Khaing KhaingJuly 24, 20121min23366
မနေတစ်နေ့က ဘုရားဖူးသွားဖြစ်တာလေးကို ရွာသူရွာသားတွေအတွက် ဝေမျှချင်ပါတယ် ….. တခြားသူတွေလို နွေတို့ဆောင်းတို့ကို ခရီးမထွက်ပဲ မိုးတွင်းကြီးထွက်တော့ ရင်တမမနဲ့ ထွက်ခဲ့ရတယ် … ဒါပေမယ့် ပြင်ဦးလွင်နဲ့ မန်းတလေးမှာ မိုးမရွာမိုးခေါင်းနေတာကြောင့် ဆောင်းနဲ့နွေရာသီမှာ ခရီးထွက်သလို ခံစားခဲ့ရတယ် …. ကျွန်မရဲ့ခရီးစဉ်တွေထဲက မင်းကွန်းခရီးစဉ်လေးကို တင်ပြချင်ပါတယ် …….. ကျွန်မ မန်းတလေး၊ စစ်ကိုင်းကို (၂)ခေါက်ရောက်ဖူးပါတယ် … မင်းကွန်းဘက်ကိုတော့ မရောက်ဖူးခဲ့ပါဘူး … အခုတစ်ခေါက် မင်းကွန်းစစ်ကိုင်းကို ကားနဲ့တိုက်ရိုက်သွားလို့ရတော့ ကျွန်မတို့မိသားစုနဲ့ သူငယ်ချင်းစုံတွဲက ကားနဲ့သွားဖို့စီစဉ်ကြတယ် ဒါပေမယ့် ရွာထဲက ယောက်ျားဗိုက်ကြီးသည် မန်းလေးသား ကိုဖိုးထောင် နံမည်နဲ့လူနဲ့လိုက်ပါတယ် သူထောင်လို့ ဒီခရီးစဉ်က ကားနဲ့မသွားဖြစ်ပဲ ရေလမ်းခရီးနဲ့သွားဖို့ အားလုံးကစိတ်ဝင်စားသွားတယ် …… မန်းတလေး ဂေါဝိန်ဆိပ်ကမ်းမှ မင်းကွန်းကို လှေစီးသွားသွားရတယ် … […]


Khaing KhaingJuly 13, 20121min57429
ကျွန်မက မျက်နှာပေါင်းတင် ဆံပင်ပေါင်းတင် ခေါင်းလျှော်တာတွေကို အမြဲတမ်းလုပ်လေ့လုပ်ထ မရှိခဲ့ပါဘူး …… ဘာကြောင့်လဲဆိုတော့ အချိန်မရတာရယ် ငွေကြေးအကုန်အကျမခံနိုင် တာရယ်ကြောင့် တစ်လတစ်ခါ တစ်ခါတစ်လေ စိတ်ညစ်စိတ်ရှုပ်နေချိန်တွေမှသာ ဆိုင်ကိုသွားဖြစ်တယ် ….. ဆိုင်သွားပြီး မျက်နှာလေးပေါင်းတင် ခေါင်းလေးလျှော်လိုက်ရင် လူကပေ့ါ ပါးသွားသလိုခံစားရတယ် .. ဆိုင်မှာက သေချာနှိပ်ပေးနှယ်ပေးတော့ ဇိမ်ရှိတာပေ့ါ …… ခေါင်းကို အမြဲတော့မလျှော်ရဲဘူး ရောဂါဖြစ်မှစိုးတယ် …… ကျွန်မဧပြီလကုန်ကတည်းက ယခုဇူလိုင်လအထိ ဆိုင်မသွားဖြစ်ခဲ့ဘူး မျက်နှာမှာ အဖုတွေပေါက်နေတော့ ဆိုင်သွားပြီးမျက်နှာလေးပေါင်းတင်မယ် ဇိမ်လေးခံချင်တာနဲ့ ရုံးမှာ သူငယ်ချင်းတစ်ယောက်နဲ့ အဖော်ညှိဖြစ်တယ် …….. သူကဒိန်ချဉ်နဲ့တင်တဲ့နေရာရှိတယ် တို့သွားတင်ကြမယ်လေလို့ ကျွန်မကိုပြောလာတယ် ကျွန်မလည်း အချိန်သိပ်မရှိတော့ ရုံးနဲ့နီးတဲ့မြို့ထဲကိုပဲ ရုံးအပြန်သွားကြမယ်လို့ ကတိပေးထားလိုက်တယ် ….. ဒီလိုနဲ့ နှစ်ယောက်သား ချီတက်လာခဲ့တယ် ပေါင်တင်တဲ့ဆိုင်ရောက်တော့ သူကအောက်မှာ […]


