“ယိမ်းနွဲ့လို့ကသယောင် စိမ်းလဲ့လို့မြအရောင် နဲ့အောင်ပင်လယ်က ……………”   လူကလဲနေပူထဲမှာ အကြာကြီးနေခဲ့တော့  မောပါတယ် ။ မောဆိုချွေးက အရမ်းထွက်တာကိုးဗျ။ အရှေ့ဘက်ဆက်မသွားဘဲ နဲ့ အသွားတုံးက မရိုက်ဖြစ်ဘဲကျော်လာခဲ့တဲ့ နန်းဦးလွင်ရွာထိပ်က ကြွက်ကြော်နဲ့ထန်းရေဆိုင်လေးဘေးနားက စိမ်းလဲ့လဲ့ ကောက်ပင်တွေကိုဆော်ဘို့နှက်ဘို ဆိုင်ကယ်ရပ်။ ပြီးတော့ မှ တံတားထိက်ကနေ လယ်ကွင်းထဲကို ဆင်းရိုက်.။ အစိမ်းနုရောင်ကော်ဇောတစ်ချပ်ခင်းထားသလို ကောက်ပင်လေးတွေမြင်ရတာ အေးမြ။ ဒီမြင်ကွင်းကိုမြင်လိုက်တော့ အမြင်အာရုံတွေ ကြည်လင်အေးမြ။ ဒီနားမှာလဲအတော်ကြာအောင်ဓါတ်ပုံရိုက်မိပါတယ်။ အပြန်လမ်းကတော့အေးအေးဆေးဆေး။ အောင်ပင်လယ်ကန်ဘောင်ရိုးဘက်က နေပြန်လာခဲ့ပါတယ်။ အတော်လေးသွားမိတော့ ၂၀၁၁ခုနှစ်က ကျနော်ရိုက်ထားဘူးတဲ့ ကျနော်တို့ရဲ့ ရွာသူ မမှီ(အခုပျောက်နေသူ)သဘောကျပါတယ်လို့ဆိုထားတဲ့ လယ်စောင့်တဲ့ကလေးကရှိနေဆဲ၊ အဲဒါနဲ့ ကန်ဘောင်ရိုးမှာရပ်ပြီး ဓါတ်ပုံရိုက်။ ဟိုးအရှေ့ဘက်အနားသတ်က ရန်ကင်းတောင်။ ကြားထဲမှာက စိမ်းမြမြ စပါးခင်း။ အောက်မှာတော့ရေမြောင်းလေးနဲ့ တဲအိမ်ကလေး၊ လှပသောမြင်ကွင်းလေးကိုမြင်ရတော့ ကြည်နူးစိတ်တွေက […]


“စိမ်းလဲ့လဲ့ ယိမ်းနွဲ့နွဲ့ စပါးပင်နဲ့အလှဆင် တဲ့အောင်ပင်လယ်”       ကျနော် အောင်ပင်လယ် လယ်ကွင်းတွေရဲ့မြောက်ဘက်ခြမ်းကနေ ကင်မရာတစ်လုံးနဲ့လက်ဆော့နေတာကို တောင်ဘက်ခြမ်းက လယ်တဲအိမ်က လူတွေကလှမ်းကြည့်နေကြပါတယ်။ ဟိုဘက်နဲ့ဒီဘက်ကူးတဲ့တံတားလေးကို တံခါးလေးနဲ့ပိတ်ထားတော့ အလွယ်တကူ ကူးလို့မရပါဘူး။ တံတားကလဲ အခို်င်အမာကြီးဆောက်ထားတာမဟုတ်။ လူသွားသာရုံပျဉ်ချပ်ကလေးထိုးထားတာပါ။ သူတို့ဘက်ခြမ်းမှာကြည့်လိုက်တော့ အောင်ပင်လယ် စပါးခင်းကြီးက စိမ်းစိုလဲ့လဲ့။ ဒါနဲ့ကျနော်လဲ အဲဒီဖက်ကလူတွေကို လှမ်းအော်ရပါတယ်။ ဓါတ်ပုံရို်က်ချင်လို့  အဲဒီဘက်ကိုလာပါရစေပေါ့။ ဟိုဘက်က လူတွေကလဲ သဘောကောင်းပါတယ် ။ လာခဲ့ဘို့ခွင့်ပြုပါတယ်။   အဲဒါနဲ့ တံတားလေကို သတိနဲ့ကူးရပါတယ်။ လူကဝတုတ်ဖက်တီးဆိုတော့ ရေထဲပြုတ်ကျမှာကြောက်လို့ပါ။ ဟိုဘက်ရောက်တော့ သူတို့နဲ့ အလ္လာပ သလ္လာပပြောရပါတယ်။ ငယ်ငယ်တုန်းက ကြာအိုင်ကြီးလာဓါတ်ပုံရိုက်တာပါပေါ့။ သူတို့ကလဲ ဒီကြာအိုင်ကြီးကိုနှမျောပါသတဲ့။ ဘက်ဖိုးနဲ့မထိုးခင်တစ်ရက် က သူ့သမီးတွေကြာအိုင်ကြီးနဲ့ဓါတ်ပုံရို်က်ထားပါသတဲ့။ သူတို့ကဂျာနယ်ထဲ ထည့်ဖို့လားလို့မေးပါတယ်။ ကျနော်လို့ကင်မရာတစ်လုံးနဲ့လာ […]


