Ko out of...February 27, 20121min2567
အသက် (၈၀) ရှိဗေဒင်ဆရာတစ်ဦးထံသို့ အမျိုးသမီတဦး ရောက်ရှိလာပြီး ဗေဒင်မေးလေ၏ . . . ဗေဒင်မေးသူ ။ ကျွန်မအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရပါတယ်။ ဗေဒင်ဆရာ ။ မစိုးရိမ်ပါနဲ့ ဗေဒင်မေးသူ ။ ကျွန်မအကြွေးဆပ်ဖို့ငွေတွေ အများကြီးလိုနေပါတယ်ဆရာ။ ဗေဒင်ဆရာ ။ ဒါလဲမစိုးရိမ်ပါနဲ့ နောက် (၁၀) နှစ်ကြာရင် ခင်ဗျာမြန်မာပြည်မှာ အချမ်းသာဆုံး သူဋ္ဌေးဖြစ်မှာသေချာတယ်။ ဗေဒင်လာမေးသူ ပြန်သွားသောအခါ တပည့်ဖြစ်သူက . . . တပည့် ။ ဆရာပြောတဲ့ အတိုင်း (၁၀) နှစ်အတွင်းမှာ အဲဒီအမျိုးသမီးတကယ် သူဋ္ဌေးဖြစ်မှာလား။ ဗေဒင်ဆရာ ။ အဲဒီအချိန်ဆိုရင် ငါလည်းမရှိတော့ပါဘူး။ တပည့် ။ ဗျာ . . . ကနေ့ကျွန်တော်တို့လည်း ဗေဒင်မေးသူလိုဘဲ… ဘာသာတရားတွေဟာလည်း […]


Ko out of...February 23, 20121min1331
– ကျွန်တော်တို့ကို မိဘတွေကျောင်းပို့တာ စာရေးတတ်၊ဖတ်တတ်အောင်၊ စာဖတ်တတ်ပြီး စာကြောင်းရဲ့ ဆိုလိုတဲ့ အဓိပါယ်ကို သိပြီး မကောင်းဘူးဆိုရင် ရှောင်မယ်။ ကောင်းတယ်ဆိုရင် ဆောင်ဖို့ပါ။ – ဒါကြောင့် စာမဖတ်တတ်ခင်၊စာမရေးတတ်ခင်မှာ က၊ ခ၊ ဂ။ A B C သင်ခိုင်းတာ။ အဲဒီကနေတဆင့် လုံးကြီးတင်၊ တချောင်းငင် ၊ က၊ ကာ၊ ကား စသည်ဖြစ်ပေါ့။ က ကာ ကား လို့ ရေးတတ်ရုံနဲ့ ဝါကျ Sentences မဖြစ်သေးပါဘူး။ အဲကနေတဆင့် ဝါကျဖွဲ့တတ်အောင် တဆင့်ပြန်သင်ပေးတယ်။ က -ကလေးငယ်ချစ်စဖွယ်၊ ထမင်းမစားခင် လက်ဆေးဖို့ ၊ညစ်ညစ်ပတ်ပတ် မနေဖို့ဆိုတာတွေဟာ ဆောင်စရာ ရှောင်စရာတွေဘဲ မဟုတ်လား။ အဲကနေတဆင့် အတန်းကြီးလာပြီး စာတွေလည်းရေးတတ်၊ဖတ်တတ်လာတယ်ဆိုပါတော့.. စာတွေကိုခေါင်းမှာဘဲ […]


