Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ငွက္ကေလးOctober 2, 20111min2142
WWW.BLOGPIECES.BLOG.COM မိုးက တဖွဲဖွဲဆက်တိုက်ရွာလျှက် လမ်းမထက်တွင် ရေအိုင်ငယ်တစ်ချို့နေရာယူထားသော ညနေခင်းတစ်ခု တွင်ဖြစ်သည်။ ကားဘီးများက ဗွက်အိုင်များအကြား တဗွမ်းဗွမ်း ကူးခတ်သွားလာနေကြသည်။ ဘတ်စ်ကားမှတ်တိုင်တွင် ညီအစ်ကိုဖြစ်ဟန်တူသော ကောင်လေးနှစ်ယောက် အလုပ်ရှုပ်နေကြသည်။ တစ်ယောက်မှာ လေး၊ ငါးတန်းအရွယ်မျှရှိ၍ နောက်တစ်ယောက်မှာ လေး၊ ငါးနှစ်ခန့် မျှသာရှိဦးမည် ထင်သည်။ မိုးရွာလို့ထင်သည် သူတို့နှစ်ယောက်စလုံးတွင် အင်္ကျ ီမပါ၊ ဘောင်းဘီတိုလေးများဝတ်ဆင်ထားလျှက် ပိုက်ဆံထည့်ရန် အိတ်တစ်လုံးကိုင်ထားသည်။ ဘတ်စ်ကားများထိုးဆိုက်လာလျှင် လက်အုပ်လေးချီလျှက် မုန့်ဖိုးပေးရန် ပြေးတောင်းရင်း သူတို့အလုပ်ရှုပ်နေခြင်းဖြစ်သည်။ အငယ်ကောင်လေးကတော့ ဘာမျှသိဟန်မတူ တစ်နေရာရာက ရလာဟန်တူသော မုန့်ထုပ်လေးကို ကိုက်ဖောက်ရန်ကြိုးစားရင်း သူ့အစ်ကိုခေါ်ရာနောက် လက်လေးဆွဲရင်း လိုက်နေရသည်။ သူ့အစ်ကိုကတော့ “ကလေးကို အင်္ကျ ီဝတ်ပေးလိုက်ဦး ဖျားနေဦးမယ်” ဟူသော အဒေါ်ကြီးတစ်ယောက်၏ သတိပေးသံကိုပင် မမှု့အား မျှော်လင့်ချက်မျက်လုံးလေးများက ပိုက်ဆံများ […]


ငွက္ကေလးSeptember 29, 20111min2866
လေးထောင့်မှန်ပုံးထဲတွင် ငါးကလေးများကူးခတ်နေကြသည်။ ထို့ကြောင့် ကမာ္ဘကြီးလုံးနေမှန်း သူတို့သိမည် မထင်ပါ။ ခြေလေးချောင်းသတ္တဝါများနှင့် တောင်ပံပါသောငှက်များ အကြောင်းကိုလည်း သူတို့ယောင်လို့တောင် စဉ်းစားမိကြလိမ့်မည် မဟုတ်။ မိုးမျှော်တိုက်ကြီးများနှင့် ကားတဝီဝီအကြား၊ စိမ်းလန်းသော တောင်တန်းကြီးများ နှင့် နေရှိန်ပြင်းသည့် ကနာ္တရတို့ကိုလည်း သူတို့အလည်အပတ်ရောက်ရှိရန် ဖြစ်နိုင်မည်မထင်ပါ။ ဤသည်မှာ ကျွန်တော်၏ အိမ်တွင် မွေးထားသောငါးကလေးများ အကြောင်းဖြစ်ပါသည်။ သူတို့သည် အဓိပ္ပာယ်မဲ့သော လုပ်ရပ်အချို့ကိုလည်း တစ်ခါတစ်ရံလုပ်တက်သေးသည်။ ကန်ရေလဲရန်အကြံ နှင့် သူတို့ကိုပုံးထဲထဲ့ရန် ဖမ်းသောအခါ အမြဲထွက်ပြေးနေတက်သည်။ ငါးဖမ်းဇကာလေးထဲမှလည်း တစ်ခါတစ်လေ ခုန်ခုန်ထွက်တက် သေးသည်။ ခုန်ထွက်လို့ကြမ်းပြင်ပေါ်ကျလျှင် ခေါင်းမူးပြီး အီစလံဝေရုံသာ ရှိမည်ကို ၎င်းတို့တွေးမိကြ ဟန်မတူချေ။ သူတို့သည် အိမ်ဧည့်ခန်းထဲတွင် အလှပြရုံ၊ အဖျော်ဖြေခံ သက်သက်မျှသာဖြစ်သည်။ သူတို့သည် ပညာသင်၍စာကျက်ရန်မလိုသလို၊ တီထွင်ကြံစမှု့ပြုရန်လည်း တာဝန်မရှိပါ။ ကမာ္ဘကြီးကိုကယ်တင်ရန် […]