Khaing KhaingJuly 11, 20121min39272
ကိုကိုနဲ့ကျွန်မ ချစ်ခဲ့တာ လေးနှစ်ကြာခဲ့ပါပြီ …….. လုပ်ငန်းတူချင်း အိုးချင်းထားအိုးချင်းထိဆိုသလို အလုပ်တွေ့ပြီးချစ်ခဲ့ကြတာပါ …….နှစ်ယောက်လုံးကအလုပ်ကိုယ်စီနဲ့ဆိုတော့ အိမ်ထောင်ကြရင် မိဘဆီက လက်ဖြန့်မတောင်းပဲ မိမိတို့ဘဝမိမိတို့ထူထောင်ချင်တော့ လစာလေးတွေကို ဖဲ့ဖဲ့စုခဲ့ကြတာပေ့ါ ……… ဒီနှစ်ဝါကျွတ်ရင်မင်္ဂလာဆောင်မှာဆိုတော့ ကိုယ့်အိုးနဲ့ကိုယ်ဆန် တန်အောင် တော့စဉ်းစားပြီး မင်္ဂလာခန်းမကို နှစ်ယောက်သား စုံစမ်းကြပါတယ် ……. နှစ်ယောက်သားစုထားတဲ့ ပိုက်ဆံလေးနဲ့ သူများတွေလို Trader Sedona တို့လိုနေရာမျိုးတွေတော့ မကပ်နိုင်ဘူးလေ …….. ဒါနဲ့ဘုန်းကြီးကျောင်းလိုနေရာမျိုကို စဉ်းစားမိတယ် အဲဒီနေရာတွေက ဧည့်ပရိတ်သတ်တွေလည်း ဝဝလင်လင်ကျွေးမွေးနိုင်တယ်လို့ စိတ်ကူးမိတယ် ဒါနဲ့ သံဒိသုခ မဟာစည်စတဲ့နေရာမျိုးတွေမှာဆောင်ချင်တယ် နံမည်ရှိပြီးသား ဘုန်းကြီးကျောင်းတွေလည်းဖြစ်တော့ ဧည့်သည်တွေလာရင် သိပ်ပြီးထူးထူးထွေထွေနေရာစုံစမ်း စရာမလိုတော့ပြန်ဘူးလေ ….. ကျွန်မတို့နှစ်ယောက်နေမယ့် အိမ်နဲ့လည်းနီး ဧပြီလောက်ကမှ သူငယ်ချင်းတစ်ယောက်က အဲနေရာမှာ ဆောင်ထားတော့ ကျွန်မလည်း သူငယ်ချင်းရဲ့အကြံဉာဏ်နဲ့ သူမဆောင်တဲ့ဘုန်းကြီးကျောင်းကိုပဲ […]


Khaing KhaingJuly 10, 20121min52031
ဒီနေ့ထွက်တဲ့ ကုမုဒြာဂျာနယ်လေးကို ဝယ်ဖတ်မိတော့ အထဲကစာသားများ ပုံများကိုကျွန်မမြင်ဖူးသလို ကြားဖူးသလို ဖြစ်မိတယ် ဒါနဲ့မန်းလေးအကြောင်းဆိုတော့ လေးပေါက်ကိုပဲ ပြေးသတိရမယ် ဟုတ်ပါတယ် လေးပေါက်ရဲ့ https://myanmargazette.net/135172/travel/photography-pictures-galleries-wallpapers-photo-tips ပို့စ်ထဲက စာသားလေးတွေပါ…. ကျွန်မရဲ့ မနေ့ကဖြစ်တဲ့အဖြစ်အပျက်ကလေးနဲ့တိုက်ဆိုင်တာပြောပြဦးပါမယ် ကျွန်မတို့ရုံးမှာ လစဉ်ကုမ္ပဏီနံမည်ကြော်ငြာပါတဲ့စာစောင်ကို လက်ခံရရှိပါတယ် …. ဘယ်တော့မှ ကျွန်မယူဖတ်လေ့မရှိပါဘူး အခြားDepartment က အမက စာစောင်ကိုအိမ်ကို ယူသွားပါတယ် အပြန်ကားပေါ်မှာ သင်္ဘောသားအကြောင်းပါတော့ ကျွန်မလည်းစိတ်ဝင်စားတော့ တောင်းဖတ်မိတယ် … တစ်ရွက်ပြီးတစ်ရွက်ဖတ်လာတာ ကျွန်မကုမ္ပဏီနံမည်ကြော်ငြာပါတဲ့ စာရွက်ရောက်တော့ အရှေ့ကိုလှန်ကြည့်မိတယ် အမဒီစာစောင်ဘယ်ကဝယ်တာလဲ ညီမတို့ Department ကစာစောင်နဲ့တူတယ်နော်လို့ပြောမှ အားလုံးကဝိုင်းဟားတာကိုခံရတယ် …… ကျွန်မရဲ့စာပေလေ့လာမှုနဲ့ပတ်ဝန်းကျင်လေ့လာမှုအားနည်းချက်တွေက အဲလိုပါ ….. ခုတော့ ဘာပဲပြောပြော သံချေးတက်နေတဲ့ ဦးနှောက်က အခုမန်းဂေဇက်ကြောင့် အလုပ်လုပ်နေပါပီ …… ရွာထဲကလူတွေကလည်း တကယ့်ကို […]


Khaing KhaingJune 12, 20121min55227
ရန်ကုန်မြို့ တော်တော်များ ရပ်ကွက်တွေ လမ်းမတွေကို ကွန်ကရစ်လမ်းတွေခင်း ပြီးသကာလ ….. စိတ်ညစ်စရာတွေက တစ်နည်းတစ်ဖုံထပ်ကြုံခဲ့ရပြန်ပါတယ် ……… လမ်းကြားတွေ လမ်းမပေါ်တွေ မှာ ကလေးမဟုတ် သူငယ်မဟုတ် အသက်ကြီးသူတွေက ဘောလုံးကန်နေကြတာလေးတွေပါ …… ညနေရုံးဆင်းချိန် လူသွားလူလာများချိန်တွေ ရာသီဥတုသာယာချိန်တွေဆို ဘောလုံးထွက်ကန်ကြတယ် အသက် ၁၆ နှစ်မပြည့်သေးတဲ့ကလေးတွေ ကစားစရာနေရာမရှိလို့ လမ်းတွေပေါ်တက်ကန်တယ်ဆိုတာ မြင်ကောင်းသေးပါတယ် … အခုဟာက လူပျိုပေါက်တွေ အသက် ၃ဝ နီးပါလူတွေ ကန်ရင်လည်း အားနဲ့မာန်နဲ့ လမ်းပဲသွားရမလား သူတို့ဘောလုံး ဂိုးအောင်ပဲ စောင့်ရမလား ထိုင်အားပေးရမလား …… စိတ်တွေက ဇဝေဇဝါဖြစ် အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ် .. လမ်းသွားလမ်းလာတွေကို အနှောက်အယှက်ဖြစ်သလို ကားတွေကိုလည်း အနှောင့်အယှက်ဖြစ်ပါတယ် ဘောလုံးတွေက ကားအောက်တွေဝင် ကားသမားတွေက ဘောလုံးကန်သူများကြောင့် ရှိန်လျော့ရ […]


Khaing KhaingMay 30, 20121min107178
