ဆို ၁-၆ ခဗျ…(ဂိုးမဟုတ်ပါ ၁နာရီ ၆နာရီ ကိုဆိုလိုပါတယ်) ရန်ကုန်-ဟနွိုင်-တိုကီယို ကတော့ ၂-၅ဗျ… (၆နာရီထက် ၅နာရီထိုင်ရတာက နည်းနည်းလေးတော့ သက်သာတယ်ပေါ့လေ) […]


ムラカミNovember 25, 20112min3486
ပြောစရာ ၂ပိုင်းမြင်ပါသည်။ အစိုးရပိုင်းနှင့် ပြည်သူပိုင်း။ အစိုးရပိုင်းဆိုင်ရာများအား ပြောဆိုထောက်ပြမည့်သူ များစွာ ရှိပါသည်။ ဒီ Facebook ပေါ်မှာပင် လက်စွမ်းလက်စကြီးသူ တော်တော်များများတွေ့နိုင်၏။ ကျနော် ယခု ပြောလိုသည်က နောက်တစ်ပိုင်းဖြစ်သည်။ ဒုတိယတစ်ပိုင်း။ ပြည်သူတွေနှင်ဆိုင်သော အပိုင်း။   ခရစ်ယာန် ကျမ်းစာတစ်အုပ်မှာ ဖတ်ရဘူးပါသည်။ `ဘုရားသခင် နက်ဖြန်ရောက်မယ်ဆိုရင် သင့်ဘက်က အသင့်ဖြစ်ပြီလား´ တဲ့။ ကျနော်တို့ ဗုဒ္ဓဘာသာမှာလဲ ရှိသည်။ အင်မတန်လူသိများသော ကာလမသုတ်တော်။ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမည်ဆိုသောသဘော မြတ်ဗုဒ္ဓက ဟောကြားထားခဲ့၏။   ဒေါ်အောင်ဆန်းစုကြည်က သနပ်ပင်စာကြည့်တိုက် ဖွင့်ပွဲမှာတုန်းကလဲ ပြောခဲ့ပါသည်။ ကိုယ်တိုင်လုပ်ကြဖို့။ အိမ်ရှင်မကအစ ကိုယ့်အလုပ်လေးကိုယ် မှန်မှန်ကန်ကန်လုပ်နေခြင်းအားဖြင့် နိုင်ငံကောင်းအောင်လုပ်နေခြင်းဖြစ်ကြောင်း။   အဲဒီစကားတွေမှ မြစ်ဖျားခံကာ ကျနော်ပြောလိုသည်မှာ တစ်ခွန်းတည်းပါပဲ။ ဒီမိုကရေစီနှင့်လျှော်ညီသော အကျင့်တို့ကိုလည်း […]


ムラカミNovember 25, 20112min45926
တိုက်ပွဲက အရှိန်ကောင်းလာပီ ဖြစ်သည်။ သို့သော် တယောက်ကိုတယောက် ထိခိုက်အောင် အသာစီးမယူနိုင်သေး ။ထိုစဉ်. .. ဘလားဂျီးယို့စ်သို့ ရိန့်ချ်ရိုဗာ ကားတစီး ဆိုက်လာသည်။ ဘိုးတော် တပါး ဆင်းလာ၏ မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် တောင်ရှည် ကို အပီအပြင်ဝတ်ထားသည် ဘေးမှာလည်း မျက်မှန်စိမ်းတပ် ကိုယ်ရံတော် ၂ယောက်နှင့်။ ဟိတ်ဟန်ကကောင်းလွန်းသည် မင်မောင်းက အားလုံး ကြောင်ငေးမိလျက်သား ဖြစ်သွားသည်။ အားလုံးဖိုက်တင်ပွဲကို အာရုံမရတော့ ...... မာန်ပါပါနှင့် တွယ်နေကြသော ဟို၂ယောက်လည်း ကြက်ပျောက်ငှက်ပျောက် .... ဟုတ်တယ်လေ ဒါကိုကသူတို့ အကွက်ကိုး ... ဟုတ်ပါသည် ဝင်လာသူ ၃ယောက်မှာ တောင်ကျွန်းဝိဇ္ဇာ အဘဖော နှင့် သင်္ဘောသီး ၂လုံးတို့ဖြစ်သည်။ ဒါနှယ်နှယ်ရရ သူဌေး မဖြစ်နိုင်ဝူး ဆိုတာ ကိုကိုကြောင် […]


