ko sixNovember 28, 20151min1227
တောင်တွေဟာ လေ ဘယ်လောက်အားပြင်းပြင်း ဦးမညွှတ်ဘူးတဲ့။ လက်မထောင်နိုင်ဖို့ ဝဲဘက်လက်သန်းက သက်သေခံ တစ်ချို့ရန်ကိုတော့ ဖြိုခွင်းနိုင်ခဲ့ပြီ ခု ဒါမှမဟုတ် မနက်ဖြန် ဘူတာကြီးဆီ ဆက်သွယ်လို့ရမယ့် နည်းလမ်း ဂျိုးဖြူတစ်ကောင်နဲ့ဖြစ်ဖြစ် လင့်ပေးပါဦး။ ကိုစစ်


ko sixNovember 26, 20151min1125
ပျံသန်းနေတဲ့ငှက်မှာ လူတစ်ယောက်ရဲ့အကြံတွေ တဖျတ်ဖျတ်ခတ်နေတယ်ဆိုတာ အာမခံပါရစေ ပညာတတ်ဆိုတဲ့ အဲဒီဝေါဟာရ ငါ ဘယ်တော့မှ မချပြပါရစေနဲ့ မြစ်တွေဟာ မျဉ်းဖြောင့်မသုံးဘဲ အနိမ့်ကို ထိုးစိုက်နေသ၍ ညာဘက်ခြမ်းက ဆံမြိတ်ကို တိပလိုက်ချင်တယ်။ သံလိုက်အိမ်မြှောင်က ဒီနိုင်ငံမှာ မယုံရဘူး ကူဖျက်ပေးကြပါ လူဆိုတာ ကြံရင်းနဲ့သေဆိုတာကိုပေါ့။ တကယ်ဆို ငါတို့ဟာ တော်လှန်ရင်းနဲ့ သေခဲ့ရတဲ့ သာကီဝင်မျိုးတွေသာ။ ကိုစစ်


ko sixAugust 21, 20151min894
မနေ့က နောက်ပြန်ရစ်ကြည့် မိတဲ့ ကျောက်သင်ပုန်းကလေးဟာ နုညံ့မှုတွေ ြမြန်မာဆန်ဆန် အဖွေးသားလိမ်းချယ်လို့။ ကတ်သီးကတ်သတ် လွဲချော်ခဲ့ရတဲ့ ဘီးမှာလူကြိုက်များနေတဲ့အရောင်က လက်လို့။ ခုတော့ ပြန်ဆုံကြခြင်းဟာ ဘာလို့များ ကလေးကလားဆန်နေရပါလိမ့်နော်။ အောင်တန်းစားလို့ အမည်ရတဲ့ သစ်ပင်မှာ လောင်းရိပ်အတွက် ဓားစာခံဖြစ်ခဲ့ရင်း ဗန်ဂိုးလို ဝါပြခဲ့ဖူးတာ စိတ်ဖိစီးမှုစရာမဟုတ်လောက်ပါဘူး။ လူငယ်ပီပီ လောကနဲ့ဓါတ်မတည့်လာတဲ့အခါ အလကိုဟောနဲ့ ကုသခဲ့ဖူးတာ အပြစ်လား။ လူကုန်တန်တွေ ရွံရှာလှတဲံ့ ချောင်ကျကျစားပွဲဟာ ကတ်ကိုဘိန်းလို အကြံထုတ်ရမယ်နေရာလား။ နှစ်ရောင်စပ်ထားတဲ့ပုံပြင်က ငါတို့နှစ်ဦးရဲ့ ရေခြားမြေခြားဂီတ တစ်ပုဒ်ပါ။ နားလည်ရခက်တယ် မင်းပဲရွတ်ပြခဲ့တဲ့ ကဗျာတစ်ပုဒ်က ကျောသားရင်းသားမခွဲခြားပဲ နားထောင်လို့ ကောင်းတုန်း။ ကြယ်တွေကို ရေတွက်ပြီးမှ သီချင်းငြီးတတ်တဲ့ တေးသွားမှာ ဘာလို့များ မင်းမိသာစုက ကခုန်နေကြပါလိမ့်။ နယူတန်ရယ် ငါရယ်က ပန်းသီးကြွေကျတာကို တွေးကြတာချင်းတူတယ် တစ်ခုပဲ […]