“ကြာပင်အိုင်အလွမ်းပြေ…………………….”     ပြီးခဲ့တဲ့ဥပုဒ်နေ့ နေ့လည်ပိုင်းမှာတော့  မိုးကလေးကခပ်အုံ့အုံ့။ ဘယ်သူနဲ့မှချိန်းထားတာလဲမရှိတော့ အောင်ပင်လယ်ဘက်သွားချင်စိတ်ပေါ်လာပါတယ်။ အရှေ့ဘက်ကိုလှမ်းကြည့်တော့ တိမ်တွေလှနေတာကလည်း ဓါတ်ပုံရိုက်ထွက်ဘို့ ဆွဲဆောင်သလိုလို။ ဒါနဲ့ဘဲ ကင်မရာဓါတ်ခဲအပိုထည့် မင်မိုရီကဒ်အပိုဆောင် မိုးကာအကျီ်လေးကို ထည့်လို့ ထွက်လာခဲ့ပါတော့တယ်။ နေ့လည်နှစ်နာရီထိုးလောက်ပေါ့။ ဆိုင်ကယ်စီးလာနေရင်းနန်းရှေ့လဲရောက်ရောမိုးအုံ့နေရာကနေ ရာသီဥတုက  ပူလာပါတယ်။ ဒါနဲ့ 62လမ်းအတိုင်း ဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းရပြန်သပေါ့။ ဒီဘက်ခြမ်းမှာပူနေပေမယ့် မန်းလေးနဲ့ပုသိမ်ကြီးကို စည်းခြားထားတဲ့ သံလမ်းကိုလဲကျော်ရော လမ်းဘေးမှာတန်းစီနေတဲ့ သစ်ပင်တွေကြောင့်အေးမြသွားပါတယ်။ နန်းဦးလွင်ရွာကိုကျော်လာလိုက်တော့ အရင်ရှိနေကျ ကြာအိုင်နေရာမှာ ရေမြောင်းကျယ်ကြီး ကိုတွေ့လိုက်ရပါတယ်.။ အရင်ကတော့ ဒီနေရာမှာနန်းတော်ရှေ့ဆရာတင် သီချင်းထဲက ကြာပင်အိုင်ကြီးရှိခဲ့ဘူးသပေါ့။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကထိ ဒီကြာတောကြီးရှိပါသေးတယ်။ အပွင့်အတော်ကြီးတဲ့ ကြာပန်းတွေရှိတဲ့နေရာပါ။ ဒါပေမယ့် ဒီကြာပင်ကြီးတွေက နှစ်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးမူ့တွေလဲရှိလာတာတော့အမှန်ပါဘဲ။ ဟိုးအနောက်ဘက် အောင်ပင်လယ်ကန်ဘောင်ရိုးအစကနေ ပုသိမ်ကြီးမြို့အဝင်ထိပ်လောက်ထိအောင်ရှည်လျားတဲ့ ချောင်းက ကြာပင်တွေဗေဒါပင်တွေနဲ့ ပိတ်နေတော့ […]


“ဓါတ်ပုံဟောင်းကိုပြန်ကြည်ခြင်း” ဟိုတစ်ရက်က အလုပ်မရှိအလုပ်ရှာ ငယ်ကဓါတ်ပုံတွေပြန်ထုတ်ကြည့် မြင်ရတာကိုကရီစရာ။   ဆံပင်ဘုတ်သိုက် လုံချည်က မြေကြီးဒရင်းတိုက် အကျင်္ ီက ဘဒင်အကွက် လွယ်အိတ်ကိုအထုံးကြီးထုံးလို့စလွယ်သိုင်း အဲဒီတုန်းကတော့ပီပီပြင်ပြင်အမို်က်စားဒီဇိုင်း အခုပြန်ကြည့်တော့ “ ပဲ “တွေ ပိ နေတဲ့စတိုင်ဆိုတာကိုတွေးမိတဲ့အခါ “ဟာ….