မင်္ဂလာပါဗျာ…. ပြီးခဲ့တဲ့ အပါတ် တနင်္လာနေ့က တော့ ရုံးလည်းပိတ်ပေးတာနဲ့ သံလျှင်မြို့နယ်၊ ကျောက်တန်းမှာတည်ရှိတဲ့ ကျိုက်မှော်ဝန်းရေလယ်ဘုရားကို မိသားစုနဲ့ ဘုရားဖူးထွက်ဖြစ်ခဲ့ပါတယ်… ရန်ကုန်နေသူတွေအဖို့ နေ့ချင်းပြန်သွားလို့လွယ်ကူတဲ့ခရီးအကွာမှာရှိနေပေမဲ့… တော်တော်နဲ့ မရောက်ဖြစ်ခဲ့ပါ…ပြောရရင်…သားနဲ့သမီးတောင်အတော်ကြီးပီ တစ်ခါမှလိုက်မပို့ဖူးသေးပဲ..နီးရက်နဲ့ဝေးနေခဲ့တဲ့ ဘုရားပါပဲ… မိသားစု အေးအေးဆေးဆေး မနက်စာစားပြီးမှ…နေ့ခင်းတစ်နာရီလောက်မှ ထွက်ခဲ့ကြတာပါ…ထုံးစံအတိုင်း ဘုရားလည်းဖူးရင်း၊ မိသားစုကို အမှတ်တရ ဓါတ်ပုံလေးတွေလည်းရိုက်ပေးရင်းနဲ့.. ရွာသူားတွေ လည်းဖူးရအောင်တင်ပေးလိုက်ပါတယ်… အားပေးကြပါအုံးနော… ကျောက်တန်းဘက်ကမ်းကနေ ရေလယ်ဘုရားကို ဒီလို စက်တတ်ငှက်သန္မန် နဲ့ ကူးကြရပါတယ် ရှု့ခင်းလေးကသာသာယာယာ ဘုရားကိုရောက်ပါပြီ… အပြင်ဖက်ကမြင်ရတဲ့ ကျိုက်မှော်ဝန်းစေတီ.. ကျိုက်မှော်ဝန်းရေလယ်စေတီမှ ရုပ်ပွားတော်မြတ် ကျောက်ဆင်းတုရုပ်ပွားတော်… ကြောက်စရာ ဘီလူးစိမ်းစိမ်း… မုခ်ဦးအောက်က မြင်ရတဲ့ ကျောက်တန်းဘက်ကမ်းအလှ… ကိုပေါက်(မန်း) အတွက် တိမ်နဲ့ ကျောက်တန်းဘက်က ဘုရားပုံလက်ဆောင်လေးပါ… အားလုံလည်းကြည့်ဖို့ပေါ့.. ပြန်ပါအုံးမယ် ပြန်အုံးမယ်ပေါ့… နှုတ်ဆက်ခဲ့ပါတယ်..“.သမင်လည်ပြန်အကြည့်” […]


ရွာသူ ရွာသားအပေါင်း သူတော်ကောင်းတို့ခင်ဗျား… အလွမ်းဇတ်တွေ ရေးလွန်းလို့ စာဖတ်သူ ပရိတ်သပ် လည်း ကျနော့ကို စိတ်ပျက် နေလောက်ပီလို့ထင်လို့  အချစ်ဇတ်လမ်းဖက်ကိုကျနော်လှည့် ဖို့ စိတ်ကူးလိုက်ပါတယ်…ဒါဆိုဟုတ်ပီလေ..ကြီးမိုက်လိုကောင်မှာ……….. လှပတဲ့  ဂန္တဝင်မြောက်တဲ့  အချစ်ဇာတ်လမ်း လေးတွေများရှိခဲ့လို့လားလို့မေးစရာရှိပါတယ်.. ရှိသပေါ့ဗျာ..ရှိသပေါ့…ကြီးမိုက်လို ရုပ်ရေ ရူပကာ ရှိပြီး ယောက်ကျားပီသခန့်ငြား တဲ့ ကောင်မျိုးမှာ…လွမ်းမောစရာဇာတ်လမ်းတွေမှ  အများကြီး…. အများကြီး…. ပြောမဆုံးပေါင်  တောသုံးတောင်…အဲဒီ အများကြီးထဲကမှ…အင်း…. ဘယ်သူလေးနဲ့ချစ်ခဲ့တဲ့ဇာတ်လမ်းစပြောရင်ကောင်းမလဲ…..စဉ်းစားစမ်း  ကြီးမိုက် ဘူလေးနဲ့လဲ..ဘူလေးနဲ့လဲ.. စဉ်းစားစမ်း…ဖျောင်း..အား..ဖျောင်း…အား..(ခေါင်းကို သတင်းစါလိပ်နဲ့ရိုက်လို့ ကြီးမိုက်အော်သံ) အိမ်ကကွန်ပူတာမှာ ဂေဇက်ကိုတင်မဲ့ အချစ်ဇတ်လမ်းပျိုးနေတုံး ဖီးတက်ပြီး နောက်ကို မဒမ်မိုက်ရောက်နေတာ မသိလိုက်ဘူး…ကျနော် စဉ်းစားရခက်နေတဲ့ အဖြေကို မဒမ်မိုက်က ဉာဏ်လိုက်သူပီပီ ချက်ချင်းအဆုံးအဖြတ်ပေးလိုက်ပါတယ်…… `ဒီမယ် ယောက်ကျား..အင်တာနက်ပေါ် အချစ်ဇတ်လမ်းတင်မယ်ဆို… ရှင်မသေ မချင်းမှတ်ထား…ရှင်နဲ့ ကျုပ်နဲ့ဇာတ်လမ်းလောက် လွမ်းမောစရာ […]


