ခင္ခOctober 28, 20141min41219
” အရက်သောက်ခြင်း နဲ့ ကျန်းမာရေး ရှု့ထောင့်။ ( Renew )”   ” အရက်တွေ သောက်လာပြန်ပြီလား “ ” ဘော်ဒါတွေဆုံလို့ နည်းနည်းပါးပါး ပါ “ ” အဲဒီနည်းနည်းပါးပါးကနေ နောက်တော့ များများစားစား ပြီးတော့ ယစ်ထုပ်ဖြစ်ရောနော် “ ” အဲလိုတော့ မဖြစ်ပါဘူး မိန်းမရာ အရက်ဆိုတာ စနစ်တကျ သောက်တတ်ရင် ဘေးမတွေ့ဘဲ ဆေးဖြစ်ဝါးဖြစ် တောင် ဖြစ်သေးတယ်တဲ့ “ ” အရက်ဘဲ စနစ်တကျသောက်ဖို့ ရှိသေးတယ် ဟုတ်လား အပိုတွေ သောက်ချင်လို့ ရမယ်ရှာပြောတတ်တယ်” ” အဲဒါဆိုလည်း ဒီမှာဖြတ်ကြည့် တကယ်ပြောတာ အရက်ကိုဘယ်လိုသောက်ရမလဲ ညွှန်းထားတယ် “ ” ပေးဖတ်ကြည့်အုံးမှဘဲ “ […]


ခင္ခOctober 28, 20141min23925
      ” မြန်မာတို့ရဲ့ ပုဂံမြေ “   အလည်လာခဲ့ ပုဂံ တကယ်သာတဲ့ အမှန် ရှေးလက်ရာ ကြည့်မဆုံး ရှုမျှော်တိုင်း စေတီတွေ လက်ရာမွန် လွန်မြောက်သလေ ကနုတ်ကယ် စီကာချယ်လို့ ပန်းပုလက်ရာ လွန်စွာသာသမို့ ပန်းတမော့နဲ့ နံရံဆေးပန်းချီ ရှေးခေတ်လက်ရာ ပြလှစ်လေမည် ယဉ်ကျေးမှုအမွေအနှစ် လေ့လာဖြစ်ဖို့ တစ်ခေါက်တစ်ခါ အရောက်လာကာ ကြည့်ပါ ရှုပါ လေ့လာပါလို့ ဖိတ်ခေါ်ပါတယ်ဗျို့။     ခင်ခ။


ခင္ခOctober 18, 20141min19016
” ဆိုးလိုက်ပုံက ”   ငယ်ငယ်တုန်းက အဖေတို့ပြော ကိုလိုနီခေတ်က ဒီမြန်မာဝယ် ဆင်းရဲလှတဲ့ ကူလီကုလား လန်ကွတ်တီဘဲ အဝတ်များ အခုခေတ်အခါ တစ်ချို့များဆို လွန်စွာဆင်းရဲ နပ်မှန်အောင် ထမင်းစားဖို့ အနိုင်နိုင်နဲ့ လုပ်ရသမို့ ရှေ့ဆက်ပြည်ကြီး ခုလိုသာသွားရရင်တော့ လန်ကွတ်တီတောင် ကျန်မယ်မထင်။     ခင်ခ။  


ခင္ခOctober 14, 20141min1506
” ဖြစ်တည်ခဲ့မှု “   ထုံနေတဲ့ လက် ဆွံနေတဲ့ ပါးစပ် မလှမ်းချင်တဲ့ ခြေထောက် ဂိလာနတော့ မဟုတ်လောက်ဘူး လူကောင်းပကတိ သန်စွမ်းပါဘိ မြင်ရတွေ့ရ ကြားရမှုတွေ အားမရ ရှိလှသော်လည်း ထူးမလှတဲ့ အခြေအနေမှာ လက်မောင်းတန်းထုတ် အားက မရှိ ပြောလဲမထူးမို့ ဆွံခဲ့ပါ၏ နောက်လိုက်ညီညာ မရှိသာတော့ လှမ်းထွက်ခဲ့လည်း တစ်ယောက်ထဲမို့ ခြေထောက်တို့က ကြွလို့မရ ဖြစ်လှအခြေအနေ ပြန်ပြောမယ်အေ့ ထုံနေတဲ့ လက် ဆွံနေတဲ့ ပါးစပ် မလှမ်းချင်တဲ့ ခြေထောက်။     ခင်ခ။


