Aung AungMay 22, 20121min855
သံတွဲမြို့နယ်ကျောက်ကလပ်ကျေးရွာအုပ်စု့တွင်ရေတပ်မှလယ်ယာမြေများသိမ်းယူထားခြင်းခံနေကြရပါသည်။သိမ်းယူထားသောအကွက်များမှာကျောက်ကလပ်ကျေးရွာ အုပ်စု့ရှိကွင်းအမှတ်၂၂၇(ခ) ဟင်းအိုးစောက်ကွင်း၊ကွင်းအမှတ်၂၂၇(က)ပုန်းညှက်ကွင်း၊ကွင်းအမှတ်၂၂၇(က)ကွင်းဝိုင်းကွင်း၊ကွင်းအမှတ်၂၂၇(က)ပြာတောကွင်း။ကွင်း အမှတ်၂၂၈(က)မောင်ရွှေလေးကွင်း ၊ကွင်းအမှတ်၂၂၇(ခ)သစ်ကောက်ကွင်းတိုရှိလာ်မြေဧကပေါင်း၁၁၈.၀၉ ဧကနှင့်ဥယာဉ်ခြံမြေဧက ၆၉၂ တို့အား လွန်ခဲ့သော (၁၂)နှစ်ခန့်ကပင်တပ်မြေအဖြစ်သိမ်းယူထားခဲ့ပြီး ပိုင်ရှင်တောင်သူများအားတစ်ဧက(၁၂)တင်းနှုန်းဖြင့် တပ်အားဆက်ကြေးပေးရပြီး ကိုယ်ပိုင်လယ်ဖြင့်သူများကျွန်ဖြစ် ခဲ့ကြပါသည်။ထိုအကြောင်းအရာကိုလည်းနိုင်ငံတော်သမတအားတင်ပြပြီးဖြစ်ပါသည်။၁၉-၅-၂၀၁၂ နေ့တွင် ရေတပ်မှယာယီတပ်မှုးဇော်ဦးသည်တောင်သူများအား ခေါ်ယူပြီးလယ်လုပ်ခွင့်တနှစ်အခမဲ့လုပ်ကုုုုုုိုင်ခွင့်ပေးမည်၊ထိုသို့ပေးရာတွင်လည်း မိမိပိုင်လယ်မြေ၏၁/၃ ပုံကိုသာပေးမည်ပြောပြီးတောင်သူများအားလက်ဗွေနှိပ်၊လက်မှတ် ထိုးပြီဓါတ်ပုံရိုက်ယူထားပါသည်။သို့သောကြောင့်တောင်သူများထိခိုင်နှစ်နာနေကြရပါသဖြင့် သက်ဆိုင်ရာသမတကြီးနှင့်တာဝန်ရှိသူတို့မှဝိုင်ဝန်းကူညီပေးကြပါရန် ကုသိုလ်အကျိုးမျှော်တိုက် တွန်းနိုးဆော်လိုက်ရပါသည်ခင်ဗျား . . .ကြားကြားသမျှ . . ကူညီကြပါစေကုန်သော် . .


Aung AungMay 18, 20121min893
သံတွဲမြိဲ့နယ်တစ်ရာသူကြီးခင်မောင်သောင်ဟာ ကျွန်တော်တို့ဂျိတောကျေးရွာရဲစခန်း မဇင်ရဲစခန်း၊မရိုးဘေးရဲစခန်း၊ရွှေလှေစခန်း ကျောက်ကြီး၊ကုလားပြင်စခန်းတွေ ကအမှုတက်လာရင်အမှုတစ်ခုကို ၃၀၀၀ဝိ/ဆက်ကြေးကောက်တာပေးရပြီးမှအမှု ကိုဆောင်ရွက်စေထို့ ကျွန်တော်တို့ရွာစခန်းကလူတွေမှာအမှုမဖြစ်ခင်ငွေကုန်ပြီးအမှု ကနိုင်မှန်မသိရံးမှန်းမသိငွေပေးနေရပါတယ်။ညနေတိုင်အရက်မမူရစ်သောက်စားဖို့အရက် ပလင်းလက်ဆောင်ပေးရတာတမျိုးအပြင်ကမ်းခြေကိုဆင်လာရင်တစ်ဝိုင်းတိုက်ဆိုတမျိုး အပြင်၊ညသရဲကြောက်လို့အဖေါ်ရှာပေးရတာတမျိုးနဲထင်တိုင်းကျဲနေလို့ ဝိုင်းကူပေးကြ ပါအုံးဗျို့