Ko ToeJune 1, 20121min1224
သို့ ဥက္ကဌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရန်ကုန်မြို့ နေ့စွဲ၊ ၂၀၁၂ခုနစ်၊ ဇွန်လ၊ (၁) ရက်။ ရုပ်ရှင်အစည်းအရုံးနှင့် ဂီတအစည်းအရုံးသည် အလွှာပေါင်းစုံနှင့် ဖွဲ့စည်းထားပြီး ဗီဒီယိုအခြေခံ (ဗဟို) ဖွဲ့စည်းပုံသည် ထုတ်လုပ်သူများနှင့်သာ ဖွဲ့စည်းထားသောကြောင့် ထုတ်လုပ်သူ ကောင်းစားရေးသာ ဆုံးဖြတ်ကြပါသည်။ ပွားချပ်များ ဖမ်းယူခြင်းသည် ထုတ်လုပ်ရေးတစ်စု ကောင်းစားရေးသာဖြစ်သည်။ ဗီဒီယိုလုပ်ငန်းကောင်းစားရေး မဟုတ်ပါ။ ဗီဒီယိုလုပ်ငန်း ကောင်းစားရေးဆိုပါက အောက်ခြေအသံကို နားစွင့်သင့်ပါသည်။ အဌားဆိုင်/ရောင်းဖြန့်သည် ဗီဒီယိုလုပ်ငန်း၏ ဒေါက်တိုင်ဖြစ်သောကြောင့် အဌားဆိုင်များ မယိုင်ရန် ထိန်းသိမ်းသင့်ပါသည်။ ယခုအခါ အဌားဆိုင်များသည် SKYNET ရုပ်သံလိုင်းများကြောင့် ယိုင်နဲ့နဲ့ဖြစ်နေချိန်တွင် ထုတ်လုပ်ရေးများမှ ပွားချပ်များ ရောင်းချခြင်းဖြင့် နှစ်သီးစား အကျိုးရှိအောင် ပွားချပ်များ ဖမ်းယူနေခြင်းကြောင့် ဌားရမ်းရေးဆိုင်များ ပိတ်လုနီးပါး ဖြစ်နေပါသည်။ ဌားရမ်းရေးဆိုင်များ ကောင်းစားစေချင်ပါက တိုင်းဗီဒီယို […]