ခင္ခOctober 9, 20141min25714
” အဖေ အဖေ သီတင်းကျွတ်ပြီ ”     အဖေ အဖေ သီတင်းကျွတ်ပြီ အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ် ယုန်ရုပ်မီးပုံး သားတွန်းချင်လို့ ကလေးဘဝမယ် ဝယ်ပေးခဲ့တယ်။   အဖေ အဖေ သီတင်းကျွတ်ပြီ အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ် လမ်းထိပ်ဆိုင်မယ် မီးပန်းဝယ်လို့ ထွန်းကာဆော့ဖို့ ကျောင်းနေအရွယ် ကလေးငယ်တွင် ဝယ်လို့ပေးခဲ့တယ်။   အဖေ အဖေ သီတင်းကျွတ်ပြီ အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ် ဘော်ဒါအပေါင်းအသင်း သူငယ်ချင်းနဲ့ ပွဲဈေးလျှောက်ကာ ဇာတ်ကြည့်မလို့တဲ့ လူပျိုဝင်စ ထိုအရွယ်က မအိပ်ဘဲနေ စောင့်ခဲ့ဘူးတယ်ထိုညမယ်။   အဖေ အဖေ သီတင်းကျွတ်ပြီ အဲဒီတော့သားရယ် ဘာဖြစ်လဲကွယ် ထိမ်းမြားဖို့အရေး လူကြီးစုံရာတောင်းရမ်းပေးဖို့ လူပျိုရွယ်လွန် ပြုပေးခဲ့ရထိုအခါက။   အဖေ အဖေ […]


ခင္ခOctober 8, 20141min1338
” သံဝေဂ ”   ဖယောင်းတိုင်လေး ထွန်းကာပေးတော့ တစ်စတစ်စလောင် တိုသွားသည့်တိုင် အလင်းရောင်ပေး ဖြန့်ကျက်သေးလည်း နောက်ဆုံးကုန်လော့ ငြိမ်းပါပြီပေါ့ အလင်းရောင်ပျယ် မှောင်သွားပြီဟယ် ချုပ်ငြိမ်းနောက်ဆုံး ဖြစ်လေသည်။   ခင်ခ။


ခင္ခOctober 7, 20141min1759
” တန်သလောက်ဘဲ လုပ်ကြမယ်ဆို ”   သဒ္ဒါကြည်ဖြူ လောင်းတဲ့ဆွမ်းက ပိုလေမျှတော့ သွားရောက်ယူကာ ဝေကာမျှပေး ပရဟိလေးတို့ အိမ်မဲ့ရာနေ ကျုးတွေဆီသို့ ပို့ကြလို့ကွယ် သာဓုခေါ်မယ်။   ပြန်လှန်စဉ်းစား ဗိုလ်ချုပ်ပြောစကား ဗုန်းဗောလအော် သုံးကြဗမာ မချွေတာရင် အလဟတ်သတ် ကုန်ကျစရိတ်ပင် အတော်များမယ်ထင်။   မော်စီတုန်းက တရုတ်ပြည်ကြီး ထူထောင်ခဲ့စဉ် ထမင်းပုဂံထဲ ထမင်းစေ့ကျန် ထိုမြို့အတွင်း ကျန်သည့်ထမင်း စုမိခဲ့ရင် နောင်တစ်ရွာအတွက် စားလောက်လိမ့်မယ် တိုင်းထွာချက်ပြုတ် စားသောက်ဖို့ကို မိန့်ခွန်းချွေတာ ဖတ်ဖူးပါတယ်။   အဲဒီတော့ကာ သဒ္ဒါကြည်ဖြူ လှုလေသူကို မတားမကောင်း တားမကောင်းသော်လည်း မျှတစွာလေး လူခံလောင်းရင် ကောင်းလေမလား တွေးမိသွားတယ် မကျေနပ်လည်း ဆဲပေတော့။     ခင်ခ။


