Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရောင်စုံဘောလုုံး

ငွက္ကေလးMarch 31, 20111min2534

အသားညိုညိုနှင့်လူငယ်တစ်ယောက် အလွန်ပူလောင်အိုက်စပ်သော ဝေဒနာနှင့်ရုတ်တရက်

နိုုးလာသည်။ သူ၏ပတ်ဝန်းကျင်က နေရောင်ကြောင့်ဝါဝင်းနေသည်။ သူအရိပ်ခိုနေသော

သစ်ပင်ကလေပူတို့အဝှေ့တွင် ပျင်းရိစွာလှုပ်ရှားလိုက်သည်။ သူ၏ကိုယ်ပေါ်က ချွေးပေါက်များက ရာသီဥတုပူ ပူပြင်းကြောင်းကို သက်သေထူနေသည်။ နေမင်းကြီးကိုကြည့် တော့သူကခံဟဲ့ ဟူသော အကြည့်မျိုးဖြင့်ပြန်ကြည့်သည်။ ကောင်လေးကသန်းဝေလိုက်ရင်း တစ်ချက်ငြည်းသည်။

“ကမာ္ဘကြီးကတော်တော်ပူလာတာပဲ ဝှုး”

အခန်းတစ်ခုထဲတွင် ကောင်လေးတစ်ယောက် စောင်ခြုံပြီးကွေးနေလေ၏။ အခန်း၏အပေါ်နား တွင်တပ်ဆင်ထားသော လေအေးပေးစက်က လေအေးများကိုအဆက်မပြတ် မှုတ်ထုတ်ရင်း သူပိုင်ဆိုင်ထားသောတာဝန်ကို ထမ်းဆောင်နေသည်။ သူ၏တာဝန်ကျေမှုကို စောင်အောက်မှ ကောင်လေး၏ အိပ်မက်လှလှလေးများ ကသက်သေထူနေသည်။ ကောင်လေးအိပ်ယာမှ နိုးလာပြီးနောက် ပြတင်းပေါက်လိပ်ကာ ကိုဆွဲဖွင့်လိုက်သည်။ သူကဆိုပြန်၏

“ကမာ္ဘကြီးကတော်တော်သာယာတာပဲ”

ပင်လယ်ပြာပြာ၊ ကောင်းကင်ပြာပြာ၊ စိမ်းညို့ညို့သစ်တောကြီးများ၊ အဖြူရောင်မြူခိုးငွေ့ငွေ့ နှင့်တောင်စွယ်တောင်တန်းများ၊ ကျွန်ပ်တို့ ရပ်တည်နေသော အညိုရောင်ကမာ္ဘမြေသားထု တို့ပိုင်ဆိုင်သော ကျွန်ပ်တို့ ဘဝများစွာတည်ဆောက်ရာ ကမာ္ဘလောကကြီးသည် ရောင်စုံဘောလုံးကြီးပင် ဖြစ်သည်။ လူတို့သည် ရောင်စုံဘောလုံးကြီး ပေါ်တွင် အချစ်၊ အမုန်း၊ အကြမ်း၊ အလွမ်း၊ အရယ်၊ အငို ဇာတ်လမ်းမျိုးစုံ ဖြင့် ဆော့ကစားနေကြလေသည်။

ယခုအချိန်တွင် အဆိုပါရောင်စုံဘောလုံးကြီး ပြိုကွဲတော့မည့်အရေးကို ခေါင်းစဉ်အမျိုးဖြင့် ဆွေးနွေးခန်းဖွင့်နေကြသည်။ လာမည့်နှစ်အနည်းငယ်တွင်ပင် ကမာ္ဘပျက်မယောင် ပြောဆိုနေကြသံများ အဆက်မပြတ်ကြားနေရသည်။ ပညာရှင်အသီးသီးက ဤကိစ္စသည် ကောလဟလ မျှသာဖြစ်ကြောင်း အသည်းအသန် လိုက်လံဖြေရှင်းချက်ထုတ်နေကြသည်။

သို့သော်ဖြေရှင်းချက်တိုင်းတွင် ကမာ္ဘကြီးသည် လုံးဝဥသုန်အန္တရာယ်ကင်းပါသည် ဟုမည်သူမျှအာမခံချက် မပေးကြ။ ကမာ္ဘကြီးကျန်မာရေး မကောင်းတော့ သည်ကို မည်သူမျှဖုံးကွယ် နိုင်ခြင်းမရှိ၊ နေ့စဉ်နိုင်ငံတကာမိုးလေဝသ သတင်းကတော့ အကြောင်းအရာစုံစုံနှင့် ဝေဆာနေမြဲဖြစ်သည်။ သေချာတာတစ်ခုကတော့ ကျွန်ပ်တို့အားလုံး မလွဲမသွေသေဆုံး ကြရမည်ဆိုတာပင်ဖြစ်သည်။ ကမာ္ဘပျက်၊ မပျက်ကတော့ ရင်ခုံစွာစောင့်ဆိုင်း ရမည့်အရေးသာဖြစ်သည်။