အခုတလော အဖေက နာမကျန်းဖြစ်နေတော့   မင်္ဂလာဒုံမှာရှိတဲ့   မိဘအိမ်ကို အပါတ်စဉ် တနင်္ဂနွေ နေ့တိုင်းရောက်ဖြစ်နေတယ်… အိမ်မှာ တစ်ခုထူးနေတာက ယုန်လေးတွေ အများကြီးမွေးထားတာတွေ့ရလို့ပါပဲ…မေးကြည့်တော့… ညီမအငယ် က ကျောင်းဆရာမလေ…သူ့ကို တပည့်တစ်ယောက်က ယုန်လေးတစ်စုံလက်ဆောင်ပေးလိုက်ရာက ဇတ်လမ်းစတော့တာ… အမှတ်မထင်မွေးထားရင်း ပွားလာလိုက်တာများ မနိုင်မနင်းတောင်ဖြစ်နေပြီ… ဒါတောင် အရွယ်ရောက်တဲ့ ကောင်လေးတစ်ချို့ ရောင်းရောင်းထုတ်နေပေလို့ပဲ… တစ်နေ့ တစ်နေ့ ကန်စွန်းရွက်ဖိုးတင်မနဲကုန်တယ်….ကျုပ်လည်း ယုန်လေးတွေကြည့်ရင်း စိတ်ကူးပေါက်တာနဲ့ ဓါတ်ပုံလေးတွေရိုက်မိပြန်တယ်…အားပေးကြပါအုံးနော… (မွေးချင်သူရှိလည်း  ပြောပေါ့…) ပုံ(၉) ကဲ ကဲ..ယုန်လေးတွေတော့ တော်လေက်ပီပေါ့နော…ပုံတွေတော့ကျန်သေးတယ်…နောက်များမှ… ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ တစ်နေ့သ၌ ကျနော်သည် ရန်ကုန်တက္ကသိုလ် မျက်နှာချင်းဆိုင် မှာရှိတဲ့ “Prome” ဆိုတဲ့ စားသောက်ဆိုင်လေးမှာ ညနေဘက် သူငယ်ချင်းတစ်ယောက်နဲ့ အတူထိုင်ရင်း “သောက်” စကားတွေ ပြောနေမိတယ် (သောက်ရင်း စကားပြောနေကြသည်ဟူလို..) […]


ခုတလော အလုပ်ထဲမလဲ သိပ်အဆင်မပြေဘူးဗျာ…ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့။ ထုတ်ကုန်ကအရောင်းကျ ၊ကုမ်ပဏီက အရှုံးပေါ်၊ ထုတ်လုပ်မှု့ကုန်ကျစရိတ်တွေကကြီး၊ တစ်နေ့တစ်နေ့ ခေါ်လိုက်တဲ့မီတင်….အလုပ်လုပ်ရတယ်ကိုမရှိဘူး… ခေါ်လိုက်တိုင်းလည်း အကြောင်းအရာက  ထုတ်လုပ်မှု့ကုန်ကျစရိတ်လျှော့ချရေး… အင်ဒါရိုက်လေဘာမင်နီမိုက်စ် လုပ်ရေး(ပိုတယ်ထင်တဲ့ ဝန်ထမ်းလျှော့ချရေးဆိုပါတော့ဗျာ) ….. ဒီလိုနဲ့ရွာလယ်နေတာကြာပေါ့… ဒီနေ့လည်း ထုံးစံအတိုင်း စိတ်ပျက်စရာမီတင်တွေကြောင့်…စိတ်ပင်ပန်းနွမ်းနယ်ပီး အိမ်အပြန်…ခရီးရောက်မဆိုက်…ကျုပ်သားငယ်ပြောလိုက်ပုံက… `ဖေကြီး…..ဖေကြီးကို သား ဝမ်းသာစရာနဲ့ စိတ်ညစ်စရာနှစ်ခုပြောဖို့ရှိတယ်…ဘယ်ဟာအရင်ပြောရမလဲ…´တဲ့…… `ဒုက္ခော´….. ဒီကောင်က ငယ်သာငယ်တာ ဟာသဉာဏ်ရှိတယ်..ကျုပ်ကို အမြဲ ပဟေဋ္ဌိလုပ်နေကျ.. `ကဲ ကဲ ..