ခင္ခOctober 4, 20141min1379
” ထ ထ ”   ကလေးလေးဘဝက ငါချော်လဲတော့ ငါ့မြေးဘယ်နာသွားလဲ အဖွားထူပေးမယ် ထထ။   ကလေးငယ်အရွယ် ကျောင်းဝမှာချော်လဲတော့ သားဘယ်နာသွားလဲ အမေထူပေးမယ် ထထ။   အထက်တန်းကျောင်းသားအရွယ် အပြေးသွားရင်းချော်လဲလေတော့ သူငယ်ချင်းဘယ်နာသွားလဲ သူငယ်ချင်းကထူပေးတယ် ထထ။   အလုပ်ကအပြန် မြို့ထဲလျှောက်စဉ် အခန့်မသင့် ချော်လဲတော့ ကို ဘယ်နာသွားလဲ အချစ် ကထူပေးတယ် ထထ။   အိမ်ပေါက်ဝအဝင် ခလုတ်တိုက်ချော်လဲတော့ အဖေဘယ်နာသွားလဲ သားတွေကထူတယ် ထထ။   ဘုန်းကြီးကျောင်းပရဝဏ် အလှမ်းမတော်ချော်လဲတော့ အဖိုးကြီး ဘယ်နာသွားလဲ အမေအိုကြီးဖေးမထူတယ် ထထ။   အခုတစ်ခါချော်လဲလေတော့ ဘေးမယ်ထူမည့်သူမရှိ ရပ်လို့သာစိမ်းစိမ်းကြည့်နေသူကို မင်းဘာကြည့်နေတာလဲ ငါကိုထူပါအုံး ဆိုမိလေတော့ သူကပြန်ပြော ငါက မင်းပြန်ထမှာကို […]


ခင္ခOctober 2, 20141min1186
” မေးချင်လို့ “   မြစ်ကိုမြင်လျှင် တံတားဆင်လို့ တောင်ကိုတွေ့လျှင် လမ်းတွေဖောက်ပြီး သွားလာရေးများ လွယ်ကူစေဖို့ လုပ်ဆောင်ကာပေး စစ်အစိုးရလေး ဟိုဟိုဒီဒီ သွားလာလိုပြီ တစ်နယ်နှင့်တစ်နယ် ကူးကာသွားရင် ဇတ်ကူးသင်္ဘောမစောင့်ရဘဲ လွယ်ကူကာနှင့် တံတားဖြတ်နိုင် ခရိုင်ချင်းဆက် အို ကောင်းချက်ကြောင့် အချိန်မကြာ ဖြတ်လာနိုင်သမို့ သမ္မတကတောင် ကျေးဇူးတင်သတဲ့ ကဲ ဘာပြောကြမလဲ မေးစမ်းချင်ပါရဲ့။   မြေအောက်တွင်းထွက် ပြည်ပထွက်ကာ ကျွန်းတောတစ်ခွင် ပြောင်သလင်းပြင်ဖြစ် ရလာလျှပ်စစ် တရုတ်အတွက်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ ထိုင်းသို့ပို့ကာ ပြည်တွင်းမှာက ပြတ်တစ်လှည့်ငတ်တလှည့် မှောင်မှောင်မဲမဲ ဆူညံမီးစက် ချမ်းသာကြွယ်ဝ သူတို့ဘဝ ခရိုနီခေါ် ရေပေါ်ဆီနဲ့ စစ်မျိုးစစ်နွယ် အုပ်ချုပ်သူရယ် သမ္မတကထိုခေတ်ခါက အိပ်ပျော်နေလို့ မသိလေလား ထင်ကာထားမယ် ကဲ ဘာပြောကြမလဲ မေးစမ်းချင်ပါရဲ့။ […]


