Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီဝါကျွတ်တွင် မင်္ဂလာဆောင်တော့မည် ………

Khaing KhaingJuly 11, 20121min53072

ကိုကိုနဲ့ကျွန်မ ချစ်ခဲ့တာ လေးနှစ်ကြာခဲ့ပါပြီ …….. လုပ်ငန်းတူချင်း အိုးချင်းထားအိုးချင်းထိဆိုသလို အလုပ်တွေ့ပြီးချစ်ခဲ့ကြတာပါ …….နှစ်ယောက်လုံးကအလုပ်ကိုယ်စီနဲ့ဆိုတော့ အိမ်ထောင်ကြရင် မိဘဆီက လက်ဖြန့်မတောင်းပဲ မိမိတို့ဘဝမိမိတို့ထူထောင်ချင်တော့ လစာလေးတွေကို ဖဲ့ဖဲ့စုခဲ့ကြတာပေ့ါ ……… ဒီနှစ်ဝါကျွတ်ရင်မင်္ဂလာဆောင်မှာဆိုတော့ ကိုယ့်အိုးနဲ့ကိုယ်ဆန် တန်အောင် တော့စဉ်းစားပြီး မင်္ဂလာခန်းမကို နှစ်ယောက်သား စုံစမ်းကြပါတယ် ……. နှစ်ယောက်သားစုထားတဲ့ ပိုက်ဆံလေးနဲ့ သူများတွေလို Trader Sedona တို့လိုနေရာမျိုးတွေတော့ မကပ်နိုင်ဘူးလေ …….. ဒါနဲ့ဘုန်းကြီးကျောင်းလိုနေရာမျိုကို စဉ်းစားမိတယ် အဲဒီနေရာတွေက ဧည့်ပရိတ်သတ်တွေလည်း ဝဝလင်လင်ကျွေးမွေးနိုင်တယ်လို့ စိတ်ကူးမိတယ် ဒါနဲ့ သံဒိသုခ မဟာစည်စတဲ့နေရာမျိုးတွေမှာဆောင်ချင်တယ် နံမည်ရှိပြီးသား ဘုန်းကြီးကျောင်းတွေလည်းဖြစ်တော့ ဧည့်သည်တွေလာရင် သိပ်ပြီးထူးထူးထွေထွေနေရာစုံစမ်း စရာမလိုတော့ပြန်ဘူးလေ ….. ကျွန်မတို့နှစ်ယောက်နေမယ့် အိမ်နဲ့လည်းနီး ဧပြီလောက်ကမှ သူငယ်ချင်းတစ်ယောက်က အဲနေရာမှာ ဆောင်ထားတော့ ကျွန်မလည်း သူငယ်ချင်းရဲ့အကြံဉာဏ်နဲ့ သူမဆောင်တဲ့ဘုန်းကြီးကျောင်းကိုပဲ ရွေးလိုက်မိတယ် …….. အဲဒီဘုန်းကြီးကျောင်းက အခု တော်ဝင်စင်တာအနီးမှာရှိတဲ့ နံမည်ကြီးကျောင်းပါ ……သူဆောင်တုန်း ကတော့ ကောင်းပါတယ်……  ကျွန်မအလှည့်ကျမှ စိတ်ရှုပ်စရာ ဇာတ်လမ်းကစတော့တာပဲ ခန်းမကြေးကတော့ ၂သိန်း၂သောင်း ပေးရတယ် …… ထားပါတော့လေ ဒါကတော့ သူ့ကြေးနဲ့သူကို ကျွန်မကလည်း စောဒကလေးတက်တာ အကျင့်ပါတော့ သူတို့မင်္ဂလာဆောင်သူတွေနံမည်ကိုကပ်ရင်ဘယ်လိုဒီဇိုင်းကပ်ပေး မလဲသိချင်တာပေါ့ ……. ပုံစံပြတော့ ကျွန်မသိပ်သဘောမကျဘူး နံမည်စာလုံးကိုပန်းရောင်သုံးထားတော့ ဓာတ်ပုံရိုက်ရင် နံမည်ကသိပ်မပေါ်ဘူး မထင်ရှားဘူးဖြစ်နေတယ်လေ စာလုံးအရောင်ပြောင်းခိုင်းတော့ မရှိဘူးတဲ့ တစ်နှစ်စာ ဒီတစ်ရောင်တည်းပဲသုံးတယ်တဲ့ ထားပါတော့ ဒါကလည်း ရေးကြီးခွန်းကျယ်မဟုတ်ပါဘူးလေ ….. နောက်တော့ ကျွန်မက သတိုးသားလောင်းဘက်လှည့်ပြီး စရံငွေတွေပေးစရာရှိပေးထား တို့ကအခု ဓာတ်ပုံဗီဒီယိုဆရာတွေဆီကို သွားရဦးမယ်လို့ပြောတော့ အဲဒီမှာ ငွေလက်ခံတဲ့ ကိုကိုက အမတို့ရေ ပြင်ပဓာတ်ပုံဗီဒီယိုဆရာတွေကို ကျွန်တော်တို့ခန်းမကလက်မခံပါဘူးတဲ့ ကျွန်မလည်း စိတ်အချဉ်ပေါက်ပေါက်နဲ့ ဒါဆိုငါတို့က မှတ်တမ်းတင်ဓာတ်ပုံတွေဘာတွေမရိုက်ရတော့ဘူးလား ဓာတ်ပုံမရိုက်ရတဲ့ တားမြစ်နယ်မြေလားလို့ ပြန်ငေါ့မေးမိတယ် …….. ကောင်လေးက “ မဟုတ်ဘူးခင်ဗျ ကျွန်တော်တို့ဓာတ်ပုံဗီဒီယိုဆရာရှိတယ်ဗျ အဲဒီလူကိုပဲ သုံးခွင့်ပြုပါတယ်ခင်ဗျ ”တဲ့လေ …….. ဟင် ….. ဒါဆိုငါတို့ကနင့်ဓာတ်ပုံဆရာရိုက်တာကောင်းကောင်း မကောင်းကောင်း ကျိတ်မှိတ်အရိုက်ခံရမှာပေ့ါဟုတ်လား …….. ကျွန်မအခုလိုအခြေတင်ဖြစ်နေတော့ သတို့သားလောင်းက ကျွန်မကို လက်တို့ပါသည် လျှော့ပေးလိုက်ပါကွာ …… ဆိုတဲ့သဘောပေ့ါ ….. ကျွန်မလည်းသူတို့ဓာတ်ပုံဆရာကို ကြေးဘယ်လောက် ဘယ်လိုတွေရိုက်ရမလဲမေးမိတော့ ပုံ ၁၀ဝ အနည်းဆုံးရိုက်ရမယ် အမ …… ဗီဒီယိုကတော့ ၁သိန်းခွဲပါ …….. စိတ်ညစ်လိုက်တာ စိတ်ညစ်လို်ကတာ ငါက မင်္ဂလာမဆောင်ခင် ပန်းခြံတွေဘာတွေလျှောက်လည်တာအရင်ရိုက် ပြီးမှ ခန်းမမှာရိုက်မှာ င့ါမင်္ဂလာဆောင်ခွေကို ရုပ်ရှင်လိုရိုက်ချင်တာ ခုတော့မှန်းချက်နဲ့နှမ်းထွက် မကိုက်တော့ဘူး ဒီလိုနဲ့ ဘုန်းကြီးကျောင်းဝန်းဆိုတော့ သည်းခံပြီးစိတ်လျော့ပြန်လာခဲ့ပါတယ် ယူချင်အုံးဟဲ့ယောက်ျား ချဲ့ချင်အုံးဟဲ့ဇာ ………

