kurokoJune 7, 20121min1317
“တစ်သောင်းကျပ်တန်ငွေစက္ကူထုတ်မည်” မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော် ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ရ ရက် ရွာထဲမှာ ပို့စ်မတင်တာတော့ ကြာသွားပါပြီ…ဒီသတင်းလေးကြားလိုက်တာနဲ့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်…ရွာထဲမရောက်ပေမယ့် တင်သမျှပို့စ်တွေကိုတော့ မအားတဲ့ကြားထဲက အားပေးနေပါတယ်ခင်ဗျား…


kurokoDecember 31, 20111min21614
30-12-2011 ရက်နေ့ MMC ရန်ကုန်တွင်ပြုလုပ်သောပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်မှတ်ရေးထိုးထားသော အကျင်္ ီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ဝယ်ယူသွားသည်။ ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အကျင်္ ီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃ဝ ဖြင့် Volvo Company မှ ည ၈ နာရီကျော်တွင် စတင်လေလံဈေးပေးပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် […]


kurokoDecember 30, 20111min18410
ဒီညနေ (၆း၂၀)နာရီလောက်တွင် စိန့်အော်ဂတ်စတင်းကျောင်းအနောက်ဘက်ရပ်ကွက်၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ် တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိပါသည်။ အခုအချိန်ထိတော့ မီးမငြိမ်းသေးပါ။ မီးသတ်ကားများ တောက်လျှောက်သွားနေတာ တွေ့ရပါသည်။ အကြောင်းအရင်းအသေးစိတ်ကိုမူ မသိရသေးပါ…


kurokoDecember 27, 20111min45425
လူတော်တော်များများ ကြို့ထိုးဖူးကြပါလိမ့်မည်။ ဘာမျှမဟုတ်သော်လည်း အတော်လေး နေရထိုင်ရခက်ကာ လူသူကြားထဲရောက်လျှင် လွန်စွာမှ ရုပ်ပျက်ရပါတော့သည်။ သည့်အတွက် ကြို့ထိုးပျောက်ကင်းအောင် နည်းလမ်းအသွယ်သွယ်ဖြင့် လုပ်ဆောင်ကြည့်ကြ၏။ အချို့က အသက်အောင့်၍ ရေကို ခုနှစ်ကြိမ် တဂွပ်ဂွပ်သောက်ကြ၏။ ပျောက်သူတို့ပျောက်ကြ၏ အချို့က ကြိုးထိုးနေသူ၏ လျှာကို ဆွဲ၏။ အချို့က ကြို့ထိုးနေသူ ထိတ်လန့်သွားအောင် ပြုလုပ်ကြ၏။ ပျောက်သူတို့လည်း ပျောက်ကြပါ၏။ အကယ်တန္တု ဘာပဲလုပ်လုပ် ကြို့ထိုးမပျောက်ပါက မည်သို့ပြုလုပ်ရပါမည်နည်း။ ဘာခက်မှာတဲ့နည်း…. ငရုတ်ကောင်းစေ့များကို မီးကင်ပါ။ (ဝါ) အိုးကင်းပူ ဒန်အိုးဖုံးပေါ်တွင် တင်၍ လှော်ပေးပါ။ ထိုအခါ ငရုတ်ကောင်းငွေ့များ ထွက်လာပါလိမ့်မည်. ထိုအငွေ့အား ကြို့အဆက်မပြတ်ထိုးနေသူအဖို့ ရှူရှိုက်ပေးဖို့ ဖြစ်ပါသည်။ ကိုင်း…. ကြို့ထိုးခြင်းဝေဒနာကြောင့် ဖြေသာမရသူများ လက်တွေ့စမ်းသပ် ကုသကြပါကုန်လော့။ Forward မေးလ်မှ ကူးယူဖော်ပြပါသည်….