အခုရက်ပိုင်း ကျွန်မရွာထဲသိပ်မဝင်ဖြစ်ဘူး …….. ရွာသူရွာသားသူငယ်ချင်းတွေက ဒါလေးဖတ်ကြည့် ဟိုဟာလေးကရီရတယ်ဆိုမှ ကျွန်မခဏဝင်မန့်ဖြစ်တယ် ……….. ကျွန်မတို့ ရုံးကပြောင်းရွေ့တော့မှာရယ် လကုန်ခါနီးအလုပ်ကိစ္စလေးတွေရှုပ်နေတာရယ်ကြောင့် ရွာသူရွာသားတွေရဲ့ပို့စ်တွေကိုတွေ့ သော် ငြားဝင်ရောက်ဆွေးနွေးခြင်းမပြုဖြစ်ဘူး ဒါပေမယ့် မထင်မှတ်ပဲ ရွာသူရွာသားထဲက တစ်ယောက် ကျွန်မကိုလာပြောတယ် ရွာထဲမှာစာသိပ်မရေးချင်တော့ဘူးတဲ့ ကျွန်မကိုလည်းမရေးဘူးလားလို့ မေးနေတယ် ကျွန်မကအချိန်မရှိလို့မရေးဖြစ်တာကိုပြန်ပြောတော့ သူကတော့ “ရွာထဲမှာ အနီလုပ်နေတဲ့ အုပ်စုရှိတယ်တဲ့” ကျွန်မလည်းမနေ့ကတိုက်တိုက်ဆိုင်ဆိုင် ကျွန်မပို့စ်အဟောင်းတစ်ခု ကိုဝင်ကြည့်မိတယ် “ပန်း”ဆိုတဲ့ပို့စ်ပါ ကျွန်မအမျိုးသားကရုံးကိုလိုက်လာတယ်လေ သူ့ကိုကျွန်မတင်ထားတဲ့ပို့စ်လေးရယ် ကျွန်မရိုက်ထားတဲ့ဓာတ်ပုံလက်ရာလေးတွေကိုပြချင်လို့ ဖွင့်ကြည့်တော့ အရမ်းကိုအံ့ဩသွားတယ် ပို့စ်တစ်ခုလုံးမှာ နီရဲ့နေတာပါပဲ ကျွန်မရဲ့ပို့စ်က မိုက်ရိုင်းတဲ့ပို့စ်တစ်ခုမဟုတ်တာတော့သေချာပါတယ် ပန်းလေးတွေပဲတင်ထားတာပါ အောက်ကမန့်ကြတဲ့ ရွာသူရွာသားတွေကလည်း ယဉ်ယဉ်ကျေးကျေးရေးထားတာပါ ဒါပေသည့်အနီတွေပေးထားတာ တော့်တော့်ကိုအံ့ဩမိတယ် အနီပေးခြင်းရဲ့ ရည်ရွယ်ချက် ကိုသေချာသိစေချင်တယ် ကျွန်မရွာထဲကိုဝင်တာ မည်သူကိုမျှအနီမပေးဖူးပါဘူး ကျွန်မရဲ့အနီအပေါ်ထားတဲ့ရည်ရွယ်ချက်က ရိုင်းစိုင်းစွာပြောဆိုတာတွေကိုပဲနီသင့်တယ်လို့ထင်တယ် ကျွန်မရဲ့ပို့စ်မှာ နီနေတာဟာ […]


Khaing KhaingMay 17, 20121min50428
အချစ်ဆိုတာ တစ်ခါတစ်လေ ခဏတာနဲ့ဖြစ်ပေါ်သလို ခဏတာပျောက်ကွယ်သွားတတ်ပါတယ် ….. တစ်ခါတစ်လေကျပြန်တော့လည်း ခဏတာဖြစ်ပေါ်လာတဲ့အချစ်က တသက်တာချစ်သွားခဲ့မိတာတွေ လည်းရှိပါတယ် …….. လူတစ်ယောက်နဲ့တစ်ယောက်က ချစ်ပုံကြိုက်ပုံ ခံစားချက်ခြင်းမတူညီကြပါဘူး ချစ်ပြီးမှ အိမ်ထောင်ပြုကြတာများပါတယ် …….. အဲဒီအချိန်မှာလည်း အချစ်ကိုနားလည်အောင် သင်ယူသင့်ပါတယ် …… ကိုယ်ကလူတစ်ယောက်ကို