Ko out of...February 22, 20121min33810
လောကမှာ အဖြစ်အပျက်ဆိုတာ အမျိုးမျိုးရှိပါတယ်။ လောကမှာဖြစ်ပြီးရင်ပျက်မှာဘဲ၊ လောကမှာ အကြောင်း ကြောင့်အကျိုး ဖြစ်တယ်လို့ လွယ်လွယ်နဲ့ သူများပြောလို့သာ လိုက်ပြောနေကြတာ များပါတယ်။ တကယ်တမ်း သေသေချာချာမေးရင် အလွဲလွဲ အချော်ချော်တွေကများတယ်။ ဖြစ်ပျက်တိုင်းဒုကသစာ(ဒုတ်ခသစ်စာ) ထိုက်မထိုက်ဆိုတာ သိဖို့လိုပါတယ်… အစု(သမုတိ) ဖြစ်ပျက် နှင့် အစိတ်(ပရမတ်) ဖြစ်ပျက်ဆိုတာ သဘာဝတရားတွေပါ။ သူ့နေရာနဲ့တူ အသုုံးဝင်ပါတယ်။ ဥပမာ ပရမတ်ဖြစ်ပျက်တွေဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့အစားအသောက်တွေဆိုပါတော့ ဖြစ်ပြီး မပျက်သွားဘူးဆိုရင် ကျင်ကြီး/ကျင်ငယ်/ချွေး အဖြစ်မထွက်သွားရင် ဘယ်လိုနေမလဲ။ သွေးလေတွေ မညီဘဲ သွေးလေညီအောင်ဆေးဝါးပြန်ရှာစားရတယ် မဟုတ်လား။ အခုကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ကွန်ယက်လှိုင်းဟာ အဟောင်းပျက်ပြီး အသစ်အသစ်အစားမထိုးရင် ဆက်သွယ်ရေး ပြတ်သွားမှာပေါ့..သူတို့ရှာဖွေတွေတာ အလကားဆိုပြီး (ရုပ်ဝါဒ)ဆိုပြီး ပြောနေမည့် အစား ကိုယ်သိတဲ့ သဘောတရား အသုံးကျမကျ ကိုဘဲ အရင်စစ်ဆေးကြည့်ပါဦး။ […]


Ko out of...February 22, 20121min22010
– ဆုပေးဒဏ်ပေးနဲ့ ကိုယ်နုတ်နှလုံးကောင်းဖို့ တည်ဆောက်ရမယ် ဆိုရင်…လောကမှာ ဘုရားပွင့်ဖို့တောင် မလိုပါဘူး။ ဆုပေးဒဏ်ပေး စနှစ်နဲ့ တည်ဆောက်ထားလို့ ကိုယ်၊နုတ်၊နှလုံးကောင်း အကျင့်ပါ နေပြီး ကိုယ်၊နုတ်၊နှလုံး မဖေါက်ပြန် သူတွေ အများအပြားရှိပါလိမ့်မယ်… ကိုယ်၊နုတ်၊နှလုံးကောင်းလို့ ရနိုင်တဲ့ဆုထက် ပိုမိုကြီးမားတဲ့ လိုလားတပ်မက်စရာ မတွေ့မီ အထိဘဲ ကိုယ်၊နုတ်၊နှလုံး ကောင်းနိုင် မှာကြောင့်ပါဘဲ။ ရလာလို့ ကောင်းတာဆိုတော့ ဆိုးရင်ဒီထက်ပိုရမှာ ရှိရင် ဆိုးတော့ မှာပါဘဲ။ ဒီလိုဘဲ ဆိုးရင် ဒဏ်ရမှာဆိုပြီး ဒဏ်ကြောက်လို့ မဆိုးသူဟာ ဆိုးမှဘဲ အဲဒီဒဏ်ကို ကျော်နိုင်မယ်ကို မြင်တဲ့ အခါ ဆိုးတာကို ပြန်လုပ်မှာပါဘဲ။ ဆုပေးဒဏ်ပေး အမြင်နဲ့ ကိုယ်၊နုတ်၊နှလုံး ကောင်းနေကြသူတွေဟာ သမိုင်းထဲက ဘိုးတော်ဘုရင်နဲ့ ကြောင်လိမ်မာ လိုသူတွေဘဲ ဖြစ်လို့ ရိုးသားတဲ့ သူကို […]


Ko out of...February 21, 20121min2389
ခွဲစတ်ကုသမှုခံယူရန် လိုအပ်နေသည့်လူနာတစ်ဦးအား ဆရာဝန်တစ်ဦးကမေးလေ၏ . . . ဆရာဝန် ။ ။ ခင်ဗျာရောဂါက ခွဲစိတ်ကုသမှ  ရတော့မယ့် အနေအထားဖြစ်နေတယ်။ လူနာ ။ ။ မခွဲစိတ်ရင်ကော မရဘူးလားဒေါက်တာ။ ဆရာဝန် ။ ။ မရဘူး၊ ခွဲစိတ်ကုသနည်းနဲ့မှ ပျောက်ကင်းလိမ့်မယ်။ လူနာ ။ ။ ဒါဆိုလည်း ခွဲစိတ်ပကုသပါ့မယ်။ ဆရာဝန် ။ ။ ကြိုတင်ပြောထားရမယ်။ အခုလိုခွဲစိတ်ကုသမှုမျိုးက ရာနှုန်းပြည့် မသေချုားဘူး။ လူနာ ။ ။ လောလောဆယ် ရောဂါပျောက်ချင်နေပြီ၊ ဘယ်လိုဘဲဖြစ်ဖြစ် ခွဲစိတ်လိုက်မယ်ဆရာ။ ဆရာဝန် ။ ။ သေချာဆုံးဖြတ်ပြီးပြီနော်။ ဒါဆိုရင် မခွဲစိတ်ခင် နောက်ဆုံးအနေနဲ့ ဘာများ မှာကြားခဲ့ချင်လဲ။ လူနာ။ ။ ခွဲစိတ်ပြီးရင် […]