ဟ”လို့တောင်အသံထွက်ရီလိုက်မိပါတယ်။   အခုအချိန်မှာ အရောင်အသွေးစုံတဲ့ မြင်ကွင်းလှလှဓါတ်ပုံ လေးတွေရအောင် ခလုပ်နှိပ်နေတဲ့လက်က ဟိုအရင်နှစ်များစွာမှာ မကျေနပ်တာတွေကိုဖောက်ခွဲ နံရံကိုလက်သီးနဲ့ထိုးလို့စုတ်ပြဲ ကျိုးတဲ့အခါကျုးိ ချုပ်ရိုးတွေတသီကြီးနဲ့လက်ဆိုရင ်ယုံလား……………………တော့မသိဘူး   စာရေးရင်အေးအေးချိုချို တေးဆိုသလိုကဗျာတွေစပ်လို့စပ် တစ်ယောက်ယောက်နဲ့စကားပြောရင် “ဟုတ်ကဲ့ခင်ဗျ”ဆိုတဲ့စကားလုံးတွင်တွင်သုံးသူက ဟိုးအရင်ကာလများမှာ ခင်ဗျား-ကျုပ်-နင-်ငါ စကားလုံးများနဲ့ ဝုန်းဒို်င်းကျဲ မကျေနပ်တာများတွေ့ရင် ဘေးလူဆွဲလု့ိမနိုင်လောက်အောင်ကို  ပေါက်ကွဲတတ်သူဆိုတာ သိများသိရင် “ဟယ် တလွဲကြီးလို့” မှတ်ချက်ပေးမှာအသေအချာ။   (ဒါကတော့ ကိုယ့်ဓါတ်ပုံကိုယ်ပြန်ကြည့်ရင်းပြန်တွေးမိတဲ့အတွေးလေးပါ)     ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ […]


        “ကိုခင်ခပြောတဲ့နံနက်ခင်းလေးတွေ”   မနက်လမ်းလျောက်တိုင်း ဓါတ်ပုံရိုက်ဖြစ်တဲ့အခါ အလင်းအမှောင်နဲ့နေရာအခင်းအကျင်းသဘောကျတဲ့နေရာကို ထပ်ကာထပ်ကာရိုက်မိတတ်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ ကိုယ့်စိတ်ထဲမှာ နှစ်သက်တဲ့ ပုံလေးများရတဲ့နေရာရောက်ရင် သတိထားကြည့်မိတတ်ပါတယ်။ ကြည့်မိတိုင်းလဲလှတယ်ထင်နေတော ့ လက်ဆော့မိပါတယ်။ ဒီပိုစ်က ပုံတွေမှာ တစ်နေရာထဲက ပုံတွေကို အချိန်မတူ ရက်စွဲမတူ ဘဲရိုက်ထားတာတွေအများကြီးပါ ပါတယ်။ မန်းလေးကန်တော်ကြီး မီနီဂေါက်ကွင်းအရှေ့ဘက်ကနေ မဟာမြတ်မုနိဘုရားကြီးကို မြင်ရတဲ့နေရာ၊ ကန်အနောက်ဘက်ဒေါင့် ကျောင်းဆောင်လေးရှိတဲ့နေရာ ကုန်းမြင့်လေးပေါ်မှာ သစ်ပင်ကွေးကွေးလေးပေါက်တဲ့နေရာ တွေက ကျနော်အတော်လေး သဘောကျတဲ့နေရာလေးတွေကိုထပ်ခါထပ်ခါရိုက်ပါတယ်။ နောက်ကျနော်ကအရောင်စုံကော့တေးလ်ကို သိပ်သဘောကျပါတယ်။ အဲတော့ကျနော့်ပုံတွေကအရောင်စုံတွေများပါတယ်။ နောက်အလင်းတန်းကျတာလေးတွေနှစ်သက်ပါတယ်။ ဒီပိုစ်မှာတော့ ပုံစံတူလေးတွေပါနေတာကိုတော့ခွင့်လွှတ်စေချင်ပါတယ်။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (29-8—2012)    


