Wow အတွက် ဘရန်းဒက် – Branded Bags and Design

ဇီဇီSeptember 2, 20138min70573

အမှန်တော့ ဝါး ကို ကတိပေးပြီးမှ တုန့်ဆိုင်းနေတဲ့ ပို့(စ) ပါ။

ခုတော့ ရေးဖို့ ဆုံးဖြတ်ထားတဲ့ အတွက် အစမှ အဆုံး ရေးချင်တာတွေ တန်းစီရေးလိုက်ပါပြီ။

ခု ပထမဆုံး ရေးမှာက အိတ် ဘရန်းတွေနဲ့ ဘယ်လို အိတ်မျိုးကို ဘယ်နေရာမှာ သုံးသင့်တယ် ဆိုတာ အကြမ်းဖျင်းရေးသွားမှာဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဘရန်းခရေဇီ ထဲမှာ ကျနော် မပါပါဘူးးး တံဆိပ်တစ်ခု အတွက် မတန်မရာ ပေးရတယ်လို့ မြင်လို့ တတ်နိုင်သလောက် ဘရန်းနောက်မလိုက်ပါ။

ဒါမဲ့ လူတောတိုးရတဲ့ အချိန်မှာဆိုရင်တော့ ဘယ်သူဘာပြောပြောသိအောင်နားလည်အောင် ဟိုစပ်စပ် ဒီစပ်စပ် အကုန်လေ့လာထားလေ့ရှိတာမို့ (အဲ) ဘာမှ မထူးချွန်ပဲဖြစ်နေတဲ့ ဘဝ ပါ။ ဟီးးးး  😀

 

ဒီ အောက်က ဇယားက ခု လူသိများ/လူကြိုက်များ အိတ် ဘရန်းတစ်ချို့ဖြစ်ပါတယ်။

အစက မြင့်/လယ်/နိမ့် စသည်ဖြင့် ခွဲပေးမလို့ဟာ ရိုက်ပေါက် ဖြစ်မှာစိုးလို့ မခွဲပေးတော့ပါဘူးး

ကိုယ်ဝယ်တဲ့ ပစ္စည်းတစ်ခုဟာ ကိုယ့် စိတ်ကြိုက် ကိုယ်တန်တယ်ထင်ရင် ကိုယ့်စိတ်ကျေနပ်ရင် ပြီးတာပါပဲနော့။

ကျနော် ကြားမိသလောက် ကျနော်တို့ နိုင်ငံမှာ တရားဝင် ကိုယ်စားလှယ်ရှိတာ (BONIA & COACH) အိတ်တွေ ပါပဲ။

တခြားသိတာရှိရင်လည်းပြောပြပေးပါ။ ဒီလောက်ဆို မြန်မာပြည်မှာ ဝယ်မယ်ဆိုရင် ဘယ် ဘရန်းပဲ အစစ်ရနိုင်တယ်ဆိုတာ မှန်းမိလောက်ပါပြီ။

ကျနော်ကတော့ သူငယ်ချင်းတစ်ယောက်နဲ့ ပြဿနာတက်ဖူးလို့ ဂလောက်ပဲ ပြောပါရစေ။

ဒီ အိတ်ထုတ်လုပ်တဲ့နိုင်ငံတွေမှာဆို အဲဒီ အိတ် တံဆိတ်နဲ့ အတုကိုင်ရင် နည်းနည်း ပြဿနာ ရှိတယ်လို့ ပြောပါတယ်။ သူတို့က ထုတ်လုပ်တဲ့ တစ်အိတ်စီတိုင်းမှာ ရီဂျစ်စတာ နံပတ်ပါပါတယ်။ အဲဒါနဲ့ တိုက်ကြည့်ကြတာပါ။

ကြုံဖူးတဲ့သူတွေ ပြောတာပါ။

ဒီ တံဆိပ်တွေမှာ ကျား/မ သုံး အိတ်သာမက ဖိနပ်တို့ မျက်မှန်တို့ နာရီတို့ ရေမွှေးတို့ပါရှိတတ်ပါတယ်။

သူ့ ဘရန်း လိုဂိုလေးတွေအများကြီးပါတဲ့ အိတ်မျိုးကို Signature Bag လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အဲဒါက သားရေအစစ်မဟုတ်တာများပါတယ်။ အဲလိုအိတ်မျိုး ကိုင်ရင်တော့ ဘယ်ဘရန်းဆိုတာ အလွယ်တကူသိနိုင်လေ့ရှိပြီးး လယ်သာ အိတ် ဒီဇိုင်းကိုင်ရင်တော့ အိတ်ဘရန်းကို နည်းနည်း လိုက်ကြည့်ရလေ့ရှိပါတယ်။

သားရေအစစ် (Genuine Leather) နဲ့လုပ်ထားတဲ့ အိတ်တွေကတော့ အိတ်ကြီးရင်ကြီးသလို သားရေ အသုံးများရင် များသလို ဈေးအမြင့်ဆုံးပါ။

ဇယားကို နှစ်သက်တမ်းအလိုက် စီထားတာပါ။ ကြည့်လိုက်ပါဦးးး

BRAND 1 BRAND 2 BRAND 3 BRAND 4 BRAND 5

 

ဇယားထဲ ထည့်ဖို့ ဘရန်းတစ်ခုကျန်ခဲ့လို့။ အစအဆုံးလုပ်ရမှာလည်း ပျင်းလို့။
ဒီလိုပဲ ထပ်ဖြည့်လိုက်မယ်နော်။   :mrgreen:

23. ELLE

Year, Established – 1945

Place, Extablished – France

 

Logo – elle

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခု ရေးမှာကတော့ အိတ် ဒီဇိုင်း အမျိုးမျိုးနဲ့ အသုံးချပုံတွေပါ။ ခွဲခြားရများမှာစိုးလို့ လူပုံစံအလိုက် ဘယ်အိတ် ကိုင်သင့်တယ်ဆိုတာ မရေးတော့ပါဘူးးး

ဘယ်အိတ်ကို ဘယ်လို အခြေအနေမှာ ကိုင်သင့်တယ်ဆိုတာပဲ ရေးပါမယ်။

 

 

 1) Drawstring bag

Drawstring Bags
Drawstring Bags

 

Drawstring bag – အိတ် ကို ကြိုးနဲ့ ဆွဲရှုံ့ပိတ်ရတဲ့  ဒီဇိုင်းပါ။ ကျနော့ အရူးလွယ်အိတ်က ဒီပုံစံပါ။ ဘာပစ်ထည့်ပြီးပြီး ကြိုးလေး ဆွဲပိတ်လိုက်ရုံပါပဲ။။ ကြိုးရှည် နဲ့ သော်လည်းကောင်း လက်ကိုင် နဲ့သော်လည်းကောင်း ၂ မျိုးလာပါတယ်။

 အသုံး – နေ့စဉ်သုံးလို့လဲ အစဉ်ပြေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

2) Hobo Bags 

hobo bags
Hobo Bags

 

Hobo bag – အိတ်နဲ့ လက်ကိုင်ကြား မှာ အဝိုင်းပုံ ပေါ်တဲ့ အိတ်မျိုးပါ။ လက်ကကိုင်ကိုင်၊ ပခုံးမှာ လွယ်လွယ် (ချိုင်းအောက်အိတ်) အစဉ်ပြေတဲ့ ဒီဇိုင်းပါ။

အသုံး – အတွင်းအိတ်တွေထဲမှာ အမျိုးသမီး ပစ္စည်းမျိုးစုံဘယ်လောက်ထည့်ထည့် ပုံမပျက်အောင် လုပ်ထားတဲ့ ဒီဇိုင်းမို့ နေ့စဉ်သုံး ဖို့ သင့်တော်ပါတယ်။။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 3) Satchel bag

Satchel Bags
Satchel Bags

 

Satchel bag – သေသပ်တိကျတဲ့ ဒီဇိုင်းမှာ လက်ကိုင်၊ လက်ချိတ်၊ ကြိုးရှည်လွယ် ၃ မျိုးလွယ် ကြည့်ကောင်းတဲ့ အိတ်မျိုးပါ။ ချိုင်းအောက်လွယ် ဒီဇိုင်းမျိုးနဲ့ မသင့်တော်ပါဘူးးး