စချစ်ချစ်ခြင်းသူ့အကြောင်းကို အစုံသိချင်မှ သိမယ် သူ့အကြောင်းအရင်သိပြီးမှချစ်တာလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ် ကိုယ့်ဘဝအတွက်လက်တွဲဖော်လို့ သတ်မှတ်ပြီးရင်တော့ သူဘာကြိုက်တတ်သလဲ ကိုယ်ဘာကြိုက်လဲဆိုတာ အပြန်အလှန်သိအောင် ကြိုးစားသင့်ပါတယ် သူ့အကြိုက်ကိုလိုက်နိုင်အောင်ကြိုးစားသင့်ပါတယ် …… တစ်ခါတစ်လေကျတော့လည်း ခက်သား သူ့အကြိုက်ဟာ ကိုယ်မလိုက်နိုင်တဲ့အခါ အဲလိုလူမျိုးကိုလမ်းခွဲဖို့ ဝန်မလေးသင့်ဘူး အဲဒါအချစ်ကို နှလုံးသားနဲ့ဆုံးဖြတ်တာမဟုတ်ဘဲ ဦးနှောက်နဲ့ဆုံးဖြတ်တာပါ …….. ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်ပါတယ် ……. တွယ်တာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဠီကာ ဆိုတဲ့ ကောင်လေးတစ်ယောက် ငယ်စဉ်ကလေးဘဝမှာ ချစ်ကြိုက်မိကြတယ် ……. အထက်တန်းကျောင်းသူကျောင်းသားဘဝဆို […]


Khaing KhaingMay 10, 20121min53224
လူ့လောကမှာ လူအမျိုးမျိုးစိတ်အထွေထွေဆိုတာရှိကြပါတယ် ………. လူ နဲ့ စိတ် … စိတ် နဲ့  လူ…. လူတွေအကြောင်းစိတ်တွေအကြောင်း ပြောကြည့်မယ် ကြုံဖူးခဲ့တောတွေပါ ဖတ်ဖူးခဲ့တာတွေတော့ မဟုတ် လက်တွေ့ဖြစ်တဲ့အတွက် စာတွေ့နဲ့တော့ ကွာချင်ကွာလိမ့် ……. ငယ်ငယ်တုန်းကသူငယ်ချင်း …….. နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် သိပ်ခင်ရတဲ့ သူငယ်ချင်းကိုခွဲရတော့မျက်ရည်ကျရတယ် ……. သူမကတော့ဒါတွေကိုမသိပါဘူး ကျွန်မက အစွဲအလမ်းကြီးတယ် လူတွေကိုခင်မင်လွယ်တယ် …. ဒါဟာကျွန်မရဲ့အားနည်းချက်ပဲ ……. မခွဲချင်ပေမယ့်လည်း အလယ်တန်းကျောင်းတက်တော့ သူနဲ့ကျွန်မခွဲရတယ် သူက “C”ခန်း ကျွန်မက “B”ခန်း ကျောင်းအသစ် ရောက်တော့လည်း အားလုံးကပျော်နေတာပေ့ါလေ… ကျွန်မကသူ့ကိုခင်တော့ သူ့အခန်းကိုနေ့ခင်းတိုင်းသွားဖြစ်တယ် သူမကတော့ အေးတိအေးစက်ပါပဲ ကျွန်မစိတ်ထဲ အရမ်းကိုခံစားရတယ် .. ဒီလိုနဲ့ ကျွန်မ ၆ တန်းတက်တော့ သူငယ်ချင်းမလေးနောက်အသစ်တစ်ယောက်ထပ်ရတယ် သူကကျွန်မကိုသိပ်ခင်တယ် […]