အဖေလည်းအလုပ်ထဲမှာစိတ်တွေနောက်လာတာကွာ..ဒီတော့..သား အဖေ ဝမ်းသာမဲ့ ကိစ္စအရင်ပြောကွာ…´ `သား ဒီလပါတ်စာမေးပွဲမှာ…တစ်ဘာသာမှ ၈ဝမှတ်အောက်မလျှော့ဘူးအဖေ…ရီပို့ကတ် တော့မရသေးဘူး…ဆရာမက အဖြေလွှာစာအုပ်တွေ ပြန်ပေးလိုက်တယ်..အဖေဒီမှာကြည့်လေ…´ `အော်..အေး အေး အဖေ တစ်ကယ်ဝမ်းသာပါတယ်ကွာ..မင်းအများကြီးတိုးတက်လာတာပဲ.. မင်းအဖြေလွှာစာအုပ်တွေတော့ အဖေ နောက်မှ ကြည့်ပါမယ်..ထားခဲ့ သား.. အဖေ့ကို ရေခဲသေတ္တာထဲကရေပုလင်းတစ်လုံးယူပေးပါသားရယ်..´ ဒီကောင်က […]


http://www.news-eleven.com/….မှာဖတ်လိုက်ရတာ.. နိုင်ငံတော်သမ္မတက စတုတ္ထ အကြိမ်မြောက် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အဖြစ် နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁ရ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုMonday, 17 September 2012 17:21 ဒီသတင်းကိုဖတ်လိုက်ရတော့ တော်တော်ဝမ်းသာမိပါတယ်…စိတ်ထဲကလည်း ပြန်လွတ်လာသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဘယ်လောက်ဝမ်းသာကြလေမလဲ လို့လည်းတွေးမိပါရဲ့…တွေးနေရင်း စိတ်ထဲမှာဖြတ်ကနဲ…ကြီးမိုက်ရဲ့ အတိတ်က ပုံရိပ်ဟောင်းလေးတွေ…တရွေ့ရွေ့…အစီအရီပေါ်လာပါတော့တယ်…. *************************************************************** ကြီးမိုက်ငယ်ငယ် အလယ်တန်းနဲ့အထက်တန်းကျောင်းသားဘဝက မန်းလေးမြို့ တံခွန်တိုင် နဲ့ အမရပူရကြားက တောင်သမံအင်းစောင်းပေါ်က ပလစ-၂ လို့ခေါ်တဲ့ အမှတ်-၂ ပင်မအလုပ်ရုံ( လျှပ်/စက်) တပ်ထဲမှာနေခဲ့ပါတယ်..အဖေက အဲဒီတပ်က စစ်သားကိုး..တပ်ဆိုလို့ ပြောရအုံးမယ်..အဲဒီအချိန်တုံးက အမရပူရနဲ့ တံခွန်တိုင်တစ်ဝိုက်မှာ ပလစ-၂ ကနာမည်ကြီးတယ်..ဘာကြောင့်လဲဆိုတော့ တစ်ပါတ်ကို ရုပ်ရှင် သုံးခါပြတယ် သံစူးကြိုးခတ်ကာထားတဲ့ ဝန်းကြီးထဲမှာ ပိတ်ကားထောင်ပြီးပြတာပါ..ရုပ်ရှင်ရုံလိုခေတ်မမှီပေမဲ့ တပ်ပါတ်ဝန်းကျင်မှာရှိတဲ့ […]


ဒီနေ့ မနက် အလုပ်လုပ်နေတုန်း..ဖုန်းကထမြည်ပါတယ်..ကောက်ကိုင်လိုက်တော့ အမကြီးဖုန်းဖြစ်နေတယ်…အဖေ အမောဖေါက်နေလို့ ဆေးရုံပို့ဖို့ စီစဉ်နေတယ်တဲ့ ခဏနေရင် အိမ်ကထွက်မယ်ပြောတယ်…လက်ကနာရီငုံ့ကြည့်လိုက်တော့ ၁ဝနာရီခွဲ…ဒီနေ့ စနေနေ့ဆိုတော့ ၁၂နာရီ အိမ်ပြန်ရမှာ..ဆိုတော့.. ကျနော်ရုံးဆင်းတာနဲ့လိုက်လာခဲ့မယ်အမကြီးရေလို့..