အသုံး – စာအုပ်တို့ စာရွက်စာတမ်းတို့ ထည့်လို့ရတဲ့ စမတ်ဒီဇိုင်းမို့  ရုံးသုံး ဒါမှမဟုတ် ဝှိုက်ကော်လာ အလုပ်မျိုးတွေနဲ့ သင့်တော်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

4) Clutch bag

Clutch Bags
Clutch Bags

Clutch bag – ဟုတ်ကဲ့! မြင်ဘူးမှာပါနော့။ အကယ်ဒမီ ပေးပွဲတို့၊ ဒင်နာတို့၊ ဝက်ဒင်ရီစက်ရှင်တို့မှာ အကိုင်များပါတယ်။

အသုံး – အလှအပ ဦးစားပေး ဒီဇိုင်းမို့ ပွဲ အတွက် လိုက်ဖက်တဲ့ ဝတ်စုံလှလှ၊ ဖိနပ်ရယ် နဲ့ဆို ပြီးပြည့်စုံပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 5) Duffle bag

 

Duffle Bags
Duffle Bags

 

Duffle bag – စလင်ဒါပုံစံ ဒီဇိုင်း ထုတ်လုပ်တာများပါတယ်။ ပိုလို က ထုတ်တဲ့ အိတ်တွေမှာ အတွေ့ရများပါတယ်။

အသုံး – အားကစား၊ တောင်တက်၊ ခရီးအတို စသည်တို့မှာ သုံးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 6) Tote bag

Tote bags
Tote Bags

Tote bag – များသောအားဖြင့် အရွယ် ကြီးကြီး၊ အပိတ်မပါတဲ့ အိတ်ဒီဇိုင်းလို့ ပြောရပါမယ်၊ ကျနော့ အခေါ်က ကလေး အမေအိတ်ပါ။ ဘာပစ္စည်းကောက်ထည့်ထည့်၊ ယူထုတ်ထုတ် လွယ်အောင် လုပ်ထားတဲ့ ဒီဇိုင်းပါ။ ကြိုး၂ ချောင်း ပါတာပါ။ ချိုင်းအောက် လွယ်လွယ်၊ လက်ကကိုင်ကိုင် ရပါတယ်။

အသုံး – ထသွားထလာ၊ ခရီးသွား၊ လှရင်လှသလို ကမ်းခြေမှာ အလှပြ စသည်ဖြင့် သုံးပါတယ်။ ဒါမဲ့ အိတ်ထဲက ပစ္စည်းအတွက် လုံခြုံရေးကတော့ ကိုယ့်တာဝန်ပါနော။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 7) Messenger bag

Messenger Bags
Messenger Bags

 

Messenger bag – ကျနော်ကတော့ လူငယ်ဆန်တဲ့ ဒီဇိုင်းလို့ မြင်ပါတယ်။ ကျားမ မရွေးလွယ်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။ (ဘက်ခမ်းလွယ်တာမြင်ကတည်းက နှစ်သက်ခဲ့ရသူပါ။ အဟွတ်)  😀

အတွင်းက ဇစ် အပြင်၊ အပေါ်ကပြန်ဖုံးပြီး ဘာကယ်ကွင်းပါတဲ့ လေးထောင့်ဆန်ဆန်အိတ်မျိုးတွေပါ။

အသုံး – ကျောင်းသွား၊ ကျူရှင်သွား၊ ပျော်ပွဲစားသွားး ပေါ့ပေါ့ပါးပါးသွားရတဲ့နေရာတိုင်းမှာ လွယ်လို့ ကောင်းပါတယ်ဗျ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 8) Sling bag

Sling Bag
Sling Bag

 

Sling bag – ကျနော်တို့ အခေါ် စလင်းဘက် ခေါ်မလားးး ကြိုးရှည်ရှည်နဲ့ လှန် (အဲလေ) လွယ်ရတဲ့ ဒီဇိုင်းမျိုးပေါ့။ အိတ် အသေးအမျိုးအစားပါတဲ့။

အသုံး – ဒီဇိုင်း အလှအပကို လိုက်လို့ နေ့စဉ်သုံးမှ စ ရွှေရောင်သံကွင်းကြိုးနဲ့ အိပ်သေးသေးလှလှမျိုးတွေ ဆို ပွဲမှာပါကိုင်လို့ရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 9) Shoulder bag

Shoulder Bag
Shoulder Bag

 

Shoulder bag – ကြိုး အတိုအရှည် ညှိလို့ ရတဲ့ အိတ်အမျိုးအစားတွေပါ၊ အပေါ်က အိတ် ၂ မျိုးနဲ့ အလားတူပါပဲ။

အသုံး – ကြိုးအတိုအရှည်ညှိလို့ရတာရော၊ နေရာမရွေး ဉာဏ်လို လွှာသုံးပြီး လွယ်လို့ ရတာရောမို့ ကျနော် အကြိုက်ဆုံး ဒီဇိုင်းထဲမှာပါပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

10) Weekender Bag 

Weekender Bags

Weekender Bag – သူက Duffle အိတ် အမျိုအစားနဲ့ တူပြီး နည်းနည်း ပိုကြည့်ကောင်းအောင် ဖန်တီးထားတဲ့ ဒီဇိုင်းပါ။ အိတ်ကြီး အမျိုးအစားထဲပါမယ်ထင်ရဲ့။

အသုံး – ခရီးတို၊ ပျော်ပွဲစားသွားတို့ အလွယ်ထုတ်ချင်တဲ့ ပစ္စည်းတွေကို စုထည့်ပြီး ကိုင်ရမဲ့ ပုံစံပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

11) Laptop purse

Laptop Purse
Laptop Purse

 

Laptop purse – နာမည် အတိုင်း ကိုယ့် ပီစီတို့ လက်တော့ တို့ ထည့်လို့ရပါတယ်။

အသုံး – ရုံးသွား၊ လုပ်ငန်းသွား သုံးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

12) Evening Bag

Evening bags
Evening bags

 

Evening Bag – နာမည် အတိုင်း ဒင်နာတို့ ညနေ/ညပွဲ အတွက် ထုတ်ထားတဲ့ ဒီဇိုင်းမျိုးပေါ့။ အလက်လက်တို့ ထင်ရှားတဲ့ ကျောက်မျက်ဒီဇိုင်းလေးတွေနဲ့ပါ။

အသုံး – ပွဲသွားကိုင်မယ်ဆိုရင် ဖိနပ်လေးနဲ့ လိုက်အောင်တော့ သတိထားလိုက်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 13) Wallet

 

Wallets
Wallets

 

Wallet – ဒါကတော့ အထွေ အထူးပြောစရာမလိုပါဘူးနော့၊ ခါးကြားထိုးထိုး၊ ဘောင်းဘီအိတ်ထဲ ထည့်ထည့်၊ သွားလေရာ ပေါ့ပါးတဲ့ အိတ်ငယ်ပါ။ ကတ်တစ်ချို့နဲ့ ပိုက်ဆံပဲထည့်လို့ရပါတယ်။ ကျနော် တခြားအိတ်သိပ်မရှိပေမဲ့ Wallet ကိုတော့ ကောင်းကောင်းကိုင်ရတာ ကြိုက်ပါ၏။

အသုံး – အိတ်ကြီးရင်လည်း အရူးလွယ်အိတ်အလား ထည့်သလောက် ပေါ့ပါးချင်ရင်လည်း ဝေါလက်ကို ဘောင်းဘီအိတ်ထည့်ထည့်ပြီး နေရာတကာသွားပါ၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဲ အိတ်အကြောင်းကတော့ ဒီလောက်ပဲ ရေးပါတော့မယ်။ ကျန်တာမေးချင်တာမေးသွားပါ။ သိသလောက်ဖြေပေးသွားပါမယ်။ ကျနော့ လိုအပ်ချက်မှန်တာကိုလည်းပြောသွားပါ။

 

နောက် ပို့(စ) – အလှပြင်ပစ္စည်းနဲ့ အသားအရည်ထိန်းသိမ်းပစ္စည်း ဘရန်းတွေ အကြောင်း ရေးပါ့မယ်။