ムラカミNovember 24, 201112min131240
Branding   Branding နဲ့ ပါတ်သတ်ပြီး ဦးဖက်ရဲ့ ပိုစ့်မှာ ဝင် အာချောင်ရင်း ကျနော် ကတိ တခုပေးဖြစ်ခဲ့ပါတယ်။ ကျနော် Branding နဲ့ ပတ်သတ်ပြီး ရေးပါ့မယ် ဆိုတဲ့ ကတိပါ။ ဟုတ်ကဲ့ အခု ရေးပါပြီခင်ဗျား။ Brand ကို ကျနော်တို့ ဘယ်လို နားလည် လက်ခံသဘောပေါက်ထားပါသလဲ။ ဒါအရေးကြီးတဲ့အချက်တခုပါ။ ကုန်ပစ္စည်းမှ မဟုတ်ဘူး လူလည်းBrand တခုပါပဲ။ အန်တီဝေဝေ ပြောသလိုပါ။ ဟုတ်ပါတယ် ကျနော်တို့အားလုံး ကိုယ်ပိုင် Brandတွေ ရှိပါတယ်   Branding မစခင် ဦးနှောက် ရဲ့ အလုပ်လုပ်ပုံကို အရင် ဆွေးနွေးပါ့မယ်ခင်ဗျား element တခုတိုင်းအတွက် ဦးနှောက်မှာ file တခုစီ နဲ့ သိမ်းဆည်းထားပါတယ်။ […]


ムラカミNovember 23, 20114min58028
သည်နေ့ အားလပ်ရက်ဖြစ်သည်   ရုံးမသွားရတော့ အားယားနေပီး တနေကုန် စာထိုင်ဖတ်ဖြစ်ပါသည် စာတော့ မရေးဖြစ်ပါ။ Autumn leaves များ ထွက်ရိုက် ဖို့လည်း စိတ်မပါဖြစ်နေပါသည်။ သည်တော့ ဒါ့ပုံ တင်မည် ဟု တွေးပီး ပုံအဟောင်းတွေ လျောက်ကြည့်မိပါသည်။ မှတ်မှတ်ရရ မနှစ်က အလွန် မော်ဒယ် ရိုက်ချင်ပြီး ရိုက်စရာ မော်ဒယ် မရှိသောကြောင့် ပန်းခြံတကာ လှည့်ပတ်ပီး ဘဲတွေ ငန်းတွေ လျောက်ရိုက်ခဲ့တာ မှတ်မိပါသေးသည် သည်တော့ ဒါလေးတွေ အမှတ်တရ တင်မည် ဟု စိတ်ကူးပီး တင်လိုက်ပါသည် အားပေးကြပါဦးခင်ဗျ။ နေရာ အစုံမှ အကောင်ပလောင် အစုံ လျောက်ရိုက်ထားတာဖြစ်ပါသည်။ ပုံခေါင်းစဉ်များ ကတော့ တချို့လည်း နဂို ကတည်းက တချို့လည်း ခုမှ စဉ်းစားပြီး ရေးထားတာဖြစ်ပါသည်။   ၁. စိတ်ကောက်နေကြတာ.. […]


ムラカミNovember 22, 20115min41811
ဟိုဘက်အရင် ပိုစ့်ထဲမှာ ဝင်မန့်ရင်း စာပြန်ဖတ်ဖြစ်လို့ ရေးလိုက်တယ်ခည စာနည်းနည်းလေးသွားရင် ခွင့်လွှတ်ပါဗျ... ဒါ ကင်မလာ တလုံးရဲ့ အလင်းသိမှု light sensitiveness နဲ့ ပါတ်သတ်တဲ့ post ပါခင်ဗျ အိမ်သုံးကင်မလာတွေမှာလည်း အကျုံးဝင်တယ်ခင်ဗျ.. သူတို့မှာလည်း metering mode တွေ ပြောင်းရိုက်လို့ရတယ်ဗျ ကျနော်တို့ ရိုက်ကြမယ်ဟဲ့နှက်ကြမယ်ဟဲ့ လုပ်ပြီး တခုခုကို ချိန်လိုက်တယ်ဆိုပါတော့ နေ့နေ့ညည ဗျာ ...လူမျက်စိနဲ့ မြင်ရတဲ့ အလင်းအမှောင် နဲ့ ကင်မလာ မော်နီတာ မှာ ပြပေးတဲ့ အလင်းအမှောင် မတူဘူး ဖြစ်နေတာမျိုး ကြုံဖူးမယ်ထင်ပါသည်။ ညနေစောင်းတွေနဲ့ night portrait တွေမှာ ပို သိသာတတ်တယ်ဗျ.... ကိုယ့်မျက်စိနဲ့ ကြည့်တော့ subject(model)က မြင်ရယုံလောက် လင်းပါသေးတယ်.. ကင်မလာမှာ […]


ムラカミNovember 21, 20111min80725
ဒီညနေ လက်ဘက်ရည်ဆိုင်က ပြန်ထွက်လာတဲ့အခါ လူက ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ကို မထင်တော့။ ဘောလုံးပွဲကြည့်ပြီး ပြန်လာတာပါ။ သူငယ်ချင်းတွေနဲ့ စုကြည့်ချင်လို့ လက်ဘက်ရည်ဆိုင် သွားကြည့်ကြတယ်။ သူငယ်ချင်း အိမ်နားကနေဆိုတော့ ကိုယ့်အိမ်ကို တက္ကစီငှားပြန်လာရပါတယ်။ တက္ကစီကို လုံးဝ ဈေးမဆစ်မိ။ သူပြောတဲ့ဈေးအတိုင်း တက်စီးလိုက်တယ်။ ခုနေအချိန်များ ကျနော့်အလုပ်ရှင်က အလုပ်ဖြုတ်လိုက်ပြီဆိုတောင် ခဏတော့ ရယ်နေမိမလား မပြောတတ်ပါ။   ဘာလို့လဲ? မြန်မာနိုင်ပြီလေ? တတိယနေရာလုပွဲမှာ ဗီယက်နမ်ကို လေးဂိုး တဂိုးနဲ့ အပြတ်တီးလိုက်တာ။ ကျနော်က ဘောပညာရှင်မဟုတ်ပါဘူး။ ဒီတော့ ကစားကွက်တွေက ဘာညာ၊ ဘယ်သူတွေက ဘယ်လို မပြောသာဘူးပေါ့ဗျာ။ ဒါပေမဲ့ သေချာတာက ကျနော် ပျော်တယ်။ ပျော်တာမှ အရမ်းကို ပျော်တာဗျ၊ သိလား။ ကျနော်တင် မကဘူး […]