                      20 နံနက်ခင်းလေးမှာတွေ့ရတဲ့ဗေဒါပန်းကလေးတွေတန်းစီနေတာ “ကိုခင်ခပြောတဲ့နံနက်ခင်းလေးများ —တစ်”   ဟိုရက်တွေက မိုးညနေခင်းလေးတွကလှတော့ ရက်ဆက်လောက်သွားပြီးဓါတ်ပုံရိုက်ဖြစ်ပါတယ်။ အဲတော့လဲ ညနေခင်းပုံလေးတွေဆက်တိုက်တက်လာဖြစ်ပါတယ်။ တကယ်ပြောရရင်ကျနော်က ညနေပိုင်းရိုက်ခဲပါတယ်.။ မနက်လမ်းလျောက်ထွက်ရင်း နေ့တိုင်းလောက်နီးပါးရိုက်ပါတယ်။ မရိုက်ဖြစ်တဲ့နေ့ကခပ်ရှားရှား။————————– အဲလောက်လက်ဆော့တာပါ။   ကျနော်လမ်းလျောက်ထွက်စအချိန်က မနက် 5နာရီ15မိနစ်လောက်ဆိုတော့ အခုလိုမိုးရာသီမှ နေရောင်မမြင်ရတာများပါတယ်။ လမ်းတစ်ဝက်လောက်ရောက်တယ်ဆိုရင်တော့အလင်းစကို စမြင်ရပါပြီ။ အဲဒီအချိန်လောက်မှာ ဒီနေ့အဖို့တိမ်လှမယ် မလှဘူူးလဲမှန်းလို့ရပါပြီ။   မနက်ပိုင်းမှာဆိုရင် သစ်ပင်ကလေးတွေနိးထစ. ပန်းကလေးတွေပွင့်စ တက်သိမ်းအင်းထဲမှာတံငါလှေတွေ ဝမ်းစာရှာစ ဆိုတဲ့ “အစ”လေးတွေကိုလိုက်လက်ဆော့ ပါတယ်။ တစ်ခါတစ်လေ နေအထွက်လေးလှတာကိုစောင့်ရင်း နောက်ကျတော့ အလုပ်ချိန်မှီအောင် ကမန်းကတန်းပြေးရတာလဲအခါခါ။ ဒါပေမယ့်ကိုယ်တင်ပေးလိုက်တဲ့ပုံလေးတွေကို ကြည့်ရ မြင်ရသူက […]


“အင်ကြင်းပန်းနဲ့ရှေးစာဆိုများ……….”   ဟိုရက်က အင်ကြင်းပန်းပို့စ်မှာ ကိုခိုင်က ကင်းဝန်မင်းကြီးရဲ့ ကဗျာလေးထဲမှာ အင်ကြင်းပန်းမပါတာကို ရေးပြထားတာဖတ်လို်က်ရပါတယ်။ အဲတော့လဲ ဒီအင်ကြင်းပန်းကိုရှေးစာဆိုတွေဘယ်လိုများရေးဖွဲ့ခဲ့ကြသလဲဆိုတာကို သိချင်ပြန်လာပါတယ်။ ဒါနဲ့ဘဲအိမ်မှာရှိတဲ့ စာအုပ်လေးတွေကိုမွှေကြည့်မိတော့။ အင်ကြင်းပန်းကို ဖွဲ့ဆိုထားပုံကိုတွေ့ရပါတယ်။ သိလိုက်ရတာတစ်ချက်က အင်ကြင်းပန်းဆိုတာ တပေါင်းလမှာပွင့်တဲ့ပန်းဆိုတာကိုပါ။ သူနဲ့တွဲဖက်ပန်းကတော့ ရွှေဝါရောင်အဆင်းရှိတဲ့ “သရဖီပန်း”ပါဘဲ။ သန ္တာရောင် နီသောအဆင်းရှိတယ်ဆိုတာလဲသိလို်က်ရပြန်ပါတယ်။ နောက်ဒီအင်ကြင်းပန်းကို ဆယ်နှစ်ရာသီလွမ်းချင်းတွေထဲမှာရေးဖွဲ့ကြတာကိုသိရပြန်ပါတယ်။ ဦးအံ့ကြီးသီဆိုထားတဲ့ “ မိန်ရာသီ “သီချင်းထဲမှာတော့ ဒီအင်းကြင်းပန်းကို ဒီလိုရေးဖွဲ့ထားပါတယ်။ “ခိုင်ရွှေညာဝင်း နှင်းကြွင်းဖွဲ့တဲ့ မိန်လရာသီ လေသွေးရာချီ  ရွှေဖီငုံကင်း အင်ကြင်းတွေက နီ သန ္တာရည် တောလုံးဖြာချေပြီ” ဆိုတဲ့အသံလေးကို နားထဲမှာပြန်ကြားလာမိပါတယ်။ ကဲ ရှေးစာဆိုတွေဘယ်လို့ဖွဲ့ဆိုခဲ့ကြသလဲဆိုတာကို ဖတ်ကြည့်လို်က်ရအောင် အိမ်မှာ ရှိတာလေးဆွဲပြီး ရှာထားတော့ သိပ်တော့မပြည့်စုံပါဘူး။ ရသလောက်လေးနဲ့ကျေနပ်ကြတာပေါ့။     […]