ခင္ခOctober 1, 20141min1145
” တစ်နေ့တာ “   တစ်နေ့တာအချိန် မှီကာပြုပြီး တွေ့လာမြင်ကွင်း ရေးကာသွင်းသည့် ပထမမြောက်ခင်ခ စပ်ဆိုပြရာ ပြန်လည်စုကာ ဖော်ပြလို့သာ တင်လိုက်တာပါ။     ” လင်းအာရုံ “ အရှေ့တစ်ခွင် လောကဓာတ်က တိုးထွက်လာမယ့် နေမင်းအရောင် ရောင်နီသန်းပါပေါ့ မြို့ဦးကျောင်းအုန်းမောင်းသံက ပျံလွင့်ကာကျက်သရေဖြာတယ် အမေအိုဆွမ်းချက်ဖို့မီးကိုမွှေးလို့ ဈေးရောင်းထွက်မည့်ဈေးသည်များရယ် မိုးလင်းရင်ခင်းကာရောင်းစို့ ဈေးသို့သွားဖို့ရယ်ဟန်တပြင်ပြင် ပဲပြုတ်သယ်ထွက်ကာရောင်းဖို့ သူလဲဘဲပြင်ဆင်ရပြီ လဖက်ရည်ဆိုင်မှပရိတ်သံက တိုးညှင်းကာထွက်စပြုတယ် နေ့တစ်နေ့ပြန်ကာစမယ်ရွယ် အာရုံတက်အချိန်အခါပါကွယ်။   …………………………………………………………………………………………………………………… ” မနက်မိုးလင်း “   အရှေ့ကထွက်ပေါ်နေမင်း လင်းရောင်ဖြာလောကဓာတ်နွေးစေဖို့ ထွန်းတောက်ကာဖြန့်လေတယ် ကျေးဌက်တို့အိပ်တန်းထသံ ဆူဆူညံနဲ့ တေးဆိုဖွဲ့ လယ်သမားကလယ်တောဆင်းပြီ အလုပ်သမားကသွားဖို့ရယ်ဟန်ပြင် ကျောင်းသားငယ်စာကျက်သံဖွဲ့ ခဏနေကျောင်းသွားရတော့မယ်ဟဲ့ အိမ်ရှင်မတွေ ဈေးခြင်းကိုဆွဲ လင်းကြက်ရယ်တွန်သံသာနဲ့ နုတ်ဆက်ကာဟစ်ကာကြွေးပါတဲ့ […]


ခင္ခSeptember 30, 20141min34827
” ပြန်လည်တူးဖော်ပြီး နုတ်ဆက်မယ် “     ဒီဂဇက် ရွာသားအမည် ကျွန်တော် ခင်ခ ပါ။ ကျွန်တော် ၂၀၁၂ ခုနှစ် မေလ (၁၈) ရက်နေ့မှာ ဒီဂဇက်ရွာသားအဖြစ် မှတ်ပုံတင်ပြုက စတင်ဝင်ရောက် ပိုစ့်ရေး ခဲ့တာပါ။ ကျွန်တော် ပထမဆုံး ရေးတင်ခဲ့တဲ့ ပိုစ့်ကတော့” သမ္မတကြီးဦးသိန်းစိန်၏ ကျန်းမာရေး သတင်း “ Posted by ခင်ခ on May 18, 2012 in Copy/Paste | 14 comments ” မနေ့က နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ သမ္မတကြီးနေအိမ်တွင် သမ္မတကြီးဦးသိန်းစိန်မူးလဲကြောင်း သိရပါတယ်။ဦးသိန်းစိန်ဟာ ၆၈နှစ်ရှိပြီး နှလုံးခုံနှုန်းကိုထိန်ညှို့ သောစက်တပ်ဆင်ထားသူဖြစ်ပြီး၊ ဆီးချိုဆိုင်ရာ ကျန်းမာရေးအားနည်သူဖြစ်ကြောင်းနဲ့ စိတ်ရောကိုယ်ပ်ပင်းပန်နေချိန်မို့အခုလို […]


