Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


khinmintatthuJune 11, 20101min1610
“အစာအိမ်ကင်ဆာ” ကြောင့် တနှစ်မှာ လူပေါင်း ရှစ်သိန်း သေဆုံးနေရတယ်။ ကင်ဆာတွေထဲမှာ စတုတ္တအဖြစ်များဆုံး။ ကင်ဆာကြောင့် သေရတာထဲမှာတော့ ဒုတိယအများဆုံး။ တတိယနိုင်ငံတွေ၊ တောင်အမေရိက၊ အရှေ့ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ တရုတ် နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံက တတိယထဲမှာတင် ရှိသေးလား၊ စတုတ္ထအဆင့် တက်ပြီလား မပြောတတ်ဘူး။ နောက်ပြီး သွေးအုပ်စု A မှာ ပိုဖြစ်တယ်။ O က အစာအိမ်လေနာ။ ဖြစ်စမှာ ဘာမှ မခံစာရလို့ရှိပြီး၊ သိတဲ့အချိန်ဆိုရင် နောက်ကျနေပြီလို့ ပြောနိုင်တယ်။ အစာမကျေသလို၊ အစားပျက်သလိုနဲ့ စတယ်။ နောက်ကြမှ ဗိုက်နာ၊ ပျို့ချင်-အန်ချင်၊ ဝမ်းပျက်၊ စားပြီးဗိုက်ကယ်၊ လူကပိန်လာ၊ အားယုတ်လာတယ်။ ဒီအထိက သိပ်ထူးတယ် မထင်ရသေးဘူး။ သွေးယိုတာနဲ့ အစာမြိူဘို့ […]


khinmintatthuJune 11, 20101min1700
တောင်အာဖရိကတွင် ကျင်းပမည်ဖြစ်တဲ့ ၂၀၁ဝ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင် မယ်လို့ အများစု ယုံကြည်ထားကြ တဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီကသူ့ကို မာရာဒိုနာနဲ့နှိုင်းယှဉ်ပြော ဆိုနေကြခြင်းကို ကန့်ကွက်လိုက်တဲ့ စကားပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြီး ခဲ့တဲ့ သီတင်းပတ်ကမှ မာရာဒိုနာကြီး ကိုယ်တိုင် သူ့ကစားသမားကို သူ့ ထက်ပိုကောင်းသူ ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့တာတွေ ရှိခဲ့ပြန်တော့ လည်း မက်ဆီဟာ မာရာ ဒိုနာကြီး သူ့ကိုမြှောက်ပင့်ချီးကျူးပြောဆိုတာ တွေကို စိတ်ပျက်မိလို့ အခုလို ပြောဆိုတာများလားလို့လည်း ယူဆစရာ ဖြစ်လျက်ရှိနေပါတယ်။ “ကျွန်တော့ကိုအဲဒီလိုခိုင်းနှိုင်းပြောတာတွေကို မကြိုက်ဘူး။မာရာဒိုနာနဲ့ ခိုင်းနှိုင်းခံရတာဟာ ကျေနပ်စရာဖြစ်ပေမယ့် ဒါကြီးကစိတ်အနှောင့် အ ယှက် ဖြစ်နေပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ဖို့ ကမ္ဘာ့ ဖလားမှာသက်သေပြနိုင်ဖို့လိုနေပါတယ်။ကျွန်တော်ဟာ အာဂျင်တီးနား လူမျိုးပါ။ ကျွန်တော့နိုင်ငံအတွက် ကစားရတာ ကိုပဲကြိုက်ပါတယ်” လို့ […]