      12 တူသလိုလို မတူသလိုလို   “တိမ်တောင်သက်တန့် မန္တလေးနန်းမြို့ရိုးနှင့်ကျူံးရေပြင်”     ဒီနှစ် မိုးတွင်းက မြန်မာပြည်အနှံ့ရေကြီးနေပေမယ့် မန်းလေးမှာ မိုးမရွာ။ အုံ့တယ်ဆိုရုံလေးအုံ့တဲ့ရက်တွေများပါတယ်။ အခုရက်မှာ မန္တလေးမြို့မှာ ကောင်းကင်ကကြည်လင်တဲ့အပြင်တိမ်တွေကလဲအတော်လှပါတယ်။ ကောင်းကင်ထက်မှာလေသိပ်မတိုက်တဲ့အတွက် တိမ်တွေက ကြာကြာနေပါတယ်။ ညနေခင်းမှာဆို တိမ်တောင်ထု ဖြူဖြူတွေမြင်ရတာ ကြည်နူးစရာ။ တစ်ရက် နန်းရှေ့ဘက်က ပြန်အလာ တောင်ဘက်ကျုံးလမ်းရောက်ချိန် နန်းမြို့ရိုးဘက်ကြည့်လိုက်တော့ အင်မတန်လှပတဲ့တိမ်အခင်းကို မြင်လိုက်ရပါတယ်။ ဒါနဲ့ဘဲ ဆိုက်ကယ်ကိုရပ်လို့ ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။ တိမ်အဆုပ်ဆုပ်အလွင့်လွင့်နောက်ခံနဲ့ နန်းမြို့ရိုးပုံလှလှလေးတွေရလိုက်ပါတယ်။ နောက်ရက်မှာတော့ အနောက်ကျုံးလမ်းအတိုင်း မြောက်ပြင်ဘက်ကိုအသွား တိမ်တောင်ထု တစ်ခုတည်နေပုံကလှပ။ တိမ်လေးတွေရယ် မြို့ရိုးပေါ်မှာပေါက်နေတဲ့ထန်းပင်အုပ်တွေရယ်တွဲလို့ဓါတ်ပုံရိုက်နေတုန်း သက်တန့်ကွေးကွေးလေးက ရုတ်တရက်ပေါ်လာပါတယ်။ ကျနော်မှာဓါတ်ပုံရိုက်လို့မဝနိုင်အောင်ဖြစ်ခဲ့ရသပေါ့။ အင်မတန်လှပသော ကျက်သရေရှိသောပုံလေးများလည်းရခဲ့ပါတယ်။   ကျနော်တို့မြန်မာနို်င်ငံမှာတော့ ရှေးအမွေအနှစ်အဖြစ် မပျောက်မပျက်ရှေးမူရင်းအတိုင်းကျန်ခဲ့တာကတော့ […]


        “ရွှေ့လို့ရွေ့…..ရွေ့တော့ရွှေ့”     ဒီဖက်ခေတ်ထဲမှာ အရွှေ့အပြောင်းများသထက်များလာသလိုပါဘဲ။ သချိုင်းတွေရွှေ့တယ်။ ဆိုင်တွေရွှေ့တယ်။ ဈေးရွှေ့တယ်။ အိမ်တွေရွှေ့တယ်။ ရွာတွေရွှေ့တယ်။ လယ်တွေရွှေ့တယ်။ လူတွေရွှေ့တယ်။ သစ်ပင်တွေရွှေ့တယ်။ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တောရောမြို့ပါ။ နိုင်ငံအဝှမ်းမှာအရွှေ့ပေါင်းစုံ ကိုတွေ့နေမြင်နေကြားနေရပါတယ်။   ကျနော်တို့ငယ်စဉ်ဘဝကတော့ ရွှေ့တယ်ပြောင်းတယ်ဆိုတာမရှိသလောက်။ ကျနော်ကြီးပြင်းခဲ့တဲ့အရပ်မှာနှစ်ပေါင်းများစွာအပြောင်းအရွှေ့မရှိဘဲနေခဲ့ကြတဲ့ အိမ်နီးနားခြင်းမိသားစုအချင်းချင်းမှာ ဆွေမျိုးရင်းခြာပမာ.