ムラカミNovember 21, 20113min46614
------------------------------------------------------------------------- ဒါ့ကြောင့် လူစုရခြင်းဖြစ်သည် .. ကုန်ချင်ကုန် ခမ်းချင်ခမ်း သဂျီးရေသုံးကြမ်းနေသည် ။ သူကတော့ ကိုကြောင်လိုမရက်စက် အပြုတ်ဆော်ဖို့ မဟုတ်ပဲ မှတ်လောက်သားလောက်အောင်သာ လုပ်မည်ဖြစ်သည်။ နောက်ပိုင်းတွင် တဦးချင်းစီ၏ အသေးစိတ် လုပ်ငန်းများ ကို ဖော်ပြမည် ဖြစ်သည်။ သည်နေရာတွင် ကပေ့ အကြောင်း နည်းနည်းဖော်ပြစရာ ရှိသည် သူသာမဟုတ် ကပေါက်ဖော်ပါ အတူတူပင် ဟုတ်သည် ကောင်မလေးတွေကို သူတို့က ပင် ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတတ်သည်။ မှော်ဆြာ အစ်အောက်ပီး မေးကြည့်တော့ ဩ ခင်ဗျားကတော့ ပြောအား ရှိမှာပေါ့ တဲ့.... ခင်ဗျား Moe Zလေးက ဘာမှ မလုပ်ရတာတဲ့ ....သူရို့ သဂျီး - ဆေးထည့်တဲ့လက်ကြီးနဲ့ ကျုပ်တို့ကို လာကြင်နာနေရင် […]


ムラカミNovember 17, 20113min42614
နေရာကား ရန်ကုန်မြို့လည်ခေါင်။ မိုးမျှော်တိုက်တွေက တမျှော်တခေါ် တခုသော မိုးမျှော်တိုက်အောက်သို့ ဂိုင်း ရောက်ချလာသည်။ သူ့ထုံးစံအတိုင်း ဘေးလွယ်အိတ် ၁အိတ်နှင့်။ ယခင်က ထိုနေရာသည် ပန်းဆိုးတန်း စာအုပ်အဟောင်းတန်း သာဖြစ်သည်။ ယခုမူ အဟောင်းတွေ တန်ကြေးကြီးလာသောခေတ်တွင် ထိုသို့ထိုနှယ် ပြောင်းလဲသွားတော့လေသတည်း။ Mandalar Gandawin Enterprise (MG) ကိုပဲကြည့်။ မူလက မလန ရုံးဘေးတွင် အဖီထိုးကာ စာအုပ်ဟောင်းရောင်းရသော ဆိုင်ကလေးဖြစ်သည်။ ရုံးကို အမှီသဟဲပြုကာ ကွမ်းယာ ဆေးလိပ် နှင့် စာအုပ်ချုပ်လုပ်ငန်းကို တွဲလုပ်ရသော ကိုခိုင်မာ တယောက်တည်း စခဲ့ရသော လုပ်ငန်းဖြစ်သည်။ကိုခိုင်မာ ဆိုသည်မှာ မဟာဂန္တဝင် စာရေးဆြာ မောင်ခိုင်မာကို လေးစား အားကျသဖြင့် သူ့ နာမည်ကို ယူထားသော ဆိုင်ပိုင်ရှင် ဦးလေးကြီး ဖြစ်သည်။ […]


ムラカミNovember 16, 201121min40460
Apple product တခုခုသုံးနေတဲ့ လူတိုင်း အားပါးတရ ဆဲသွားနိုင်ပါကြောင်း .. ဦးစွာ ပဏာမ ပြောပါရစေ။ ကျနော် the dark side of Apple Inc. ကိုတူးဆွချင်လို့ပါ။ သည်နေရာမှာ 1) Technical Point of View 2) Marketing Point of View 3) User Point of View ၃ခုနဲ့ ပြောချင်တယ်ဗျ... ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ex-CEO: Steve Jobs ကို ဝေဖန်တာပါမယ်ဗျာ .. သူနဲ့ Apple ရဲ့ policy ကို ရှုံ့ချတာပါမယ် ... social status ကိုပြချင်လို့ ကိုယ်နဲ့ ကိုက်မကိုက် […]