khinmintatthuJune 11, 20101min1770
မြန်မာနိုင်ငံမှ ကျွန်းများ ပြည်ပ ဈေးကွက်တွင် လူကြိုက်များသောကြောင့် ဈေးကွက်အခိုင်အမာရရှိ ထားသော်လည်း ကျန်သည့်သစ်မာများ ဈေးကွက်ရရှိမှု နည်းနေသေးကြောင်း သိရှိရသည်။ ကျွန်းသစ်ကိုမူ အာရှနိုင်ငံများနှင့် ဥရောပ၊ အမေရိကနိုင်ငံများအထိပါ ဈေးကွက်တင်ပို့ ရောင်းချလျက်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်းနှင့် သစ်လုပ်ငန်းရှင် များအသင်းမှ စုံစမ်းသိရှိရပါသည်။ မြန်မာနိုင်ငံရှိ သစ်တောများမှ စီးပွားဖြစ် ထုတ်ယူရောင်းချနိုင်သည့် သစ်မာအမျိုးအစားပေါင်း(၈၅)မျိုး ဝန်းကျင်ခန့်ရှိပြီး သစ်မာအမျိုးအစား(၁၀)မျိုးခန့်ကိုသာ ပြည်ပတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပြည်ပတင်ပို့ရောင်းချသည့် သစ်မာများ၌ ထောက်ကြန့်၊ ပိတောက်၊ သင်းဝင်၊ ပျဉ်းကတိုး၊ ယမနေ၊ ဘင်္ဂကဲ့သို့သစ်မာများပါဝင်ပြီး အင်ကညင်သစ် အမျိုးအစားကိုလည်း ပရိဘောဂအဖြစ် တင်ပို့ရောင်းချနိုင်ရန် စမ်းသပ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ”သစ်မာပြည်ပ ဈေးကွက်ကရှိ တယ်။ ဒါပေမယ့် ကျွန်းကပေါနေတော့ သစ်မာဘက်မလှည့်နိုင်သေး တာပါ။ အခု ဘယ်လိုဖြစ်လည်းဆို တော့သစ်တောတစ်ခုထဲကနေကျွန်း […]


khinmintatthuJune 11, 20101min2260
အာဂျင်တီးနား ကြယ်ပွင့် မက်ဆီသည် ဒဏ်ရာကြောင့် အဖွင့် ပွဲစဉ်နှင့် လွဲချော် ရတော့မည် ဆိုသော သတင်းများကို အသင်း ဆရာဝန်ဖြစ်သူက ငြင်းဆို သွားခဲ့ကြောင်း အေပီ သတင်းဌာနက ထုတ်ဖော် ရေးသားခဲ့သည်။ အဂျင်တီးနား အသင်း၏ ဆရာဝန် ဖြစ်သူက “ကစားသမား၂၃ ယောက် စလုံးရဲ့ ကြံခိုင်မှုကတော့ ဒေါင်ဒေါင်မြည် ပါပဲ။ အပြင်မှာ ကြားနေရသလို မက်ဆီ အပါအဝင် ကစားသမား အချို့  လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရခဲ့တာကြောင့် အဖွင်ပွဲနဲ့ လွဲဖွယ် ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု ပြီးခဲ့သည့် နေ့က လေ့ကျင့်ရေး အစီအစဉ် အပြီးတွင် ရှင်းလင်း ပြောဆို သွားခဲ့သည်။ အဆိုပါ လေ့ကျင်ရေး ကွင်းအတွင်း […]


khinmintatthuJune 11, 20101min2931
သီဟစည်သူ၊ ဇော်လင်းထွန်း-၂နှင့် ရာဇာဝင်းသိန်း အစရှိသည့် ပြည်တွင်း နာမည်ကြီး ကစားသမား များအား နေပြည်တော် အသင်းက တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ မြန်မာနေရှင်နယ်လိဂ် အဆင့်မြင့်တန်း ဘောလုံးပြိုင်ပွဲသို့ အသင်းသစ်အဖြစ်ဝင်ရောက်လာသော နေပြည်တော်အသင်းသည် ဒယ်လ်တာ ဂိုးသမား သီဟစည်သူ အတွက် ပြေင်းရွှေ့ကြေး သိန်း ၁၈ဝဖြင့် ကမ်းလှမ်းခဲ့ပြီး ကစားသမား ဖြစ်သူကိုလည်း လစာငွေ အဖြစ် ၁၈သိန်းအထိ ပေးမည် ဖြစ်သည်ဟု သိရသည်။ သီဟစည်သူသည် ရန်ကုန် ယူနိုက်တက် အသင်းကလည်း ကမ်းလှမ်းခြင်း ခံခဲ့ရသည့် ကစားသမား ဖြစ်ပြီး ထိုစဉ်က ပြောင်းရွှေ့ကြေး သိန်း ၁၅၀၊ လစာ ၁၅သိန်းဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာ့လက်ရွေးစင် ဂိုးသမား သီဟစည်သူကမူ […]


khinmintatthuJune 11, 20101min2861
သင်ရဲ. နာမည် ကို မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည်.လိုက်လေ။ ကျွန်တော် တော. စမ်းပြီးသွားပြီး မှန်တယ်လို. ဆိုရမယ်။ လုပ်နည်းက ဒီလို L = သင်ဟာ အချစ်ကို ကိုးကွယ်သူ I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ် N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ သဘောပေါက်ပြီးနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ. A ကနေ Z ထ ဲ က သာရှာကြည်. […]


