အဘိုးရဲ့မျက်နှာ

ရွှေ မင်း သားSeptember 9, 20101min890

မနေ့က ဥပုဒ်နေ့ ဖြစ်သည့် အတွတ် ကျနော်တို့ သူငယ်ချင်းတစ်သိုက် လက်ဖက်ရည် စကားဝိုင်းလေးဖြင့် အချိန်ဖြုန်းခဲ့ကြသည်။
တယောက်တပေါက်ပေါ့  ပြောလိုက်ကြရီလိုက်ကြ ဟားလိုက်ကြနှင့်….. ပျော်စရာလဲ ကောင်းကြီးပေါ့။
ကျော်ဦး ဆိုသော သူငယ်ချင်းတစ်ယောက်ရဲ့ စကားကြောင့် ရီစရာ စကားဝိုင်းလေးမှ စဉ်းစားစရာ တွေးခေါ်ကြည့်စရာ ငြင်းခုန်စရာ စကားဝိုင်းအဖြစ်ကို ပြောင်းလဲသွားပါတယ်။
သူပြောလိုက်သည်မှာ သူတို့ငယ်စဉ်အချိန်တုန်းက သူ အဖေက  သူအဖိုးကို သွားပြီး ကြွားခဲ့ တယ်။ အလုပ်တွေဘယ်လိုအောင်မြင်ကြောင်း ဘာတွေတိုးချဲ့ထားကြောင်းစသည်ဖြင့် ပေါ့…. သူအဖိုးက စက္ကန့်ပိုုင်းမျှပြုံ ရုံ ဘဲ ပြုံးပြီး ခေါင်းခါသွားတယ်လို့  ကျနော်တို့ ကိုပြောပြပါတယ်။
သူ့ အဖိုးနဲ့ သူ့ အဖေ ဆိုရင်သားအဖ ဘဲလေ….  သားသမီးအောင်မြင်ရင် မိဘကဝမ်းသာရမှာပေါ့ စသည်ဖြင့် … ဝေဖန်သံများဆူညံသွားသည်။
သားသမီး အလုပ်အောင်မြင်တာဘဲ သူက ဘာလို့ ဝမ်းမသာနိုင်ရမှလဲ ၊ ဘာဖြစ်လို့ လဲ ၊ ဘာကြောင့်လဲ   မေခွန်းသံများ လဲ ထွတ်ပေါ်လာသည်။
ဒါနဲ့ဘဲ အသေးစိတ်ကိုသိချင်လို့ မေးကြည့်တော့……   ဒီလိုဗျ

သူတို့ အဖိုးသည် အသက် ၅ဝ ကျော် လောက်မှစပြီး သားသမီး များကို ခွဲ ခြမ်းပေးပြီး မေမြို့တွင် အေးအေးဆေးဆေး နေသည်။
သားသမီး များမှာလည်း အဆင်ပြေကြသည်။ ဒီလိုနှင့် မေမြို့တည်ခိုခန်းတွင် လချီပြီးနေသည်။ တစ်ကိုယ်တည် နေရသည်ကိုပင် သဘောကျဟန်လဲရှိသည်။
သားသမီး များမှာ မေမြို့ သွားကြပြီး အဖေအတွတ် လိုလေသေးမရှိအောင်ပင် ဝိုင်းဝန်း ကူညီ ပေးကြသည်။
ကျနော်သူငယ်ချင်၏ အဖေမှာ အလုပ်အကိုင် အဆင်ပြေလာ တော့ သူ အဖိုးအတွတ် ခြံဝိုင်းလေး တစ်ခု ဝယ်ပေးလိုက်ပြီး အဲဒီခြံထဲ တွင် အတည်တကျ ပြောင်း၍နေစေခဲ့သည်။