လက်ရှိအချိန်တွင်တော့ လူအများက ကျန်းမာရေးမကောင်း သောကမာ္ဘကြီးကို ဆေးကုသရန်ဟုကြောင်းပြကာ လှုပ်ရှားမှု့အမျိုးမျိူးပြုလုပ်နေကြသည်။ အဓိကဦးတည်ချက် ကတော့လူသားမျိုးနွယ်မပြုံးတီးရေးသာဖြစ်သည်။ ဤသို့ဖြင့် စွမ်းအင်ချွေတာရေး၊ ပလတ်စတစ်မသုံးရေး၊ သစ်ပင်မခုတ်ရေး၊ ဖန်လုံအိမ်အာနိသင် လျှော့ချရေး၊ ဘာရေး၊ ညာရေးဖြင့် အမျိုးမျိုးလှုံဆော်ကြိုးပန်း နေကြလေသည်။ အများအားဖြစ်ဤကဲသို့ ကြိုးပန်းနေသူ အများစုမှာ အထက်တန်းလွှာလူတန်းစား အများစုဖြစ်သည်။ အခြေခံလူတန်းစားများ ကတော့စား၊ဝတ်၊နေရေးအတွက် လုံးပန်းနေကြသဖြင့် ဤကိစ္စကို ခေါင်းထဲထည့်စဉ်းစားနိုင်ခြင်းမရှိ။ ကမာ္ဘကြီးပူနွေးလာမူ့မှာ သူတို့အတွက် ရပ်ကွက်ထဲသန်းတုပ် ရင်းပြောသောအတင်းလောက် စိတ်ဝင်စားစရာမကောင်းပေ။

သို့သော် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်သော ပစ္စည်းများပိုင်ဆိုင်ထားသူ၊ ရှော့ပင်ထွက်ရင်း ပလတ်စတစ်အိတ် သုံးလေးအိတ်ဖြင့်ပစ္စည်းအပြည့်ဝယ်သူ၊ အိတ်ဇောပိုက်မှ အငွေ့တလူလူ ထွက်သော ကားများကို တဝီဝီစီးနိုင်ကြသူ၊ အဖိုးတန်သစ်အမျိုးပေါင်းစုံကို သုံးပြီးအိမ်တွင်း ပရိဘောဂအဖြစ်ခန့်ခန့်ထည်ထည် အသုံးပြုနေကြသူ၊ မီးကိုထိန်နေအောင်ထွန်းပြီး လျှပ်စစ်ပစ္စည်း အမျိုးပေါင်းစုံကို တစ်မိသားစုလုံး ပျော်ပျော်ပါးပါး သုံးနေကြသူ …. များမှာလည်း အထက်တန်းလွှာ လူတန်းစားများပင်ဖြစ်နေပြန်သည်။ ထိုသူများကို တော့ကမာ္ဘကြီး ကပြုံး၍ မော့ကြည့်နေမည်ထင်သည်။

ကမာ္ဘကြီးကတော့ သူ့တာဝန်သူကြေပွန်စွာထမ်းဆောင်ရင်း လူသားအကျိုးပြုနေလေသည်။ ကျွန်ပ်တို့လည်းကိုယ့်တာဝန်ကိုယ်ကျေ ရန်သာလိုပါသည်။ မည်သို့ပင်ဆိုစေ ကျွန်ပ်ဒီစာ ရေးနေချိန်ထိတော့ ကောင်းကင်ကြီးကညို့ညို့မှိုင်းမှိုင်းနှင့် သာယာစဲပင်ဖြစ်ပါသည်။ ငှက်ကလေးတစ်ကောင်လည်း ကောင်းကင်တွင်လွတ်လပ်စွာပျံသန်း နေလေသည်။ လူတိုင်းလွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါသည်။

…ငှက်ငယ်…

4 comments

  • kai

    March 31, 2011 at 11:18 pm

    စကားမစပ်..
    ကမ္ဘာပျက်မဲ့နေ့က.. ဒီနှစ်၂၀၁၁ မေလ ၂၁ ရက်ဖြစ်သွားပြီ..။
    ရောင်စုံဘောလုံး.. မသက်သာဘူးသာ မှတ်ပေတေ့ာလို့.. 🙂

    “Judgement Day is Coming. 21 May 2011. Cry Mightily unto God. Jonah 3:8.”

    Is May 21 judgement day?

    Gothataone Moeng
    Staff Writer

    May 21, 2011 is a date to diarise and keep completely open, because according to billboards, not just in Gaborone but also reportedly in 68 other countries, that is the date on which the Christian Judgement Day will take place.
    http://www.mmegi.bw/index.php?sid=6&aid=2017&dir=2011/March/Monday28

  • လင်းဝေကျော်

    April 1, 2011 at 3:05 am

    ကမာ္ဘပျက်တော့ လည်း ပြင်ခိုင်းလိုက်တာပေါ့။
    ပြင်ဆင်စားရိတ် တွေ ပိုမတင်ရင်ပြီးတာပါပဲ။

  • MaMa

    April 1, 2011 at 3:25 am

    (ကမာ္ဘကြီးပူနွေးလာမူ့မှာ သူတို့အတွက် ရပ်ကွက်ထဲသန်းတုပ် ရင်းပြောသောအတင်းလောက် စိတ်ဝင်စားစရာမကောင်းပေ။) မှန်လိုက်လေ kookaburra ရေ။

  • Gong Zhu

    April 1, 2011 at 8:26 am

    ကဲကဲ … အားလုံးပဲ ပိုက်ဆံစုမယ် … ဒီရွာထဲက ရွာသူရွာသားတွေ အပြင်မှာလည်း စည်းရုံးလိုက်ပါ … ကမာ္ဘပျက်ရင် ပြန်ဖာထေးဖို့လို့လို့ … ဟီးဟီး …

Leave a Reply