khinmintatthuJune 11, 20101min2110
တောင် အာဖရိက နိုင်ငံသို့ ကမာ္ဘ့ဖလား ပြိုင်ပွဲ သတင်းယူရန် လာရောက် နေကြသော နိုင်ငံခြားသား ဂျာနယ်လစ် ၃ ဦး လွန်ခဲ့သည့် ညက ဓားပြတိုက် ခံခဲ့ရကြောင်း သတင်းရရှိ ပါသည်။ အဆိုပါ ဂျာနယ်လစ် ၃ ဦးမှာ ပေါ်တူဂီမှ ၂ ဦးနှင့် စပိန်မှ ၁ ဦးတို့ ဖြစ်ကြပြီး နာမည်ကျော် သတင်း ဋ္ဌာနများ ဖြစ်သည့် Expresso ၊ Global Noticias နှင့် Marca သတင်းဋ္ဌာန များမှ ဖြစ်ကြသည်။ ၎င်းတို့ ၃ ဦးသည် မာဂလိစ်ဘတ် မြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးသော နေရာတွင် ရှိသည့် ဟိုတယ် တစ်ခုတွင် အိပ်စက်နေစဉ် […]


khinmintatthuJune 11, 20101min2660
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့သော ရတနာပုံအသင်းသည် အိုင်ဗရီကို့စ်မှ ကစားသမားများကို ရတနာပုံအသင်းတွင် အစားထိုးရန်ရှိနေသော ဂျွန်နှင့် ကိုပါအိုရီတို့၏နေရာများတွင် အစားထိုုးရန်အတွက် ရိုဒရီဂွေး တာဟီ (၂ဝ နှစ်)၊ မောက်ဆာ ဆာနိုဂို (၂၃ နှစ်)၊ ဟီလာရီ အက်ဆာလီ မိုလို (၂၂ နှစ်)နှင့် အီဘရာဟင် ကနူတေး (၁၉ နှစ်) တို့ကို အစားထိုးရန်အတွက် အရန်အသင်းလိဂ်ပြိုင်ပွဲဝင်ရန် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေသော ရတနာပုံအရံအသင်းများ၏ခြေစမ်းပွဲများတွင် ထည့်သွင်းကစားစေပြီး စမ်းသပ်မှုများပြုလုပ်သွားမည်ဟု အသင်းကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ဇွန်လ ၁၂ ရက်နေ့တွင် ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားရန်ရှိနေသော ဒယ်လ်တာနှင့်ပွဲစဉ်တွင် ပွဲထွက်ကစားသမားများကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ဂျွန်နှင့် ကိုပါအိုရီတို့နှစ်ဦးစလုံး ပါဝင်နေ ကြောင်း သိရှိရသည်။ ရတနာပုံအသင်းနှင့် ဒယ်လ်တာအသင်းတို့ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်သည် မြန်မာနေရှင်နယ်လိဂ် […]


khinmintatthuJune 11, 20101min1550
ယခုနှစ်၊ ဖေဖော်ဝါရီတွင်ပြုလုပ်ခဲ့သော Cobra Gold 2010 ၂၀၁ဝ စစ်ရေးလေ့ကျင့်မှုဖွင့်ပွဲတွင် ထိုင်းစစ်သားများကို တွေ့ရစဉ်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြုလုပ်မည့် အမေရိကန်နှင့်ထိုင်းနိုင်ငံတို့၏ Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီး ဒါတွတ်ဆီရီ ဒေါက်တာအာမက်ဇာဟစ်ဟာမီဒီက ပြောကြားခဲ့သည်။ ယင်းသဘောတူညီချက်အား ၎င်းနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်တို့ လွန်ခဲ့သည့် သီတင်းပတ်က ပင်တဂွန်စစ်ဌာချုပ်တွင် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဇာဟစ်က ပြောကြားခဲ့သည်။”အမေရိကန်နဲ့ထိုင်းနိုင်ငံ ပူးတွဲပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု မှာ ပါဝင်ခွင့်ရခြင်းအားဖြင့် နောက်ဆုံးပေါ် ခေတ်မီလက်နက်တွေကို မလေးရှားစစ်တပ်အနေနဲ့ သုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်” ဟု ဇာဟစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ တော်ဝင်မလေးရှားလေတပ်မှ Nuri […]