ပြောလိုက်ပီး အလုပ်တွေ အပြီးသတ်အောင်ဆက်လုပ်နေလိုက်ပါတယ်…အရေးထဲ အလုပ်ထဲမှာကလဲ ပြသနာပေါင်းသောင်းခြောက်ထောင် …ပရက်ရှာတွေကလည်းများ…ကြီးမိုက်တစ်ယောက် မန်းလေးဂေဇက်တောင် မှန်မှန်မဖတ်နိုင်ဘူး… အလုပ်ဆင်းတော့ အိမ်မပြန်တော့ပဲ အဖေ့ကို သမားတော်နဲ့သွားပြတဲ့ အာရှတော်ဝင် ကိုလိုက်သွားခဲ့ပါတယ်..ဟိုရောက်တော့ အဖေက ဝှီးချဲပေါ်မှာ…ဆရာဝန်နဲ့မပြရသေး တိုကင်နံပါတ်က ၇၃ တဲ့..၁၂နာရီက ဆရာဝန်စထိုင်တာ..ကျနော်ရောက်သွားတော့ ၂နာရီကျော်ပြီ.. မေးကြည့်တော့ တိုကင်နံပါတ် ၅ဝရောက်ပြီတဲ့…သိပ်မလိုတော့ပါဘူး.. အကျင့်ကပါနေတော့ စိတ်ထဲကတွက်ကြည့်လိုက်မိတယ်..လူနာတစ်ယောက်ကို နှစ်မိနစ်ခွဲနှုန်းပေါ့(တိုကင်ယူထားပြီး မလာတာတွေလဲရှိမှာပေါ့လေ..).. မြန်သားဘဲ..ခေတ်ပညာတွေတိုးတက်လာတော့ ဆရာဝန်တစ်ယောက်ဟာ ကျနော်တို့ငယ်ငယ်ကလို နာရီဝက်လောက်အချိန်ယူပြီးမှ လူနာတစ်ယောက်ကုနေတာမဟုတ်တော့ဘူး .. နည်းပညာတွေတိုးတက်လာလို့ဖြစ်မယ်.. အားပါးပါး..လက်ဖျားခါတယ်ဗျာ…ကဲဒါတွေထားပါအုံးလေ..အဖေက ကျနော့်ကို တွေ့တာနဲ့ ဝမ်းသာအားရပြုံးပြီး..“သား…မင်းအလုပ်ကော အားလို့လားကွာ… မင်းမိသားစုရောနေကောင်းကြရဲ့လား..” ………………………. […]


ဒီနေ့ဒီခေတ် အချိန်မှာ ဂျာနယ်တွေ စာစောင်တွေ တော်တော်ကြီးကို ပလူပျံအောင်ထွက်ပါတယ်..ဘတ်ဂျက်အခြေအနေ အရရော.. အချိန်ပေးနိုင်မှုအရပါ အားလုံး လိုက် မဖတ်နိုင်ပါဘူး..ဒါပေမယ့်ခေတ်ရဲ့ အပြောင်းအလဲရေစီးကို သိမီနေဖို့ တတ်နိုင်သမျှ လောက်တော့လိုက်ဖတ်ရတာပေါ့ဗျာ..အဲ..ဒီလိုလိုက်ဖတ်ရင်းနဲ့မှ ဂျာနယ်တွေထဲက ဘယ်ဂျာနယ်တော့ မလွတ်တမ်းဖတ်သင့်တယ်ဆိုတာ အလိုလို ရွေးချယ်မိလာတယ်ပေါ့ဗျာ..ဒီနေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်တော့ ရွေးချယ်မှုဘယ်တူနိုင်ပါ့မလဲ. .ကျုပ်တစ်ယောက်တည်းရဲ့ သဘောအရ ပြောရရင်တော့ အပတ်စဉ် ဗုဒ္ဒဟူးနေ့ တိုင်း ထုတ်ဝေတဲ့ (ဂျာနယ်မှာ ဖော်ပြထားတာကတော့ ကြာသပတေးနေ့ပါ..ဒါပေမယ့် ကြာသပတေးနေ့ဆိုဝယ်မရတော့ပါဘူး..) ပြည်သူ့ခေတ် ဂျာနယ်ကိုတော့ လူငယ်တိုင်းဖတ်သင့်တယ်ဆိုတာပါပဲ.. ဖတ်လည်းဖတ်ကြပုံရပါတယ်..အပေါ်မှာပြောခဲ့သလိုပဲ ကြာသပတေးနေ့တိုင်း ထုတ်ဝေတယ်ဆိုတဲ့ ဂျာနယ်ကို ဗုဒ္ဒဟူးနေ့ ညနေဆိုရင်တောင် ဝယ်လို့ မရတော့ပါဘူး..အဲဒီ့ဂျာနယ်ရဲ့ထူးခြားချက်ကတော့ ပရိသတ်ကြိုက် ပေါ်ပင်သတင်းတွေ ဦးစားမပေးဘဲ နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး၊ ပညာရေးဆိုင်ရာတွေနဲ့ပါတ်သက်ပြီး ပြည်သူတွေ သိသင့်သိထိုက်တဲ့ အတွေးအခေါ် အတွေးအမြင်ဆောင်းပါးတွေကို ဦးစား […]