အဆင်မပြေတာတွေများ တွေ့လိုက်ရင်ဆက်တိုက်ချည်းပဲ ခန်းမရှေ့မှာ စုံတွဲပုံထောင်ချင်လို့  ဓာတ်ပုံဆိုင်မှာ ဓာတ်ပုံသွားရိုက်မယ်လုပ်တော့ ကျွန်မတို့ဆိုင်က ဓာတ်ပုံပဲရိုက်တာအကျီင်္ မိတ်ကပ်မလိမ်းပေးဘူးတဲ့ ….. ဈေးကျတော့ သူများနည်းတူယူတယ် သူများတွေလို ဘာserviceမှ မရှိ ဘာမှမစုံလင် ……. ကျွန်မမြည်တွန်တောက်တီးနေတာကို ဘေးကတစ်ယောက်ကတော့ စိတ်ပျက်တဲ့ပုံနဲ့ နှုတ်ပိတ်နေလေရဲ့ ……….

ဒီလိုနဲ့မင်္ဂလာဆောင်သည့်နေ့ကို ရောက်လာပြန်တယ် ကျွန်မစိတ်ကမဖြောင့် စားပွဲကမှာထားတာ ပွဲ၅၀ဝ ဖိတ်ထားတာ လူ ၂၀ဝ လာတာတော့ ခန်းမအပြည့် စားပွဲလောက်ပါ့မလား စိတ်ပူနေသည် ဒါနဲ့ကျွန်မအမျိုးတစ်ယောက်ကို စားပွဲပြင်တဲ့နေရာမှာ သွားစောင့်ကြည့်ခိုင်းရသည် သူတို့က ဘုန်းကြီးကျောင်းမှာလုပ်ပေးသည်ဆိုပေသည့် မယုံရ ……. ထည့်ချင်သလိုထည့် ပိုတာတွေသိမ်း ဒါတွေက ရိုးနေပြီ …….. အကွက်စေ့စေ့စီမံတတ်တဲ့ကျွန်မ အစပိုင်းအစီအစဉ်က စိတ်ကသိ ကအောက်ဖြစ်ခဲ့ရပေမယ့် မင်္ဂလာပွဲကို အေးအေးဆေးဆေး ကျင်းပခဲ့ပါတယ် ……..

 

Khaing Khaing

72 comments

  • pan pan

    July 11, 2012 at 2:03 pm

    နေရာဦးရင်း မန့်ဘီမူပိုင်ရှင်မမ
    အဲ့လာဘယ်ဘုန်းကြီးကျောင်းလဲ
    တမီးကလှည့်ကျ ရှောင်ရအောင်လို့
    ခုကတည်းက ကြိုစီစဉ်နေတာလေ :mrgreen:

    • Inz@ghi

      July 11, 2012 at 2:07 pm

      ဟုတ်လား ခြစ် …ဘူနဲ့လဲ ခြစ်..
      ခစ်ခစ်…

      အထင်ခံရလည်း မနည်း ဆိုပီး …
      ကြိုးစားမန့်ရှာတယ်….
      အာဟိ…

      • ကြောင်ဝတုတ်

        July 11, 2012 at 4:22 pm

        မသိရင် မသိသလိုငြိမ်ငြိမ်နေကွာ…
        ပြောချင်ဘူး…. ဒါပဲ…ဟိ

    • Khaing Khaing

      July 11, 2012 at 2:34 pm

      ဒေါးးးးးး ပန်ပန် ညည်းအဲလိုတုံးလို့ ရည်စားမရတာ …….. တော်ဝင်စင်တာနားကပါဆိုနေမှ ….. ဒဲ့မပြောချင်ပါဘူးဆိုနေမှ ဇွတ် …… မိဂီကလည်းဇွတ် … ညည်းကိုအတင်းကပ်နေပါလားအေ့ …….

      • Inz@ghi

        July 11, 2012 at 2:42 pm

        ဂနေ့ … လက်သန်းလေးထိုးထိုးပီး .. လဗ်အစ်စ် အက်စီးဒန့်
        ဆိုတဲ့ မေးရိုးကားကားလေး ..ကို ကြွေနေတာပါဆို ….မှည့်ကလေးနဲ့လေ…
        အဟိ…
        :mrgreen:

      • Inz@ghi

        July 11, 2012 at 2:59 pm

        သူများ သွားပြောနေသေးတယ်…
        သူတောင် ..အိုးချင်းထိ လို့ စွံတဲ့ ဥစ္စာများ ..မသိရင်ခက်မယ်..
        အာဟိ..

        ကျုပ်ညလေး က … မိန်းကလေးဒွေ ..၈၀%လောက်ရှိတဲ့
        နေရာမှာ ရက်၁ထောင်လောက်နေခဲ့လို့ အရွယ်တောင် တဆိတ်ဟိုင်း
        သွားရရှာတာ ပါကွယ်…..

