ဇီဇီSeptember 3, 20132min69342
အမှန်တော့ တခြားဆွေးနွေးချက်တွေကိုပါ ပြောဆိုထားတာကို တင်ချင်တာ။ အစားသမား ၂ ယောက်မို့ ဝက်တောထဲက မထွက်ဘူးဖြစ်သွားပြီ။ ဟိဟိ။ သည်းခံပြီး ဖတ်သွားပါတော့။ ~~~~~~~~~~~~~~~~   ကေဇီ – ကျောက်ကို မေးစရာအများကြီးပဲ။ စုံအောင်သိသူမို့ပါ။။ အဲ! မေးမယ်ဆိုမှ အစရှာမရတော့ဘူးး ဟိ။ ဘာကစပြောမတုန်း?? ကျောက် – ညှင်း… ညှင်း မေးချင်တာသာမေး၊ ဖြေချင်သလိုဖြေမယ်… ဟီ ဟိ! ကေဇီ –  အစားအသောက်သမားမို့ အစားက စတာပေါ့။ ဘယ်အချိန်တွေ ပိုစားဖြစ်တုန်းဗျ။ ကျောက် – အဟဲ… ဘိုတွေလို ပြောရရင်တော့ နံနက်စာ အရေးအကြီးဆုံးမို့ ဘရိတ်ဖတ်တော့ တဝတီးတယ်၊ နေ့လည်စာကတော့ ပုံမှန်၊ ညစာတော့ အရည်များများ ချဉ်ရည်ဟင်းနဲ့ ထမင်းနဲနဲပေါ့။ အင်းဂလိတ်လိုပြောရရင် […]


ဇီဇီSeptember 2, 20138min101673
အမှန်တော့ ဝါး ကို ကတိပေးပြီးမှ တုန့်ဆိုင်းနေတဲ့ ပို့(စ) ပါ။ ခုတော့ ရေးဖို့ ဆုံးဖြတ်ထားတဲ့ အတွက် အစမှ အဆုံး ရေးချင်တာတွေ တန်းစီရေးလိုက်ပါပြီ။ ခု ပထမဆုံး ရေးမှာက အိတ် ဘရန်းတွေနဲ့ ဘယ်လို အိတ်မျိုးကို ဘယ်နေရာမှာ သုံးသင့်တယ် ဆိုတာ အကြမ်းဖျင်းရေးသွားမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘရန်းခရေဇီ ထဲမှာ ကျနော် မပါပါဘူးးး တံဆိပ်တစ်ခု အတွက် မတန်မရာ ပေးရတယ်လို့ မြင်လို့ တတ်နိုင်သလောက် ဘရန်းနောက်မလိုက်ပါ။ ဒါမဲ့ လူတောတိုးရတဲ့ အချိန်မှာဆိုရင်တော့ ဘယ်သူဘာပြောပြောသိအောင်နားလည်အောင် ဟိုစပ်စပ် ဒီစပ်စပ် အကုန်လေ့လာထားလေ့ရှိတာမို့ (အဲ) ဘာမှ မထူးချွန်ပဲဖြစ်နေတဲ့ ဘဝ ပါ။ ဟီးးးး  😀   ဒီ အောက်က […]


ဇီဇီAugust 27, 20131min59548
အလွဲ ဆိုလို့ ကိုယ့်ဘဝ လွဲတာတွေ များလွန်းလို့ ဘယ်က စ လွဲရမှန်း (အဲလေ) ဘယ်က စရေးရမှန်းကို မသိဘူးဗျ။   မမွေးခင် အမေက အိပ်မက် မက်သတဲ့။ ဘာတဲ့ ဆင် အထီးတဲ့ဗျာ။ အဲလာ ထုံးစံ အတိုင်း ထင်ရာမြင်ရာ ဗုဒ္ဓဟူးသားကြီးထွက်လာမယ်မှတ်တာ။ အင်္ဂါသမီး တဲ့။ မှတ်မိလောက်တဲ့ အရွယ် ကျောင်း စ နေတော့ သူငယ်တန်းးး စစ်ကိုင်းမှာ ကျောင်းစထားတော့…….. ကျောင်းမှာ ကောင်မလေး တစ်ယောက် က တစ် တန်းက။ ကိုယ့်ကို တွေ့တာနဲ့ လိုက်ဖက်နမ်းတာ။ မှတ်မိသလောက် အတော်စိတ်ညစ်တာ။ အခန်းအပြင်လည်း မထွက်ရဲဘူးးး။ ရန်လည်း မဖြစ်ရဲဘူးထင်တယ်။ မုန့်တန်းတွေ့ရင်လည်း ပါးလိုက်ဖဲ့တာတို့ဘာတို့ လုပ်တာ။ စိတ်ညစ်လွန်းမက ညစ်တော့ […]


