kokyawMay 11, 20111min583
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီမှ ကျူးကျော်ဆိုင် များရှင်းလင်း။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ မှတာဝန်ရှိ ဝန်ထမ်း များသည် (၉-၅-၂၀၁၁)နေ့တွင် လည်းကောင်း၊ (၁၀-၅-၂၀၁၁)နေ့ တွင်လည်းကောင်း လမ်း(၈၀)ပေါ်ရှိ ပလက်ဖောင်းပေါ် တွင်  ရောင်းချလျက်ရှိသော လဘက်ရည် ဆိုင်များ၊အထည်ဆိုင်များ၊ ကွမ်းယာလှည်း များ၊ ကိုလက်မှတ်ရေးထိုးရှင်းလင်းခဲ့ပါသည်။ သို့ရာတွင် လမ်း(၈၀)ပေါ်တွင်(၂၆) လမ်းမှ(၃၅)လမ်းအတွင်းသာရှင်းခဲ့ပြီး၊ ပလက်ဖောင်းပေါ်သာမက ကတ္တရာလမ်းပေါ်တိုင် ကျူးကျော်ရောင်းချနေကြသော (၈၄)လမ်း၊ (၈၃)လမ်းများအပါအဝင် ကျန်နေရာတော်တော် များများမှာလည်း ရှင်းလင်းခံရခြင်း များ မတွေ့ရှိရသဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ၏ ကွက်ကြားမိုး ရွာသွန်းဖြိုးဟု မန္တလေးမြို့ နေပြည်သူများပြောဆိုနေ ကြကြောင်းပါခင်ဗျာ။