ကျုပ်ဒီနေ့ ရွာသူားတစ်ချို့နဲ့ ရွာ့အလှူကိစ္စ အတွက်ချိန်းတဲ့နေရာလေးကိုသွားပီး ပျော်ရွှင်စွာဆုံတွေ့ခဲ့ရပါတယ်…အလှူငွေလည်းပေးရင်းပေါ့.. သူတို့နဲ့လမ်းခွဲခဲ့ပီး..အိမ်ပြန်ရောက်တော့…ဆိုက်ဆိုက်မြိုက်မြိုက်ဗျာ… အိမ်မှာ ကျွန်တော့ငယ်သူငယ်ချင်းတစ်ယောက်စောင့်နေတယ်… သူနဲ့မတွေ့တာ နှစ်သုံးဆယ်လောက်ရှိရောပေါ့..သူ့ကို ကျုပ်မိန်းမကမသိဘူး.. ကျုပ်နဲ့ချိန်းထားလို့ဆိုလို့သာ လက်ခံထားရတာ..သူ့ပုံကသိပ်မူမမှန်တော့ မျက်ခြေမပြတ်အကဲခတ်ပီး ကျုပ်အလာကိုစောင့်နေခဲ့တာတဲ့လေ… ကျုပ်ကိုတွေ့တာနဲ့ သူက..“ဟေ့ ကြီးမိုက်…အောင်မာ..မင်းကလူကြီးလူကောင်းစတိုင်နဲ့ လုပ်မနေပါနဲ့ကွာ…တစ်ကယ်တော့ဘာမှမဟုတ်ပါဘူးကွ..” “ဟာ…သူငယ်ချင်း ခရစ္စနား ..မင်းဘယ်လိုပုံစံတွေဖြစ်နေတာလဲကွာ…” ဟုတ်လည်းဟုတ်ပါတယ်…သူ့ပုံစံက အရူးကြီးတစ်ယောက်လိုပါဘဲ… မုတ်ဆိတ်ကြင်စွယ်တွေအရှည်ကြီးနဲ့…ဝတ်ထားတာကလည်း..ပိတ်အင်းကျီ အဖြူပွပွ (အဖြူဆိုပေမဲ့ ညစ်ထေးထေးဖြစ်နေပါဘီ).. ဘောင်းဘီအဖြူပွပွ…လွယ်အိပ်ဖေါင်းဖေါင်းတစ်လုံးလွယ်လို့…လွယ်အိပ်ကိုလည်းရင်ဘတ်မှာတင်းတင်းပိုက်ထားတယ်…ဒီကောင်ဘယ်လိုဖြစ်သွားပါလိမ့်လို့…အံ့ဩသွားမိတယ်… ဒီကောင်က တရုတ်လိုအသားဖြူတဲ့ကောင်…အခုတော့ နေလောင်ပီး ညစ်ထေးနေတော့ အသားရောင်ကညိုညစ်ညစ်ဖြစ်နေတယ်…ဒါပေမဲ့ မျက်လုံးတွေကတော့ ရွှန်းလဲ့ပီး တောက်ပြောင် ဝင်းလက်နေတယ်.. ပြောပြရအုံးမယ်…ကျုပ်မန္တလေး တံခွန်တိုင်မှာနေတုံးက သူကကျုပ်နဲ့ဘဝတူဘော်ဒါကြီးပေါ့.. ကျုပ်က ဆိတ်ကျောင်း…သူကနွားကျောင်းနဲ့..နှစ်ယောက်သား ခင်ခဲ့ကြတာ…သူကဂေါ်ရခါး လူမျိုးတစ်ဦးပါ..ခရစ္စနားဗဟာဒူးတဲ့…ဆယ်တန်းကျပီးကျောင်းထွက်ထားတာ ကျုပ်လိုဘဲ… ဒီလိုနဲ့ ကျုပ်တို့နေတဲ့ တပ်ထဲမှာ အလုပ်ပေါ်လာပါလေရော…တပ်မတော်ဦးထုပ်တံဆိပ် လုပ်ငန်းပါ..တပ်မိသားစုတွေဦးစားပေးခန့်တော့ ..သူရယ်ကျုပ်ရယ်အတူအလုပ်ရကြပါလေရော.. သူ့အဖေကလည်း တပ်ထဲက တပ်ကြပ်ကြီးတစ်ယောက်ပါ.. […]


တမာတန်းက ခရောင်းလမ်း ကိုပေါက်တင်ပေးလာတဲ့ မန်းလေးက တမာတန်းပုံလေးတွေ ကြည့်ရတော့… ကြီးမိုက်တစ်ယောက် အတိတ် ဟိုအဝေးဆီ လွင့်မျော သွားခဲ့ရပြန်ပါရော…. ကြီးမိုက်ငယ်ငယ်က မန်းလေး တံခွန်တိုင်က အမှတ်(၂) ပင်မအလုပ်ရုံ(လျှပ်/စက်) ဆိုတဲ့တပ်ထဲက တွဲဘက်အ.လ.က ကျောင်းမှာနေခဲ့ပါတယ်..၈တန်းအောင်တော့ မန္တလေး နန်းတွင်းက အ.