khinmintatthuJune 11, 20101min1690
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် မေလ ၂၃ ရက်မှ ၃ဝ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် World Championship စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် စင်ကာပူအမျိုးသမီးအသင်းက ၈ ကြိမ်ဆက်ချန်ပီယံ တရုတ်အမျိုးသမီးအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ World Championship စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ၁၉၂၆ ခုနှစ်၌ လန်ဒန်မြို့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်ပြိုင်ပွဲမှာ အကြိမ် ၅ဝ မြောက်ကျင်းပခဲ့သည့် ပြိုင်ပွဲလည်းဖြစ်သည်။သို့ရာတွင် ပြိုင်ပွဲကျင်းပသည့်ပုံစံမှာ ပုံမှန်မဟုတ်ဘဲ နှစ်နှစ်ခြား၊ သုံးနှစ်ခြားကျင်းပခဲ့သည့် နှစ်များရှိသလို ဆက်တိုက်ကျင်းပခဲ့သည့် ခုနှစ်များလည်းရှိသည်။ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းမှာ တရုတ်အသင်းဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် ၁၈ ကြိမ်၊ အမျိုးသမီးပြိုင်ပွဲတွင် ၁၈ ကြိမ်၊ စုစုပေါင်း ၃၆ ကြိမ်ဗိုလ်စွဲထားကြောင်း သိရသည်။ ဒုတိယ အအောင်မြင်ဆုံးအသင်းမှာ ဂျပန်အသင်းဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် […]


khinmintatthuJune 11, 20101min2584
၂၄ လက်မ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၁၅ဝ ပို့လွှတ်မည်ဖြစ်ကြောင်း၊ ယင်းမှ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင်စက်ရုံများသို့ အဓိကပို့လွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။ ၂၄ လက်မပိုက်လိုင်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ သန်းပေါင်း ၁၅ဝ ကို ကမ်းလွန်ရတနာ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ပလက်ဖောင်းမှ ဖိအား ၁၄၀ဝ PSI ဖြင့်ပို့လွှတ်၍ ဖျာပုံခရိုင် ဒေါ်ငြိမ်း ကျေးရွာ ပိုက်လိုင်းစခန်း(Pipeline Center) မှ ရန်ကုန်မြို့သို့ ဖိအား ၈၀ဝ PSI ဖြင့် ထိန်းချုပ်ဖြန့်ဖြူးမည် ဖြစ်ကြောင်း သိရှိရသည်။ မုတ္တမကမ်းလွန် ရတနာဓာတ်ငွေ့မြေမှ အင်းစိန်ရွာမဓာတ်ငွေ့ ဖြန့်ဖြူးရေးစခန်းသို့ ဆက်သွယ်သည့် အဆိုပါ ၂၄ လက်မပိုက်လိုင်းမှ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင် […]


khinmintatthuJune 9, 20101min2212
ပုံပြင်အစ တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ ့တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား …….. “ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ” ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က “ဖန်တီးနေတဲ့လူသားမိန်းမရဲ ့အစိတ်အပိုင်းတွေကိုတွေ ့လား” ဟုမေးလိုက်လေ၏ ။ နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး…. “ဒီလက်နှစ်ချောင်းနဲ ့သူမဟာ အဝတ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀ဝ လောက်ကိုလည်း ဟိုရွှေ ့ဒီရွေ ့လုပ်နိုင်တယ် ။ အစားအသောက်မျိူးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ […]


khinmintatthuJune 9, 20109min1590
“မကြာမီလာမည်” ဆိုတဲ့ ခေါင်းစဉ်တွေနဲ ့ နည်းပညာသစ်တွေ တန်းစီပြီးရှိနေပါလိမ့်မယ် ။ ဒီခေါင်းစဉ်တွေထဲမှာ ကွန်ပျူတာ ဒေတာတွေကို သိုမှီးသိမ်းဆည်းမှုအတွက် နည်းပညာအသစ်တွေလည်း ရှိနေမှာဖြစ်တယ် ။ RAID 0 အခင်းအကျင်းနဲ ့dual-SSD drives ကို လည်ပတ်စနစ် အတွက် configure လုပ်ယူမဲ့ ကိစ္စတွေကို ကြိုဆိုနိုင်တယ် ။ ရသမျှဒေတာတွေကို ထည့်သွင်းနိုင်ယူနိုင်မယ့် စူဇကာပုဏ္ဏားလို 2TB SATA HDD တွေကိုလည်းမျှော်နိုင်တယ်။ ရုပ်ရှင်တွေကြည့်ဖို ့နဲ ့HD အရည်အသွေးနဲ ့ရုပ်ရှင်တွေကိုလည်း backup လုပ်ထားနိုင်မယ့် Blu-ray optical drives ကိုလည်း တမ်းတကြိုဆိုလို ့ဖြစ်နိုင်တယ် ။ Rig တစ်ခုကနေ နောက်ကွန်ပျူတာတစ်လုံးဆီကို အလျင်အမြန် သယ်ပို ့ပြောင်းရွှေ ့နိုင်ဖို […]