ဇီဇီAugust 19, 201314min1151120
ကဲကွယ်။ ကဗျာပြခန်းအမှတ် (၇) တော့ စပါပြီ။ လာလာကြည့်ရတာ ပျင်းနေကြပြီလားးးးး မပျင်းကြနဲ့နော်။ အစီအစဉ်လေးတစ်ခုလုပ်ထားတယ်။  😀   ခု ဒီမှာရေးထားတဲ့ ကဗျာရှင်နဲ့ စကားစမြည်လေးတွေ ကို ဖတ်သွားပါ။ ပြီးမှ ပြခန်းကို ဝင်ပါ။ ပြီးရင် ကဗျာရှင် နဲ့ ကဗျာနဲ့ကို တွဲပေးပါ။ (ကဗျာပြခန်း စီစဉ်သူတွေ အပါဘူးနော်။ ဝင်မဖြေရဘူးး။) ၁၅ ပုဒ်လုံး မှန်ရင် ဆုငွေ ၁ သောင်းး (နောက်ပြခန်း ကြေညာရင် ကိုယ့်ကော်မန့်နဲ့ကိုယ် ပြန်တိုက်ကြတာပေါ့နော်) ၁၅ ပုဒ်လုံး မှန်တဲ့သူ မရှိဘူးဆိုရင်တော့ ၁ဝ ပုဒ် အထက် အများဆုံးမှန်တဲ့သူ  ၂ ယောက် ကို ဆုငွေ ၅၀၀ဝ စီ ၁ဝ ပုဒ် […]


ဇီဇီAugust 18, 20131min106036
ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ရွာထဲက ကျနော့ အချစ်ဆုံး ကလေးမ ၂ ယောက်ရဲ့ မွေးနေ့။ ကြည် ၂ ကြည် ပါ။ ရွှေကြည်နဲ့ ကြည်ပြာ။ ပျော်ရွှင်စရာ မွေးနေ့ ကျင်းပနိုင်ပြီး ဘဝမှာ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ။ နောက် တောင်းရမဲ့ ဆု တစ်ခုကလည်း တူတူပဲ။ လူတော်လူကောင်း EQ/IQ မြင့်သော သစ္စာရှိသော၊ ပြောစကားနားထောင်သော ဖူးစာရှင်နဲ့တွေ့ပါစေ။


ဇီဇီAugust 14, 20133min41312
မနေ့ညက ပြန်ရောက်မှာ ကမန်းကတန်း ကြွားချင်ဇောအားကြီးပြီး ရိုက်ထားတာ။ မပြင်တော့ဘူးးး ခပ် မှုန်မှုန်ပဲ တင်လိုက်ပြီ။ တနင်္လာနေ့က လူကြုံနဲ့ ရောက်လို့။ မဖတ်ရသေးသူ မရသေးသူတွေကို မာတိကာပဲပြတော့မယ်။ ကိုကြီးမိုက် ပို့(စ) လေးကို ခု စာအုပ်မှပဲဖတ်ဖြစ်တာ။ ရွာထဲလိုက်ဖတ်တုန်း ဘာလို့ကျော်သွားမိလည်းမသိ။ ဖတ်ရင်း မျက်ရည်လည်ပါတယ်။ စာအုပ် အညွှန်းကတော့ ဒီကိုပဲသွားကြည့်။ အထူးခြားဆုံး စာအုပ်တစ်အုပ်ကို ညွှန်းဆိုဝေဖန်ခြင်း အလက်ဆင်းရေးတာ ပိုကောင်းတယ်။ စီစဉ်ပေးသူ ပါဝင်ပေးသူ လက်မှတ်ထိုးပေးသူ ဒီ စာအုပ်ကို ဒီကို အရောက်ပို့သူ အားလုံးကို ကျေးဇူးတင်ပါသည်။   😀            