ထ.က(၁၈)မှာ ဆက်တက်ပါတယ်…ဒါတွေထားပါလေ.. ပြောချင်တာက….မန်းလေးမှာနေခဲ့တဲ့ အချိန်ကာလတစ်လျှောက်လုံးဟာ ကြီးမိုက် ဘဝအတွက် မန်းလေးနွေနဲ့အတူ ပူလောင်နေခဲ့ရတဲ့ ကာလများပါ.. မိသားစုကများတော့ အဖေ့တစ်ဦးတည်းလစာနဲ့ဘယ်လိုမှ မလည်ပတ်နိုင်တော့ ကျုပ်တို့ညီအကိုတစ်တွေ တဖက်တလမ်း အိမ်တာဝန်ကို ဝိုင်းထမ်းကြရပါတယ်.. ညီအစ်ကိုတတွေ ဆိုတာထက်…အလယ်အလတ်ဖြစ်တဲ့ ကြီးမိုက်နဲ့ ကြီးမိုက်အထက် က အစ်ကိုနဲ့ နှစ်ယောက်ထဲပါ…ညနေ ညနေ…….. ကျောင်းကပြန်လာတာနဲ့ အိမ်ရှေ့မှာ ထိုးဆိုက်ထားတဲ့ ကြံရည်ကြိတ်စက်ကြီးကို ညီကိုနှစ်ယောက် မနိုင်မနင်းတွန်းပီး ဘောလုံးကွင်းနားက လမ်းလေးခွဆုံနေရာမှာ ကြံရည်ရောင်းကြရပါတယ်… တပ်ထဲရုပ်ရှင်ရှိတဲ့ […]


ကျွန်တော်ဒီနေ့ အချိန်အားလေးနဲနဲရလို့ တစ်ခုစဉ်းစားမိတယ်ဗျာ… တခြားမဟုတ်ပါဘူး…ကိုယ့်ကိုကိုယ်ဝေဖန်သုံးသပ်ကြည့်မိတာပါ.. လောကကြီးမှာ လေးစားတာ ကြည်ညိုတာ ချစ်တာ ..ဒါတွေကအလွယ်တကာ့ အလွယ်ဆုံးတွေဘဲဗျ..ဘယ်သူမဆို အလွယ်တကူလုပ်နိုင်တယ်..ဆိုပါတော့ဗျာ.. ကျွန်တော် ဂေါတမ မြတ်စွာဘုရားကိုလေးစားကြည်ညိုတယ်..ကိုးကွယ်တယ်.. နေ့တိုင်း ဖင်ဗူးခေါင်းထောင်ပြီး ရှိခိုးတယ်..ဆီမီး ပန်း ဆွမ်းကပ်တယ် ပါးစပ်က ရသမျှ ဂုဏ်တော်တွေ ဘာတွေ တရစပ်ရွတ်တယ်..တစ်ခါမှဝတ်မပျက်ဘူး.. လွယ်တာကိုးဗျ…လူကြားလို့လဲကောင်းတယ်လေ..ပါတ်ဝန်းကျင်ကဆို ကြီးမိုက်ကို သိပ်လေးစားတာ..ဒီဘိုးတော် တော်တော် ဘုရားတရားကြည်ညိုတယ်..တစ်နေ့မှ ဘုရားရှိခိုးမပျက်ဘူး..မနက်ဆိုလဲ နာရီကြည့်စရာမလိုဘူးဟေ့..ဦးကြီးမိုက်ကြီး ဘုရားရှိခိုးသံကြားရရင်…မနက်၅နာရီတိတိဘဲ…အဲသလိုဗျ…ဘုရားများဘယ့်ဂလောက်ကြည်ညိုသလဲဆိုရင်..မြန်မာပြည်မှာရှိသမျှ တန်ံခိုးကြီးဘုရား မရောက်ဖူးတာမရှိသလောက် လိုက်ဖူးမျှော်ခဲ့တယ်..ပြီးရင် ကြည်နူးလိုက်ရတာ ..ငါကွ..လို့ကြွေးကြော်မိပါရဲ့…. ဘုန်းကြီးလဲ သုံးခါဝတ်ဖူးတယ်…ဘုန်းကြီးဝတ်ကြီးနဲ့လဲ ဟန်လုပ်ပြန်တာဘဲ… မနက်ဆိုအစောကြီးထ..ဘုရားရှိခိုး..ပီးရင် ကျောင်းထဲကစေတီလေးရှေ့ ပုတီးသွားစိတ်.. ပီး အာရုံဆွမ်းစား…ကျောင်းလာပီး ကိုယ့်ကို လာတွေ့တဲ့ မိတ်ဆွေ သူငယ်ချင်းမှန်သမျှ ကိုယ်ဘဲတရားထူးတွေ့ထားလေဟန်နဲ့ တရားတွေရှောက်ဟော..(အပေါင်းအသင်းတွေကလည်း ဘုန်းကြီးဝတ်နဲ့မို့ သင်္ဃန်းအားနာပီး အောင့်သက်သက်နဲ့ နာယူကြ..)…အဲလူဝတ်လည်းလဲရော […]