        ဟုတ်တယ်နော် ခြစ်ညလေး…

        :mrgreen:

        • Khaing Khaing

          July 11, 2012 at 3:05 pm

          ပန်ပန် အခုလိုဖြစ်တာ မိဂီ ညည်းညံ့တာလည်းပါတယ် ….. ကိုယ့်ညီမလေးအတွက် မာကတ်တင်း လေးဘာလေး မဆင်းပေးဘူးလား ……..

          ကျုပ်တို့က အိုးချင်းထားပီးထိခဲ့တာမဟုတ်ဘူးအေ့ ….. ကြိုးချင်းငြိခဲ့တာပါအေ့ …. မသိရင်မှတ်ထား ………

        • Inz@ghi

          July 11, 2012 at 3:22 pm

          တိန်
          သူ့ဟာသူ သူ့မိဘကိုသည်အချိန်ထိဒုက္ခပေးတာ
          ကျုပ်အပြစ်လားအေ့

          မွှားပါဒယ်

          မအားဝူ့ချင့် ကျုပ်က
          ကိုယ့်ဟာကိုယ်မီးဖွင့်မဝင်ဖို့လုံးပန်းရဦးမယ်
          ဒါဗျဲ

        • pan pan

          July 11, 2012 at 3:22 pm

          မိန်းကေလေးတွေချည်းရှိတဲ့နေရာမှာ ရက်၁၀၀ဝမကဘူး
          ၄နှစ်တောင် အချိန်တွေနှမြောထှာ (ကျောင်းတုန်းက)
          ပြီးတော့ အလုပ်ဝင်ရရော
          အဲ့မှာလည်း မိန်းကလေးတွေ၈၀%ပဲ
          အဲ့ဒါလည်း ၄နှစ်ပဲ
          ရှိတဲ့၂၀%ကလည်း ရေလယ်ဂွမ်းတဲ့ဟာတွေချည်းပဲ
          မယုံရင် ကိုဂီ့ကိုနမူနာကြည့်
          ခုတောင် အချိုးချကြည့်ရင် ၁ဝး၁ ဖြစ်နေတာ

          ဒါနဲ့ ပြောရအုံးမယ်
          ပန်ပန့်ကို ကြိုက်မယ့်လူမရှိတာမဟုတ်ဘူးဆိုတာလေး ခိခိ :mrgreen:
          (တော်ကြာ မောင်ဂီကနေ့ချဉ်နေတဲ့အကြောင်းထဲကလိုဖြစ်မှာလည်းစိုးရသေး)
          အရွယ်တော်တဆိတ်တော့မဟိုင်းပါရစေနဲ့ဦး
          မဟိုင်းလည်း မဟိုင်းသေးပါဘူး
          ခုအေလိုဒိုက်သောက်နေတယ်(နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်)တဲ့
          ပြီးတော့ ဂျင်ဗဲလားဂျိတ်ရိုးသုံးနေတယ်
          ဘာမှတ်လဲ ဟွန့် 😡

        • Inz@ghi

          July 11, 2012 at 3:55 pm

          အင်…
          နာ့များ ဂွမ်းတယ်ဆိုဘဲ …
          🙁
          ဂျုလော နဲ့ တူပါ တယ်ဆို ….
          စိတ်ထိခိယက်သွားဘီအေ…

        • pan pan

          July 11, 2012 at 3:29 pm

          ကိုဂီက သင်တော့သင်ပေးပါတယ် သူ့စတွက်ဒဂျီတွေ
          သူသင်ပေးတဲ့ဟာ သုံးရအောင်က သူတောင်ခုမေးကွဲလေးနှိပ်စက်လို့ကြောင်တောင်တောင်ဖြစ်နေတာ
          ဘာတဲ့ သူသင်ပေးတဲ့နည်းက မုန့်ဟင်းခါးနဲ့ ဟာလဝါတဲ့ 😆

        • Vincent

          July 11, 2012 at 4:29 pm

          ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို မတင်ရ။
          ဒါဗျဲ

        • ကိုရင်စည်သူ

          July 11, 2012 at 5:47 pm

          hey, Khaing Khaing
          How r u in there? Ur post is good for me.
          Bcoz I will be marry when i will go back to Myanmar. 😀
          Inzaghi is always funny guy. He is like a Joker in a Poker. 😛
          Good luck everyone.

        • Khaing Khaing

          July 12, 2012 at 11:25 am

          Dear Ko Sithu,

          အခိုင် အစစအရာရာ အဆင်ပြေပါတယ် …… ကိုစည်သူလည်း အခုပင်လယ်ပင်ကြီးထဲကို ရောက်နေပီပေ့ါ ပြန်လာလို့မင်္ဂလာဆောင်ရင် ဖိတ်စာပို့လိုက်နော် … အဲဒီအခါကျရင် Update ဖြစ်တဲ့ မင်္ဂလာခန်းမကို စုံစမ်းပေးထားတယ် …….. အဲဒါမှမကျေနပ်ရင် ရွာသူရွာသားတွေစုပေါင်းပြီး ကရင်စည်သူအတွက် မင်္ဂလာခန်းမအသစ်ဆောက်ပေမယ်ရှင့် ….

          ခင်မင်စွာဖြင့်
          Khaing Khaing

  • mamanoyar

    July 11, 2012 at 2:05 pm

    အန် ခန်းမကလဲ စိတ်တိုစရာ
    သူ့ခန်းမငှားပြီး ဓါတ်ပုံကတော့ ကိုယ်ရိုက်ချင်တဲ့သူနဲ့
    ရိုက်မှာပေါ့

    • Khaing Khaing

      July 11, 2012 at 2:49 pm

      မြန်မာပြည်မှာက လုပ်စားကိုင်စားရတာသိပ်ကောင်းတယ် ……. ဘုရားတွေ ပန်းခြံတွေမှာ ကန်ထရိုက်ယူသူတွေသာ ဓာတ်ပုံဗီဒီယိုရိုက်ခွင့်ရတာတင်မကဘူး အခုမင်္ဂလာခန်းမပါ ကန်ထရိုက်ယူနေ ကြပြီ …… ကဲဓာတ်ပုံဆရာတွေဆရာမတွေရေ အသိမိတ်ဆွေ အကပ်တွေများ ရှိရင် မင်္ဂလာခန်းမတွေကို ကန်ထရိုက်ရဖို့ကပ်ထားကြပါဗျို့ ………