ဇီဇီAugust 9, 20132min81658
      ဒီနေ့တော့ First Aid Kit လို့ ခေါ်တဲ့ အရေးပေါ် ဆေးသေတ္တာလေး အကြောင်းပြောချင်ပါတယ်။   အိမ်တိုင်းမှာ အသုံးတည့်မဲ့ ပစ္စည်းလေးမို့ ခု စာအုပ်ထဲကဖတ်မိတုန်း ပြောချင်လာလို့ပါ။ ကလေးတွေ ရှိတဲ့ အိမ်ဆို မရှိမဖြစ်ထားသင့်တဲ့ အရာလေးပေါ့။ ကလေးဆိုတာ ဆော့ပြီဆို အင်မတန် ခိုက်မိ/ဖျားနာလွယ်တဲ့ အမျိုးကိုးးးး အိမ်သုံး အတွက်သာမက ခရီးဆောင် အတွက်ပါ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆောင်ထားနိုင်ရင် ကောင်းတယ် ထင်ပါ၏။   သိပြီးသူ အများကြီးရှိမှာပါ။ ဒါပေမဲ့လည်း သူများကို အင်မတန် ဆရာလုပ်ချင်သော အကျင့်ဆိုးကို ထိန်းမရလို့ ပြောတယ်ပဲမှတ်ပါလေ။   😀               […]


ဇီဇီAugust 7, 20131min64935
ဒီမှာ ဒီမှာ!!! တစ်ခုလောက် ပြောပြမို့။ ပြောစရာလည်း ဒီရွာထဲပဲရှိတာဆိုတော့လေ………. . . ဒီလိုပါ။ ကဗျာပြခန်း ကိစ္စပေါ့။ စတင်သူ အလက်ဆင်းးးး၊ ကြိုးစားပေးသူ လုံမလေးနဲ့၊ ဦးဆောင်သူ သဂျားးး တို့ကြားမှာ ကျနော် က အချောင်ခိုနေတာ။ ပြီးမှ ကိုယ့် ပြခန်း အလှည့်အတွက်ပဲ သီးသန့် လူ စာရင်းကို ကဗျာ လိုက်တောင်းတာမျိုးပဲ လုပ်လာတာပါ။ လူ ၁၅ ယောက်လောက်တော့ နည်းမျိုးစုံသုံးပြီး ကဗျာတောင်းလို့ရတာပေါ့လေ။ . . ခုဟာက ဘာလို့မှန်းမသိ ကဗျာ ပြခန်းကို ကဗျာ ပို့တာ နည်းနည်းလာတယ်တဲ့။ စဉ်းစားကြည့်တော့လည်း ……… ကဗျာ ပြခန်းကို ပို့မဲ့ အစား ကိုယ့်ဟာကိုယ် ပို့(စ) အနေနဲ့ တင်ချင်စိတ်ရှိနေမှာတို့ […]


ဇီဇီAugust 5, 20137min70433
  ဟီးဟီးးးး ရှက်ရှက်နဲ့ ဝန်ခံရရင် ရိုက်လာတာ အများကြီးးးးး အလင်းအမှောင်ရယ် ဆက်တင်ချိန်တာရယ် ခုထိ အသုံးမကျသေးလို့ အတော်ဆိုးရွားတဲ့ ပုံတွေ ဖယ်ခဲ့ရပါတယ်။ ဒါတွေက မတို့မထိ ပန်းတွေရဲ့ မူလပကတိ အလှပါ။ တခြား ပန်းတွေလည်း ပါပါတယ်။    


ဇီဇီAugust 5, 20136min79730
ဒီ တစ်ပတ်တော့ သစ်ခွ ဥယျာဉ် ရောက်တာနဲ့ ရိုက်ထားတာလေးတွေ လာပြတာ။ သူများတော့မသိ။ ကိုယ် ကတော့ ပန်းလေးတွေ အပင်မှာ လန်းလန်းဆန်းဆန်းမြင်နေရတဲ့ အချိန်ကို အင်မတန်စိတ်ချမ်းသာပါတယ်။။ မန်းလေးမှာနေတုန်းကဆို ဘွဲ့ယူတို့ ရီဟာဆယ်တို့ဆို သဇင်ပန်းရာသီမဟုတ်ရင် သစ်ခွပန်းပဲ ပန်ကြတာ။ တန်ဖိုးတထားပဲ။ ကျောင်းဆရာမတွေဆို ဒီနေ့ပန်ပြီး ရေစိမ် အထားခံပြီး နောက်ရက် ဆက်ပန်သေးဗျာ။ သူ့မှာ ပန်းရယ်လို့ တခြားပန်းတွေလို အနံ့မရှိဘူး ဆိုပေမဲ့ သစ်ခွ အများကြီးရှိတဲ့နေရာက အနံ့သင်းသင်းလေးကတော့ အတော်စိတ်ကြည်ပါရဲ့။ စလုံးမှာတော့ သစ်ခွပန်းက ဈေးကြီးပန်းထဲမပါ ပါဘူးးးး  