Ko out of...February 21, 20121min35815
၁။ တခါကမိုင်းရှုးတောင်ပေါ်သို့ ကျောက်မျက်ရတနာရောင်းဝယ်ရန် ရက်ကောင်းရက်မြတ်ကိုရွှေးချယ်ပြီးမှ စီးပွါးရေးရှာတဲ့ ကုန်သည်တစ်ဦးသည် ဒီနေ့ကပြသဒါးဆိုတော့ မတက်ဘူးဆိုပြီး ရက်ရာဇာဖြစ်တဲ့ နောက်တစ်ရက်ကိုရွှေးချယ်လိုက်တယ်။ ဒီလိုဘဲတဖက်မှာ ဓါးမြတိုက်ဖို့ ဓါးပြအဖွဲ့တွေကလည်း ဒီနေ့ဓါးမြတိုက်ရင် ပြသဒါးနေ့ဆိုတော့ တိုက်လို့ပစည်းရမှာမဟုတ်ဘူးဆိုပြီး နောက်နေ့ရက်ရွှေ့လိုက်တယ်။ နောက်တနေ့ ရက်ရာဇာရွှေးတာချင်းအတူတူ ကုန်သည်နှင့် ဓါးမြလမ်းမှာဆုံကြပါလေရော. . . ဓါးမြကဘဲ လူတွေ အများစု ဟာ ရက်ရာဇာရွှေးလွန်းလို့ သမင်တကာ အဲဒီရက် ကိုရွှေးလိုက်တာဘဲလား…(သို့) အရွှေးချင်းတူလို့ တိုက်ဆိုင် တာဘဲလား..   ၂။ တခါတုံးက ခလုတ်တိုက်ပြီး ခြေမကွဲလို့ ဆေးဆရာတစ်ဦးထံလူနာတစ်ဦးရောက်သွားလေသည်။ ထိုလူနာသည် မိမိခြေထောက်ခလုတ်တိုက်မိလို့ ခြေမကွဲသွားကြောင်းအကြောင်းစုံ ပြောပြကာ ဆေးဆရာက သူ၏ခြေထောက်ကို ခဏလေးကြည့်ကာ.. ထိုဆေးဆရာက ခြေထောက်ကို ဆက်မကြည့်တော့ဘဲ သူ၏  မျက်စိကို ထပ်ခါတလဲလဲကြည့်ကာ လူနာသည်စိတ်မရှည်ဖြစ်ပြီး… ဆေးဆရာအား […]


Ko out of...February 20, 20121min1374
– English ၊ဂျာမန်၊ပြင်သစ် စသည့်ဘာသာစကား ကိုပြောတတ်အောင် ကိုယ့်ကလေးကို ငယ်ငယ်ကတည်းက ဘာသာခြားတွေဆီသွားထားကြည့်ပါလား။ အဲဒီ Eng၊ ဂျာမန် စသည့် ဘာသာစကား ကိုတတ်မှာဘဲ။ စကားပြောတတ်ရုံနဲ့ ပညာရှိ ဖြစ်ပြီလား… ထို့အတူ ဘာသာရပ်တခုကို အလွတ်ဆိုတတ်ရုံနဲ့ ပညာတတ် တကယ်ဟုတ်ပြီလား… – တစ်ယောက်တည်း ငုပ်တုတ်ထိုင်ပြီး ဘာမှမလှုပ်မရှားဘဲနေနိုင်တာကို အိန္ဒြေ ရတယ်လို့ ပြောမလား… ကိုယ့်ခြေကိုယ့်လက် အမူအရာကို နိုင်နိုင်နှင်းနှင်းထိန်းနိုင်တာ၊ အစိုးရတာကို အိန္ဒြေ ရတယ်လို့ ခေါ်တာလား… – ယခင်က ကောင်းခဲ့လို့ ယခုကောင်းတယ် ယခုကောင်းရင် နောင်လည်းကောင်းပါလိမ့်မည်ဆိုရင်.. ယခုကောင်းတာဟာ ယခင်ကကောင်းခဲ့တဲ့ အကျိုးဆိုရင် ယခုကောင်းတာဖျက်လို့ မရဘူးဖြစ်ရမယ်.. ယခုချမ်းသာတဲ့ ကိုယ့်ရဲ့စည်းစိမ်တွေ ဖျက်လို့ မရဘူးဖြစ်ရမယ်။သူခိုးခိုး လို့ မရဘူးဖြစ်ရမယ်။ ဘာဖြစ်လို့ အမျိုးမျိုးကာကွယ်နေရလဲ.. […]