။ အိမ်ပိုင်ဖြစ်ဖြစ်အိမ်ငှားဖြစ်ဖြစ် တစ်နေရာထဲမှာအကြာကြီးနေခဲ့ကြတာပါ။ ပြောင်းဟယ်ရွှေ့ဟယ်ဆိုတာမှာ အစိုးရဝန်ထမ်းတွေမှာသာတစ်နေရာကတစ်နေရာ ပြောင်းပြီး တာဝန်ထမ်းဆောင်ရတာကို တွေ့ရပါတယ်။   ဟိုအရင်ကလူဦးရေကနည်းနည်းလေး။ အခုတော့ထပ်ညွှန်းကိန်းလိုပေါက်ဖွားလာတဲ့လူဦးရေကြောင့် နေစရာထိုင်စရာက ကျပ်တည်းကျဉ်းမြောင်း။ လုပ်ကိုင်စားစရာနေရာကလဲ မရှိသလောက်။ အဲတော့ရှိတဲ့နေရာကို အထပ်အမြင့်တွေဆောက်လို့ နေစရာကိုဖြေရှင်းကြပါတယ်။ မြို့ကလူဦးရေ တိုးသထက်တိုးလာတဲ့အခါ မြို့ကို မြေလွတ်မြေရိုင်းရှိတဲ့ဘက်ကို ထပ်ချဲ့ မြိုသစ်တွေထပ်တည်လုပ်ရပါတယ်။ အဲတော့အရင်က ဆင်ခြေဖုံးဆိုတဲ့အရပ်တွေက အလိုလိုနေရင်းမြို့လည်ခေါင်လိုဖြစ်လာပါတယ်။ အဲဒီမှာ ပထမဆုံး အနှောင့်အယှက်ဖြစ်လာတာက မရှိမဖြစ်သချိုင်းတွေပါဘဲ။ အရင်ကတော့ […]


                        “ကြာ……………လွမ်းချင်း”     အခုရက်ကတော့ ပန်းတွေရော ရူ့ခင်းပုံတွေရောအတော်လေးရိုက်ဖြစ်ပါတယ်။ တစ်ည မိတ်ဆွေတစ်ယောက်နဲ့စကားပြောရင်း ကြာပန်းပုံလေးမရှိဘူးလားလို့မေးလာပါတယ်။ “ရှိပါတယ် တစ်ရက်တော့စောင့်ပေး”လို့အကြောင်းပြန်လိုက်ပါတယ်။ သိပ်မကြာခင်ရက်ကဘဲ မြန်မာ့ပန်းတွေကို စံနစ်တကျ စုဆောင်း နေတဲ့ဆရာမကြီး TTNU အတွက်ပန်းတွေစုပေးထားတော့ ကြာပန်းပုံတွေက အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် ဆရာမကြီးကို အမြန်သာပေးလိုက်ရတယ် မစုံသေးဘူးဆိုတာအလိုလိုသိနေပါတယ်။ သေချာတာတစ်ခုက ကြာပန်းကို ကျနော်ရန်ကုန်မှာသုံးကြိမ် နဲ့မန်းလေးမှာ တစ်ကြိမ် ထဲဘဲရိုက်ဘူးတယ်ဆိုတာပါ။ ရန်ကုန်မှာ ပထမအကြိမ် 2011 ရောက်တုံးက မရိုက်ဖြစ်ပါဘူး။ ကျနော်ရန်ကုန်ရောက်ချိန် ကန်တော်ကြီးထဲမှာ ကြာမပွင့်သေးပါဘူး။ ကျနော်အရင် မဝေ က ကန်တော်ကြီးထဲက ကြာပန်းခင်းကိုရိုက်တင်ထားတာတွေ့ဘူးပါတယ်။ ဒုတိယတစ်ခေါက် 2012ဇန်နဝါနီလဆန်းကြာပန်း နီနီလေးတွေကို ကန်တော်ကြီးမြောက်ဘက်ခြမ်းက တံတားနားလေးမှာရိုက်ခဲ့ပါတယ်။ အတော်လေးကို နှစ်သက်စရာကောင်းတဲ့ပုံလေးတွေလို့ခံစားရပါတယ်။ […]