ငွက္ကေလးApril 2, 20111min2235
အပြင်မှာမိုးတွေရွာနေသဖြင့် အိမ်ထဲတွင်ပင်ထိုင်ကာ အတွေးနယ်ချဲ့နေမိသည်။ ကျွန်တော့် အတွေးတွေက ဖက်ဆစ်ဂျပန်သေလို့ဝင်စားသလား မပြောတက်။ ငါ့ရည်မှန်းချက်က ဘာကြီးပါလိမ့် ? ကြီးကြီးမားမား နှင့်လေတစ်လုံး၊ မိုးတစ်လုံးပြောရမည့် ရည်မှန်းချက်မျိုးတော့ တစ်ရံတစ်ခါမှ မထားဘူးသည်ကတော့အမှန်ပင်။ ငယ်စဉ်ကလူကြီးတွေမေးလျှင်တော့ ဆရာဝန်ကြီးလုပ်မည်၊ အင်ဂျင်နီယာကြီးလုပ်မည်ဟု အားပါးတရဖြေခဲ့ဘူူးသည်။ဆယ်တန်းပြီးတော့ထပ်မေးကြသည်။ အင်ဂျင်နီယာကြီးလုပ်မည် ဟုပင်ဖြေခဲ့သည်။ ကိုယ်ရွေးချယ်သော် လမ်းကိုကိုယ်တိုင်လျျှောက် နေသော်လည်း လမ်းလျှောက်ရမှာကိုပျင်းရိစ ပြုချင်နေသည်။ ငယ်စဉ်ကအားကောင်းကောင်း ရှိခဲ့သော ကိုယ့်ကိုကိုယ် ယုံကြည်မှုတို့က အားပျော့ပျက်ပြယ်စပြုနေသည်။ ဒါမေးဒါဖြေစနစ် တွင်ဖြေရသော စာမေးပွဲကိုပင် ပိုင်နိုင်လှချည်ရဲ့ ဟုမပြောနိုင်။ အောင်စာရင်းထွက်မည်ကိုပင် ရင်ခုန်သလိုလို၊ ကြောက်သလိုလို မရဲတရဲစိတ်က ဖြစ်မိသေးသည်။ အောင်မြင်မှု့ ပန်းတိုင်ကို လှမ်းကိုင်ဖို့ အင်(န်)နာဗွန်စီ ပင်ဝယ်သောက်ရမလိုဖြစ်နေသည်။ အင်ဂျင်နီယာကြီးလုပ်တော့ မဟဲ့ဟုဆုံးဖြတ်ပြီးကာမှ ဒီပညာရပ်အပေါ်တွင်လေ့လာလိုက်စားမှု့က အားနည်းနေပြန်သည်။ ယခင်ကကို့ကိုယ်ကို အထင်ကြီးပြီးလေလုံးတွေထွားခဲ့ ဘူးသော်လည်း၊ ထိုလေလုံးတွေကို […]


ငွက္ကေလးMarch 31, 20111min2334
အသားညိုညိုနှင့်လူငယ်တစ်ယောက် အလွန်ပူလောင်အိုက်စပ်သော ဝေဒနာနှင့်ရုတ်တရက် နိုုးလာသည်။ သူ၏ပတ်ဝန်းကျင်က နေရောင်ကြောင့်ဝါဝင်းနေသည်။ သူအရိပ်ခိုနေသော သစ်ပင်ကလေပူတို့အဝှေ့တွင် ပျင်းရိစွာလှုပ်ရှားလိုက်သည်။ သူ၏ကိုယ်ပေါ်က ချွေးပေါက်များက ရာသီဥတုပူ ပူပြင်းကြောင်းကို သက်သေထူနေသည်။ နေမင်းကြီးကိုကြည့် တော့သူကခံဟဲ့ ဟူသော အကြည့်မျိုးဖြင့်ပြန်ကြည့်သည်။ ကောင်လေးကသန်းဝေလိုက်ရင်း တစ်ချက်ငြည်းသည်။ “ကမာ္ဘကြီးကတော်တော်ပူလာတာပဲ ဝှုး” အခန်းတစ်ခုထဲတွင် ကောင်လေးတစ်ယောက် စောင်ခြုံပြီးကွေးနေလေ၏။ အခန်း၏အပေါ်နား တွင်တပ်ဆင်ထားသော လေအေးပေးစက်က လေအေးများကိုအဆက်မပြတ် မှုတ်ထုတ်ရင်း သူပိုင်ဆိုင်ထားသောတာဝန်ကို ထမ်းဆောင်နေသည်။ သူ၏တာဝန်ကျေမှုကို စောင်အောက်မှ ကောင်လေး၏ အိပ်မက်လှလှလေးများ ကသက်သေထူနေသည်။ ကောင်လေးအိပ်ယာမှ နိုးလာပြီးနောက် ပြတင်းပေါက်လိပ်ကာ ကိုဆွဲဖွင့်လိုက်သည်။ သူကဆိုပြန်၏ “ကမာ္ဘကြီးကတော်တော်သာယာတာပဲ” ပင်လယ်ပြာပြာ၊ ကောင်းကင်ပြာပြာ၊ စိမ်းညို့ညို့သစ်တောကြီးများ၊ အဖြူရောင်မြူခိုးငွေ့ငွေ့ နှင့်တောင်စွယ်တောင်တန်းများ၊ ကျွန်ပ်တို့ ရပ်တည်နေသော အညိုရောင်ကမာ္ဘမြေသားထု တို့ပိုင်ဆိုင်သော ကျွန်ပ်တို့ ဘဝများစွာတည်ဆောက်ရာ ကမာ္ဘလောကကြီးသည် […]


ငွက္ကေလးMarch 24, 20111min2234
ကမာ္ဘတစ်ဝှမ်းလုံးတွင် ညို့မှိုင်း၍အုံ့ဆိုင်းနေသည်။ နေရာအနှံ့အပြားတွင်မီးခိုးလုံးများက အင် နှင့်အားနှင့်အုံကြွနေကြသည်။ တောမီးများကလည်း အကြီးအကျယ်လောင်မြိုက်နေပြန်သည်။ လမ်းမထက်တွင်တိရိစာ္ဆန်အလောင်းနှင့် လူသေအလောင်းတို့က ရောနှောပြန့်ကြဲနေသည်။ လေယာဉ်တို့ကဗုံးများကို အဆက်မပြတ်ကျဲချနေသည်၏။ အော်ဟစ်ငိုယိုသံ၊ ပေါက်ကွဲသံနှင့် လေယာဉ်သံတဝီဝီတို့က ကမာ္ဘတစ်ခွင်လုံး သောသောညံ နေသည်။ ရေကန်များ၊ ချောင်းများ ခမ်းခြောက်နေသလို၊ သစ်ပင်၊ ပန်းပင်တို့က လွန်စွာရင့်ရော ညိူးနွမ်းလှသည်။ အဝီစိငရဲ တစ်ခုလုံးလူ့ပြည်ပေါ်သို့ ပြောင်းရွှေ့နေရာယူနေသယောင် ကမာ္ဘတစ်ခွင်လုံးပွက်ပွက်ဆူနေ၏။ လမ်းကြားတစ်ခုအတွင်း ဗလတောင့်တောင့် လူတစ်ယောက်က လူငယ်လေးတစ်ဦးအား ထိုးကြိတ်နေသည်။ ထိုလူငယ် ၏မျက်နှာမှာနီရဲစုတ်ပြတ်နေသည်။သူ၏လက်ထဲတွင် ထမင်းထုပ်တစ်ထုပ် ကိုကျစ်ကျစ်ပါ အောင်ဆုပ်ကိုင်ထားသည်။ အနိုင်ကျင့်နေသော်လူကြီးက ထမင်းထုပ်ကိုအတင်းလုယူနေ၏။ “ဟေ့ကောင်၊ မင်းလက်ထဲကထမင်းထုပ်ပေးစမ်း” “မလုပ်ပါနဲ့ဗျာ၊ ကျွန်တော့်အမေကိုကျွေးဖို့ ရှားရှားပါးပါးရှာထားရတာပါ၊ မလုပ်ပါနဲ့” “ဟာကွာ၊ စကားများလိုက်တာ မင်းကသားလိမ္မာလေးဖြစ်ချင်နေတယ် ဟလား၊ ဒါဆိုငါ့ကို မင်းအဖေလို့သဘောထားလိုက်ကွာ၊ ကဲပေးစမ်း” “မပေးဘူးဗျာ” […]