  • မောင်ပေ

    July 11, 2012 at 2:17 pm

    ကြုံဆုံလာတဲ့ ကျုပ် နဲ ့လမ်းမပေါ်
    ဟန်တွေပန်တွေ ကို ဘဲ ကြည့်နေတုန်း
    ကျုပ် စိတ်… အို..မလုံပါဘူး
    သူ ဘာများပြောမလို ့လဲ..
    ကြွေနေတာတွေကို
    ရင်ဖွင့်ပြောမယ်လို ့ထင်တယ်….
    ဟီဟိ
    ( မခိုင်ကြီး ၏ သီချင်းစာသား အနဲငယ် ကို မခိုင်ခိုင်၏ ပို ့စ်တွင် လာရေးသည် )

    • Khaing Khaing

      July 11, 2012 at 2:51 pm

      ဟင် …… အရှက်ကိုမရှိဘူး ဘာကြီးလဲဟ သူကပဲဒီလိုသီချင်းဆိုနေရတယ်လို့ …… ယောက်ျားကြီး တန်ပေမယ့် …. အဲဒါမိဂီပြောသလို လိင်ခွဲခြားဆက်ဆံလိုက်တာ ကိုပေကို …… ခစ်ခစ်ခစ်

  • water-melon

    July 11, 2012 at 2:18 pm

    အော် ဝါကျွတ်ရင် စိတ်ညစ်တယ်
    သူများတွေဆောင်ပြီး ကိုယ်မဆောင်ရလို့
    အဟီ
    ဆောင်ထားပေါ့အေ
    နာ့အလှည့်ကျရင် ဆီဒိုးနားမှာဆောင်ပြီး ကော်ဖီဘဲတိုက်မယ်
    အဟီ

    • Khaing Khaing

      July 11, 2012 at 2:53 pm

      သတိ/

      ရွာသူရွာသား မိတ်ဆွေသူငယ်ချင်းများ၏ မည်သူ့မင်္ဂလာဆောင်မှ မတက်ပါ ….. အဘယ့်ကြောင့် ဆိုသော် လက်ဖွဲ့မပေးချင်သောကြောင့်ဖြစ်ပါသည် …….. မလွှဲသာ၍ Dinner ကိုသာလာပါမည် ….. မဆန့်မပြဲအဝစားချင်သောကြောင့် ……….

      • R Ga

        July 11, 2012 at 4:51 pm

        ထပ်ဆင့်သတိပေးချက်၊

        အထက်ပါကွန်မန့် ပါ မခိုင်ခိုင်ပြောသော အဆိုအား ရာနှုန်းပြည့် အကြွင်းမဲ့ ထောက်ခံအပ်ပါသည်။ မှတ်ချက်။ Dinner ဆိုလျင်လည်း အစား ချည်းသက်သက်ဆိုမလာပါ။ လက်ဖွဲ့ကောင်တာ ထားလျင်မလာပါ။ အရက်မပါလျင်မလာပါ။

        ပုံ
        အာဂ

        • မစ္စတာ တောက်တဲ့

          July 11, 2012 at 6:52 pm

          ဘီယာပဲ ပါဒယ်ဆိုရင်ဂေါ
          လာမလားဟင်င်င်
          ဒါနဲ့ စကားမစပ်
          ဆင်မည်းကြီး ဖြူတဲ့အခါ ကျုပ်မင်္ဂလာဆောင်မှာ ဖြစ်တဲ့အတွက်
          ကြိုတင် ဖိတ်အပ်ပါဒယ်နော့ … 😀

  • အရင့်ရောင်

    July 11, 2012 at 2:23 pm

    အောင်ပါစေ…….အောင်ပါစေ
    သပြေနုခက်ဝေ ဇေကျတုနဲ့ခြွေ
    …………………..
    ………………..
    ြီကီးပွါးရေးလည်း သမီးရည်းစားရေးလည်း
    အကြီးကြီးစားပြီးအောင်ပါစေ…………….
    ဟိဟိ

    • Khaing Khaing

      July 11, 2012 at 2:54 pm

      ငါစားတာ သူမြင်သွားတယ် ဒါကြောင့်စောင်းရေးထားတာဖြစ်မယ် …….

      • water-melon

        July 11, 2012 at 2:59 pm

        ဘာစားတာလဲဟင် ????????

        • Khaing Khaing

          July 11, 2012 at 3:06 pm

          မုန့်တီသုတ်အေ့ …… ညည်းစားချင်လို့လား ….. ဟိုနေ့က ကန်ဘောင်မှာသွားစားတာလေ ……. အားကျနေလား …….

      • အရင့်ရောင်

        July 11, 2012 at 3:12 pm

        အဲလိုလည်း ဟုတ်ပါဘူးနော်
        ဟိဟိ
        တိရဲ့တားနဲ့
        ဟီဟိ

    • snow white

      July 11, 2012 at 3:32 pm

      ကိုအရင့်ရောင် အားကျနေတယ်မဟုတ်လား ကိုအရင့်ရောင်အားမကျ နဲ့ မိုးမိုးသီချင်း တပုဒ်လက်ဆောင်စနိုးပေးလိုက်မယ် “အသက် ၄ဝ လူတွေမေးတယ် ဘယ်တော့များမှစား ရမှာလည်း ” ဘယ်တော့စနိုးတို့ စားရမှာလည်း ကိုအရင့်ရောင်ကျန်းမာရေးလည်းဂရုစိုက်အုံး ဟိုနေ့ကမှ သိလို်က်တာ ဆေးရုံလည်းတင်ရတယ်ဆို ကျန်းမာရေးဂရုစိုက် ဒီဝါကျွတ် မြန်မြန်လေး ယူတော့ ရွာထဲ အိမ်ထောင်တစ်ယောက်ကျသွားရင် ရွာထဲ မျိုးဆက်သစ် လေးတွေ တိုးတာပေါ့ ဟီးးးးးးးးးးးးးးးးးးးးးးးးးနားမလည်ပါးမလည်ဆရာမကြီး လုပ်လိုက်တာ…