Khaing KhaingApril 25, 20121min37731
တွေ့ကြုံခဲ့တာတွေကို ပြောပြချင်လို့ ပြောချင်သလိုပဲ အစီအငေါမတည့် ပြောလိုက်တော့မယ်နော် ……… ၁ … သင်္ကြန်မတိုင်ခင်က အိမ်မှာအင်တာနက်လေးသုံးလို့ရအောင်ဆိုပြီးတော့ ငွေဖြည့်ကဒ်လေး ၂ ကဒ်ဝယ်ထားမိပါတယ် ၁ ကဒ်ကအခြစ်ကြမ်းတော့ အဖတ်လိုက်ကွာထွက်သွား တယ်ရှင် အမလေးစိတ်ညစ်လိုက်တာ ပိုက်ပိုက် ၁သောင်းတော့ဆုံးပါပီ ဒါနဲ့ကွာပြီးလိပ်နေတဲ့အဖတ်လေးကို စာအုပ်ကြားထဲညှပ်ထားလိုက်တယ် သင်္ကြန်ပြီးမှ ငွေမှင်လေး ကိုခြစ်ကြည့်လိုက်တယ် ပျက်သွားတဲ့ ဂဏန်းက ၅ လုံးတောင်မှရှင် ဒါနဲ့လက်နှိပ်ဓာတ်မီးတွေ သွားကြားထိုးတံတွေ စတဲ့ကိရိယာတံဆာပလာအစုံသုံး ချွေးပြိုက်ပြိုက်ကျအောင်ကိုလုံးပန်းတော့ ပေါ်လာပါတယ် ကဒ်ကဟာနဲ့ပြန်ဆက်စပ်လို့ရသွားတယ် အမလေးပျော်လိုက်တာ တော်သေးတယ် ၁ သောင်းမဆုံးလို့ …….. အားလုံးပဲ ငွေဖြည့်ကဒ်က ငွေမှင်လေးကိုခြစ်မယ်ဆို အသားလေးသတိနဲ့ခြစ်စေချင်ပါတယ် …………   ၂……. သင်္ကြန်ပြီးတော့ ရုံးပိတ်ရက်ကကျန်သေးတယ်လေ ဒါနဲ့ အမျိုးတွေကို သတိရတာနဲ့သွားကြည့်ဖြစ်တယ် ရန်ကုန်က ZOO ကိုပြောတာနော် […]


Khaing KhaingApril 24, 20121min24144
ကျွန်မ ရွာထဲကလူတွေနဲ့ မကြာခဏဆုံဖြစ်ပါတယ် ………. ဆုံတိုင်းလည်း ကျွန်မစိတ်ထဲ အတွေးတွေ ခံစားချက်တွေ အမြဲကိန်းအောင်းနေတတ်တယ် …… အခုဘာတွေတွေးနေမိ လဲဆိုတော့ (23.05.2012) ညဘက် ရွှေလီ စားသောက်ဆိုင်မှာ ကိုဂီမြန်မာပြည်ကို ခဏအလည်လာလို့ တွေ့ဆုံပွဲလေးတစ်ခုလုပ်ဖြစ်ပါတယ် …….. အဲဒီအချိန်ကစပြီး ကျွန်မပြန်တဲ့အချိန် ညအိပ်တဲ့အချိန်ထိကိုအတွေးတွေကဝင်နေတာလေးရှိတယ်…….. ကိုဂီကို ရွာထဲကလူတွေ တော်တော်များက ခင်ကြတယ် အဲဒါဘာကြောင့်လဲ ကျွန်မအကြိမ်ကြိမ်စဉ်းစားမိတယ် ……. ကိုဂီက ထက်မြက်လို့လား သဘောကောင်းလို့လား ကိုဂီလိုတော်တဲ့လူတွေ ရွာထဲမှာအများကြီးရှိပါတယ်……… ဒါပေမယ့်ကိုဂီကို အားလုံးကခင်ကြတယ် လူတိုင်းပါးစပ်ဖျားမှာလဲ ကိုဂီဆိုတာရှိတယ် ………. အဲဒါ ရွာသူရွာသားတွေကိုမေးချင်လို့ပါ ဖြေချင်ရင်လည်းဖြေပါ မဖြေချင်လည်းရပါတယ်………… ဒီလို လူတကာရဲ့ ချစ်ခင်မှုကိုခံနေရတဲ့ ကိုဂီကရော စိတ်ထဲဘယ်လိုဖြစ်နေမလဲ ကျွန်မမြင်တာကတော့ ကိုဂီက တစ်ကယ့်ကိုရိုးစင်းတဲ့လူတစ်ယောက်လို့မြင်တယ် ………..     […]