ကျနော် သူငယ်ချင်းတို့ က ခက်ငယ်ငယ် အရွယ်လောက်ကပေါ့။ မေမြို့ အဖိုးအိမ်ကို အလည်သွားရသည်မှာ အလွန်ပင်ပျော်စရာ ကောင်းလှသည်ဟုဆိုပါသည်။
တခါတလေ ဦးလေးတွေ အဒေါ်တွေ မိသားစုတွေ နဲ့ များတိုးလို့က တော့ အရမ်းပျော်ဖို့ ကောင်းတယ်လို့ ဆိုပါတယ်
လူကြီးများက တဝိုင်း သူတို့ ကလေးများက တဝိုင်းပေါ့…
ဟေးလား ဝါလားနဲ့ ခုန်ကြပေါက်ကြ အော်ကြဟစ်ကြပေါ့…
အဖိုးကလည်း သူ့ မြည်းတသိုက်စော့ နေလို့ကတော့ ပြုံးပြုံးကြီးကြည့်နေတက်တယ်လို့ ဆိုပါတယ်။
ကလေးတွေကလဲ ၁ဝ ယောက် လောက် လူကြီးများကလဲ၁ဝ ယောက်လောက် ခြံထဲတွင် ဆူညံ နေလို့ပေါ့။
သူတို့ အဖိုးသည် သားသမီးတွေ မြည်းတွေ လာလည်ရင် အလွန်ပျော်တက်သည် ဟုဆိုပါတယ်။
တခါကလဲ အဖိုးသည် မန္တလေးရောက်ခိုက် မြည်းတသိုက် ကိုခေါ်ပြီး ရတနာဂူပွဲကို လိုက်ပို့ ပေးဖူးသည်ဟုဆိုပြောသေးသည်။
မေမြို့ ညံတောပွဲ ဆိုလို့ကတော့ မလွတ်တန်း သွားလေ့ရှိသည်။
အဖိုးမှာ ပျော်ပျော်နေတတ်သည်။
မေမြို့တွင် တစ်ယောက်တည်းနေချိန်များတွင်လဲ တရုတ်ကားပိုင်းရှည် ရုပ်ရှင်များကို မပျင်းတန်းကြည့်တက်သေးသည်။
သည်လိုနှင့် တစ်နေ့တွင် ကျနော့်သူငယ်ချင်း ကျော်ဦး အဖေက အဖိုးကို သူအလုပ်တွင်ဘယ်လောက်အောင်မြင်ကြောင်းပြောပြပါတယ်။
အလုပ်သမားဘယ်နှစ်ယောက်ပေါ့ ဘယ်လိုအောင်မြင်တယ်ပေါ့။ စည်ကာပတ်ကုန်း ပြောပြသည်။
အဖိုးမှာ စကားဆုံးအောင်တွင် မစော့် နိုင် ခဏသာ ပြုံးပြီး မှိုင်ကျသွားသည်။
သူ့အဖေသည်လဲ အဖိုးမျက်နှာ ပျက်သွားသည်ကို သတိထားမိသည်။
စကားကို အမြန်လက်စ သိမ်းလိုက်သည်။ ဒီအကြောင်းကိုဆက်ပြောတော့ပါ၊

ကျော်ဦး အဖေသည်လဲ အဖိုးကို ဘာကြောင့် မျက်နှာပျက်သွားကြောင်းမေးမကြည့်ခဲ့ပါ။

သည်လိုနှင့် နှစ်တွေကြာခဲ့သည် ။ ဒီအကြောင်းအရာ လေးလဲ မေ့မေ့ ပျောက်ပျောက်ပေါ့။
အဖိုးလည်းဆုံးပြီး နောက်ပိုင်း  ကျော်ဦး အဖေက ဒီအကြောင်းလေးကို ပြန်ပြောပြသည်။
အဲဒီအချိန်တုန်းက ဘာကြောင့် အဖိုး မျက်နှာ မသာမယာ ဖြစ်ခဲ့ ရလဲ ဆိုသည့်အကြောင်း ကို ကျော်ဦးအားပြန်ပြော ပြလေတော့သည်။
အဖိုးမှာ သူ့ သားသမီးအောင်မြင်နေကြောင်း ကြားကြားချင်းတွင် မျက်နှာ ဝင်းဝါပြီး ပြုံးရွှင်ခဲ့ သည်မှာ စက္ကန့် ပိုင်းမျှသာ သည်နောက် ချက်ချင်းမျက်နှာ ပျက်သွားသည်မှာ သူ့သား အလုပ်ဒဏ်ကို ခံရတော့မည် အောင်မြင်မှု ဒဏ်ကို ခံ ရတော့မည် ကို သူ့ခေါင်းထဲတွင် ချက်ချင်းစဉ်းစားမိလို့ ဖြစ်သည်ဟု ကျော်ဦး အဖေက သူ့ကို ပြန်ပြောပြကြောင်းရှင်းပြသည်။
ကျနော်လဲ ကျော်ဦး ရဲ့ ရှင်းပြချက် ကို ကြားလိုက်ရပြီး အဖြေ တစ်ခုထုတ်လိုက်သည်။

ဒါကတော့ ကျော်ဦး အဖေသည်လဲ ကျော်ဦး အဖိုးကို ပြောခဲ့စဉ်က အရွယ် နား  ကပ်သွားလောက်ပြီဟု ပင်