ခင္ခSeptember 29, 20141min32423
“ပေါင်မုန့်ထောပတ်သုတ် ´´   ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး အရှေ့ဘက်လှည့်ဆောက်ထားတဲ့အိမ်မို့ အိမ်ရှေ့ခန်းမှန်ပြူတင်းပေါက် ဆီကို အလင်းဖျော့ဖျော့ နေရောင်ခြည်မရောက်တရောက်လေး အလင်းထိုးဖောက်နေတဲ့ မနက်စောစော အချိန် လေးပေါ့၊ အဲဒီအိမ်ရှေ့အခန်းတွင်းမှာတော့ ထမင်းစားပွဲအတော်အတင့်လေးနဲ့ ထမင်းစားခုံလေး ၄ လုံး ပတ်လည်ရှိနေပြီး ထမင်းစားပွဲပေါ်မှာတော့ အသင့်ဇျော်ပြီထားတဲ့ကော်ဖီနှစ်ခွက်နဲ့ ပေါင်မုန့်ထောပတ်သုတ်ထဲ့ ထားတဲ့ ပုဂံလေးနှစ်ခု ရေနွေးကြမ်းခွက်ကလေးတစ်ခုနဲ့ ရေနွေးခရားအိုးလေးကို ပလပ်စတစ်အနီရောင်အုပ် စောင်းလေး သပ်ယပ်စွာအုပ်ထားတယ်လေ။ ထိုအနီးနားက အသက်အရွယ်အားဖြင့် ပါးရည်တွေလျော့ရဲ မတင်း မရင်းတော့တဲ့အသားအရည်နဲ့ ဇရာအို အဖွားတစ်ယောက်ဟာ ပြူတင်းပေါက်ဆီကို စားပွဲနားကနေ လှမ်းလာပြီး အဲဒီ ပြူတင်းပေါက်မှန်နောက်ကနေ ပြင်ပပတ်ဝန်းကျင်ကိုကြည့်ကာ ပြူတင်းပေါက်မှန်တံခါးကို တွန်းဖွင့်ကာ မနက် စောစောအပြင်က တိုက်ခတ်တိုးဝင်လာတဲ့ လေနုအေးလေးက သူ့မျက်နှာကိုထိတွေ့တိုက်ခတ်လိုက် တော့ ကျေနပ်သွားသလို မျက်နှာလေးအဖြစ် ဖြစ်တည်ရင်း ပြင်ပပတ်ဝန်းကျင်ကို […]


ခင္ခSeptember 29, 20141min992
” ရပ်နိုင်ပေ့ နဲ့ ဇရာအို အလွမ်း “   ရပ်နိုင်ပေ့လို့ မြူဆွအားပေး ကလေးငယ်ကို ငယ်ကပြုတာ ကိုယ့်ခြေကိုယ်ပေါ် ရပ်တတ်ဖို့နော်။   မြို့သစ်တွေချဲ့ စက်မှုဇုံနဲ့ မြို့ကွက်ချပေး လမ်းမသာသေးတာ ကိုယ်ထူကိုယ်ထလုပ်ကြဖို့ဟ။   ကျေးဇူးကြီးလှ မိနဲ့ဖ ရေ ကိုယ်နေရပ်လေး သာယာဖို့အရေး လုပ်ဆောင်တတ်လာ ကိုယ်ထူကိုယ်ထဟာ ငယ်ကကျင့်ခဲ့ရ ရပ်နိုင်ပေ့ ပါဗျ။     ” ဇရာအို အလွမ်း”   ကလေးငယ်သွေး ငယ်ပါသေးတယ် ခွံကာမုန့်ကျွေး နို့ချိုတိုက်ပေး ပြုစုပျိုးကာ မွေးခဲ့ရှာပြီး ကျောင်းထားစာကျက် ပညာတတ်လို့ လုပ်ငန်းခွင်ဝင် ကျင်လည်ခဲ့ရ ဘဝအဖုံဖုံ အချိန်ရွှေ့လျား မရပ်နားတော့ ဆည်းဆာချိန်ခါ ဖြစ်တည်လာတဲ့ ဇရာအိုဘဝ ရောက်ခဲ့လှပြီ ငယ်ကအကြောင်း အဆိုးအကောင်းကို […]