      • အရင့်ရောင်

        July 11, 2012 at 3:45 pm

        မျိုးဆက်သစ်ကိုမျှော်လင့်တာလား မိစနိုး
        ဒါမှမဟုတ် အရင့်ရောင် တို့ သားလေး ကိုမျှော်လင့်တာလား နော်
        မစွန်တော့တဲ့ အဆုံးတော့ အဲလိုပဲဖြစ်မှာပါပဲနော်
        ဟီဟိ
        စောင့်လို့တော့ နေရစ်ဦး……..(ခင်မောင်တိုး လေသံဖြင့်)

        • snow white

          July 11, 2012 at 4:44 pm

          ဖအေတူသားဆိုလိုကတော့ ရုပ်ကလည်းစိုးမှာကျိန်းသေတယ် မစွံတဲ့ထဲ မှာမိစနိုးတို့မပါဘူး မယူချင်သေးလို့နော်

  • laypai

    July 11, 2012 at 2:29 pm

    ဆောင်ပြီး သွားပြီလား၊
    တကယ် ကို ခု သီတင်း ကျွတ်မှ ဆောင် မယ် မှတ် ပြီး ဆောင်ခါနီး ဖိတ်စာ စကန် ဖတ်ပြီး တင်လို့ ပြော မလို့။
    ဘာ ပြောပြော တို့ ရွာ ထဲက နီး စပ်ရာ လူ တွေ လာ ကြ မှာ။
    လက်ဖွဲ့ ပစ္စည်း ပါ မပါ တော့ မပြော တတ်ဖူး။

    ခန်းမ ကလဲ နော် တို့ တောက လူ တွေ ပြော သလို
    ရိုက်ပေါက်

    • Khaing Khaing

      July 11, 2012 at 2:56 pm

      ဟီးးးးးးးးး …….. မပြီးသေးဘူး တမင်ဇာတ်သိမ်းလိုက်တာ …… အခုမှဆောင်ဖို့လုပ်တုန်း …… ဖေဖေါ်ဝါရီမှာဆောင်မှာ …….. ဖိတ်စာတော့ မပေးတော့ဘူး …… ကိုယ်ဆောင်တာမှ မဟုတ်တာ …… ဘယ်ပေးလို့ရမှာလဲလို့ ………..

  • နွေဦး

    July 11, 2012 at 2:46 pm

    အဲသည်ဘုန်းကြီးကျောင်း..နံမယ်ကြီးဘဲလေ…
    Package နဲ့ ဝန်ဆောင်မှုပေးတာ..
    အဆင်ပြေပြေ မပြောရင် ရေဘိုးမီးဘိုး ကအစ ထပ်တောင်းတယ်လို့ ကြားဖူးတယ်..
    စီးပွါးဖြစ် လုပ်စားနေကြတာ.. ဘုန်းကြီးတွေက သိမှာမဟုတ်ဘူးထင်တယ်..
    အချိန် မစောင့်ရအောင် နောက်တဆောင်တောင်ထပ်ချဲ့ဘို့လုပ်နေဆိုဘဲ..
    အဲ…ကျုပ်သိတဲ့ကျောင်းကိုပြောတာနော်…ခိုင်ခိုင်ပြောတဲ့ ကျောင်း ဟုတ်ချင်မှဟုတ်မယ်နော်….

    • Khaing Khaing

      July 11, 2012 at 2:59 pm

      ကိုနွေဦးသိတဲ့ကျောင်းလားဘာလားတော့မသိဘူး …….. ဟိုနေ့ စစ်ကိုင်းတိုင်းက ခေါင်းလောင်းရှိ တဲ့မြို့နံမည်နဲ့တူတယ်လေ ……. ခစ်ခစ်ခစ် ဧပြီတုန်းကသူငယ်ချင်းဆောင်တုန်းက အဲလိုမဟုတ် ဘူး အခုမှ စနစ်သစ် …… သင်ရိုးသစ် ………

  • Ma Ei

    July 11, 2012 at 2:53 pm

    ဝါကျွတ်မှာ ဆောင်ကြမည့်သူတွေ
    သေချာဖတ်ကြည့်ကြပါနော်…

  • ko khin kha

    July 11, 2012 at 3:10 pm

    ပိုစ့်ကို သေချာအောင် ၃ခေါက်လောက် စဆုံးပြန်ဖတ်မိတယ်။
    ဘုန်းကြီးကျောင်းက သူပုန်နယ်မြေထဲ ကလားလို့။နောက်တော့မှ အဲဒီကျောင်းဝမှာ ဆိုင်းဘုတ်ထောင်ထားတာ သွားသတိရတယ်။ သတိ ကန်ထရိုက်နယ်မြေ မကျူးကျော်ရ—-တဲ့။
    ဒါပေမယ့်စိတ်မဆိုးပါနဲ့ မခိုင်ခိုင်ရယ် သူတို့ကျောင်းကသတ်မှတ်တဲ့သူနဲ့ဘဲ ဓါတ်ပုံရိုက်စေချင်တာ
    အကြောင်းရှိလို့ပါ။ အခြားအပြင်ကဓါတ်ပုံဆရာတွေခေါ်ရိုက်ရင် ဘုန်းကြီးကို ကတုံးကြီးတွေ ပေါ်အောင်ရိုက်မှာစိုးလို့နေမှာပါ။ ကျွန်တော်ပြောတာမယုံရင် နောက်အဲဒီကျောင်းရောက်ရင်မေးကြည့်။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 11, 2012 at 3:29 pm

    ဘယ်သူတွေအားကျနေလဲ..
    ဝါကျွတ်တော့မယ်နော်…
    ဘူတွေမင်္ဂလာဆောင်ကြဦးမလဲ..
    …………….:P

  • manawphyulay

    July 11, 2012 at 3:42 pm

    ခုလိုလေး ပြောတော့လည်း နောက်လူတွေ ရှောင်ရတာပေါ့နော်။ မဟုတ်ဘူးလား။ ဒါဆို ဒီလိုလုပ် နောင်တစ်ခါဆောင်ရင် ဒီလိုမဖြစ်အောင် သေချာစီစဉ်နော်… အဟိ….:P

    • Khaing Khaing

      July 11, 2012 at 4:08 pm

      အမလေး ….. မမနောရယ် နောက်တစ်ခါဆောင်ရင်တဲ့လား ……. မင်္ဂလာဆောင်တယ်ဆို တာလွယ်တာမဟုတ်ဘူး …… ယောက်ျားစယူပြီဆိုကတည်းက မင်္ဂလာဆောင်ရမယ် အဲဒီကစ ခေါင်းစားတော့တာပဲ နောက်ပိုင်းတွေကတော့ မပြောနဲ့ ခေါင်းစားလွန်းလို့ ဆံပင်တောင် မကျန်တော့ဘူး ……….