Ko out of...February 20, 20121min32711
ကနေ့ကျွန်တော်တို့နေထိုင်ရာ လောကကမာ(world) ကြီးမှာ…သက်ရှိသက်မဲ့တွေ အားလုံး မွေး၊အို၊သေ ဖြစ်ပြီးလျှင်ပျက်…. ဆိုတာတွေဟာ …သဘာဝဖြစ်စဉ်ပါ…ဒီဖြစ်စဉ်ဟာ ဘယ်တော့ရပ်မလည်း ဒီလို လည်ပတ်နေတာ မပြီးဆုံးနိုင်ပါလားဆိုပြီးတွေးနေမယ်ဆိုရင်… ဒီသံသရာစက်ဝန်းက လွတ်နိုင်မှာ မဟုတ်ပါဘူး… တလှံမျှသော ခနာကိုယ်ပေါ်မှာဒုက စက်ဝန်းလှည်ပတ်နေတာကိုတွေ့ အောင်ရှာနိုင်မှ ဒုကဆင်းရဲတွင်းကနေလွတ်မှာ…. Buddha ပြောတဲ့ သံသရာက… ဒီလောက သံသရာထဲ လူလည်ပတ်နေတာ မဟုတ်.. သံသရာဆိုတာ လူတွေထဲမှာ ဒုကဆင်းရဲ လည်ပတ်နေတာကိုပြောတာ… တနည်းအားဖြင့် …ပုဂလိဂက ဋ္ဌာနဖြစ်ပြီး…သံသရာက ဋ္ဌာနီပေါ့…. ဒို့ဟာ သံသရာ စက်ဝန်းထဲမှာ… လည်ပတ်နေတာမဟုတ်ဘဲ..ဒို့ရဲ့ တလှံမျှလောက်သော လူမှာသံသရာ ကြီးလည်ပတ်နေတာကို ပြောတာ… Buddha ဟောတဲ့ သံသရာက လူ့သံသရာ မဟုတ်ဘူး… ဆင်းရဲဒုကရဲ့ သံသရာဖြစ်တယ်… လူလည်ပတ်ပုံ မဟုတ်ဘူး…လူကိုယ်ပေါ်မှာ ဒုကဆင်းရဲ လည်ပတ်ပုံ ကိုဘုရားဟောတာ […]