ko sixJune 12, 20151min1226
ဘာမျိုးစေ့လဲ ဘယ်လို အပင်ပေါက်သလဲ ဘာကြောင့် သစ်မာမျိုး ဖြစ်နေရတာလဲ ဘယ်ရာသီဥတုမဆို လက်ရဲဇက်ရဲ ရှင်သန်လို့ လေထဲလည်း အမြစ်တွယ် ပင်လယ်ထဲလည်း တောထ မြို့လယ်ခေါင်တွေတောင် စိမ်းစိုလို့ လူတွေ သက်ရှိတွေ မသက်မသာ အရိပ်ခိုနေကြရ တကယ်ဆို သူသူကိုကို မနှစ်မြို့တဲ့ ဒီအပင်ဟာ ဆုပ်လည်းစူး စားလည်းရူးတဲ့ အသီးကိုပဲ သီးပါတယ် ကိုစစ်


ko sixJune 4, 20151min1094
Facebook လော့ကျနေလို့ ကူညီပေးနိုင်သူ ကူညီပေးပါဦး ကျေးဇူးတင်ပါသည်။ ခက်တဲ့ ကိုစစ်


ko sixMay 27, 20151min1105
လွန်ခဲ့တဲ့နှစ်က သီချင်းပဲဆက်ဆိုတယ် ငါးပါးသီလကို စောင့်ထိန်းခဲ့တာ ကမ္ဘာဦးကတည်းက အရောင်ပြောင်းတယ် ဗီဇမပြောင်းဘူး သူလည်း လူတွေနဲ့ပေါင်းမိတော့ အမှိုက်ကို သန့်သန့်ရှင်းရှင်း မစွန့်တော့ဘူး ငါ မင်းနဲ့ပြောင်းပြန်အချိုးကို တပ်မက်နေတာ ရှိစေတော့ အသွားအပြန်အတွက် ဓားလှံတွေနဲ့ နှုတ်ကြရုံ။ ကိုစစ်


ko sixMay 17, 20151min1168
ကျည်တစ်တောင့်ဟာ သူ့အသက်မသတ်ဘူးလို့ အမခံသလား အောက်ဆီဂျင်ဟာ မီးမလောင်ဘူးလို့ အာမခံသိလား ရေတစ်ခွက်ဟာ အဆိပ်မပါဘူူးလို့ အာမခံသိလား မြို့တစ်မြို့ဟာ နေပျော်သေပျော်အရပ်လို့ အာမခံသလား အာမခံသစ်တောတွေ အာမခံမှုမပေးတဲ့အခါ တံခါးတစ်ချပ်လည်း သော့လှပ်ခဲ့တော့ မသေသောဆေးသမား မမှားသောရှေ့နေ မလိမ်သော သမ္မတ မမှောင်သောမြို့ မတတ်သော ကျောင်းသား မြန်မာစကားပုံမှာ ဘာမှ အာမခံမထားဘူးရယ်။ ကိုစစ်


ko sixJanuary 31, 20151min1188
အ​ဖေအ​မေမရှိ​တော့တဲ့ ဘဝဟာ ​ရေ​သောက်​မြစ်​အတူူးခံထားတဲ့သစ်​ပင်​လို ငါ ဒါမှမဟုတ်​ လူ့ဘဝတစ်​ခု ရပ်​လျှက်​​သေဆုံး​နေရမှာ အ​သေအချာ အိမ်​ဟာ နယူး​ယောက်​မှာလား ဘက်​ဂဒက်​မှာလား ​မြောက်​ဝင်​ရိုးစွန်​းမှာလား ငါ ထုပ်​ပိုးပြီိးပြီ အဲဒီအရပ်​မှာ ငါ့အိမ်​က​လေးသာရှိကြည်​့ ပြန်​​တော့မည်​ဖြစ်​သည်​ ကိုစစ်​