  • မဂွတ် ထော်

    July 11, 2012 at 3:43 pm

    လေးစားပါတယ်Khaing Khaing
    အကွက်ကျကျ လုပ်နိုင်ခဲ့တဲ့တွက်
    ကိုဖြစ်ချင်တာတွေဖြစ်ခဲ့ရတာပဲ
    နောက်ဆုံးတော့အောင်အောင်မြင်မြင်
    နဲ့ပဲပီးဆုံးသွားတယ်ပေါ့
    ဂုဏ်ယူပါတယ်

    • Khaing Khaing

      July 11, 2012 at 4:13 pm

      မင်္ဂလာခန်းမဝင်တုန်းကတော့ ဘာတွေဘယ်လိုဖြစ်မယ်ဆိုတာ ရင်တမမပါပဲ ……. ပြီးတော့လည်း ပြီးသွားတာပါပဲ …….. တစ်ခုတော့ရှိတယ် မင်္ဂလာဆောင် တာကောင်းကောင်းလေးဖြစ်သင့်တယ် မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ ကိုယ့်စိတ်ကြိုက် မင်္ဂလာဆောင်လိုက်ရမှ ဘဝမှာကျေနပ်စရာကောင်းပါတယ် မင်္ဂလာဆောင်ပြီး နောက်ပိုင်း တိုက်ပွဲတွေဝင်ရတော့မှာလေ ဒါကြောင့်နောက်ဆုံးပျော်စရာအချိန်လေးကို အပျော်ဆုံးအလှဆုံးဖန်တီးသင့်တယ် …… မထော်မနှမ်းတွေဆောင်ပီး အကြွေးတွေတက် စိတ်မကောင်းဖြစ်နေတာမျိုးလည်း မဖြစ်သင့်ဘူးနော် ………

  • နွယ်ပင်

    July 11, 2012 at 3:57 pm

    ရေးထားတာ ကွက်ကွက်ကွင်းကွင်း ပါပဲလား မခိုင်ရေ
    ဒါနဲ့ မန်ဂါဆောင်က ဘယ်တော့လဲဟင် …. 😀

  • etone

    July 11, 2012 at 4:07 pm

    အဟိ … လွန်ခဲ့တဲ့ ခြောက်နှစ်ကို backup ပြန်ဆွဲလိုက်သိလိုပါပဲ လား … 😀
    သမီးလေးတစ်ယောက် download လုပ်ထားပြီး .. အခုမှ မင်္ဂလာမဆောင်ခင် အချိန်ကို undo ပြန်လုပ်ချင်လို့ရမလား … မမခိုင်ရဲ့ …. ။

    ငွေကုန်ကြေးကျများလိုက်တာ မမခိုင်ရယ် …. သူများတွေပြောတာတော့ ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်သတဲ့ …….. ဟုတ်မဟုတ်တော့ .. မသိပေါင် .. ခွိခွိ :mrgreen:

    • Inz@ghi

      July 11, 2012 at 4:12 pm

      ဟုတ်ပါ့ ..ပြောစ့်.. လိုက်စမ်းဘာအေ…
      နောက်တခါ ဆောင်ဖို့ ရှိတာကတော့ …
      မင်္ဂလာတော့ မဟုတ်… ကိုယ်ဝန် ကိုယ်ဝန်…
      ခုခိခုခိ
      :mrgreen:

  • mayjuly

    July 11, 2012 at 4:13 pm

    အယ် ခိုင်ခိုင့်ကို အနီတွေပေးထားပါလား..

    အကုန်စိမ်း ပေး ထား ပါ ၏ ….

    • Inz@ghi

      July 11, 2012 at 4:17 pm

      အဲ့ ကြွားစိန်ကိုများ စေဒနာ ထားလို့အေ….
      ဇဂါးမစပ် …ထိပ်ဆုံးက အောက်စိုက်ထားတဲ့ ..
      အနီ ရောင် ဟိုအချောင်းဂျီးက ကျုပ်ဟာနော…
      လက်မ ပြောပါဒယ်…

      :mrgreen:

      • Khaing Khaing

        July 11, 2012 at 4:28 pm

        ညည်းဘာလို့ ဟိုအချောင်းကိုအောက်စိုက်တာလဲကောင်မမိဂီရဲ့ ……. တော်တော်အားနေလား … သူများကောင်းစားတာလည်းမနာလိုဖြစ်တယ် ……. ဘယ်လိုပြပြမမြင်ပဲ မနာလိုစိတ်နဲ့ အဝိဇ္ဖာအမိုက်မှောင်ဖုန်းနေပါရော့လား …… ငါရဲ့စေတနာက အခုရောင်ပြန်ဟပ်တာအေ့ …..