Khaing KhaingApril 10, 20124min32236
လေးပေါက်ရေ ကျေးဇူးနော် တင်ပုံလေးကို သင်ပေးလို့ ……… တော်တော်စိတ်ရှည်ရတာပဲ …. ဒါတောင်ကိုးနတ်ရှင်ကောင်းလို့တော်သေးတယ် ……… ဒီပုံတွေဘာလို့ရိုက်ဖြစ်လဲဆိုရင် တစ်နေ့တူရကင်မလာလေးကို ကိုင်ပြီး ကပ်ပီတယ်ရှေ့ကပန်းလေးတွေကိုရိုက်တော့ တူရက ကိုဂီက ပန်းလေးတွေက အနောက်ကဘက်ဂဒေါင်းဝါးအောင်ရိုင်တဲ့နည်းကိုပြောတယ်မခိုင် အဲဒါမျိုးရိုက်ကြည့်ပါလားဆိုတာနဲ့ အိမ်မှာ ပျင်းပျင်းရှိ လိုက်လျှောက်ရိုက်မိတာ …….. ခရေပန်းလေးကို ရေဖျန်းပြီး ရိုက်ထားတာပါ အုန်းပင်ပေါ်ကိုတက်ခူးထားတာ     ကြည့်သွားရင်ကိုပဲ ကျေနပ်ပါတယ် ……..   နောက်မှဆက်ရိုက်ကြည့်ဦးမယ်ဗျာ …..


Khaing KhaingApril 9, 20121min42115
အဘဖောရေ ရွာထဲကထွက်ချင်ပေမယ့် ထွက်လို့မရသေးဘူးဗျာ ………… မီးကတော့စိတ်ထဲရှိရင် မြုံမထားတတ်ဘူး တစ်ခုခုဆိုပြောလိုက်ရမှကျေနပ်တယ်ဗျာ ဒီပို့စ်ကိုဖတ်ပြီး တစ်ခြားသူတွေလည်း သိသင့်တာလေးတွေသိရအောင်လို့ပါ ……..ဒီရွာထဲက ထွက်မယ်ဆိုတော့ ရွာသားတွေက ရွာထဲကို ပြန်ဝင်လာခဲ့ပါ နံမည်ပြောင်းလိုက်ပါ ဒါမျိုးတွေနဲ့အကြုံဉာဏ်အမျိုးမျိုးပေးကြတယ် ဒါပေမယ့် အဲဒီလိုအလုပ်မျိုး မီးမလုပ်ဘူး မီးကရွာသူရွာသားတွေကိုခင်တယ် မီးကိုလည်း Khaing Khaing ဆိုတဲ့နံမည်နဲ့လူတွေသိကြတယ် ဒါကိုပဲမီးကကြိုက်တယ် ……. မီးအဓိကထွက်သွားတဲ့ ရည်ရွယ်ချက်က ဒီလိုပါ ……… Pls see b/m……. ရွာထဲကထွက်တာ ဘာကြောင့်ဆိုတာ ဒီစာလေးတွေကိုကြည့်ပါ ဒါကအဘဖောရဲ့ပို့စ်ထဲမှာ ဒီနေ့ပြန်ရှင်း ပြထားတာလေးတွေပါ …….. Khaing Khaing says: အဘဖောရေ လူတစ်ကိုယ် စိတ်တစ်မျိုး စဉ်းစားပုံစဉ်းစားနည်းတွေကလည်း မတူကြပါဘူး … မီး ရွာထဲကထွက်တာ အဘကိုစိတ်ထဲဘယ်လိုမှမနေပါဘူး မီးရှင်းပြပရစေ အဘပို့စ်ကိုရှာပြီး […]