ပုံတွေ Source တွေ အကုန်လုံး Googling လုပ်ထားတာပါနော့။ :mrgreen:

73 comments

  • Wow

    September 2, 2013 at 9:16 am

    ဆွိက ချစ်ဖို့ကောင်းလိုက်တာ အရင်နေရာဦးတာ ပီးမှ သေသေချာချာဖတ်မယ် :mrgreen:

  • ဦးကျောက်ခဲ

    September 2, 2013 at 9:20 am

    ဟီ ဟိ ဘရန်းလည်းမမက်ဘူး…ဘရန်းမက်တဲ့သူနဲ့လည်း မဆုံချင်ဘူး…
    ဘန်ကောက် ချက်တူးချက်ဈေးတို့၊ ပတူနမ်ဈေးတို့ ရောက်သွားရင်…
    ဘရန်းချစ်သူတွေ မျက်ရည် ဖရဲသီးလုံးလောက် ကျသွားမယ်… ဟီး ဟီး
    😀

    • KZ

      September 2, 2013 at 11:04 am

      ဟိ။
      ဟောင်ကောင်မြို့လည်က တွန်းလှည်းကြီးတွေ နဲ့ ထုတ်ပြီး ရောင်းတဲ့ ဈေးတန်း လျှောက်ပြီးကတည်းက ဘရန်းကို လှည့်မကြည့်ချင်တော့တာပါပဲ ကျောက်ရယ်။
      သေချာမစစ်ကြည့်ရင် အဝေးကဆို တထရာတည်းပဲ။
      ဒါတောင် ယိုးဒယားရယ် မလေးရှား ဈေးတန်းရယ် မလျှောက်ဖူးသေးဘူးးးး

      😀

    • TNA

      September 3, 2013 at 2:08 pm

      ဟုတ်ပါ့ ဟိုနေ့ကပဲ ဘန်ကောက်ကမောင်လေးက အမပိုက်ဆံအိပ်တွေရောင်းမလား ဘရန်းကိုတူအောင်တုထားတဲ့ဟာတွေဈေးသက်သက်သာသာနဲ့ရမယ်တဲ့။ သေချာကြည့်ရင်တောင်ခွဲမရဘူးဆိုပဲ။ များတို့တော့ ဘရန်းဒတ်လူတန်းစားထဲမပါ။ ကင်းကင်းသာနေဘာဂျောင်း။

      • KZ

        September 3, 2013 at 2:52 pm

        ဘရန်း ရောဂါ ဆိုသည်မှာ ကင်းလေကောင်းလေဖြစ်ပါကြောင်းးးး
        :mrgreen:

  • Wow

    September 2, 2013 at 9:28 am

    ကြိုးရှည်ရှည်နဲ့လှန် (အဲ) လွယ်လို့ရတဲ့ Sling Bag ရယ် … အတိုအရှည် လိုသလိုဆွဲလို့ရတဲ့ Shoulder Bag ရယ်ကို ကြိုက်ပါဂျောင်းးးး :mrgreen:

    ဟိုတစ်လောကအေ ဘရန်းဒက်တွေ ဆိုပြီး ဆိုင်က ကမ္ဘာအေးဘုရားလမ်းမှာထင်တယ် လက်ကမ်းကြော်ငြာလေးတွေ လိုက်ဝေတယ် ဂျမ်းရှင်းအိတ်ရှေ့မှာ ရုံးက သူငယ်ချင်းတစ်ယောက်ပုံကြည့်ပီး မှာလိုက်တာ LV ကို တစ်သိန်းခွဲတဲ့… ရောက်လာတော့ကျိလိုက်တော့ သားရေစော်တွေနံပြီး… သူလဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အေတော်စိတ်ညစ်သွားပုံရတယ်… ဘရန်းပဲဆိုပီး မာန်တင်းလိုက်ပုံရတယ် … အာ့ကြောင့် ဆွိကို ဘရန်းအကြောင်းရေးဖို့ တိုက်တွန်းမိတာပါ… 🙂

    • KZ

      September 2, 2013 at 11:06 am

      အယ်လဗီ ဖောင်ဒါကြားရင် မျက်ရည် ဖရဲသီးလုံးလောက် ကျသွားနိုင်တယ်။
      😀
      ဟီးးးးး
      နာ နဲ့ နာ့ သူငယ်ချင်း ရန်ဖြစ်တာလည်း အဲဒီ အယ်(လ)ဗီ ပေါ့အေ။

      နောက်စိတ်နာတာတစ်ခုရှိသေးတယ်။

      ပြီးမှ ပြောပြပါမယ်။ :kwi:

    • Mon Kit

      September 3, 2013 at 1:38 pm

      မွန်ကစ်လဲ ဝါး နဲ့ အကြိုက်ချင်းတူတယ်.. ကြိုးရှည် တစ်ချောင်းထဲ ပုံစံကို ပိုသဘောကျတယ်..နောက် ဘရန်းဒက်တွေထဲမှာ အပေါ်ဆုံး နဲ့ အောက်ဆုံးက နှစ်ခုဘဲ တိတယ်.. ဇယားကွက်ထဲကပြောတာ..
      ဟိ ဟိ..
      🙂

      • KZ

        September 3, 2013 at 1:44 pm

        Hermes က ဗစ်တိုးရီးယား ဘက်ခမ်း ကိုင်တဲ့ အိတ် အမျိုးအစားးးး။ ဟိ။

        ကြိုး အရှည်ပုံကတော့ မိန်းကလေးတွေ အကြိုက်တူကြတယ်။
        အရင်ကဆို ကချင်လွယ်အိတ် ခြူလေးတွေ ပါတဲ့ အိတ်ရှည်ရှည်လေးတွေ ကြိုက်တယ်။ 🙂

  • Crystalline

    September 2, 2013 at 9:48 am

    ဟိုဝင်ငွေကောင်းတဲ့ မော်ဒယ်လ်မမလေးတွေကတော့ သိန်း၇၀၊ ၈ဝ တန်အိတ်တွေအပြိုင်အဆိုင်ကိုင်ကြတယ်.. ကျမအနေနဲ့ ဝယ်နိုင်ရင်တောင် အိတ်တစ်လုံးအတွက်အဲလောက်မသုံးချင်ဘူး.. အဲဒီအစား ရွှေ၁ဝဖြစ်ဖြစ် စိန်ထည်ဖြစ်ဖြစ်ဝယ်လိုက်မယ်.. မြို့စွန်မှာမြေကွက်ဝယ်လိုက်မယ်.. သူများကပြောတယ်..နင်က ချစ်တီးတဲ့ 🙂 ဘက်ဆောင်ရရင်တော့သုံးချင်သား.. မမကေဇီဝယ်ပေးပါလားဟင် :mrgreen:

    • ဦးကြောင်ကြီး

      September 2, 2013 at 10:16 am

      ခရစ်စတယ်လေးအတွက် ကြွပ်ကြွပ်အိတ် လက်ဆောင်ပေးမယ်…. အဲဒါမကြိုက် ဆာလာအိတ်၊ ဂုံနီအိတ် ယူမား.. ပွဲယုန်သထိန်း အမ်တီမမဆီဂ တောင်းပေးမယ်…။

    • KZ

      September 2, 2013 at 11:09 am

      အို။
      ကြိုပြောထားပါတယ်ကွယ်။
      ဘရန်းသမားဟုတ်ပါဘူးလို့။
      လာလို့ တွေ့ရင် အဲ့ဒီ အိတ်ကို ယူသွားပါ။
      အမလည်း လက်ဆောင်ရမှ ကိုင် မယ် ဆိုပြီး စောင့်နေတာပဲ။ 😀

      အမှန်တော့ အမတို့ဆီ က ရိုးရာအိတ်လေးတွေ သိပ်ကြိုက်တာ။
      ယွန်း/ကြိမ်/ချည်ထည်
      ကွာလတီ ဒီထက် ကောင်းအောင် လုပ်နိုင်စေချင်တယ်။ 🙂