ဇီဇီJuly 29, 201310min64925
      ပြီးတော့ လာကြည့်တဲ့ သူတွေကိုလည်း ပို့(စ) ကာတ် လေးတစ်ခုစီပေးပြီး ဗုဒ်ခိုင်းတာပါ။ ဘယ် လက်ရာ/အတွေးကို ကြိုက်တယ်။ ဘာကြောင့်ကြိုက်တယ်။ စိတ်အားတက်စေမဲ့ ကောမန့်လေး စသည်ဖြင့် ရေးခိုင်းတာပါ။ ကော်မန့်ပေးရတဲ့ လူတွေ ကလည်း အနုပညာ ဆန်ဆန်များပေးချင်ရင် ပေးလို့ရအောင် ရောင်စုံခဲတံ၊ စတစ်ကာ စသည်ဖြင့် ထိုင်ခုံလေးတွေမှာ တင်ပေးထားပါတယ်။ တော်တော်စည်ကားနေတယ်ပဲ ပြောရမှာပေါ့လေ။ ကလေးတွေရဲ့ ပကတိ အတွေး ပကတိ လက်ရာ အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဘယ်လို အသုံးဝင် အောင် သုံးရမလည်းဆိုတဲ့ အတွေ့ အကြုံ စတာတွေ တိုးတက်လာနိုင်တဲ့ ပွဲမျိုးမို့ သူများတော့မသိ။ ကျနော်တော့ ကိုယ်တိုင် လည်း ထစ်ကနဲရှိ လွှတ်ပစ်မယ်ဆိုတဲ့ အကျင့်ကြီးဖျောက်ပြီး တတ်နိုင်ရာလေး […]


ဇီဇီJuly 29, 20138min66326
  ပြီးခဲ့တဲ့ တစ်ပတ်က ဆိုက်ထဲသွားရင်း တွေ့လာတဲ့ ပွဲလေးတစ်ခုပေါ့။ ကျနော့ ဆိုက်က များသောအားဖြင့် ရှော့ပင်းစင်တာတွေမှာ ရှိတာ။ အပြန်ကျရင် သွားချင်ရာသွားးး ဝယ်ချင်ရာဝယ်ရုံပဲ။ ထားပါတော့။ အဲဒါ သွားရင်းလာရင်း အဲ့ဒီ နေရာ စုစုလေးကို မြင်လိုက်တာ အလုပ်ထဲကို အာရုံက မရတော့ဘူးးး။ ပြီးပြီ ဆိုတာနဲ့ တန်းပြေးတာ။ ပြေးသာ ပြေးရ ဖုန်းတစ်ခုပဲ ပါတာ။ အဲတော့ ဖုန်းကင်မလာလေးနဲ့ပဲ ကြိုးစားရိုက်ခဲ့တာပါ။ ကြည့်လိုက်ပါဦးနော်။   ဟို အရင် အာတီဒုံ ပို့(စ) မှာပြောဖူးတယ်ထင်ပါတယ်။ ဒီက ကျောင်းတွေမှာ ပရောဂျက်လေးတွေရှိရင် နေရာ အနှံ့က အိမ်တွေကို အိတ် (ဒါမှမဟုတ်) ပုံးလေးတွေ ကို ကျောင်းသားလေးတွေက လာထားလေ့ရှိပါတယ်။ အိမ်မှာ လည်း […]


ဇီဇီJuly 27, 20134min63454
ဂဂ က ဟိုနေ့က တောင်သမန် ပါတဲ့ ခေါင်းစဉ်နဲ့ အစားအသောက်အကြောင်းတွေ ပြောထားတာဖတ်ပြီး လွမ်းသွားတာ။ တောင်သမန် အစားအသောက်ကို။ ငိငိငိ။ 😀 အဲလာ ဒီဇင်ဘာ ၂၀၁၂ တုန်းက ပြန်တုန်းက ပုံတွေ ပြန်မွှေပြီး တင်လိုက်တယ်။ တောင်သမန် အလွမ်းပြေပါ။ ဒီအချိန်ဆို ရေတွေ တက်ရောပေါ့။ ရောက်တိုင်းလည်း တံတားပေါ်လျှောက်ဖို့ ဝေးစွ။ အစားအသောက်တန်းက မခွါတာမို့၊ တံတားပုံ ကောင်းကောင်းကန်းကန်းတစ်ပုံမှ မရှိ။