    • Khaing Khaing

      July 11, 2012 at 4:19 pm

      မစိမ်းနဲ့မမဂျူး ပင်ပန်းတယ် ……. ထားလိုက် ကာလာစုံတယ်……

  • သူရဇော်

    July 11, 2012 at 4:22 pm

    မင်္ဂလာချောင်မယ် မင်္ဂလာချောင်မယ် ဝါကျွတ်ရင်ကွယ် ခရေးတွေလဲ ဖေ့ကြားမယ်….လူကြီးတွေလဲ ဖေ့ကြားမယ်……

    • အရင့်ရောင်

      July 12, 2012 at 12:11 pm

      ပျော်တယ်..ပျော်တယ်
      မင်္ဂလာဆောင်ရင် မိန်းမ ရဦးမယ်………..
      ဟယ်…..ဟယ်…….ဟယ်…
      မောထာအေ…………

  • ko khin kha

    July 11, 2012 at 4:25 pm

    ငွေကုန်ကြေးကျများလိုက်တာ မမခိုင်ရယ် …. သူများတွေပြောတာတော့ ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်သတဲ့ …….. ဟုတ်မဟုတ်တော့ .. မသိပေါင် ..လို့ရေးလာသူအိတုံရေ—။
    ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်တယ်ဆိုတာ အိမ်ထောင်ပြုပြီးရင် ရှိသမျှအဝတ်အစားကို အမျိုးသမီးဖြစ်သူက လျှော်ဖွတ်လှမ်းရလိမ့်မယ်ကိုပြောတာပါကွယ်။

    ယောက်ျားစယူပြီဆိုကတည်းက မင်္ဂလာဆောင်ရမယ် အဲဒီကစ ခေါင်းစားတော့တာပဲ နောက်ပိုင်းတွေကတော့ မပြောနဲ့ ခေါင်းစားလွန်းလို့ ဆံပင်တောင် မကျန်တော့ဘူး ……….လို့ဆိုလာသူမခိုင်ရေ–။
    အဲဒါကြောင့် ခုနောက်ပိုင်းခေတ်မှာ အမျိုးသမီးတွေလည်း သင်္ကြန်ဆို သီလရှင်ဝတ်ကြတာကိုး၊ ဆံပင်မကျန်မဲ့အတူတူ ကုသိုလ်လေးရလည်းမစိုးပါဘူးလို့–။

    • Khaing Khaing

      July 11, 2012 at 4:33 pm

      ကိုခင်ခရေ …… အခုလို ပုဆိုးတန်းတင်အကြင်လင်မယားဆိုတာကို ရှင်းပြတာကျေးဇူးပါ ……. အခုမှ သေချာသဘောပေါက်ပါတယ် ……..

      မမတုံရေ ….. ရှင်မြှောက်ပေးလို့ အခုဟိုဂျပွန်မက နောက်တစ်ခါဆောင်တဲ့ လူလည်းသေဖို့ပဲ ရှိတော့တယ် ……

    • Khaing Khaing

      July 12, 2012 at 2:10 pm

      လေးပေါက်တို့ကလည်း သူများဘာတင်တင် သူများလုပ်တယ်ပဲ ထင်နေတာကို ….. တစ်ခါတစ်လေလည်း စာရေးဆရာမဆိုတာ ကိုယ်သိတာလေးကို ဇာတ်အိမ်ဖွဲ့တင်ပြရတာပေ့ါလို့ …

  • amatmin

    July 11, 2012 at 5:08 pm

    အော်..အကွက်စေ့စေ့စီမံတတ်ဆိုထားတဲ့..
    အမကြီးမခိုင်တောင်.ဂလောက်ထိ
    ကသောင်းကနင်းနိုင်မှတော့ ..
    ကျုပ်တို့လို..ကောင်မျိုးတော့
    မင်္ဂလာဆောင်မနေဘဲ
    ခိုးပြေးလိုက်တာပဲကောင်းပါတယ်.. နော့ 🙂

    PS.ဘာဒင်နာမှ မဖိတ်ဘူး..မျှော်မနေနဲ့.. 😛

    • Khaing Khaing

      July 12, 2012 at 11:32 am

      ဒီလောက်စိတ်ပုပ်မှတော့ ဒီတသက် ဘယ်တော့မှ မိန်းမရမှာမဟုတ်ဘူး …. ဒီမယ် ခိုးပြေးလည်း မင်္ဂလာဆောင်ပေးရတာပဲ မှတ်ထား ……. ရှင်ဒင်နာလည်းမမျှော်ဘူး ….. ဘယ်တော့မှလည်း လုပ်ဖြစ်မှာမဟုတ်လို့ ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 11, 2012 at 6:25 pm

    လင်ယူသားမွေးလူတို့အလုပ်ကိုဖယ်ပြီး လောကုတ္တရာနယ်လို့ပြောလို့ရတဲ့
    ဘုန်းကြီးကျောင်းထဲမှာမှ မင်္ဂလာသွားဆောင်ကြတာကို အဟုတ်လို့ဘယ်သူသတ်မှတ်မှတ်
    မသတ်မှတ်မှတ်
    ကျုပ်ကတော့ အဲ့ဒါကို အကုသိုလ်လို့ဘဲမှတ်တယ်

  • ကြောင်လေး

    July 11, 2012 at 8:32 pm

    ကိုကိုနဲ့ကျွန်မ ချစ်ခဲ့တာ လေးနှစ်ကြာခဲ့ပါပြီ …….. လုပ်ငန်းတူချင်း အိုးနဲ့ကြိုးနဲ့ထားလို့ အိုးထဲကြိုးဝင်ခွေ ဆိုသလို အလုပ် လုပ်ရင်းတွေ့ပြီး(ဘာကိုတွေ့လိုက်ကြတာလဲတော့မသိ)ချစ်ခဲ့ကြတာပါ …… .နှစ်ယောက်လုံးကအလုပ်ကိုယ်စီနဲ့ဆိုတော့ အိမ်ထောင်ကြရင် အောက်ကိုဇောက်ထိုးပြုတ်ကျမှာစိုးလို့ မိဘဆီကလက်ဖြန့်မတောင်းပဲ လက်သီးဆုပ်ပြပြီးမပေးရင်တော့မလွယ်ဘူးဆိုပြီးခြိမ်းခြောက်တောင်း လိုက်တယ်။ လစာလေးတွေကို ဖဲ့ဖဲ့စုခဲ့ကြတော့ ပိုက်ဆံတွေကလည်း အပြဲတွေချည်းပဲ ……… ဒီနှစ် ဝါကျွတ်ရင်မင်္ဂလာဆောင်မှာဆိုတော့ ကိုယ့်အိုးနဲ့ကိုယ့်အဖုံးလုံအောင် တော့စဉ်းစားပြီး မင်္ဂလာခန်းမကို နှစ်ယောက်သား စုံစမ်းကြပါတယ် ……. နှစ်ယောက်သားဘတ်ထားတဲ့ ပိုက်ဆံလေးနဲ့ သူများတွေလို ထရံကြား ဆီအိုးနား တို့လိုနေရာမျိုးတွေတော့ မကပ်နိုင်ဘူးလေ …….. ဒါနဲ့ဘုန်းကြီးကျောင်းလိုနေရာမျိုကို စဉ်းစားမိတယ်။