ခုအချိန်မှာခေတ်စားနေတာတစ်ခုက သမဂ္ဂတို့ အသင်းတို့အစည်းအရုံးတို့ ဖွဲ့ကြတာဘဲဗျ…ဒါနဲ့ဘဲ ကျုပ်လဲခေတ်မှီအောင် တစ်ခုခုဖွဲ့ဖို့ စဉ်းစားတယ်.. အဲဒီတော့ ငါဘာကျွမ်းကျင်လဲ ဘာဝါသနာပါလဲ အရင်စဉ်းစားရတယ်… ဟုတ်တယ်လေ အသင်းအဖွဲ့တစ်ခုထောင်တယ်ဆိုတာ ကိုဝါသနာပါမှ ကျွမ်းကျင်မှလည်းဖြစ်မှာကိုး…နောက် ဖွဲ့ပါပြီတဲ့ အသင်းဝင်တွေရအောင် ဘယ်လိုစည်းရုံးမလဲ…ဒါလဲအရေးကြီးတယ်…သေသေချာချာ စဉ်းစားကြည့် တော့လဲ ကိုယ်ကျွမ်းကျင်တာ ဝါသနာပါတာက သောက်တာတစ်ခုတည်း ရှိတယ်…ဒီတော့လည်း ကျုပ်အတွေးတွေအကောင်အထည်ဖေါ်ဖို့ ခက်ပြန်ရော.. ဒီလိုနဲ့ဘဲ အကြံအိုက်ပီး ထုံးစံအတိုင်း ကျုပ်လက်က ပုလင်းဆီရောက်သွားတော့တာပေါ့ အရက်ကလေးသောက်မှ အတွေးသစ် အမြင်သစ်တွေ ရတတ်တာမဟုတ်လား.. (သဂျီးကပြောတာဘဲ) အရက်ကလေးနှစ်ပက်လောက်ထည့် ရေခဲလေးနှစ်တုံးလောက်နဲ့ ဆော်ဒါလေးနဲနဲ စပ်ပီး ဂလွပ်ဆိုမော့ချလိုက်တုံးမှာဘဲ..ကျုပ်ရဲ့ဖုန်းကလေးကထအော်ပါလေရော… ဖုန်းကိုင်လိုက်တော့…ကျုပ်ဘော်ဒါကြီး ရွှေတိုက်စိုး..သူကကျုပ်ကို“ရွာသားဘော်ဒါတစ်တွေဆုံ ကြရအောင်ဗျာ…အရေးကြီးကိစ္စတစ်ခုလည်းရှိလို့တဲ့…ရန်ကင်းဆန်တာနောက်ကနိုက်စ်ဆိုတဲ့ဆိုင်ကို အခုလာခဲ့ပါတဲ့..” ..အင်း..ကျုပ်လဲအကြံအိုက်ပီး အရက်သောက် နေတာဆိုတော့..လာခဲ့မယ်ဗျို့ဆိုပီး ထလိုက်သွားတာပေါ့..ကျုပ်ရောက်သွားတော့ ဝိုင်းကအတော်တောင်စည်နေပြီ.. ရွှေတိုက်စိုးနဲ့တကွ ဝါသနာတူ တူရဇော် ကမ်းကြီး အမတ်မင်း […]


ဇတ်လမ်းအစကဒီလိုပါဗျာ….ကိုဘလက်ချောရဲ့ပို့စ်လေးတစ်ခုမှာ ကျွန်တော်ဖီးလ်တက်ပီးမန့်လိုက်ရာကစပါတယ်…ဒီလိုဒီလို… ကိုစွယ်တော်ရွက်က.. ကြားဖြတ် ဆီမီနာလေးအသွင် ဖန်တီးကြည့်ချင်ပါတယ် ဗျို့ …. ဝိုင်းကြပါဦးနော… အစပျိုးပုံလေးက စပါမယ်။ သေသေချာချာ သိထားစေချင်လို့ပါ။ ကိုဘလက်ချောရဲ့ “ဦးဆောင်သူတွေက သမားရိုးကျ မတွေးသင့်ပါ” ပို့စ်မှာ ကိုကြီးမိုက်က ဒီလိုမန့်ထားခဲ့တယ်ဗျ။   kyeemite says: ကိုဘလက်ရေ..အစိုးရကပြောင်းနေပီပြောပေမဲ့..ကျွန်တော့အမြင်မှာတော့.. လုပ်ပုံကိုင်ပုံတွေမှာ မပြောင်းသေးပါဘူးဗျာ.. အရင်အစိုးရအတိုင်းဘဲ(အေးလေ လူမှမပြောင်းတာ)….အတိတ်ကအမှားတွေ ရဲ့ဒဏ်ကို ပြည်သူတွေခုထိခံနေရတုံးပါဗျာ…လတ်တလောပြသနာဖြစ်နေတဲ့ ကိစ္စတစ်ခုပြောချင်သေးသဗျာ..ကုမ်ပဏီ ဝန်ထမ်းတွေဆောင်နေရတဲ့ ဝင်ငွေခွန်အရမ်းများနေတဲ့ကိစ္စမျိုး..