  • Ko chogyi

    September 2, 2013 at 10:24 am

    KZ တော်တော်ဆိုးတယ်။
    အိမ်ကမဟေသီ ဒီပို့စ်ကိုမမြင်အောင် ဝှက်ထားမှဖြစ်မယ်။

    • KZ

      September 2, 2013 at 11:10 am

      ပူပါနဲ့။
      ဘရန်းကို စိတ်ပျက်သွားအောင် ပြောနိုင်ပါသေးတယ်။
      😀

  • kyeemite

    September 2, 2013 at 10:29 am

    မိန်းမတွေအကြိုက်ပို့စ်ပေါ့နော
    ကျုပ်လည်းကျောက်စ် လိုပဲ ဘရန်းမမက်ဘူး
    လောလောဆယ်တော့ LEVI’S Wallet လေးကိုင်နေပါဂျောင်းးးး 🙂

    • KZ

      September 2, 2013 at 11:13 am

      ဟုတ်ပါ့။
      ရွာကို လူစည်ရေး ရေးမိရေးရာ ရေးရတာ။
      တခြားအိတ်သာ ဘရန်းမလိုက်တာ။
      ကျနော်က Wallet ခလေးဇီး ပါ မိုက်ရယ်။
      :mrgreen:

      Levis က ဒီဇိုင်းတွေ က ယောင်္ကျားတော်တော်ဆန်တယ်။

  • Nay Chi

    September 2, 2013 at 11:06 am

    ဘယ်အိတ်တွေ ဘယ်လောက်လှလှ တကယ်တမ်းသုံးပြီဆိုရင် Sling bag ကိုပဲ စိတ်က အားသန်မိတယ်..။
    Brand တွေကတော့ စိတ်ကိုမဝင်စားတော့ မှတ်ချင်သလောက်မှတ်၊ ပြောပြချင်သလောက်ပြောပြ ဒီနားကဝင် ဟိုနားကထွက်ပဲ..။ 😛

    • KZ

      September 2, 2013 at 11:14 am

      သိတယ်။
      ကိုယ် ကိုင်တဲ့ အိတ် စန်တာ ဘာဘရာမှန်း ဘာမှန်းမသိကတည်းက။
      ဟိဟိ :kwi:

  • Yin Nyine Nway

    September 2, 2013 at 11:11 am

    အနော်ကတော့ ရိုးရာအိတ်လေးတွေပဲ သဘောကျနေတယ် …

    • KZ

      September 2, 2013 at 11:16 am

      တူတူပဲ နွေးသီးလေးးးး

      ကချင်/ရှမ်း ရိုးရာ အိတ်လေးတွေ ရွှေချည်ထိုးအိတ်လေးတွေ သိပ်ကြိုက်တယ်။

      🙂

  • Shwe Ei

    September 2, 2013 at 11:23 am

    ကျနော် ကြားမိသလောက် ကျနော်တို့ နိုင်ငံမှာ တရားဝင် ကိုယ်စားလှယ်ရှိတာ (BONIA & COACH) အိတ်တွေ ပါပဲ။
    တခြားသိတာရှိရင်လည်းပြောပြပေးပါ။ ဒီလောက်ဆို မြန်မာပြည်မှာ ဝယ်မယ်ဆိုရင် ဘယ် ဘရန်းပဲ အစစ်ရနိုင်တယ်ဆိုတာ မှန်းမိလောက်ပါပြီ။

    သများ မမှန်းမိသေးပါဝူး..ဆွိ..ဘာလို့ဆိုတော့ တခါမှမဝယ်ဖူးလို့ပါ..ေိေိ

    ဆွိပြောတဲ့ ဘရန်းတေအားလုံး ရှော့ပင်စင်တာကြီးတွေမှာ တခမ်းတနားတင်ရောင်းနေတာ မြင်တော့ အားလုံး အစစ်လို့ဘဲထင်နေတာပါ။ ဈေးကလဲ အတော်ကြီးသကိုး..ကိုဝယ်နိုင်တာနဲ့စာရင် ဆယ်ဆလောက်ကွာနေတယ်မှတ်တယ် :harr:

    လောလောဆယ်တော့ လက်ဆောင်ရထားတဲ့
    တရုတ်အိတ်လေးဘဲ ရိုရိုသေသေလွယ်နေတယ်။ အသစ်ဝယ်ရမှာ နှမြောတာ..ဟိ

    • KZ

      September 2, 2013 at 11:30 am

      ဟီးးးး

      အသေးစိတ်ကို လက်ဖက်ရည်ဆိုင်ထဲမှာရှင်းပြမယ်နော။
      😀

      ဥပမာက ဒီလိုလေ!!!၊
      ဝါးပြောတယ်လေ။ အယ်လဗီကို တစ်သိန်းခွဲဆိုတာ။
      ဆွိ အဲဒီမှာတုန်းကလည်း အစစ်မှတ်ခဲ့ ဈေးကြီးတယ် ထင်ခဲ့တာပဲ။
      အယ်လဗီမှာ Signature Wallet ကကို ယူရို ၇၀ဝ ရှိပါတယ်။ မင်းသားကြီး ကိုင်လို့ သိတာပါ။

      ဘာဘရီ အတုကြီးကို လွန်ခဲ့တဲ့ ၆ နှစ်လောက် က ၆ သောင်းပေးပြီး စလုံးကို ကိုင်လာတာ။ ပြီးမှ ဈေးကို သိတော့မှ ရှက်တာရယ်။
      😥

  • ကိုရင်စည်သူ

    September 2, 2013 at 11:31 am

    ဒီပို့စ်က… တားရဲ့… တက်မကိုင်.. မဖတ်မိဘာစေနဲ့..
    ဝယ်ပေးဖို့ ပိုက်ချံမချိလို့ဘာ.. အစ်မဂျီးရာ…
    ကိုယ်တောင် ခုထိ ကျိုက်ထီးရိုးက ဝယ်လာတဲ့ ကြိမ်ပိုက်ဆံအိတ်လေး
    ကိုင်နေတာ.. 😥

    • KZ

      September 2, 2013 at 11:35 am

      မမဂျီးနဲ့ စကားပြောခိုင်းလိုက်။
      ဘရန်း စိတ်ကုန်အောင် ပြောပေးနိုင်ပါတယ်။
      စိတ် အပူနဲ့။
      😀

  • amatmin

    September 2, 2013 at 11:35 am

    ဂလိုပို့စ် မျိုးဆို ဟိုလူကဖက်ကပ်တို့လင်မယားသိပ်ကြိုက်မှာ ရယ်.. 😛
    ဒီဘရန်းတွေထဲ ကိုယ်သိတာလေးပြောရရင်..
    GL တံဆိပ် သိပ်ကြိုက်တာပဲ.. (ကိုင်ချင် ထှာ..)
    BONIA အိတ်တွေကိုတော့ မြင်ဖူးသလောက် သဘောမကျ.
    ဒီဇိုင်းညံ့ပီး မတောက်သလို မို့..။ (ကိုင်ထားတဲ့သူ ကြားရင် ရိုက်ပေါက်..)
    GUESS က အမေရိကန် ဘရန်ကိုး.ဒီမှာမြင်ဖူးနေကြမို့ အာရှတွင်းလာက်ကထင်မိတာ..
    ခုလိုက်ဖတ်မိတော့ ကိုယ်မသိတဲ့ ဘရန်းအများကြီး သိရ.မြင်ရ မို့..ကျေးကျေးပါ.နော့..။

    • KZ

      September 2, 2013 at 11:40 am

      အဟွတ်။
      အမီး ရဲ့ ခု Wallet လေးက GL (ရန်ကုန်/မန်းလေး MK deparmental Store မှာတော့ GL ရမှာ)
      ဘိုနီရာက……. အဲ !! မပြောဘူးးးး (သူပြောတာပါ အရပ်ကတို့)
      :mrgreen:
      GUESS ကိုလည်း ဒီဇိုင်းက တောက်တောက်ပပတွေများလွန်းလို့ အရှေ့တိုင်း ဘက်က မှတ်ခဲ့တာပဲ။
      😀