    အဲဒီမှာစမှားတာပဲ။ ကိုပုပြောသလို အကုသိုလ်ဖြစ်မဖြစ်တော့မသိဘူး။ ဘုန်းကြီးကျောင်းဆိုတာ မင်္ဂလာဆောင်ပြီးမှ အထိမ်းအမှတ် မင်္ဂလာဆွမ်းလေးသွားကျွေးရင်မကောင်းဘူးလား။လက်ဖွဲ့တွေနဲ့ မင်္ဂလာအခမ်းအနားကြီးသွားလုပ်တယ်ဆိုတော့……….. အခုကတော့အဲဒါမျိုးတွေအများကြီးဖြစ်နေပါပြီ။

    • Khaing Khaing

      July 12, 2012 at 11:41 am

      ကိုအောင်ပုနဲ့ ကိုကြောင်လေး ….
      သများက ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးတာကို သူတို့ဘာသာသူတို့ လက်ဖွဲ့တွေလာပေးတာတော့ သများလည်းမတတ်နိုင်ဘူးလေ သူတို့ယူလာတဲ့အထုပ်ကို ထားစရာ နေရာမရှိမှာစိုးလို့ ခန်းမအဝင်နားမှာ စားပွဲခုံလေးချပြီးတင်ခိုင်းလိုက်တယ် အဲဒါသူတို့က ပြန်တော့အဲဒီအထုပ်ကို ထားခဲ့ကြတာ ကောင်မလေးတွေကလည်း လှတပတပြင်ပြီး ထိုင်နေတယ်ပြောဦးမလား အဲဒါ ပစ္စည်းပျောက်မှာစိုးလို့ စောင့်ခိုင်းထားတာ …… ဟီး ဟီး ဟီး

  • သကြားလုုံးကြော်

    July 11, 2012 at 10:08 pm

    ဘုုန်းကြီးကျောင်းမှာ ဆောင်တာတောင် ဒါမျိုုးတွေရှိတယ်လား။ ဟိုုတယ်တွေအတိုုင်းပါပဲလား။

  • the best

    July 12, 2012 at 1:52 am

    အခုမှကြားဘူးပါတယ်။
    တော်သေးတာပေါ့၊ ခိုင်ခိုင်ရယ်…။
    ဘုန်းကြီးကျောင်းက“ ပြင်ပက လူနဲ ့မင်္ဂလာဆောင်လို ့မရဘူး”
    “ကျောင်းကပေးစားတဲ့သူပဲ ယူရမယ်” ဆိုရင်တော့…..။

    ဝါဆိုသင်္ဏန်းကပ်ရင်ကော ကျောင်းကရောင်းတဲ့သင်္ဏန်းပဲကပ်ရမှာလား သိချင်ပါတယ်။

    • Khaing Khaing

      July 12, 2012 at 11:44 am

      သင်္ကန်းလှူတာကျတော့ ကျောင်းပေါ်မူတည်ပါတယ် …. ဟီး ဟီး …..

  • ရွှေ မင်း သား

    July 12, 2012 at 7:51 am

    အတွေ့အကြုံတွေ မျှဝေနေပြီနော်…..
    အစီအစဉ် ရှိသူများက လဲ လေ့လာမှတ်သားနေပြီဆိုတော့….
    ရွာထဲမှာ ပွဲဆက်တွေ များတော့ မယ် ထင်ပါရဲ့…

    • Khaing Khaing

      July 12, 2012 at 11:49 am

      ကိုအလင်းဆက် သများကကျွတ်တာကျပေ့ါ ………

      ကိုရွှေရေ ရန်ကုန်ကလူတွေဆောင်ရင် ကိုရွှေကို ကန်ထရိုက်ခေါ်လိုက်မယ် ………

  • ko win

    July 12, 2012 at 6:56 pm

    အဲဒါဒွေကြောင့် မင်္ဂလာမဆောင်ချင်တာ။
    ကလေးတစ်ယောက်နဲ့ အပြိုဂျီးမခိုင်ခိုင်ရေ….ကျေးကျူးဘာဂျ။….။

  • Nyein Nyein

    July 12, 2012 at 6:56 pm

    မခိုင်ရေ……….. ကိုယ်တွေ့လား? စိတ်ကူးပုံဖော်လား? 🙄 မင်္ဂလာဆောင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကို ပြောပြထားတာဆိုတော့ နောက်ဆောင်မယ့်လူတွေအတွက်တော့ အဆင်ပြေတာပေါ့နော်………………

    • Khaing Khaing

      July 13, 2012 at 3:27 pm

      ကိုဝင်းတို့ကတော့လုပ်ပီ …….. ပြောထားတဲ့အတိုင်းကွက်တိကိုရေးတော့တာပဲ …

      ငြိမ်း အမတင်တာက မင်္ဂလာဆောင်မယ့်သူတွေအတွက်တင်ပေးတာပါ …. အမကတော့ အပျိုကြီးပဲလုပ်တော့မယ် ……. ယောက်ျားယူရမှာကြောက်လို့ ………

      • Inz@ghi

        July 13, 2012 at 3:31 pm

        ဘာအခုမှ ကြောက်ပါဘီလဲ …
        ဟိုဘက်ပိုစ့်မှာ တုန်းကတော့ ကောင်းစား တာ ဆို …
        😳

        • Khaing Khaing

          July 13, 2012 at 4:30 pm

          ဘာပြုလဲအေ … ဟိုဘက်ကဟိုဘက် ဒီဘက်ကဒီဘက် … ညည်းအပူလား …..

  • ခပ်မိုက်မိုက် ကောင်မလေး

    July 13, 2012 at 4:33 pm

    မိုက်လေး..တို့လည်းအားကျတယ်…
    ဒါပေမယ့်..သတိုးသားကမရှိ…
    အရံလုပ်မယ့်သူက ကိုယ့်ထက်ချောနေ…
    ဒီလိုခန်းမနဲ့လည်းအဆင်ကမပြေ…
    အားလုံးကို အိုကေနေတာပဲ….:P

Leave a Reply