ရွှေ မင်း သားSeptember 15, 20101min1091
လမ်းလျှောက်သင်စ ကလေးတစ်ယောက်ကို ကြည့်မယ်ဆိုလျှင် ကလေးတစ်ယောက်က လမ်းကောင်းကောာင်းမလျှောက်တက်မီ ပျမ်းမျှ အကြိမ်ပေါင်း ၂၄ဝ လောက် လဲကျသည် ဟုဆိုပါတယ်။ သဘာဝ အသိတရားအရ ကလေးငယ်များဟာ သူတို့ အကြိမ်လဲကျသော်လဲ လက်မလျှော့ ကြပါ။ ထို သဘာဝ အသိတရားသည် သူတို့ ကလေးငယ်များတွင် မွေးကတည်းက ပါလာပြီးသားဖြစ်ပါတယ်။ ထို့ အတူ မိဘများ နှင့် ဘေးပါတ်ဝန်းကျင်မှ လဲ အဖန်ဖန် လဲ ကျနေသော်လဲ ကလေးငယ်များကို အားပေးကူညီကြသည်။ ကလေးများသည် လဲကျသွားသော်လဲ ပြန်၍ကျုံးထကြသည်။ ဘာကြောင့်လဲကျသလဲ ဆိုသည်ကို သူတို့ လေ့လာကြသည်။ ထို့နောက် ဦးနှောက်တွင်မှန်သားထားလိုက်ကြသည်။ သို့ ဖြင့် လမ်း လျှောက်တက်လာကြသည်။ လေ့လာသင်ယူခြင်း၊ ဆည်းပူးခြင်း၊ ပြီးမြောင်အောင်လုပ်ဆောင်နိုင်ခြင်း တို့နှင့်သက်ဆိုင်သော စွမ်းရည်များမှာ မွေးကတည်းက […]


ရွှေ မင်း သားSeptember 11, 20101min1342
ကျနော် ဆယ်တန်းပြီးခါစ အချိန်ကပေါ့……… အလုပ်လုပ်ချင်ပါသည်။.. သူများတွေအလုပ်လုပ်နေသည် အောင်မြင်နေသည်ကိုမြင်ရ ကြားရလျှင် အလွန်အားကျသည်။ ကိုယ့် ကိုကိုယ်လဲ ယုံကြည်မှုရှိသည်။ အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ခဲ့ သည်။ အိမ်မှာတော့ ကျနော်က ဟိုဟာလုပ်ချင်ဒီဟာလုပ်ချင်နဲ့ ပေါ့။  ခဏခဏ စကားများရသည်။ ကျနော်လဲ ပူဆာသည် ခဏခဏ ပူဆာသည်။ ကျနော် ပူဆာ ခဲ့သည်များမှာ ဟိုဟာ ဝယ်ပေးပါ သည်ဟာဝယ်ပေးပါ ဟု ပစ္စည်း ပူဆာခြင်းမဟုတ်ပါ။ ကျနော် ကြားရသိရ သည်များအလုပ်အကြောင်းများကို အိမ်တွင်ပြန်ပြောပြပြီး အလုပ်လုပ်ချင် ကြောင်းသာပူဆာလေ့ရှိသည်။ ဒီတခုပြော လို့ မရရင် နောက်တခုပေါ့….ကျနော်လဲ ကြားရသိရသော အလုပ်များကို လုပ်ချင်ကြောင်းပူဆာသည်။ အဖေကလဲ တခုမှ မလိုက်ရော ချေ။ သူဖြစ်စေချင်သည်မှာ အိမ်အလုပ်ကို ဦးစီးရန်ဖြစ်သည်။ အဖေ ပြောသည်မှာလဲ […]


ရွှေ မင်း သားSeptember 10, 20101min990
နံနက်စောစော ရ နာရီခန့် အဆောင်တံခါးကို လာခေါက်သံ ကြားလိုက်သည်။ ဟာ “ကိုသက် မင်းဒီနေ့ စောလှချီလား …… ဘာလုပ်စရာ ရှိလို့လဲ” ဟုလှမ်းမေးလိုက်ပါသည်။ ကိုသက် ဆိုသူမှာ သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်သလို ပြောရဆိုရ ပေါင်းသင်းရခက်သော သူငယ်ချင်းတစ်ယောက်ဆိုလျှင်လဲ မမှားပါ။ ကျောင်းတွင်လဲ ဆရာဆရာမများနှင့် လဲ အဆင်မပြေ စကားပြောလျှင် ဘုပြော ပြောလေ့ရှိသည်။ သူက ပြန်ပြောသည်မှာ “ဒီနေ့ အိမ်နှင့် အဆင်မပြေလို့ ထွတ်လာတာကွ” ဟုသူကပြန်ပြောသည်။ ဒါနှင့် ကျနော်လဲ အမြန်အမြန် မျက်နှာသစ်ပြီး နံနက်စားစားဖို့ ထွတ်ခဲ့ ကြသည်။ လမ်းတွင် ဆိုင်ကယ်တစ်စီး မှာ တည့်တည့် သွားနေရာမှ ဇက်ခနဲ ချိုးကွေ့ လိုက်သည်။ ကျနော်မောင်းလာသော ဆိုင်ကယ်နှင့် ပွတ်မတက် ဖြစ်သွားသည်။ […]


ရွှေ မင်း သားSeptember 9, 20101min1100
မနေ့က ဥပုဒ်နေ့ ဖြစ်သည့် အတွတ် ကျနော်တို့ သူငယ်ချင်းတစ်သိုက် လက်ဖက်ရည် စကားဝိုင်းလေးဖြင့် အချိန်ဖြုန်းခဲ့ကြသည်။ တယောက်တပေါက်ပေါ့  ပြောလိုက်ကြရီလိုက်ကြ ဟားလိုက်ကြနှင့်….. ပျော်စရာလဲ ကောင်းကြီးပေါ့။ ကျော်ဦး ဆိုသော သူငယ်ချင်းတစ်ယောက်ရဲ့ စကားကြောင့် ရီစရာ စကားဝိုင်းလေးမှ စဉ်းစားစရာ တွေးခေါ်ကြည့်စရာ ငြင်းခုန်စရာ စကားဝိုင်းအဖြစ်ကို ပြောင်းလဲသွားပါတယ်။ သူပြောလိုက်သည်မှာ သူတို့ငယ်စဉ်အချိန်တုန်းက သူ အဖေက  သူအဖိုးကို သွားပြီး ကြွားခဲ့ တယ်။ အလုပ်တွေဘယ်လိုအောင်မြင်ကြောင်း ဘာတွေတိုးချဲ့ထားကြောင်းစသည်ဖြင့် ပေါ့…. သူအဖိုးက စက္ကန့်ပိုုင်းမျှပြုံ ရုံ ဘဲ ပြုံးပြီး ခေါင်းခါသွားတယ်လို့  ကျနော်တို့ ကိုပြောပြပါတယ်။ သူ့ အဖိုးနဲ့ သူ့ အဖေ ဆိုရင်သားအဖ ဘဲလေ….  သားသမီးအောင်မြင်ရင် မိဘကဝမ်းသာရမှာပေါ့ စသည်ဖြင့် … ဝေဖန်သံများဆူညံသွားသည်။ […]