  • ခင် ခ

    September 2, 2013 at 12:51 pm

    လူပျိုအရွယ် ခပ်ငယ်ငယ်ကတော့ ပိုက်ဆံအိတ်ဆို Levis အိတ် Levis ဂျင်းဘောင်းဘီ Levis ဂျင်းအကျင်္ ီ ပေါ့ဗျာ။
    အခုတော့ ပိုက်ဆံကိုများရင် စက္ကူအိတ်တို့ ကျွတ်ကျွတ်အိတ်တို့နဲ့ ထဲ့ကာဆွဲသွားလိုက်တာပါဘဲဗျာ။

    • KZ

      September 2, 2013 at 12:56 pm

      အဲလာက ပိုက်ဆံတွေ Wallet နဲ့ ထည့်လို့မရလောက်အောင် များလာတဲ့ သဘော ပဲ လောပန် ခ ရေ။

      :mrgreen:

      • ခင် ခ

        September 2, 2013 at 1:42 pm

        အမလေး အထင်ကြီးနေသေးတယ် ဆယ်ကွေ့တစ်ကွေ့လောက်မှ အဲလိုဆွဲသွားဖြစ်တာ တော်တော်များများအချိန်က ရှပ်အကျင်္ ီအိပ်ကပ်လောက်နဲ့တင် ထဲ့ဖို့လောက်နေသမို့ ပိုက်ဆံအိတ်တောင် မကိုင်ဖြစ်တာကြာလှပေါ့ သဘောပြောတာလေ။
        KZ ပြောသလို လောပန် ခ ဘဝ ရောက်ရပါစေဗျ။

  • YE YINT HLAING

    September 2, 2013 at 1:08 pm

    နံပတ် ၁၃ ပိုက်ဆံ ပါတဲ့ Wallet ကို ကြိုက်တယ်။ ဘာတဆိပ် ဖြစ်ဖြစ် ကြိုက်တယ်။

    • KZ

      September 2, 2013 at 1:10 pm

      ခွိ။
      အပြောကောင်းတယ်။
      ဘာ ဘရန်းဖြစ်ဖြစ်လည်းကြိုက်တယ်။
      ပိုက်ဆံပါတဲ့ အိတ်လေးလည်း ကြိုက်တယ်လားးးး
      😀

  • Myo Thant

    September 2, 2013 at 1:32 pm

    ကျနော်ကတော့ ဘာဘရန်းရယ်လို့ မထားဖူးပါဘူး

    ငယ်ငယ်က စီကိုဖိုက် ကြိုက်ပေမယ့် အခုနာရီက ကျူအန်ကျူပါ ( သူများလက်ဆောင်ပေးတာ ) 🙂

    ဘောင်းဘီရှည်ဆိုလည်း အရောင်ကြိုက်ရင် ဝယ်လိုက်တာပါပဲ ၊

    မိန်းကလေးမဟုတ်လို့လည်း ပစ္စည်းတွေအပေါ်မှာ သိပ်အစွဲမရှိတာလည်း ဖြစ်နိူင်ပါတယ် ၊

    နာရီ ၊ ဘောပင် ၊ မီးခြစ် ခရေဇီဆိုပေမယ့် ဘာတံဆိပ်မှ ဆိုတာ မရှိပါဘူး ၊

    ဪ ရိုးအွန်မှာတော့ နေဗီယာ ကြိုက်တယ် ၊

    ဘာပဲဖြစ်ဖြစ် မသိတာလေးတွေ သိရလို့ KZ ရေ ကျေးဇူးနော်

    • KZ

      September 2, 2013 at 1:38 pm

      ဟုတ်။
      ဒါက အိတ်ဘရန်းတွေပဲ ရှိသေးတာ ကိုကြီးမျိုးသန့်။
      ဘရန်းနောက်လိုက်ရရင် အဆုံးမရှိလို့ ရပ်နေတာကောင်းတယ်။

      🙂

  • အလင်းဆက်

    September 2, 2013 at 1:42 pm

    ချစ်သု အတွက်
    လက်ဆောင် ပေးဖို ့
    အသုံးဝင်သွားပြီ

    ဒေါ်ဖွားမေကတော့ မလိုချင်လောက်ပါဘူးလေ

    • KZ

      September 2, 2013 at 1:47 pm

      အဲလာက ဘရန်းရောဂါမျိုးထက် ဆိုးတယ်။

      :kwi:

      • Wow

        September 2, 2013 at 2:06 pm

        အာ့က ဘလိုင်းရောဂါ… လပ်ဖ်အစ်စ်ဘလိုင်းဒဲ့လေ :mrgreen:

        • KZ

          September 2, 2013 at 2:14 pm

          ဘရန်းဘဒါ ရောဂါမဖြစ်ရင် ပြီးတာပါပဲအေ။
          :mrgreen:

        • အလင်းဆက်

          September 2, 2013 at 4:24 pm

          တားတားနဲ့ တားတား ချစ်တူလေးနဲ့အကျောင်းကို
          ဝစ်ထုတစ်ပုဒ် ရေးထားတယ်

          နာမည်က
          ဝက်ဝက်ကွဲအောင် ချစ်ကြမယ် ဒဲ့
          အဟိ

          အာ့မျိုး ကျ ဘာရောဂါဆိုမလဲ

          :kwi:

        • KZ

          September 2, 2013 at 4:30 pm

          ဘရုတ်သုတ်ခ ရောဂါ
          😀

      • အလင်းဆက်

        September 2, 2013 at 4:22 pm

        အွန်
        မမခိုင်ဇာ ရက်စက်ဒယ်

        နိုမှာနော်
        ချစ်သုဝေဂို ဖက်ပြီးးး

  • Crystalline

    September 2, 2013 at 4:07 pm

    မနေ့က မမကေဇီမွေးနေ့မှန်းမသိလို့… ခုမှလာနှုတ်ဆက်တာ..
    Happy Birthday 2 U…
    Happy Birthday 2 U…
    Happy Birthday Ma Ma K Z..
    Happy Birthday 2 uuuuuuuuuuuuuuuuu….
    🙂

    • KZ

      September 2, 2013 at 4:11 pm

      အဲ။
      ဟိုဘက်မှာ ဆုတောင်းထားလို့ သွားပြောနေတာ။
      ချစ်စရာကောင်းတဲ့ ခရစ်(စ) လေးးး ကျေးဇူးပါ။
      🙂 <3

  • Mr. MarGa

    September 2, 2013 at 6:27 pm

    ပြထားတဲ့အထဲက စိတ်ဝင်စားတာဆိုလို့ wallet ပဲ ရှိတယ်
    ဘရန်းရယ်လို့လဲ မဟုတ်ပါဘု
    ကိုင်လဲ မကိုင်နိုင်ပါဘု
    အခုတောင် hazard လေးပဲ ကိုင်နေတာရယ်
    (လက်ဆောင်ရလျှင်မူကား ဘာမဆို လာထား) :mrgreen:

    • KZ

      September 3, 2013 at 8:36 am

      ခက်လယ်။
      ဘရန်း ကို အားပေးတဲ့ ပို့(စ) မဟုတ်ပါဘူး ဆိုတာ အစကတည်းက ဝန်ခံထားတာကို။
      အနီလေးတွေ တန်းစီလို့။
      ခက်လယ်။ ခက်လယ်။

      🙁

      • Wow

        September 3, 2013 at 9:51 am

        တကူးတက အချိန်ကုန်ခံအားပေးထားတာကို မငြိုငြင်ပါနဲ့ဆွိရယ်….
        ဒါ နာတို့ပို့စ် အောင်မြင်ဂျောင်းပြဒါ :mrgreen:

  • သူကလေး

    September 3, 2013 at 12:02 pm

    branded ဆိုလို့ စိတ်ဝင်တစားအပြေးလေးလာကြည့်တာ
    ခိုင်ကလဲ … အိတ်အမျိုးအစားကိုပြောပြတာပိုများနေဒယ်တော့်
    ဘာဖစ်ဖစ်ပေါ့လေ .. ဗဟုသုတ ရတာပေါ့နော့်
    ဒါနဲ့ brand တွေထဲမှာလေ အီတလီ brand တစ်ခု .. valentino ဘာဆိုလား … သူလည်း ဈေးတော့သိပ်မသေးတဲ့အထဲပါတယ် … အဲ့ brand ကျ ခိုင်ရေးတဲ့ထဲ ပါဘူးနော်
    အာ့ကိုသိလားငင်