  “ရွှေရောင်လွှမ်းသော ဆည်းဆာညနေခင်းလေး”     ရှမ်းလေးကျွန်း ပါတ်ဝန်းကျင်မှာလှည့်ပါတ်ပြီးဓါတ်ပုံရိုက်လို့ဝတော့ ပြန်ဘို့ပြင်ရပါတယ်။ နေကလဲ  မင်းဝံတောင်အနောက်မှာ ကွယ်ခါနီးနေပါပြီ။ အဲတာနဲ့ တံတားလေးပေါ်ကနေလမ်းလျောက်ပြိးဆို်င်ကယ်ထားတဲ့နေရာကို ဖြတ်အလာ အနောက်ဘက်ကုိုလှည့်အကြည့်လိုက်တဲ့အခါ ဝင်လုဆဲနေမင်းဆီကနေ ရွှေရောင်တွေဖြာလက်နေတာကို မြင်လိုက်ရပါတယ်။ အဲဒါနဲ့တံတားပေါ်ကအမြန်ဆင်း ပြီး အရှေ့ဘက်ထိပ်က ကန်ရေအစပ်ကိုသွားလို့ရိုက်လို့ကောင်းမယ့် နေရာကို ရှာရပါတော့တယ်။ ကန်ရေစပ်ရောက်ပြန်တော့ ကိုင်းပင်တွေက နည်းနည်းရှုပ်နေတော့ လွတ်တဲ့နေရာရွေးရပြန်တယ်။ လွတ်တဲ့နေရာရောက်ပြန်တော့ ရေဝင်ထားတဲ့မြေဖြစ်နေပြန်တော့ အောက်ခြေက စိုစိုကပ်ကပ်။ တစ်ဖြည်းဖြည်းနဲ့နေအလင်းရောင်ကအောက်ကျလာလေ ကောင်းကင်က ပုစွန်ဆီရောင်ခပ်ခြောက်ခြောက်လေးနဲ့ ပိုပိုလှနေပါတယ်။ ကျနော်ရောက်နေတဲ့သစ်ပင်အောက်ကနေ ကျနော်ဖြတ်လျောက်ခဲ့တဲ့တံတားလေးဘက်ကိုလှမ်းကြည့်လို်က်တဲ့ အခါမှာတော့ ရှည်လျားတဲ့တံတားအရိပ်က ရွှေအိုရောင်ဆည်းဆာရဲ့ သဘာဝဆလိုက်မီးကြောင့် ခပ်စပ်စပ်လေးသာရှိနေတဲ့ ရေပြင်မှာအရိပ်တွေထင်နေပုံကလှပ။ အဝေးမှာတော့အပြာရောင်ကောင်ကင်က ဆေးစက်ကလေးတစ်ချက်နှစ်ချက်ပက်ထားသလို ခပ်မွမွ။ ကျနော်လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင်ကို ခလုပ်တွေနှိပ်မိ။ ကောင်းကင်မှာအလင်းရုပ်သိမ်းမှ ပြန်လာခဲ့မိ။ ရှမ်းလေးကျွန်းဘက်မှာသာအလင်းသိမ်းသွားပေမယ့် ကန်တော်ကြီး တက်သိမ်းအင်းမြောက်ဘက်ကန်စပ်ရောက်ချိန်မှာတော့ […]


  “ကြည်နူးဘွယ် မိုးဥတုရဲ့ညနေခင်းလေး”     (17-8-2012)နေ့ဥပုဒ်နေ့ကတော့ မန်းလေးမှာမိုးအုုံ့ဆိုင်းလို့နေပါတယ်။ ဥပုဒ်နေ့က ကျနော့်အလုပ်ပိတ်ရက်လဲဖြစ်ပါတယ်။ ကျနော်တို့အလုပ်က ဈေးနဲ့ဆက်စပ်နေတာကြောင့်ဈေးပိတ်တဲ့ ဥပုဒ်နေ့မှာကျနော်တို့အလုပ်ပိတ်ပါတယ်။ တနင်္ဂနွေရုံးပိတ်ရက်သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေတော်တော်များများတောင် ဥပုဒ်နေ့မှာဝန်ထမ်းတွေကို အလုပ်ဆင်းခိုင်းရပါတယ်။ ဟိုးတစ်ခါ ညနေစောင်းတစ်ရက်မှာကိုစိန်သော့နဲ့အတူသွားပြီးလက်ဆော့ပြီးကတည်းက ရှမ်းလေးကျွန်းဘက်ကို မရောက်ဖြစ်သေးပါဘူး။ အလုပ်ပိတ်ရက်သွားမယ်ဆိုမှ မိုးအုံ့တာတင်မကဘဲ မိုးဖွဲလေးတောင်ကျလာပါတယ။် ဒါပေမယ့် ညနေငါးနာရီလာက်ရောက်တော့နေပွင့်လာပါတယ်။ အဲတော့ ရှမ်းကလေးကျွန်းကို  ဓါတ်ပုံရိုက်ဘို့အပြေးအလွှားထွက်ခဲ့ပါတယ်။ ဒီတစ်ပါတ်မှာတော့ရှမ်းလေးကျွန်းက ရေကျနေပါပြီ။ တံတားပေါ်ကနေကြည့်လိုက်တော့ နေမင်းကို