ဟိုးရှေးရှေးတုန်းက တံငါရွာလေးတစ်ရွာမှာ အဘိုးအိုတစ်ယောက်နေထိုင်တယ ်၊ အဘိုးအိုဟာ သူ့ရဲ့ ဘဝတစ်လျှောက်လုံး ငါးဖမ်းခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုခဲ့ ပါတယ်။ သူဟာ သူ့ရဲ့ဘဝကို ဒီလို သက်တောင့်သက်သာလေးပဲ ကျော်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ တစ်ခုသော ငါးဖမ်းနိုင်တဲ့ ရာသီမှာတော့ အဘိုးအို ဟာ ရာသီကုန်ခါနီးသည်အထိ ငါးတစ်ကောင်မှ မဖမ်းနိုင်ခဲ့ပါဘူးတဲ့.. ကျန်တဲ့ တံငါသည်တွေကလည်း အဘိုးအိုဟာ.. လဘ်တိတ်နေတယ်.. သူနဲ့အတူငါးဖမ်းမထွက်ကြနဲ့ ဆိုပြီး.. သူနဲ့ဘယ်သူမှ ငါးအတူ ဖမ်းမထွက်ကြဘူးတဲ့။ အဲဒါနဲ့အဘိုးအိုဟာ တစ်ယောက်တည်းပဲ လှေတစ်စင်းနဲ့ငါးဖမ်းထွက်ခ ဲ့ပါတယ်။ သူဟာ ရွာနဲ့အတော်လှမ်းတဲ့နေရာမှ ာ ငါးမျှားချိတ်လေးချပြီး..မျှော်လင့်ချက်မဲ့စွာနဲ့ ငါးဖမ်းနေခဲ့တယ်။ အဲဒီမှာ ရေအောက်ကတစ်စုံတစ်ရာဟာ သူ့ရဲ့လှေကိုစွေ့ခနဲ ဆွဲလိုက်တယ်ဆိုရင်ပဲ သူ့ရဲ့ပါးစပ်ထဲက ဆေးလိပ်တိုလေးဟာ လှေဝမ်းထဲကိုပြုတ်ကျသွားခဲ ့တယ်။ သူထိတ်လန့်သွားတယ် “ဟာ.. ဘာပါလိမ့်”.. ဆိုပြီး သူကြည့်လိုက်တဲ့အခါ […]