    • Inz@ghi

      September 3, 2013 at 12:13 pm

      ဗလင်တီနို ဂရာဗာနီ ကိုပျော့စ်ဒါလား

    • KZ

      September 3, 2013 at 12:17 pm

      ဟင်! အိတ်ဘရန်းက ဇယားနဲ့ ပြပြီးပြီလေ။
      ကျန်တာတော့ ကြိုက်သူမရှိလို့ အသေးစိတ်မပြောဖြစ်ဘူးးး
      ဗလင်တီနိုက အိတ်ရှိတယ်။
      ဒါမဲ့ အိတ်ကို အဓိက ထုတ်တာမဟုတ်လို့ မထည့်ထားပါဘူးးး 🙂

  • Inz@ghi

    September 3, 2013 at 12:09 pm

    ဘာ ပလပ်ဂင် သုံးထားတာတုန်းဗျာ..
    မျက်စိနောက်ထှာ ဒီပေ့ချ်သက်သက်မဟုတ်ဝူး
    ပေ့ချ်တိုင်း ဂျပန်မုတ်ဆိတ်ကောင် ဒါ့ပုံဝင်ကုန်ဘီ..

    တောက်ခ် … ၆မြင်ကပ်ချက် …ဝင်မယ့်ဝင် ဝင့်စ် ပုံလေး ယုစ့် ပုံလေး ဝင်တာမဟုတ်ဝူး

    • KZ

      September 3, 2013 at 12:18 pm

      ဘာကိုလဲ ဂီ။
      ဂီ ပြောတာ မသိဘူးးး

  • အရီးခင်

    September 3, 2013 at 3:51 pm

    သူကြီး အကြိုက်လား။ သူကြီးကတော် အကြိုက်လား ထိပ်တက်ကပ်နေမှ မြင်တယ်။
    လူစည်ပြီး ရဲရဲနီ နေတဲ့ ပွဲ မှာမှ ဝင်မပါရရင် ခေတ်နောက်ကျပေတော့ မယ်။ 😉

    Branded Bags မြင်တာနဲ့ Oprah Winfrey ကို ပြေးမြင်မိလို့။
    ပြီးခဲ့လ ကမှ ဖြစ်တဲ့ အဖြစ်လေး။
    ကမ္ဘာ့ ဘီလျှံနာမိန်းမတစ်ယောက် ကို ဆွစ်ဇာလန် က Branded Bags ဆိုင် တစ်ဆိုင် ကနေ “နင် ဝယ်နိုင်မှာ မဟုတ်ဘူး” လို့ ပြောပြီး ပြခိုင်း တဲ့ ဒေါ်လာ သုံးသောင်း ရှစ်ထောင်တန် အိတ် (Tom Ford) ကို မပြဘဲ ငြင်းလိုက် သတဲ့။
    အရောင်းစာရေးမ က သူ့ကို သာမာန် လူမဲ အမျိုးသမီး လို့ အထင်ရှိလို့ မရောင်းတာလို့ Oprah Winfrey က ပြောတာပါ။
    သူပြောခဲ့တာလေးက
    ‘I didn’t have anything that said “I have money”: I wasn’t wearing a diamond stud. I didn’t have a pocketbook. I didn’t wear Louboutin shoes. I didn’t have anything,’ she said.
    သူဖက်ကကြည့်တော့ လဲ မှန်ပါ့။
    ဆိုင်ဖက်က ကြည့်တော့ လဲ မဝယ်ဘဲ ဒီအတိုင်းပြခိုင်း ပြီးတော့ ပြန်ထွက်သွား သူတွေ ဘယ်နှစ်ယောက် ရှိနိုင်လဲ မသိတာနော။
    ဆိုင် ကိုလဲ အပြစ်မဆိုသာ။

    ဒီတော့ နောက်ဆုံး ဒါမျိုး ဟိတ်ကြီးဟန်ကြီး လုပ်ပြ မှ ရမဲ့ နေရာတွေ ကို ရှောင်တာဘဲ အေးတယ်။

    ဒါထက် အရီး က Tote bag ကို အလွန်ကြိုက်ပါတယ်။
    ကလေးအမေ မဖြစ်ခင်ထဲ က ကိုင်ပါတယ်။
    Tote bagထဲ မှာ ဇစ် နဲ့ သားရေအိတ် အမဲ တွေ ကို ရွေးကိုင်ပါတယ်။
    ဘာဘရန်းဒက် မှ မဝယ်ပါဘူး။
    ကိုယ်က ခန့်ပြီး သား ဆိုတော့ ကိုယ့် အရှိန်နဲ့ ဘဲ ၁ဝပေါင် တန် အိတ် တောင် မှ ပေါင်တစ်သောင်းတန်လောက် ထင်သွားတာကြမို့ပါ။
    အဟမ်း 😛

    • KZ

      September 3, 2013 at 4:09 pm

      ဟီးးးး
      ဖတ်လိုက်ရတယ် အရီးးးးး
      ဆိုင်ကိုတော့ ကျနော်တို့ စိတ်နဲ့ နားလည်လို့ ရပေမဲ့ အထင်ကို အခြေခံပြီး လုပ်နည်း အရ မမှန်ဘူးကိုးးးး
      ဒေါ်လာ သောင်းနဲ့ချီ ဝယ်မဲ့ ဖောက်သည်ဆိုတာလည်း မြင်ရုံနဲ့ မှန်းနိုင်တာမှ မဟုတ်တာဆိုတော့
      ကန်စတန်မာကဲ တို့ ကစတန်မာ(စ) ရိုက် တို့ နဲ့ ဆိုရင် ညိနေတာပေါ့။
      ကျနော် စိတ်ဆိုရင်တော့ ကိုယ် မဝယ်ဖြစ်ရင် ဆိုင်ထဲကို ဝင်ရဲမှာမဟုတ်။ 😀
      မှန်ခန်း အပြင်ကပဲ ချောင်းကြည့်တာ။

      ဒါနဲ့ အော်ဖရာများ အနော်တို့ အရောင်းစာရေးမတွေနဲ့တွေ့ရင် ဘယ်နဲ့နေမယ်မသိဘူးနော်။ :kwi:

      အရီးရေ။
      ပါ (personality) နဲ့ ထိန်းတဲ့သူတွေက ဘာဘရန်းမှ လိုပါဘူးရယ် နော့။ :mrgreen:

      • Inz@ghi

        September 3, 2013 at 4:23 pm

        ပန်းသီးဖုန်းကြီးလွင့်ပစ်လိုက်ပလားဟင်င်င်

      • kai

        September 4, 2013 at 4:58 am

        ယူအက်စ်လည်လည်လာတဲ့.. မြန်မာဆယ်ရီဘရိတ်တီတွေများ.. တခါတခါ.. အောက်လက်သ်လိုက်ပို့ရင်တဲ့.. ဝယ်ပြန်တာ… ကို့ချ်ပိုက်ဆံအိပ်.. ၁ဝလုံးအသာလေးလို့ဆိုပါတယ်..။

        ကို့ချ်ဆိုင်က.. မြန်မာဆို.. သိပ်အထင်သေးမယ်မထင်..
        လိုက်ပို့သူရဲ့.. ကရက်ဒစ်ကဒ်လိမစ်ကျော်အောင် ဝယ်လွန့်လွန်လွန်းလို့… :kwi:

        ဆိုတော့…
        ဟိုးးးအရင်က.. စကော့ဈေးထဲမလည်း.. အဲလိုဝယ်နိုင်မယ့်အခြေအနေနဲ့.. သွေးကြွတတ်သူကို.. မဝယ်နိုင်ပါဘူးမထိတထိတို့ပေးပြီး.. ဈေးမတရားပြော. တင်ရောင်းတဲ့.. မားကက်တင်းရှိခဲ့ဖူးတယ်မှတ်ပါတယ်..