တိမ်တွေဖုံးအုပ်လို့ထားတော့ အလင်းကမဝင့်တဝင်။ ကောင်းကင်မှာတော့ အပြာနဲ့ မီးခိုးရောယှက်လို့နေပါတယ်။ တံတားမြောက်ဘက်ခြမ်းမှာတော့ ရေစပ်စပ်ကျန်နေပါသေးတယ်။ ဟိုးအဝေးထိမြင်နေရတဲ့ မြင်ကွင်းရဲ့အနားသတ်ကတော့မင်းဝံတောင်ရိုး။ အနောက်ဘက်ကိုကြည့်လိုက်တော့ ရေကင်းလွတ်စ ရှမ်းလေးကျွန်း။ တောင်ဘက်ကိုလှမ်းကြည့်မိတော့ စစ်ကိုင်းတံတား ကုံးတွေနဲ့ စစ်ကိုင်းတောင်ရိုးကစေတီတွေကိုမြင်နေရပါတယ်။ ကောင်းကင်ကတော့ ပြာတစ်လှည့် မှောင်တစ်ခါ လှပလို့နေပါတယ်။ အဲတော့ ကျနော်လဲလက်ဆော့လို့ကောင်းသပေါ့။ ကဲကြည့်လိုက်….ခံစားလိုက်ကြပါအုံး။ […]


  “ရေမှာပျော်တဲ့သူ”   ပြီးခဲ့တဲ့ရက်တွေက မန္တလေးမြို့ရဲ့မိုးဥတုညနေခင်းတွေကအတော်လေးလှပပါတယ်။ ကောင်းကင်ကတိမ်တွေကို ဝင်လုဆဲနေက အရောင်စုံပက်ဖျန်းပေးတော့ လှသထက်လှ။ အခုရက်က ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်ပြန်တော့ ကန်ပါတ်လမ်းတာရိုးရဲ့ အနောက်ဘက်ကမ်းကနေ ဟိုး…မင်းဝံတောင်တန်းထိ ရေပြင်ကျယ်ကြီးဖြစ်လို့နေပါတယ်။ အဲဒီရေပြင်ပေါ်မှာ တိမ်အရောင်စုံတွေ သက်ဆင်းနေပြန်တော့အတော်လှတဲ့ ပန်းချီကားတစ်ချပ်လို့။ အဲတော့အခုရက်ပိုင်းမှာဧရာဝတီမြစ်ကမ်းနံဘေးမှာသွားလို့ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ ကျနော်သွားတဲ့အချိန်ကလဲ ကျနော်အလုပ်ပြီးပြီဆိုမှာသွားရတော့ တစ်ခါတစ်လေ နေအဝင်စောပြန်ရင် လိုချင်တဲပုံမရ။ တစ်ရက်တော့ တိမ်တွေလှတယ်ဆိုတာ နဲ့အပြေးအလွှားသွားပေမယ့်နောက်ကျတော့ ကောင်းကင်မှာအမှောင်ရိပ်စွန်းစ။ ကျနော်လဲစိတ်ပျက်လက်ပျက်နဲ့လှည့်ပြန်မယ်လုပ်တုန်း ဝုန်းကနဲအသံကြားလို့လှည့်ကြည့်လို့ကလေးတွေရေကူးနေတာကိုတွေ့ရပါတယ်။ အဲဒီဧရာဝတီမြစ်ကမ်းနံဘေးက ရေပျော်သူ လေးတွေ ဒိုင်ဗင်ထိုးနေကြတာပါ။ အဲဒါနဲ့သူတို့အနားကိုလဲသွားရော ကလေးတွေက ဘာကြောက်တယ်တော့မသိ ဒိုင်ဗင်ထိုးတာရပ်။ အဲဒါနဲ့ကလေးတွေကို ဒိုင်ဗင်ထိုးဘို့ ပြောရတော့တာပေါ့။ ပြောသာပြောရတယ်ကလေးတွေတစ်ခုခုဖြစ်ရင် ကိုယ်ကြောင့်ဖြစ်နေမှာလဲစိုးရသေးတယ်.။ အဲဒီထဲက ခပ်သွက်သွက်ခပ်နောက်နောက်ကလေးတစ်ယောက်က “ မူ့ခင်းဂျာနယ်ထဲ မထည့်နဲ့နော်” ဆိုပြီးပြောလာတော့ ဝိုင်းရီကြ။ ခဏနေတော့ ကလေးတစ်ယောက်ကစလို့ဒိုင်ဗင်ထိုးပါတော့တယ်။ ပထမတစ်ခါမလှ ဝုန်းကနဲ့ပြုတ်ကျ။ […]