တနေ့ကဘဲ ကွန်ပြူတာ ဆိုတဲ့လူရေးတင်ခဲ့တဲ့ အမှန်တရား(၁)ဆိုတဲ့ဆောင်းပါးထဲကအတိုင်းပေါ့.. လစာထဲကဝင်ငွေခွန်၂၆%ဆောင်ရတယ်ဆိုတော့ကာသေဘီဆရာပေါ့… ဒါမျိုးတွေဦးစားပေးပီးဖြေရှင်းသင့်ပါရဲ့နဲ့ မသိချင်ရောင်ဆောင်နေပြန်တယ်…ခုရွေးကောက်ပွဲနီးတော့လာပြန်သေးတမျိုး… အနိမ့်ဆုံးဝန်ထမ်းလစာ..တစ်သိန်းဖြစ်ရမည်တဲ့..ဘယ်ကပိုက်ဆံနဲ့ပေးမှလည်း သိချင်သား…     ကိုကြီးမိုက်က သူ့ရဲ့ တကယ့်အခြေအနေကို ဒီလို ပြန်တင်ပြခဲ့ပါတယ်။ kyeemite says: ကိုစွယ်တော်ရွက်ခင်ဗျား…(အမေးရှိလို့ အဖြေရှိရခြင်းကိုပို့စ်ပိုင်ရှင်မှနားလယ်ခွင့်လွှတ် ပေးစေလိုပါသည်)ကျွန်တော်လည်းလက်ရှိ ကုမ်ပဏီဝန်ထမ်းတစ်ဦးပါ။ သူများကုမ်ပဏီအကြောင်းတော့မပြောဆိုမငြင်းခုံချင်ပါ… […]


ကျွန်တော်စာရေးဆရာတစ်ဦးမဟုတ်သလို… ပညာရှင်တစ်ဦးလဲမဟုတ်ပါဘူး..ဒါပေမဲ့စာဖတ်ဝါသနာပါတော့ သူများရေးသမျှစာတွေတတ်နိုင်သလောက်ဖတ်တယ်… အဲဒီမှာ.. ကိုယ့်အတွေး ကိုယ့်အယူအဆနဲ့ ကိုက်တာတွေ့လာတော့တစ်ဆင့်ဖေါက်သယ်မချဘဲ မနေနိုင်ပြန်ဘူး…ကိုယ်တိုင်လည်း သူတို့လိုတွေးမိပေမဲ့ စာရေးဖြစ်တဲ့အထိရောက်မလာဘူး.. အဓိကကတော့စားဝတ်နေရေးကိစ္စတွေနဲ့ ရွာလည်နေပြီး အချိန်မရတာဘဲ…ခုလည်းဖတ်ခဲ့ရတဲ့ ဆောင်းပါလေးတစ်ပုဒ်ကိုနှစ်ချိုက်လွန်းအားကြီးလို့ ဂေဇက်ပေါ်တင်ဘို့ကြိုးစားလိုက်တာပါ…ု အခုတလောကြားကြပါလိမ့်မယ်…ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မှီတက္ကသိုလ်ကြီးဖြစ်အောင် ဆောင်ရွက်ကြတော့မယ်ဆိုတဲ့အသံတွေ..ဘယ်နိုင်ငံက ဘယ်လောက်ကူညီမယ်ဆိုတာတွေ…အဲဒီလိုပညာရေး အဆင့်မြင့်မာရေးကိုအားလုံးစိတ်ဝင်စားနေကြချိန်မှာ… ကျွန်တော်မလွတ်တန်းဖတ်သော..ကျွန်တော်နှစ်ချိုက်သော ဂျာနယ်တစ်စောင်ဖြစ်တဲ့ ၂၂ရက် မတ်လထုတ်“ပြည်သူ့ခေတ်” ဂျာနယ်မှာအခန်းဆက်ရေးနေတဲ့ ဆရာကောင်းဆက်နိုင်ရဲ့ “အံ့ဩလွန်းလို့သေတော့မယ်-၂” မှာပညာရေးနဲ့ ပါတ်သက်တဲ့ အတွေးအမြင်လေးကိုဖတ်လိုက်ရတော့.. ကျုပ်တို့ရွာသူရွာသားတွေကို ချပြပြီး ဆွေးနွေးကြစေချင်လာမိပြန်ပါရော..ဒွတ်ခ… ဒွတ်ခ… ပထမဆုံးကျွန်တော်ပြောချင်တာက သူတင်ထားတဲ့ ခေါင်းစီး… ဘာတဲ့ “အံ့ဩလွန်းလို့သေတော့မယ်” တဲ့…ကြိုက်သဗျာ အဲဒီခေါင်းစဉ်တတ်ထားတာကိုအကြိုက်ဆုံးဘဲ….. ဟုတ်ပါရဲ့ဗျာ..ကျုပ်တို့တိုင်းပြည်မှာလဲ တွေ့နေရ မြင်နေရ ကြားနေရသမျှတွေ ကမ္ဘာပေါ်ကဘယ်တိုင်းပြည်မှာမှ မတွေ့ဖူး မမြင်ဖူး မကြားဖူးတာတွေဘဲ ဖြစ်နေတော့ကာမယ်… သူခေါင်းစဉ်တတ်တာ လုံးဝ လက်တွေ့ကျတယ်ဗျ… ကိုင်း စာရေးသူရဲ့အာဘော်ကို […]