Ko out of...February 19, 20121min55319
လူတွေ အိမ်ထောင်ပြုကြတာ များသောအားဖြင့် ရေစက်ဆုံလို့ပေါ့ကွာ၊ မမြင်ရတဲ့ အတိတ်ဘဝက ကံ အကျိုးပေးပေါ့ကွာဆိုပြီး သူများပြောလို့ လိုက်ပြောနေကြတာများတယ်။ တကယ်လည်း သူတိုမြင်လားဆို တော့ မမြင်ကြပါဘူး။ ဒါဆို ကျွန်တော်တခုမေးကြည့်မယ်- ပညာလည်းမရှိ၊ ပစည်းဥစာလည်းချို့တဲ့၊ ရုပ်ရည်ကလည်း မလှမပဆိုပါတော့ အရင်ဘဝက ရေစက်ကြောင့်ပါဆိုပြီး ဘယ်သူမှ မျက်စိမိတ်ပြီး အိမ်ထောင်မပြုပါဘူး… တခုခုကို ကြည့်ပြီး ရွှေးချယ်မှာပါ… ဒါတချက်ပေါ့နော် . နောက်အိမ်ထောင်ရေး အဆင်မပြေလို့ အိမ်ထောင်ကွဲတယ်ဆိုပါတော့ ဒါလည်း ဒို့ အရင်ဘဝက ရေစက်ကုန်လို့၊ ကံကုန်လိုဆိုပြီး ဘယ်သူမှ လွယ်လွယ်နဲ့ အိမ်ထောင် မကွဲချင်ကြပါ ဘူး။ စီးပွါးရေးကြောင့်လား၊ လူမှုရေးဖေါက်ပြန်လို့လား၊ အပျော်အပါးတွေကြောင့်လားစသည်ဖြင့် ဒီဘဝမှာ ဖြစ်နေတဲ့ ပြသနာတွေကြောင့်ပါ။ ဒါကိုမြင်နေ သိနေရဲ့သားနဲ့ မမြင်ရတဲ့ နေရာကို လက်ညိုးထိုးပြီး ပြောနေကြတာ […]


Ko out of...February 19, 20121min2647
အသစ် အသစ်ပြောင်းလဲ တိုးတက်လာသော အယူအဆနှင့် အဟောင်း အဟောင်း ကိုဖက်တွယ် ထားသူတို့ ၏ နှစ်ဦး အကြားခြားနားချက်ကို ဗုဒ(Buddha)က ဥပမာ ပေးကာ ယခုကဲ့သို့ ဟောကြားတော်မူသည်… တခါက မြက်ပုံနှစ်ပုံကိုအတူ တွေ့သွားကြသော ခရီးသည်နှစ်ဦးသည်… ခရီးအတန်ငယ်ရောက်သော အခါ … ဝါကွမ်းပုံ နှစ်ပုံကိုတွေ့သွားပြန်သည်… ထိုအခါခရီးသွားနှစ်ဦးအနက် ပထမတစ်ဦးက ငါဒီခရီး ဒီလမ်းအထိ သယ် ဆောင်လာသော မြက်ကို ပစ်မထားနိုင်ဘူး ဟုပြောသည်… ကျန်ဒုတိယ တစ်ဦးသည်… မြက်ပုံ ဖက်တွယ်မထားဘဲ.. မြက်၏တန်ဖိုး နှင့် ဝါကွမ်း၏တန်ဖိုးကို ကြည့်ပြီး မြက်ပုံကို ပစ်ချပြီး ဝါကွမ်း ပုံကိုသယ်ဆောင် သွားသည်… ရှေ့ခရီး ခပ်လှမ်းလှမ်းသို့ရောက်သောအခါ.. သိုးမွှေးပုံကို တွေ့သွားပြန်၏.. ပထမလူတစ်ယောက် ကတော့.. ဝါကွမ်းပုံနဲ့ မြက်ပုံ […]


Ko out of...February 17, 20121min1183
တခါက အိမ်တအိမ်မှာ နတ်ပူဇော်ဖို့အတွက် ဌက်ပျောပွဲ၊အုန်းပွဲတွေနဲ့ အမြဲတန်း အလုပ်ရှုပ်နေတဲ့ အမျိုးသမီးအိမ်ထောင်သည် တစ်ဦးကို သူ့အမျိုးသားက အိမ်မှာ ရိုက်နက်ပြီး ရန်ဖြစ်နေတဲ့ အဖြစ်လေးကို .. သူ့သူငယ်ချင်းရောက်လာရာ….   လူကိုရိုက်နက်တဲ့ အပြင် ကျန်တဲ့ ဌက်ပျောပွဲ၊ အုန်းပွဲတွေကိုလည်း အကုန်ပစ်ချတော.  သူ့ရဲ့ သူငယ်ချင်းက.. မင်းဒါတွေ လုပ်နေလို့ဘာမှ မထူးဘူး ပစ်မဲ့ ပစ်ရင် သူ့ယုံကြည်ချက်ကို ထိအောင် ပစ်ရတယ်ကွ.. ယုံကြည်ချက်ကို ထိအောင်ပစ်နိုင်မှ ..သူတကယ်ပြောင်းလဲမှာ  မင်းသူ့ကို ရိုက်နက်ကန်ကြောက်တာ၊ ဌက်ပျောပွဲ၊အုန်းပွဲ တွေကို ပစ်ချတာတွေဟာ မင်းကိုကြောက်လို့ အသွင်သဏ္ဍာန်အရ သူပြောင်းလဲကောင်း ပြောင်းလဲ လိမ့်မယ်… ဒါတကယ်စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်သေးဘူး…ဒါ အသွင်သဏ္ဍာန်အရ ပြောင်းလဲ တာဘဲရှိသေးတယ်… သူ့ရဲ့ ယုံကြည်ချက်ကို ထိအောင်ပစ်နိုင်မှ… အစစ်အမှန် […]