ko sixJanuary 9, 20151min702
ဒီတစ်​ခုက လူ​တွေမှာပဲ ​ဖော​ဖောသီသီ သုံးခွင်​့ရှိတာ တစ်​ချို့က ဘာလို့ တွန်​့တိုနှ​မျော​နေကြပါလိမ်​့ မိုအတက်​ခံ ​သေရာပါဖုံးအုပ်​ လူ့တန်​ဖိုးကို က​လော်​ထုတ်​​နေကြ​ပေါ့ ပြုံးရတဲ့ကိစ္စ အဆုတ်​​တော့ကွာမကျပါဘူး မိုနာလီဇာလည်​း ပြုုံးခဲ့တယ်​ မာသာထရီဇာလည်​း ပြုုံးခဲ့တယ်​ ဗိုလ်​ချုပ်​​အောင်​ဆန်​းလည်​း ပြုံးခဲ့တယ် ငါလည်​း ပြုံးခဲ့တယ်​ ​သေချာရဲ့လာလို့​တော့ ​မ​မေးနဲ့ သူလိုကိုလို မ​ရေမရာ။ ကိုစစ်​


ko sixJanuary 6, 20151min967
သံသရာက ဆက်​ထုံးအတိုင်​းလိမ်​့ရာ အဲ့ဒီမှာ သူနဲ့​သွေး​တော်​သားစပ်​ ဖြတ်​မရတဲ့သမုသယသစ္စာ ​ထောင်​့မှန်​စတုဂံကျ ချစ်​၏။ ခက်​ပုံက အနားမညီ ဝိဟာရ​တွေသီလို့ လမ်​းမှားစွာ ထွန်​ယက်​​နေကြတယ်​။ အ​မေက​တော့ ​ချောင်​ကျ ကျအရပ်​မှာ မျက်​ရည်​ကျ​နေရင်​း ငါက ​ဂေါ်ကီရဲ့​အ​မေလိုမဟုတ်​ဘူးဆိုကာ အတူတူ လာ​ခေါ်တယ်​ ကိုစစ်​


ko sixJanuary 4, 20151min1408
ဒီ​နေ့ နှစ်​​ရောင်​စပ်​ပုံပြင်​တစ်​ပုဒ်​ရဲ့ အသဲကွဲအ​ရောင်​ကို တစိမ်​့စိမ်​့ပြန်​​သောက်​မိတဲ့​နေ့ အတိတ်​ဟာ မလွတ်​မလပ်​ ​တောလား​တွေကိုငြီးညူရင်​း အချစ်​ကို ဘဝထဲ ထည်​့​ဖျော်​ဖူးခဲ့ ကိုယ်​အပူချိန်​က ၁၀၈ မထိတထိ စိတ်​လိုလက်​ရ ပြန်​လွမ်​းမိတယ်​ အမှန်​က ငါ့အချစ်​ကို အသံ​တွေလို ​လေထဲမှာတင်​​ပြောပြီး ​ပျောက်​ကွယ်​သွားတာမျိုး မဖြစ်​ချင်​ပါဘူး။ တကယ်​ကို့ လွတ်​လွတ်​လပ်​လပ်​ ချစ်​ချင်​မိတယ်​ ညီမ​လေး။ ကိုစစ်​ ​​​


ko sixJanuary 3, 20151min1105
အငိုတစ်​ပုဒ်​ပါ ဆိုမရတဲ့အခါ အသံ​တွေပါ​ပျောက်​လို့ ခက်​ပုံက အရူးဂီတနဲ့ဆိုရတယ်​ အဆုံးကမဆုံးဘူး ဒီသီချင်​းကို သင်​.. လုံးလုံးမုန်​းခဲ့ရင်​​ပေါ့ အဲဒီ​နေ့မှာ သိရပြီ။ ကိုစစ်​