        • KZ

          September 4, 2013 at 8:50 am

          ဟုတ်တယ်ဗျ။
          ကျနော်တို့ အမျိုးသမီးများ ကို သိပ်ကြိုက်ကြတယ်။
          ကျနောဆိုလိုတာက ဒီလိုပါ။
          – ဝယ်နိုင်တယ်။
          – ဘရန်း ကြိုက်တယ်။
          – ဘရန်း အစစ်ရတယ်
          အဲဒီလို က အကောင်းဆုံးအခြေအနေပါ၊.

          – ဝယ်နိုင်တယ်။
          – ဘရန်းလည်း ကြိုက်တယ်။
          – ဘရန်း အစစ်ကို ရနိုင်တဲ့ အခြေအနေမရှိပဲ အတုကို အစစ်မှတ်ပြီး ကိုင်ရတယ် ဆိုတာမျိုး တော့ မဖြစ်စေချင်ပါဘူးးး

          ကျန်တဲ့ ဖြစ်နိုင်ချေတွေတော့ ဆက်မဆွဲတော့ပါဘူးးးးးးး
          😀

    • Ma Ma

      September 5, 2013 at 10:22 am

      (ကိုယ်က ခန့်ပြီး သား ဆိုတော့ ကိုယ့် အရှိန်နဲ့ ဘဲ ၁ဝပေါင် တန် အိတ် တောင် မှ ပေါင်တစ်သောင်းတန်လောက် ထင်သွားတာကြမို့ပါ။
      အဟမ်း 😛 )
      ထောက်ခံပါတယ်
      ထောက်ခံပါတယ်
      ထောက်ခံပါတယ် 🙂

  • black chaw

    September 3, 2013 at 5:10 pm

    ဦးဘလက်နဲ့ ဘရန်းဒက်…
    ဘရန်းဒက်နဲ့ ဦးဘလက်…
    အလှမ်းဝေးလွန်းလှပါတယ် KZ ရေ…။
    စီးထားတဲ့ ဘိနပ်ရယ်…
    ဝတ်ထားတဲ့ ပုဆိုးနဲ့ အင်္ကျ ီရယ်…
    တတ်ထားတဲ့ မျက်မှန်ရယ်
    အားလုံးဟာ ဘာဘရန်း ဖြစ်တယ်ဆိုတာ
    လုံးဝမသိပါကြောင်း ရှက်ရှက်နဲ့ ဝန်ခံလိုက်ပါရစေ…။
    (ချွင်းချက်။ ။ သောက်တဲ့ အရက်ကိုတော့ဖြင့် ဘရန်းဒက်ကိုသာလျှင် သောက်ပါကြောင်း…)
    သို့ပေမယ့်…
    မဒမ်ဘလက် ကတော့…
    အိတ် မြင်ရင်…
    နည်းနည်းမှ အိန္ဒြေမရ ဖြစ်တတ်သူမို့…
    ဒီပို့စ်ရေးတဲ့ နှမငယ် ကေဇက် ကို အထူးကျေးဇူးတင်နေတော့မှာဖြင့်
    မြင်ယောင်မိပါကြောင်း…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။
    :mrgreen:

    • KZ

      September 4, 2013 at 8:37 am

      ကိုဘလက်ရေ။
      ဘရန်းဒက် အရက်ကိုမှ သောက်တဲ့ ကိုဘလက်အတွက် အရက် ဘရန်းတွေ ရေးမလားလို့ စဉ်းစားထားပါဒီ။
      အရပ်ကူပါ လူဝိုင်းပါ။
      :mrgreen:

      မဒမ်ဘလက်ကို Branded bag ဝယ်ပေးရမယ်ဆိုလည်း ရေးမိတဲ့သူကို မညိုညင်ရဝူးနော်။

      :mrgreen:

  • အဘ ဖားသက်ပြင်း

    September 4, 2013 at 9:10 am

    မှန်တာပြော ယုစ့်သန်ဒါတင်နဲ့ ညားရပါဇီရဲ့
    ကျော်က simplistic ဗျ ..
    Gucci, IKEA နဲ့ Dolce & Gabbana မှ …
    ပီး … ပန်းသီး …
    အာ..ဟိ..။
    😛

    • KZ

      September 4, 2013 at 9:24 am

      အမှန်တော့ အဝတ်အစားဘရန်းတွေ အကြောင်းရေးချင်သေးတယ်။
      အတော်ကျယ်ပြန့်လို့ မနိုင်မနင်းမို့။
      ဂျေလို ရဲ့ မိတ်အင် မန်ဟက်တန် ရုပ်ရှင်မှာ D&G ဘရန်း သားမွှေးကုတ်လေး ဝတ်တာမြင်ပြီး မှ အဲ့ဒီ ဘရန်းကို သိတယ်။
      ခွိ။
      အဝတ်အစား အဓိကထုတ်တာမို့ အိတ်ထဲတော့ မပါဘူးးးးး
      လူက တန်ဖိုးရှိရင် ပြီးတာပါပဲအေ။

      😀

  • သျှားသက်မာန်

    September 4, 2013 at 11:13 am

    ကျေးှဇူးတင်ပါတယ်..အခုလိုတင်ပြပေးလို့..ကျွန်မကတော့..LV brandကို အကြိုက်ဆုံးပါ

    • KZ

      September 4, 2013 at 1:47 pm

      သျှားသက်မာန် –
      ညီမလေးက အကောင်းမကြိုက်တတ်ရှာဘူးနော်။ ခွိခွိ။
      အယ်(လ)ဗီက (ကြားဖူးတာပေါ့လေ) အိတ်ချုပ်ရိုးတွေ ကို အရင်ဖောက်သတဲ့။
      ပြီးမှ လက်နဲ့ လိုက်ချုပ်တော့ ဟန်းမိတ် ဖြစ်သတဲ့။
      အဟိ။
      ဒန်ဒါရီတွေလားတော့မသိ။
      သေချာသိသူများ ဝင်ပြောကြပါ။

      :mrgreen:

  • eainsoemay

    September 4, 2013 at 11:37 am

    ဒီမှာတော့ Bonia ရောင်းတာတွေ့တယ်
    Sembonia ကရောဘယ်ဈေးလောက်ရှိလဲ ဟင်

    • KZ

      September 4, 2013 at 1:51 pm

      မအိမ်စိုးမေ ရေ။
      ဘိုနီရာ ရော ဆမ်ဘိုနီရာရောက မလေးရှား ဘေ့(စ) ပါ။
      ဈေးက တူတူနီးပါးလောက်တွေပါပဲ။
      စစ်စတားရှစ် ဂရု(ပ) တွေလို့လည်း ပြောကြပါတယ်။
      ကျနော့ အကြိုက်ပြောဆို ဆမ်ဘိုနီရာ ဒီဇိုင်းတွေက ပိုလှပါတယ်။
      လယ်သာ အိတ်တွေ က သူက ပိုလှသလိုပါပဲ။

      သူ့ ကိုယ်စားလှယ် (စင်တာ) ရှိတယ်ပြောတာမို့ အစစ်ရနိုင်တဲ့ ဘရန်း က ဘိုနီရာပါ။

      http://www.bonia.com မှာ သွားကြည့်နိုင်ပါတယ်။ 🙂

      • အဘ ဖားသက်ပြင်း

        September 4, 2013 at 1:58 pm

        မမအိမ်စိုးမေ မမန့်ဖြစ်ပေမယ့် ပုံမှန်တော့ ဝင်ဖတ်နေပုံပဲ…။
        ကိုကို ဟင်္သာနက် က ဘရန်းနဲ့ ချုပ်-တယ် ထင်တာပဲ…
        ပီးမှ ..လှည်းတန်းမှာ ….