Ko out of...February 16, 20121min3549
လူတွေကားမောင်းတဲ့ အခါ … နံပါတ်တစ် ကားမောင်းတတ်ဖို့ အရင်သင်မှာလား…. ယဉ်မောင်း လိုင်စင်အရင်လုပ်မလား…. တကယ်တော့ ကားမောင်းတတ်ပြီးမှ လိုင်စင်တွေလုပ်ကြမှာပါ… လိုင်စင်ဆိုတာ စည်ကမ်းသတ်မှတ်ချက်တွေဘဲ… အဲတော့ တောရွှာတွေမှာ ဆိုင်ကယ်လိုင်စင် ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနေကြတယ် မဟုတ်လား .. ဒီလိုင်စင်တွေ မရှိရင် ယာဉ်တိုက်မှုတွေဖြစ်ကုန်တော့မှာဘဲ ဆိုပြီး မစိုးရိမ်ပါနဲ့ ဘယ်သူကမှ ချောက်ထဲ ၊မီးပုံထဲ၊ အုတ်နှံရံဝင်တိုက်ပြီး မမောင်းပါဘူး… ဒီလိုနဲ့ တဖြည်းဖြည်းရွှာကကြီးလာပြီး လူလည်းများ ကား၊ဆိုင်ကယ်လည်းများ လာတော့ ယာဉ်တိုက်မှုတွေ၊ပြသနာတွေ ဖြစ်လာလို့ စည်းကမ်းထုတ်မှ ရမယ်ဆိုပြီး ဥပဒေ စည်းကမ်းဆိုတာ ပေါ်လာရတယ်.. စည်းကမ်းဆိုတာ လွန်လွန်ကျူးကျူးမောင်းတဲ့ လူတွေအတွက်ပါ ကိုယ်ကလွန်လွန်ကျူးကျူး မမောင်းဘူးဆိုရင် စည်းကမ်းဆိုတာ လူကောင်းတွေအတွက် မဆိုင်ဘူးလို့ပြောရင်တောင်ရပါတယ်.. အဲဒီ ဥပဒေစည်းကမ်း မပေါ်ခင်က အဲဒီရွှာ […]


Ko out of...February 16, 20121min31613
ကိုယ်မွေးတဲ့ ကလေးက အဖေကို မှတ်မိအောင် ငယ်ငယ်ကတည်းက အမှတ်သညာ ထဲ့ပေးရတယ်။ မယုံရင် ရေခြားမြေခြားမှာ စီးပွါးရေးရှာတဲ့ အဖေများဆိုရင်…ဝေးဝေးတစ်ခေါက်မှ ပြန်လာတော့ သူ့သားသမီးက သူ့အဖေကို မမှတ်မိတော့ဘဲ အဖေကိုခေါ်ဖို့ ဝန်လေးနေတယ်။ ဒါငယ်ငယ်တုံးက သူ့အဖေမှန်းသိအောင် အမှတ်သညာ ကို ကောင်းကောင် း မထဲ့ခဲလို့ ၊ အသင်ကြားမခံ ခဲ့ရလို့ဘဲ။ ဒါကို ကလေး အဖေ အစစ်ဘဲလို့ပြောလည်း ကလေးက မမှတ်မိဘဲ နောက်ထပ် အိမ်ထောင် ပြုတဲ့ ပထွေးကိုဘဲ အဖေအစစ်ဆို ပြီး ပြောတဲ့လူကိုတောင် လူလိမ်လို့တောင် ကလေး ကအပြစ်တင် ဦးမှာ ကတော့ အသေချာပါ..   ယနေ့ မိရိုးဖလာမှာ နှစ်မွန်းနေတဲ့ လူတွေလည်းဘဲ ယခုသူတို့ ကိုးကွယ်နေတဲ့ ဘုရားကို ဘုရား […]