kurokoDecember 27, 20111min22315
နေံစဉ် နံနက်ခင်း အိပ်ယာထပြီးနောက် ရေအေး (သို့) ဆားရည် ခပ်ကျဲကျဲနှင့် ပလုပ်ကျင်းသင့်သည်။ ပလုတ်ကျင်းပြီးလျင် ရေအေး (သို့) ဆားရည် ခပ်ကျဲ ကျဲ တစ်ခွက်လောက် သောက်ပေးပါက ရောဂါကင်းပြီး ကျန်းမာလာစေမည်။ ကောင်းကျိုးများ………. လူတို့သည် တစ်ညတာ အိပ်စက်ခဲပြီးနောက် ကိုယ်အတွင်းရှိ အစာအိမ်နှင့် အူသိမ်တို့တွင် အစာများကြေသွားပြီ ဖြစ်၏။ ထိုအခါမှာ ရေသောက်ပေးလျင် အစာအိမ်နှင့် အူသိမ်တို့ကို သန့်ရှင်းသွားအောင် ဆေးကြောနိုင်၏။ ထိုနေ့တွင် စားရမည်အစာများကိုလည်း ကြေစေပြီး အဟာရဓါတ်များ စုပ်ယူနိုင်စေမည်။ ရေအေးကို အူသိမ်ချွဲ မြှေးက စုပ်ယူ၍ သွေးကြောထဲ စိမ့်ဝင်စေပြီ ပျစ်နေ သည် သွေးရည်ကို ကျဲစေနိုင်သည်။ လူခန္ဓာကိုယ် ဇီဝတွင် ဖြစ်ပျက် ပြု ပြင်မူများကို ကောင်းလာစေနိုင်သည်။ အသည်း၏ […]


kurokoDecember 23, 20111min775
သူငယ်ချင်းတို့ရေ ၁၉၀ဝ ပြည့်နှစ် ဝန်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချစ်တဲ့ သူ့အဖိုး…သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွားတာကိုကြုံခဲ့ရတယ်.ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကိုမျက်စိထဲက မထွက်ခဲ့ဘူး..။ ဒီလိုနဲ့ နှစ်ပေါင်း ၂ဝ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ်ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့်ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်။ မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ..။ တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်..။မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ ရတဲ့ လူတွေ အများကြီးပါ..။သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။ “ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ်သေဆုံးသူအများစုုဟာ အိမ်သာက အထွက်မှာ […]


kurokoDecember 21, 20111min1246
ဒီနေ့နေ့လည်(၁၁း၅၀)ခန့်က  လှည်းတန်းမီးပွိုင့်အနီးအများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်…အင်အားပြင်းမည်ဟုခန့်မှန်းရပါသည်…ထိခိုက်ဒဏ်ရာရသူနှင့် သေသူများမသိရသေးပါ…နောက်ထပ် တစ်လုံးကျန်နေသေးသည်ဟု သံသယရှိသဖြင့် ဆက်လက်ရှာဖွေနေသည်ကို တွေ့ရပါသည်…ကျွန်တော်တို့ ရွာသူရွာသားများ သိရှိစေရန် သတင်းပေးခြင်းဖြစ်ပါသည်…


kurokoDecember 4, 20111min1005
တနှစ်ကျော်ကြာ ပိတ်ထားသော မဲဆောက် – မြဝတီ တံတားသည် တနင်္လာနေ့တွင် ပြန်ဖွင့်တော့မည်ဟု ထိုင်းနိုင်ငံ တပ်ခရိုင်အုပ်ချုပ်ရေးဌာန ဒုတိယ အကြီးအကဲ Wuthi Sithisurat က ယနေ့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းတွင် ရေးသားဖော်ပြထားသည်။ မြန်မာအစိုးရက ယခင်နှစ် ဇူလိုင်လက ပိတ်ထားခြင်း ဖြစ်သည်။ ယခု ပြန်ဖွင့်မည့် အစီအစဉ်ကို မြဝတီခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုလာသည်ဟု Wuthi Sithisurat က ပြောဆိုသည်။ ထိုင်း ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်ကြီးများအား ထိုနေ့တွင် ပြုလုပ်မည့် နယ်စပ်စီးပွားရေးဇုန်ဖွင့်ပွဲ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ဆိုသည်။ ကြာသပတေးနေ့ကလည်း မြန်မာပြည်ထောင်များရှိ ထိုင်းအကျဉ်းသား ၈ ဦးအား ပြန်လွှတ်ပေးလိုက်သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ပြန်လွှတ်ပေးလိုက်သည့် […]