        အို …
        ဘာမှ မဟုတ်တော့ပါဝူးလေ…
        ကျော် ပြန်မပြောပါဝူး ကတိပေးထားလို့ပါ…
        သိချင်ရင် ပုလင်းတူဗူးဆို့ အူးနိုကို မေးပါ

        အာ..ဟိ

        • KZ

          September 4, 2013 at 2:01 pm

          အဲလာကြောင့် ကိုဘလက်တို့ ကြိုခင်းသွားသကိုးးးးး

          ဟို လူ ကိုနိုဂျီး က မြှောက်ပေးတာနေမှာ။
          :mrgreen:

  • သျှားသက်မာန်

    September 4, 2013 at 1:33 pm

    ဟုတ်ကဲ့ရေးပေးပါဦးနော်….စောင့်နေပါမယ်…အရမ်းစိတ်ဝင်စားလို့ပါ…မိန်းမသားဆိုတော့လေ

  • Hnin Thae Phyu

    September 5, 2013 at 9:53 am

    အဟမ်းအဟမ်း ..
    ကျွန်တော့်ဆီမှာ ဘရမ်းဒတ် အိတ်တွေ အလကားပေးစရာရှိပါတယ်
    ကြိုက်တာ ရွေးယူနို်င်ပါကြောင်း …
    တံဆိပ်များကတော့ ..
    (1) Shop & Save
    (2) Fair Price
    (3) Giant
    (4) Japan Home
    အများကြီးရှိတယ်. ဘရမ်းဒက်တွေပဲ ..ကြွပ်ကြွပ်အိတ်တွေ …
    အိမ်မှာတော့ အမှိုက်ထည့်တဲ့နေရာမှသုံးတယ်.. ဟဲဟဲဟဲ …….

    ဘရမ်းဒတ် အိတ်တစ်လုံးကို ပိုက်ဆံ သိန်းဆယ်ဂဏန်းပေးမဝယ်ချင်၊ ဝယ်လည်းမဝယ်နိုင်.. 😛
    ဝါးလက် လေးတွေတော့ ကြိုက်ပါကြောင်း ..

    • KZ

      September 5, 2013 at 10:16 am

      အို။
      အဲ ဘလန်းဒွေက ဒို့မှာလည်း များဂျီး အားဂျီးရှိတယ်။
      😀

  • Ma Ma

    September 5, 2013 at 10:19 am

    ဘရန်းဒက်ပစ္စည်းတွေကို ကြိုက်တယ်။
    မကြိုက်တာက ဈေး :loll:

    ဒါ့ထက် အရှည်သည်း (ခွက်ဒစ်တူ ဂီ) စရာ ပြောရရင်…..
    ကိုယ့်စိတ်ထင် အမျိုးသမီးလွယ်တဲ့ ဘေးလွယ်အိတ်တွေ လက်ကိုင်အိတ်တွေ အကုန်လုံး Sling Bag လို့ချည်း ထင်ထားခဲ့တာ။ :loll:

    • KZ

      September 5, 2013 at 10:23 am

      အနော်လည်း အရင်က အဲလိုထင်ခဲ့တာပဲ။
      ဟိ
      မှတ်ထားမယ်။
      ပစ္စည်းကို ကြိုက်တယ်။ ဈေးမကြိုက်ဘူးးး
      :mrgreen:

  • Foreign Resident

    October 4, 2013 at 1:20 pm

    Wow says:
    ” ဟိုတစ်လောကအေ ဘရန်းဒက်တွေ ဆိုပြီး ဆိုင်က ကမ္ဘာအေးဘုရားလမ်းမှာထင်တယ်
    လက်ကမ်းကြော်ငြာလေးတွေ လိုက်ဝေတယ် ဂျမ်းရှင်းအိတ်ရှေ့မှာ
    ရုံးက သူငယ်ချင်းတစ်ယောက် ပုံကြည့်ပီး မှာလိုက်တာ LV ကို တစ်သိန်းခွဲတဲ့…
    ရောက်လာတော့ ကျိလိုက်တော့ သားရေစော်တွေနံပြီး…
    သူလဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အတော်စိတ်ညစ်သွားပုံရတယ်…
    ဘရန်းပဲ ဆိုပီး မာန်တင်းလိုက်ပုံရတယ် ”

    အွန် ။ LV ကို တစ်သိန်းခွဲ တဲ့ ။ မ နောက်ကြပါနှင့်ကွယ် ။
    တစ်လက်မ ပါတ်လည် အိတ်ကို ပြောနေကြတာလား ငင် ။

    အဘ ၊ ပြီးခဲ့တဲ့ ဥရောပ ခရီးစဉ်မှာတုန်းက ၊ ပြင်သစ်ရော ၊ အီတလီမှာပါ ၊
    အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင်အတွက် အိတ်တွေ ဝယ်ပေးခဲ့ရပါတယ် ။
    ( ပဲ့ကိုင်ရှင် ကလည်း အဘ စရိတ်နှင့်ဆိုတော့ LV, Gucci, Prada စုံနေအောင် ဝယ်ခဲ့ပါတယ် )
    အဲဒီမှာ ၊ အဘ လဲ Branded အိတ်တွေရဲ့ ဈေးကို ကောင်းကောင်း မှန်းနိုင်သွားပါတယ် ။
    Branded အိတ် အစစ် ( အစစ် ) တွေက အဲဒီလောက် မပေါပါဘူးကွယ် ။

    အဘ ၊ အရင်ကရေးခဲ့ဖူးတဲ့ Post တွေမှာ ၊
    အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာတောလား ( ၁ဝ ) ( D – 14 & 15 – BARCELONA – CANNES )
    အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာတောလား ( ၁၆ ) ( D – 22 & 23 – ROME – VENICE )
    အဲဒီ Branded အိတ် တွေ ရဲ့ အကြောင်း နှင့် ဈေးလေးတွေ နဲနဲ ပါပါတယ်ကွယ် ။

    အကြမ်းဖျင်း ဈေး သိချင်ရင်တော့ အောက်က Link မှာ သွားကြည့်ပါကွယ် ။
    ( ဈေးအပေါဆုံး ဆိုတဲ့ အိတ်တောင် ဒေါ်လှ ၈၀ဝ ကျော်တာ တွေ့ရမှာပါ )

    နောက်တစ်ချက်က ၊ LV က သူ့ပစ္စည်းတွေကို ရောင်းမကုန်လို့ ဈေးချ ထိုးရောင်းစရာ မလိုပါဘူး ။
    ပါရီမြို့က LV ဆိုင်ရှေ့မှာ ၊ ဆိုင်ထဲဝင်ခွင့်ရဖို့တောင် တန်းစီနေရတာ ၊ လူတန်းကို အရှည်ကြီး ။

    အကြမ်းဖျင်း မှန်းနိုင်အောင် ဗဟုသုတ ပြောရရင် ၊ အဘ အတွက် ဝယ်ခဲ့တဲ့ ၊
    အဘ ရဲ့ ယောက်ျားလေးကိုင် Gucci ခေါက် ပိုက်ဆံအိတ် အသေးလေး ကိုတောင် ၊
    ဒေါ်လှ ၃၀ဝ လောက် ပေးခဲ့ရပါတယ်ကွယ် ။

    Branded တွေ သုံးတာ နှင့် ပါတ်သက်လို့ ၊
    အဘ ရဲ့ သဘောထားကို ပြောရမယ် ဆိုရင် ။

    ” တတ်နိုင်လို့ ငွေပေါလို့ သုံးတဲ့သူတွေကိုတော့ ဘာမှ ပြောစရာ မရှိပါဘူး ။
    ( ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ Branded တွေရဲ့ Quality ကလည်း ကောင်းနေတာကိုး )
    နောက်ပြီး ငွေပေါတဲ့သူတွေက သူတို့ ပိုက်ပိုက်တွေ ဒီလို မသုံးလို့ ဘယ်မှာ သွားဖြုန်းရမတုန်း ။
    အဲ ၊ မ တတ်နိုင်ဘဲ ငွေ မပေါဘဲ ၊ ဂုဏ်ရှိယုံ သုံးချင်ရင်တော့ ၊
    အဲဒါ မိုက်လုံးကြီးတာလို့ ယူဆပါတယ် “

    • KZ

      October 4, 2013 at 1:36 pm

      ကျေးဇူးတင်ပါတယ် ဘဖောရေ။
      ဒီပို့(စ) ကလည်း ဝါး က အဲဒါလာပြောလို့ ရေးဖြစ်သွားတာပါ။
      LV wallet ကကို ယူရို ၇၀ဝ အနည်းဆုံးမို့ ကတ်ထည့်တဲ့အိတ်လောက်ကို တစ်သိန်းခွဲနဲ့ မရနိုင်။
      ဆဲချင်လည်း ဆဲကြတော့။ အဟင့်!!

      😥

Leave a Reply