375477_2527743245359_1606778077_2424848_1691763380_n-600x427.jpg

kknightDecember 30, 20111min1808
မြောက်ကိုးရီးယားကို အားကိုးအားထားပြုနေတဲ့ ဆရာတင်ပူဇော်ထားတဲ့ မြန်မာအစိုးရအနေနဲ့ အခု မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီ သေဆုံးခဲ့တာ မြင်ရတော့ ဝမ်းနည်းကောင်း ဝမ်းနည်းပေလိမ့်မည်။ သို့သော် လက်ရှိ မြောက်ကိုးရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်က မြန်မာအစိုးရတွေ သဘောကျစေမဲ့ မိန့်ခွန်းကို ပြောခဲ့ပါတယ်။ ဒီအခြေအနေမှာ မိုက်မဲတဲ့ ကမ္ဘာတစ်ဝှန်းက နိုင်ငံရေးသမားတွေရော ရုပ်သေးရုပ်ဖြစ်တဲ့ တောင်ကိုးရီးယားခေါင်းဆောင်တွေပါ ကျွန်တော်တို့ဆီက ဘယ်လို ပြုပြင်ပြောင်းလဲမှုကိုမှ မမျှော်လင့်ပါနဲ့ လို့ ယုံကြည်မှုအပြည်နဲ့ ခိုင်မာတည်ကြည်စွာ ကြေငြာအပ်ပါတယ်တဲ့ဗျာ။ ကဲ….မြောက်ကိုးရီးယားငရဲခန်းတွေဟာ ဆက်လက် တည်ရှိနေမှာဖြစ်ပြီး ဆင်းရဲမီးတွေဟာလည်း ဆက်လက်တောက်လောင်နေအုံးမှာဖြစ်ပါတယ်။ မြောက်ကိုးရီးယားကို ဆရာတင် ပူဇော်ပသနေတဲ့ မြန်မာ့ စစ်အာဏာရှင်တွေကော ပြည်တွင်းစစ်ငရဲခန်းတွေ ပညာမဲ့ ဆင်းရဲသား ဒုက္ခသည်တွေကို ဒီတိုင်းပဲ ဆက်လက် ဖြစ်စေဦးမှာလား။ ပညာတတ် စိတ်ထားမြတ်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ငရဲခန်းတွေ […]


kknightDecember 29, 20111min622
နှစ်ဟောင်းမှာ နာမည်ကြီးလူသေမှုတွေ၊ လူသတ်မှုတွေ၊ နိုင်ငံရေးပြောင်းလဲမှုတွေ၊ ပြည်တွင်းစစ်ဖြစ်မှုတွေ၊ နိုင်ငံတော်တော်များများက ဝန်ကြီးဆိုသူတွေ မြန်မာနိုင်ငံကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာရောက်ကြတာတွေ စသည်စသည်တို့ကို မြင်ရတော့ ဝမ်းနည်း ဝမ်းသာ ခံစားရပါသည်။ အဆိုးတွေတော့ ကုန်ပြီဟု ထင်မှတ်မိသည်။ ပြောင်းလဲစပြုပြီဟု ထင်မိသည်။ ယမန်နေ့ညက ဗုံးပေါက်သလိုလို ဂိုဒေါင်ပေါက်သလိုလို မီးလောင်မှုဖြစ်ပွားကာ လူပေါင်းများစွာ သေကြေ ပျက်စီး ဆင်းရဲရောက်ပုံတွေကို မြင်ရပြန်တော့ အော်…ငါ ထင်တဲ့ပြောင်းလဲမှုဆိုတာက အကောင်းဘက်ပြောင်းတာ မဟုတ်သေးပါလား။ အဆိုးထဲကနေ အဆိုးဘက်ကို ဆက်လက်ပြောင်းလဲနေတာပါလားဟု တွေးမိပြန်သည်။ သူများတွေက လကမ္ဘာပေါ်အထိ တက်ရောက်နိုင်ခဲ့သည်။ နျူးကလီးယားဓာတ်ပေါင်းဖိုမှ လျှပ်စစ်ထုတ်လုပ်နေကြသည်။ ကာတာနိုင်ငံဆိုလျှင် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအတွက် မိုးတိမ်အတုပင် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ ဒို့နိုင်ငံကတော့ လိမ်ညာလို့ မဝသေး။ ခိုးဆိုးလုယက်လို့ အားမရသေး။ သတ်လို့ ဖြတ်လို့ မဆုံးသေး။ ပတ်စ်ပို့တ်ကိုင်ပြီး […]